iMyanmarHouse.com - Best Property Website for Myanmar
×

ခရီးထြက္ဖုိ႔ စဥ္းစားလိုက္ပါ။ အလုပ္ေတြ၊ စိတ္ညစ္စရာေတြကို ခဏေလာက္ေက်ာခိုင္းၿပီး ကိုယ့္အတြက္ကိုယ္ ဦးစားေပးတဲ့အေနနဲ႔ ခရီးသြားသင့္ပါတယ္။ ခရီးထြက္ရတာ ဝါသနာပါသူေလးေတြကေတာ့ ဘယ္သြားသြား ဒါေလးေတြကို သယ္သြားဖုိ႔ လိုပါတယ္။

၁။ ေက်ာပိုးအိတ္

အဝတ္ေတြထည့္ဖုိ႔၊ ပစၥည္းေတြသယ္ဖုိ႔ မဟုတ္ပါဘူး။ ေန႔ခ်င္းျပန္ခရီးေတြအတြက္ ေက်ာပိုးအိတ္တစ္လံုုးက အဆင္ေျပဆံုးပါပဲ။ ကိုယ့္အတြက္ လိုအပ္တဲဲ့အသံုးအေဆာင္ေတြကို ေက်ာပိုးအိတ္ေလးထဲထည့္ၿပီး သယ္ရတာ ဝန္က်ဥ္းက်ဥ္းနဲ႔ သက္ေတာင့္သက္သာ႐ွိပါတယ္။

၂။ စာရြက္စာတမ္းထည့္ဖုိ႔အိတ္

ျပည္ပခရီးထြက္တဲ့အခါ ဒီအိတ္ေလးတစ္လံုးက အေရးႀကီးပါပဲ။ ေလယာဥ္လက္မွတ္၊ ပတ္စ္ပို႔၊ ပိုက္ဆံ စတာေတြကို အိတ္ေလးတစ္လံုးထဲ စုစည္းထည့္ထားရင္ လုိအပ္တဲ့အခါ လုိက္ရွာေနစရာမလိုေတာ့ဘူးေပါ့။ ကိုယ္နဲ႔မကြာ ေဆာင္ထားဖို႔ေတာ့ လိုပါမယ္။

၃။ ကင္မရာ

မိန္းကေလးပီပီ ခရီးသြားၿပီဆုိမွေတာ့ ဓာတ္ပံုလွလွ ရိုက္မွာပဲမဟုတ္လား။ အမွတ္တရေတြကို ပံုရိပ္တစ္ခုအေနနဲ႔ သိမ္းထားတာ ေကာင္္းပါတယ္။ DSLR ကင္မရာတစ္လံုးေတာ့ ပိုင္ဆိုင္ထားမယ္ဆိုရင္ ကြာလတီျမင့္တဲ့ပံုလွလွေလးေတြ ရႏိုင္တယ္ေလ။ တခ်ိဳ႕ဖုန္းေတြကလည္း ကင္မရာအရမ္းေကာင္းတာ ႐ွိပါတယ္။

၄။ ဖတ္စရာ

ကားေပၚမွာ၊ ေလယာဥ္ေပၚမွာ စာအုပ္ေလးဖတ္ၿပီး လိုက္ပါစီးနင္းရတာ တကယ္ေကာင္းပါတယ္။ ေဘးပတ္ဝန္းက်င္ကိုၾကည့္လိုက္၊ စာအုပ္ေလးဖတ္လိုက္နဲ႔ ခရီးသြားမႈရဲ႕ အနွစ္သာရတစ္ခုကို ရရွိမွာပါ။

၅။ အလွအပ

အလွကုန္ပစၥည္းေတြကို သယ္သြားပါလို႔ တုိက္တြန္းေနစရာေတာင္ မလိုပါဘူး။ မိန္းကေလးပဲဥစၥာ သယ္မွာေပါ့။ မဟုတ္ဘူးလား။ အေရးႀကီးတာက ေနေရာင္ကာလူးေဆး၊ အစိိုဓာတ္ျဖည့္ခရင္မ္၊ မိတ္ကပ္ဘူး၊ ႏႈတ္ခမ္းနီေတြကေတာ့ မျဖစ္မေန သယ္သြားရမယ္ေနာ္။ ရာသီဥတုုေၾကာင့္ ကိုယ့္အလွအပေလး မပ်က္စီးေအာင္ ထိန္းသိမ္းရမယ္ေလ။

၆။ ဖိနပ္နဲ႔ဦးထုပ္

သြားမယ့္ေနရာကိုလိုက္ၿပီး ဦးထုပ္တစ္လံုးကို ေဆာင္းသြားပါ။ ဖိနပ္ကေတာ့ ဘယ္ကိုပဲသြားသြား ကိုယ့္အတြက္ သက္ေတာင့္သက္သာျဖစ္ေစမယ့္ဖိနပ္ကိုပဲ ေရြးခ်ယ္ဖုိ႔ လိုအပ္ပါတယ္။
၇။ ဖုန္းဆက္စပ္ပစၥည္း

