iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္မတို႔ေတြအားလံုး က်န္းမာေရးအပါအဝင္ ခႏၱာကိုယ္အေလးခ်ိန္အတြက္ လံုေလာက္တဲ့ ဝီရိယေတြ စိုက္ထုတ္ႏိုင္ျခင္းမရွိၾကပါဘူး။“ဝိတ္ေတာ့က်ခ်င္တယ္ ေလ့က်င့္ခန္းျပဳလုပ္ဖို႔ေတာ့ အခ်ိန္မေပးႏိုင္ဘူး”ဆိုတဲ့သူေတြအတြက္ အဆီကို သဘာဝနည္းလမ္းအတိုင္း ေလာင္ကၽြမ္းေစၿပီး ရိုးရွင္လြယ္ကူတဲ့ နည္းလမ္း ၉ မ်ိဳးကို မွ်ေဝေပးသြားမွာျဖစ္ပါတယ္။

၁။ ယမကာေလွ်ာ့ေသာက္ပါ။

အၿမဲလိုလို ယမကာသာက္သံုးတဲ့အခါ ကိုလက္စထေရာမ်ားတဲ့ အစာေျပစာကိုပါ တြဲၿပီး စားသံုးၾကပါတယ္။ အဲဒါဟာ ကိုယ္အေလးခ်ိန္ကို သိသိသာသာတက္ေစပါတယ္။ ဒါ့ေၾကာင့္ ယမကာကို တတ္ႏိုင္သမွ်ေလွ်ာ့ေသာက္မယ္ဆိုရင္ ကိုယ္အေလးခ်ိန္ သိသိသာသာ က်ဆင္းသြားမွာျဖစ္ပါတယ္။

၂။ ည ၉ နာရီေနာက္ပိုင္း အစာမစားပါႏွင့္

ကိုယ္အေလးခိ်န္တက္တာအတြက္ အေကာင္းဆံုးကာကြယ္ႏိုင္တဲ့နည္းလမ္းကေတာ့ ည ၉ နာရီေက်ာ္ၿပီးတဲ့ေနာက္ပိုင္း မည္သည့္အစားအစာမွမစားပါနဲ႔။ အဲဒီလို စားသံုးတာဟာ ကယ္လ္လိုရီပမာဏကို ျမင့္တက္ေစၿပီး ကိုယ္အေလးခ်ိန္တက္ေစပါတယ္။ တစ္ေန႔တာလံုးအတြက္ လံုေလာက္တဲ့အစားအစာကို ကၽြန္မတို႕ စားသံုးၿပီးျဖစ္ပါတယ္။ အစာစားခ်င္စိတ္ျဖစ္လာတာဟာ စိတ္ဖိစီးမႈနဲ႔ ပ်င္းရိတာေၾကာင့္ပါ။

၃။ ေရမ်ားမ်ားေသာက္ပါ။

ေရအမ်ားအျပားေသာက္တာဟာ ခႏၱာကုိယ္အတြက္ ကုန္ခန္းသြားတဲ့ အားအင္ေတြကို ျပည္လည္ျဖည့္ဆည္းဖို႔သာမက အေရျပားက်န္းမာေရးအတြက္ေကာင္းမြန္သလို ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ရာမွာလည္း မ်ားစြာအေထာက္အကူျဖစ္ေစပါတယ္။ ေရမ်ားမ်ားေသာက္ပါေနာ္။

၄။ အိပ္ေရးဝဝအိပ္ပါ။

အိပ္ေရးဝဝအိပ္ပါလို႔ ေျပာပါတာ။ မိမိစိတ္ေက်နပ္တဲ့ထိ ေနဖင္ထိုးေအာင္အိပ္ပါလို႔ ေျပာတာမဟုတ္ပါဘူးေနာ္။ သင့္ခႏၱာကိုယ္အတြက္ သင့္ေတာ္တဲ့ အနားယူအိပ္စက္မႈဟာ သိပ္ကိုအေရးႀကီးပါတယ္။ အိပ္ေရးမဝတာဟာ စိတ္ဖိစီးမႈကို ျမင့္တက္ေစပါတယ္။ စိတ္ဖိစီးတာေၾကာင့္ ေဟာ္မုန္းထိခိုက္မႈျဖစ္ႏိုင္ၿပီး မၾကာခဏဆိုသလို ဗိုက္ဆာေနတတ္ပါတယ္။ စိတ္ဖိစီးမႈမ်ားေလေလ အစားပိုစားမိေလေလျဖစ္ၿပီး ကိုယ္အေလးခ်ိန္ ျမင့္တက္လာမွာျဖစ္ပါတယ္။

၅။ ေကာ္ဖီေသာက္ပါ။

ဒီေနရာမွာ အခ်ိဳဓါတ္လြန္ကဲတဲ့ ေကာ္ဖီကို ေျပာခ်င္တာမဟုတ္ပါဘူးေနာ္။ ေကာ္ဖီ ပလိန္းကို ရည္ညႊန္းေျပာခ်င္ပါတယ္။ ေကာ္ဖီမွာပါတဲ့ ကဖိန္းဓါတ္ဟာ ေသြးတြင္းမွာ အဆီဓါတ္ကို ေလာင္ကၽြမ္းေစတဲ့ အက္ဆစ္ဓါတ္တစ္မ်ိဳးကို ေပးစြမ္းႏိုင္မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ရာမွာ အရမ္းကိုအေထာက္အကူျဖစ္ေစပါတယ္။

