iMyanmarHouse.com - Best Property Website for Myanmar
×

တစ္လတစ္ႀကိမ္ အမ်ိဳးသမီးေတြ ႀကံဳရေလ့ရွိတဲ့ အခက္အခဲ၊ ျပသနာေတြထဲမွာ ရာသီလာတာလည္း ပါ၀င္ေနပါတယ္။ ဒီလိုအခ်ိန္ေတြမွာ သာမန္ထက္ ပိုခံစားလြယ္၊ နာက်င္ထိရွလြယ္ၾကသလို လူအမ်ားနဲ႔ဆက္ဆံတဲ့အပိုင္းမွာလညး္ အခက္အခဲေလးေတြ ရွိတတ္ၾကပါတယ္။ အဲ့ဒါေတြကေတာ့

၁။အရင္က ဘာမွမဟုတ္တာလုိ႔ ထင္ထားသမွ်ကို ခံစားၿပီး ငိုတတ္လာတယ္။

ဟိုမုန္းအေျပာင္းအလဲ၊ သားဥေၾကြဆင္းမႈစတာေတြေၾကာင့္ အမ်ိဳးသမီးေတြဟာ ရာသီလာခ်ိန္အတြင္း အေၾကာင္းမဲ့ ၀မ္းနည္းတတ္ၾကပါတယ္။ ငိုတတ္ၾကပါတယ္။ အမ်ိဳးသမီး အေယာက္ ၃၀မွာ ၂၀ေလာက္က ဒရာမာဇာတ္ကားၾကည့္ရင္းနဲ႔ေတာင္ မ်က္ရည္က်တတ္ၾကတယ္လုိ႔ သိရပါတယ္။

၂။ေခါင္းကိုက္တတ္ၾကပါတယ္။

ရာသီလာခ်ိန္ ခါးကိုက္တာ၊ ဗိုက္ေအာင့္တာမ်ိဳး မဟုတ္ပဲ ေခါင္းကိုက္တတ္တဲ့ အမ်ိဳးသမီးေတြလည္း ရွိပါတယ္။ မခံမရပ္ႏို္င္ေအာင္ ေခါင္းကိုက္ေ၀ဒနာခံစားလာရၿပီဆုိရင္ေတာ့ ဆရာ၀န္ျပဖုိ႔ လုပ္ပါ။

၃။ရင္းသားထိပ္ေတြ နာက်င္တတ္ၾကတယ္။

သာမာန္အခ်ိန္ေတြထက္ ပိုႏူးညံ႔လြန္းေနတဲ့ ရင္သားနဲ႔ ရင္သားထိပ္ေတြဟာ ထိလိုက္တာနဲ႔ကို နာက်င္ေနတတ္ပါတယ္။ ဒါ့ေၾကာင့္ ဒီလိုအခ်ိန္ေတြမွာ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ဖုိ႔ အဆင္မေျပႏိုင္တာပါ။

၄။အခ်ိန္တုိင္းနီးပါး အိပ္ခ်င္ေနတတ္ၾကတယ္။

ေသြးေတြေလးေနတယ္လို႔ ေျပာေျပာေနၾကသလိုပါပဲ။ ဒါဟာ သံဓာတ္ျဖစ္တဲ့ ေသြးေတြဆံုးရႈ႔ံးသြားတာေၾကာင့္ ခုလို ေလးလံထုိင္းမႈိင္းမႈကို ခံစားရတဲ့သေဘာပါ။

၅။ဗိုက္ေတြေအာင့္တတ္ၾကတယ္။

ဆီးစပ္ေတြကိုက္တတ္တာ၊ ဗိုက္သားေတြ နာက်င္တတ္ၾကတာကေတာ့ ပံုမွန္ပါပဲ။ ဒါ့ေၾကာင့္ ဗိုက္စေအာင့္ၿပီဆိုတာနဲ႔ အကိုက္အခဲေပ်ာက္ေဆး ေသာက္ထားဖုိ႔ လိုပါတယ္။

၆။အရင္က အစာအရမ္းစားတတ္သူက ရာသီလာတဲ့အခါ ဘာမွမစားခ်င္ၾကေတာ့ေပမယ့္ အစာသိပ္မစားတဲ့လူေတြကလည္း ရာသီလာတဲ့အခါ စားခ်င္တာေတြ စြတ္စားတတ္ၾကတယ္။

သာမာန္အခ်ိန္ေတြနဲ႔ ဆန္႔က်င္ဘက္ပါပဲ။ တစ္ခ်ိဳ႕အမ်ိဳးသမီးေတြက သာမာန္အခ်ိန္ေတြမွာ ေရွာင္ေလ့ရွိတဲ့ အစားအစာေတြ စားတတ္ၾကသလို အစာအရမ္းစားတတ္တဲ့သူေတြက်ေတာ့လည္း ရာသီလာခ်ိန္မွာ ဘာမွမစားခ်င္ေတာ့သလို ျဖစ္တတ္ပါတယ္။