Powerbank၊ နားၾကပ္၊ အားသြင္းႀကိဳးတုိ႔ကလည္း လိုအပ္လာရင္ သူမ်ားဆီက ငွားဖုိ႔ခက္တဲ့အရာေတြပါ။ အထုပ္အပိုးေတြ ျပင္ကတည္းက သတိထားၿပီးထည့္ထားရပါမယ္။ ခရီးသြားတဲ့အခါ ေက်ာပိုးအိတ္ေလးထဲထည့္ၿပီး ယူသြားေပါ့။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ခရီးထွက်ဖို့ စဉ်းစားလိုက်ပါ။ အလုပ်တွေ၊ စိတ်ညစ်စရာတွေကို ခဏလောက်ကျောခိုင်းပြီး ကိုယ့်အတွက်ကိုယ် ဦးစားပေးတဲ့အနေနဲ့ ခရီးသွားသင့်ပါတယ်။ ခရီးထွက်ရတာ ဝါသနာပါသူလေးတွေကတော့ ဘယ်သွားသွား ဒါလေးတွေကို သယ်သွားဖို့ လိုပါတယ်။

၁။ ကျောပိုးအိတ်

အဝတ်တွေထည့်ဖို့၊ ပစ္စည်းတွေသယ်ဖို့ မဟုတ်ပါဘူး။ နေ့ချင်းပြန်ခရီးတွေအတွက် ကျောပိုးအိတ်တစ်လုံုးက အဆင်ပြေဆုံးပါပဲ။ ကိုယ့်အတွက် လိုအပ်တဲ့အသုံးအဆောင်တွေကို ကျောပိုးအိတ်လေးထဲထည့်ပြီး သယ်ရတာ ဝန်ကျဉ်းကျဉ်းနဲ့ သက်တောင့်သက်သာရှိပါတယ်။

၂။ စာရွက်စာတမ်းထည့်ဖို့အိတ်

ပြည်ပခရီးထွက်တဲ့အခါ ဒီအိတ်လေးတစ်လုံးက အရေးကြီးပါပဲ။ လေယာဉ်လက်မှတ်၊ ပတ်စ်ပို့၊ ပိုက်ဆံ စတာတွေကို အိတ်လေးတစ်လုံးထဲ စုစည်းထည့်ထားရင် လိုအပ်တဲ့အခါ လိုက်ရှာနေစရာမလိုတော့ဘူးပေါ့။ ကိုယ်နဲ့မကွာ ဆောင်ထားဖို့တော့ လိုပါမယ်။

၃။ ကင်မရာ

မိန်းကလေးပီပီ ခရီးသွားပြီဆိုမှတော့ ဓာတ်ပုံလှလှ ရိုက်မှာပဲမဟုတ်လား။ အမှတ်တရတွေကို ပုံရိပ်တစ်ခုအနေနဲ့ သိမ်းထားတာ ကောင်းပါတယ်။ DSLR ကင်မရာတစ်လုံးတော့ ပိုင်ဆိုင်ထားမယ်ဆိုရင် ကွာလတီမြင့်တဲ့ပုံလှလှလေးတွေ ရနိုင်တယ်လေ။ တချို့ဖုန်းတွေကလည်း ကင်မရာအရမ်းကောင်းတာ ရှိပါတယ်။

၄။ ဖတ်စရာ

ကားပေါ်မှာ၊ လေယာဉ်ပေါ်မှာ စာအုပ်လေးဖတ်ပြီး လိုက်ပါစီးနင်းရတာ တကယ်ကောင်းပါတယ်။ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်၊ စာအုပ်လေးဖတ်လိုက်နဲ့ ခရီးသွားမှုရဲ့ အနှစ်သာရတစ်ခုကို ရရှိမှာပါ။

၅။ အလှအပ

အလှကုန်ပစ္စည်းတွေကို သယ်သွားပါလို့ တိုက်တွန်းနေစရာတောင် မလိုပါဘူး။ မိန်းကလေးပဲဥစ္စာ သယ်မှာပေါ့။ မဟုတ်ဘူးလား။ အရေးကြီးတာက နေရောင်ကာလူးဆေး၊ အစိုဓာတ်ဖြည့်ခရင်မ်၊ မိတ်ကပ်ဘူး၊ နှုတ်ခမ်းနီတွေကတော့ မဖြစ်မနေ သယ်သွားရမယ်နော်။ ရာသီဥတုုကြောင့် ကိုယ့်အလှအပလေး မပျက်စီးအောင် ထိန်းသိမ်းရမယ်လေ။

၆။ ဖိနပ်နဲ့ဦးထုပ်

သွားမယ့်နေရာကိုလိုက်ပြီး ဦးထုပ်တစ်လုံးကို ဆောင်းသွားပါ။ ဖိနပ်ကတော့ ဘယ်ကိုပဲသွားသွား ကိုယ့်အတွက် သက်တောင့်သက်သာဖြစ်စေမယ့်ဖိနပ်ကိုပဲ ရွေးချယ်ဖို့ လိုအပ်ပါတယ်။
၇။ ဖုန်းဆက်စပ်ပစ္စည်း

Powerbank၊ နားကြပ်၊ အားသွင်းကြိုးတို့ကလည်း လိုအပ်လာရင် သူများဆီက ငှားဖို့ခက်တဲ့အရာတွေပါ။ အထုပ်အပိုးတွေ ပြင်ကတည်းက သတိထားပြီးထည့်ထားရပါမယ်။ ခရီးသွားတဲ့အခါ ကျောပိုးအိတ်လေးထဲထည့်ပြီး ယူသွားပေါ့။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top