၆။ ေနေရာင္ျခည္ ထိေတြ႔ပါ။

မနက္အိပ္ရာႏိုးတာနဲ႔ ခန္းဆီးကိုဖြင့္ၿပီး မနက္ခင္းရဲ့ ေနျခည္ႏုႏုကို ထိေတြ႔ခံစားလိုက္ပါ။ ေနေရာင္ျခည္ကို ထိေတြ႔မႈျပဳလုပ္တာဟာ မထိေတြ႔သူေတြထက္ ကိုယ္အေလးခ်ိန္ အခ်ိဳးအစား အညႊန္းကိန္း (MBI) သိသိသာသာ ေလ်ာ့နည္းေနတာကို သက္ေသျပႏိုင္ခဲ့ပါတယ္။

၇။ မနက္စာအတြက္ ၾကက္ဥတစ္လံုးစားပါ။

သင့္ရဲ့မနက္ခင္းကို ပရိုတင္းဓါတ္ျပည့္ျပည့္ဝဝနဲ႔ စတင္လိုက္ပါ။ အဲဒီလိုစတင္တာဟာ ဦးေႏွာက္ရဲ့ လုပ္ေဆာင္ခ်က္ကို ျမင့္မားေစပါတယ္။ အစားစာခ်င္စိတ္ကို ေလွ်ာ့ခ်ဖို႔အတြက္ သင့္ရဲ့မနက္စာမွာ ဒိန္ခ်ည္ထည့္စားပါ။

၈။ သင္စားသမွ်ကို ေရးခ်ပါ။

တစ္ေန႔တာအတြင္း သင္စားမိတဲ့အစားအစာေတြကို ေရးခ်တာဟာ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ရာမွာ ထိေရာက္မႈရွိတဲ့ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ ေလ့လာေတြ႔ရွိခ်က္အရ အခုလို ခ်ေရးသူေတြဟာ ခ်မေရးတဲ့သူေတြထက္ အစာစားသံုးမႈ နည္းတယ္လို႔ ေလ့လာသူေတြက ေျပာပါတယ္။

၉။ သေရစာမစားပါနဲ႔

အလုပ္လုပ္ေနခ်ိန္မွာ က်န္းမာေရးနဲ႔မညီညႊတ္တဲ့ သေရစာကို စားသံုးတတ္ေလ့ရွိၾကပါတယ္။ ကယ္လိုရီမ်ားတဲ့ သေရစာ မုန္႔ေတြစားသံုးမဲ့အစား ပန္းသီး (သို႔) ပ်ားရည္ စတဲ့ သဘာဝ အစားအစာေတြကို အစားထိုး စားသံုးႏိုင္ပါတယ္။

ရလဒ္ေကာင္းေတြ ရရွိႏိုင္ၾကပါေစ။

Credit:mystyle myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကျွန်မတို့တွေအားလုံး ကျန်းမာရေးအပါအဝင် ခန္တာကိုယ်အလေးချိန်အတွက် လုံလောက်တဲ့ ဝီရိယတွေ စိုက်ထုတ်နိုင်ခြင်းမရှိကြပါဘူး။“ဝိတ်တော့ကျချင်တယ် လေ့ကျင့်ခန်းပြုလုပ်ဖို့တော့ အချိန်မပေးနိုင်ဘူး”ဆိုတဲ့သူတွေအတွက် အဆီကို သဘာဝနည်းလမ်းအတိုင်း လောင်ကျွမ်းစေပြီး ရိုးရှင်လွယ်ကူတဲ့ နည်းလမ်း ၉ မျိုးကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ ယမကာလျှော့သောက်ပါ။

အမြဲလိုလို ယမကာသာက်သုံးတဲ့အခါ ကိုလက်စထရောများတဲ့ အစာပြေစာကိုပါ တွဲပြီး စားသုံးကြပါတယ်။ အဲဒါဟာ ကိုယ်အလေးချိန်ကို သိသိသာသာတက်စေပါတယ်။ ဒါ့ကြောင့် ယမကာကို တတ်နိုင်သမျှလျှော့သောက်မယ်ဆိုရင် ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားမှာဖြစ်ပါတယ်။

၂။ ည ၉ နာရီနောက်ပိုင်း အစာမစားပါနှင့်

ကိုယ်အလေးချိန်တက်တာအတွက် အကောင်းဆုံးကာကွယ်နိုင်တဲ့နည်းလမ်းကတော့ ည ၉ နာရီကျော်ပြီးတဲ့နောက်ပိုင်း မည်သည့်အစားအစာမှမစားပါနဲ့။ အဲဒီလို စားသုံးတာဟာ ကယ်လ်လိုရီပမာဏကို မြင့်တက်စေပြီး ကိုယ်အလေးချိန်တက်စေပါတယ်။ တစ်နေ့တာလုံးအတွက် လုံလောက်တဲ့အစားအစာကို ကျွန်မတို့ စားသုံးပြီးဖြစ်ပါတယ်။ အစာစားချင်စိတ်ဖြစ်လာတာဟာ စိတ်ဖိစီးမှုနဲ့ ပျင်းရိတာကြောင့်ပါ။

