iMyanmarHouse.com - Best Property Website for Myanmar
×

သင္ ညဘက္ေဖ့စ္ဘြတ္ခ္ပြတ္ရင္း မနက္ ၃နာရီထိ မ်က္စိက်ယ္ေနတုန္း ဘာေၾကာင့္ ကံထူးသူတခ်ဳိ႕ ေခါင္းအုံးေပၚ ေခါင္းခ်တာနဲ႔ အိပ္ေပ်ာ္သြားျပီး တစ္ညလုံး ေအးေအးခ်မ္းခ်မ္း အိပ္ေပ်ာ္ေနၾကသလဲဆိုတာ သိခ်င္စိတ္ေလးျဖစ္ပါက သိပၸံပညာရွင္ေတြမွာ အေျဖရိွပါတယ္။ အဲဒီကံထူးသူအခ်ဳိ႕တုိ႔မွာ sleep gene လုိ႔သိရတဲ့ ဘုံတူညီခ်က္တစ္ခု ရိွၾကပုံရတယ္လုိ႔ Mail Online က ေဖာ္ျပထားပါတယ္။

ဒီ gene က ခဏတျဖဳတ္အိပ္မွာလား ဒါမွမဟုတ္ ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္မွာလားဆိုတာ ထိန္းခ်ဳပ္ေပးထားေၾကာင္း ဝါရွင္တန္ျပည္နယ္တကၠသိုလ္က သုေတသီေတြက ယုံၾကည္ၾကပါတယ္။ မိမိတုိ႔ DNA ဟာ မိမိတို႔အိပ္စက္မႈကို အက်ဳိးသက္ေရာက္ေစႏုိင္ေၾကာင္း သိပၸံပညာရွင္ေတြ သိရိွတာ ဒါပထမဆုံးအၾကိမ္ျဖစ္ပါတယ္။

ယင္းသိပၸံပညာရွင္အဖြဲ႕က ၾကြက္ေတြရဲ႕ ဦးေႏွာက္ထဲက အိပ္-ႏုိးခ်ိန္သံသရာ (sleep-wake cycle) နဲ႔ဆက္စပ္ gene ေတြကို စမ္းသပ္မႈျပဳလုပ္ရာမွာ အိပ္စက္မႈသံသရာနဲ႔ ဆက္စပ္တဲ့ gene တစ္မ်ဳိးကို ရွာေဖြေတြ႔ရိွခဲ့ၾကပါတယ္။ အဲဒီ gene ရိွတဲ့ ၾကြက္ေတြဟာ ပိုမိုႏွစ္ျခိဳက္စြာ အိပ္ေပ်ာ္ၾကေၾကာင္း ေလ့လာေတြ႔ရိွခဲ့ပါတယ္။

အဲဒီအျဖစ္မ်ဳိး လူေတြမွာလည္း ရိွမရိွ စမ္းသပ္ဖုိ႔အတြက္ အမ်ဳိးသား အေယာက္ ၃၀၀ ရဲ႕ DNA ကို ၇ ရက္အတြင္း အိပ္စက္မႈသံသရာကို ေလ့လာခဲ့ၾကျပီး ယင္း gene နဲ႔ မူကြဲ gene ရိွသူေတြဟာ တျခားသူမ်ားထက္ အအိပ္ခ်ဳိ႕တဲ့ၾကေၾကာင္း ေလ့လာေတြ႔ရိွခဲ့ၾကျပန္ပါတယ္။
Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သင် ညဘက်ဖေ့စ်ဘွတ်ခ်ပွတ်ရင်း မနက် ၃နာရီထိ မျက်စိကျယ်နေတုန်း ဘာကြောင့် ကံထူးသူတချို့ ခေါင်းအုံးပေါ် ခေါင်းချတာနဲ့ အိပ်ပျော်သွားပြီး တစ်ညလုံး အေးအေးချမ်းချမ်း အိပ်ပျော်နေကြသလဲဆိုတာ သိချင်စိတ်လေးဖြစ်ပါက သိပ္ပံပညာရှင်တွေမှာ အဖြေရှိပါတယ်။ အဲဒီကံထူးသူအချို့တို့မှာ sleep gene လို့သိရတဲ့ ဘုံတူညီချက်တစ်ခု ရှိကြပုံရတယ်လို့ Mail Online က ဖော်ပြထားပါတယ်။

ဒီ gene က ခဏတဖြုတ်အိပ်မှာလား ဒါမှမဟုတ် နှစ်နှစ်ခြိုက်ခြိုက်အိပ်မှာလားဆိုတာ ထိန်းချုပ်ပေးထားကြောင်း ဝါရှင်တန်ပြည်နယ်တက္ကသိုလ်က သုတေသီတွေက ယုံကြည်ကြပါတယ်။ မိမိတို့ DNA ဟာ မိမိတို့အိပ်စက်မှုကို အကျိုးသက်ရောက်စေနိုင်ကြောင်း သိပ္ပံပညာရှင်တွေ သိရှိတာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ယင်းသိပ္ပံပညာရှင်အဖွဲ့က ကြွက်တွေရဲ့ ဦးနှောက်ထဲက အိပ်-နိုးချိန်သံသရာ (sleep-wake cycle) နဲ့ဆက်စပ် gene တွေကို စမ်းသပ်မှုပြုလုပ်ရာမှာ အိပ်စက်မှုသံသရာနဲ့ ဆက်စပ်တဲ့ gene တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲဒီ gene ရှိတဲ့ ကြွက်တွေဟာ ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်ကြကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

အဲဒီအဖြစ်မျိုး လူတွေမှာလည်း ရှိမရှိ စမ်းသပ်ဖို့အတွက် အမျိုးသား အယောက် ၃၀၀ ရဲ့ DNA ကို ၇ ရက်အတွင်း အိပ်စက်မှုသံသရာကို လေ့လာခဲ့ကြပြီး ယင်း gene နဲ့ မူကွဲ gene ရှိသူတွေဟာ တခြားသူများထက် အအိပ်ချို့တဲ့ကြကြောင်း လေ့လာတွေ့ရှိခဲ့ကြပြန်ပါတယ်။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top