၇။အလြယ္တကူ စိတ္တို၊ စိတ္ဆိုးတတ္ၾကတယ္။

ရာသီလာေနတဲ့ အမ်ိဳးသမီးဟာ သာမာန္အခ်ိန္မွာ စိတ္ဘယ္ေလာက္ရွည္ရွည္၊ အဲ့ဒီအခ်ိန္မွာေတာ့ သူတုိ႔ဟာ အထိအရွလြယ္သလို စိတ္တိုလြယ္ၾကပါတယ္။

Credit:Myawady Health
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်လတစ်ကြိမ် အမျိုးသမီးတွေ ကြုံရလေ့ရှိတဲ့ အခက်အခဲ၊ ပြသနာတွေထဲမှာ ရာသီလာတာလည်း ပါဝင်နေပါတယ်။ ဒီလိုအချိန်တွေမှာ သာမန်ထက် ပိုခံစားလွယ်၊ နာကျင်ထိရှလွယ်ကြသလို လူအများနဲ့ဆက်ဆံတဲ့အပိုင်းမှာလည်း အခက်အခဲလေးတွေ ရှိတတ်ကြပါတယ်။ အဲ့ဒါတွေကတော့

၁။အရင်က ဘာမှမဟုတ်တာလို့ ထင်ထားသမျှကို ခံစားပြီး ငိုတတ်လာတယ်။

ဟိုမုန်းအပြောင်းအလဲ၊ သားဥကြွေဆင်းမှုစတာတွေကြောင့် အမျိုးသမီးတွေဟာ ရာသီလာချိန်အတွင်း အကြောင်းမဲ့ ဝမ်းနည်းတတ်ကြပါတယ်။ ငိုတတ်ကြပါတယ်။ အမျိုးသမီး အယောက် ၃၀မှာ ၂၀လောက်က ဒရာမာဇာတ်ကားကြည့်ရင်းနဲ့တောင် မျက်ရည်ကျတတ်ကြတယ်လို့ သိရပါတယ်။

၂။ခေါင်းကိုက်တတ်ကြပါတယ်။

ရာသီလာချိန် ခါးကိုက်တာ၊ ဗိုက်အောင့်တာမျိုး မဟုတ်ပဲ ခေါင်းကိုက်တတ်တဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။ မခံမရပ်နိုင်အောင် ခေါင်းကိုက်ဝေဒနာခံစားလာရပြီဆိုရင်တော့ ဆရာဝန်ပြဖို့ လုပ်ပါ။

၃။ရင်းသားထိပ်တွေ နာကျင်တတ်ကြတယ်။

သာမာန်အချိန်တွေထက် ပိုနူးညံ့လွန်းနေတဲ့ ရင်သားနဲ့ ရင်သားထိပ်တွေဟာ ထိလိုက်တာနဲ့ကို နာကျင်နေတတ်ပါတယ်။ ဒါ့ကြောင့် ဒီလိုအချိန်တွေမှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေနိုင်တာပါ။

၄။အချိန်တိုင်းနီးပါး အိပ်ချင်နေတတ်ကြတယ်။

သွေးတွေလေးနေတယ်လို့ ပြောပြောနေကြသလိုပါပဲ။ ဒါဟာ သံဓာတ်ဖြစ်တဲ့ သွေးတွေဆုံးရှုံ့းသွားတာကြောင့် ခုလို လေးလံထိုင်းမှိုင်းမှုကို ခံစားရတဲ့သဘောပါ။

၅။ဗိုက်တွေအောင့်တတ်ကြတယ်။

ဆီးစပ်တွေကိုက်တတ်တာ၊ ဗိုက်သားတွေ နာကျင်တတ်ကြတာကတော့ ပုံမှန်ပါပဲ။ ဒါ့ကြောင့် ဗိုက်စအောင့်ပြီဆိုတာနဲ့ အကိုက်အခဲပျောက်ဆေး သောက်ထားဖို့ လိုပါတယ်။

၆။အရင်က အစာအရမ်းစားတတ်သူက ရာသီလာတဲ့အခါ ဘာမှမစားချင်ကြတော့ပေမယ့် အစာသိပ်မစားတဲ့လူတွေကလည်း ရာသီလာတဲ့အခါ စားချင်တာတွေ စွတ်စားတတ်ကြတယ်။

သာမာန်အချိန်တွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။ တစ်ချို့အမျိုးသမီးတွေက သာမာန်အချိန်တွေမှာ ရှောင်လေ့ရှိတဲ့ အစားအစာတွေ စားတတ်ကြသလို အစာအရမ်းစားတတ်တဲ့သူတွေကျတော့လည်း ရာသီလာချိန်မှာ ဘာမှမစားချင်တော့သလို ဖြစ်တတ်ပါတယ်။

၇။အလွယ်တကူ စိတ်တို၊ စိတ်ဆိုးတတ်ကြတယ်။

ရာသီလာနေတဲ့ အမျိုးသမီးဟာ သာမာန်အချိန်မှာ စိတ်ဘယ်လောက်ရှည်ရှည်၊ အဲ့ဒီအချိန်မှာတော့ သူတို့ဟာ အထိအရှလွယ်သလို စိတ်တိုလွယ်ကြပါတယ်။


Credit:Myawady Health

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top