၃။ ရေများများသောက်ပါ။

ရေအများအပြားသောက်တာဟာ ခန္တာကိုယ်အတွက် ကုန်ခန်းသွားတဲ့ အားအင်တွေကို ပြည်လည်ဖြည့်ဆည်းဖို့သာမက အရေပြားကျန်းမာရေးအတွက်ကောင်းမွန်သလို ကိုယ်အလေးချိန်လျှော့ချရာမှာလည်း များစွာအထောက်အကူဖြစ်စေပါတယ်။ ရေများများသောက်ပါနော်။

၄။ အိပ်ရေးဝဝအိပ်ပါ။

အိပ်ရေးဝဝအိပ်ပါလို့ ပြောပါတာ။ မိမိစိတ်ကျေနပ်တဲ့ထိ နေဖင်ထိုးအောင်အိပ်ပါလို့ ပြောတာမဟုတ်ပါဘူးနော်။ သင့်ခန္တာကိုယ်အတွက် သင့်တော်တဲ့ အနားယူအိပ်စက်မှုဟာ သိပ်ကိုအရေးကြီးပါတယ်။ အိပ်ရေးမဝတာဟာ စိတ်ဖိစီးမှုကို မြင့်တက်စေပါတယ်။ စိတ်ဖိစီးတာကြောင့် ဟော်မုန်းထိခိုက်မှုဖြစ်နိုင်ပြီး မကြာခဏဆိုသလို ဗိုက်ဆာနေတတ်ပါတယ်။ စိတ်ဖိစီးမှုများလေလေ အစားပိုစားမိလေလေဖြစ်ပြီး ကိုယ်အလေးချိန် မြင့်တက်လာမှာဖြစ်ပါတယ်။

၅။ ကော်ဖီသောက်ပါ။

ဒီနေရာမှာ အချိုဓါတ်လွန်ကဲတဲ့ ကော်ဖီကို ပြောချင်တာမဟုတ်ပါဘူးနော်။ ကော်ဖီ ပလိန်းကို ရည်ညွှန်းပြောချင်ပါတယ်။ ကော်ဖီမှာပါတဲ့ ကဖိန်းဓါတ်ဟာ သွေးတွင်းမှာ အဆီဓါတ်ကို လောင်ကျွမ်းစေတဲ့ အက်ဆစ်ဓါတ်တစ်မျိုးကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာ အရမ်းကိုအထောက်အကူဖြစ်စေပါတယ်။

၆။ နေရောင်ခြည် ထိတွေ့ပါ။

မနက်အိပ်ရာနိုးတာနဲ့ ခန်းဆီးကိုဖွင့်ပြီး မနက်ခင်းရဲ့ နေခြည်နုနုကို ထိတွေ့ခံစားလိုက်ပါ။ နေရောင်ခြည်ကို ထိတွေ့မှုပြုလုပ်တာဟာ မထိတွေ့သူတွေထက် ကိုယ်အလေးချိန် အချိုးအစား အညွှန်းကိန်း (MBI) သိသိသာသာ လျော့နည်းနေတာကို သက်သေပြနိုင်ခဲ့ပါတယ်။

၇။ မနက်စာအတွက် ကြက်ဥတစ်လုံးစားပါ။

သင့်ရဲ့မနက်ခင်းကို ပရိုတင်းဓါတ်ပြည့်ပြည့်ဝဝနဲ့ စတင်လိုက်ပါ။ အဲဒီလိုစတင်တာဟာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို မြင့်မားစေပါတယ်။ အစားစာချင်စိတ်ကို လျှော့ချဖို့အတွက် သင့်ရဲ့မနက်စာမှာ ဒိန်ချည်ထည့်စားပါ။

၈။ သင်စားသမျှကို ရေးချပါ။

တစ်နေ့တာအတွင်း သင်စားမိတဲ့အစားအစာတွေကို ရေးချတာဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်အရ အခုလို ချရေးသူတွေဟာ ချမရေးတဲ့သူတွေထက် အစာစားသုံးမှု နည်းတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

၉။ သရေစာမစားပါနဲ့

အလုပ်လုပ်နေချိန်မှာ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ သရေစာကို စားသုံးတတ်လေ့ရှိကြပါတယ်။ ကယ်လိုရီများတဲ့ သရေစာ မုန့်တွေစားသုံးမဲ့အစား ပန်းသီး (သို့) ပျားရည် စတဲ့ သဘာဝ အစားအစာတွေကို အစားထိုး စားသုံးနိုင်ပါတယ်။

ရလဒ်ကောင်းတွေ ရရှိနိုင်ကြပါစေ။

Credit:mystyle myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top