iMyanmarHouse.com - Best Property Website for Myanmar
×

အဲ.. ေယာင္းေရ တစ္ခုေတာ့ ႀကိဳေျပာထားမယ္.. အက္ဒမင္ ေဟာတာမဟုတ္ဘူးေနာ္.. ေခ်ာင္း႐ိုက္ျခင္းသည္းခံပါရန္ 😅

Aries (March 21 – April 19)

ဘဝကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္ေပမ့ဲ ေသျခင္းတရားကို အၿမဲေတြးေတာေနတ့ဲအက်င့္ရွိသူေတြတ့ဲ.. ေက်ာင္းသြားတ့ဲလမ္းမွာ၊ အလုပ္သြားတ့ဲလမ္းမွာ၊ အခုေနမ်ား ငါေသသြားရင္ ဘယ္လိုျဖစ္မလဲ ဆိုၿပီး ေတာ္ေတာ္ေလးေတြးတတ္ၾကပါတယ္တ့ဲ..။ ေကြးေသာလက္မဆန္႔မီ တို႔ ေန႔ျမင္ညေပ်ာက္တို႔လိုမ်ိဳး ကိုယ္လည္း အလြယ္တကူေသသြားႏိုင္တာပဲဆိုၿပီး ဘယ္လိုမ်ိဳးေသႏိုင္မလဲ.. ဘယ္ေနရာမွာ ေသမလဲ.. ေသၿပီးရင္ ဘယ္လိုျဖစ္သြားမွာလဲ စတ့ဲ ေသျခင္းနဲ႔ပတ္သက္တာေတြကို အၿမဲစဥ္းစားေနတတ္ပါတယ္… ေဘးပတ္ဝန္းက်င္ကလူေတြ ဘယ္လိုေသသြားႏိုင္သလဲဆိုၿပီး စဥ္းစားတာထက္ ကိုယ့္ကိုယ္ကိုနဲ႔ ေသျခင္းတရားကို ဆက္စပ္ေတြးၾကတာမ်ားပါတယ္.. ဒါေပမ့ဲ အဆံုးစီရင္ခ်င္တ့ဲစိတ္ေတာ့ မရွိၾကပါဘူးတ့ဲ..

Taurus (April 20 – May 20)

Stalker ေတြပါတ့ဲ.. Facebook က page တစ္ခုခုပဲျဖစ္ျဖစ္၊ instagram မွာပဲျဖစ္ျဖစ္ တစ္ခုခု စိတ္ဝင္စားစရာေတြ႕ၿပီဆိုရင္ ဟိုးအရင့္အရင္ပို႔စ္ေတြအထိပါ ေရဆံုးေျမဆံုးလိုက္ရွာတတ္ပါတယ္.. အထူးသျဖင့္ ခရပ္ရွ္ေလးေတြ အေကာင့္ နဲ႔ ရည္းစားေဟာင္းေတြ အေကာင့္မ်ိဳးေပါ့.. ဒါမွမဟုတ္ လံုးဝသူစိမ္းတစ္ေယာက္ရဲ႕ အေကာင့္ကိုလည္း ေလွ်ာက္ေမႊတတ္တာမ်ိဳး ျဖစ္ႏိုင္ပါေသးတယ္.. ဒီရာသီခြင္ဖြားေတြဟာ သစၥာတရားကို တအားတန္ဖိုးထားၾကတာေၾကာင့္ ကိုယ့္ေနာက္ကြယ္မွာ သူတို႔ဘာလုပ္သလဲဆိုတာကို မ်က္ေျခမျပတ္ေစာင့္ၾကည့္ခ်င္တာလည္း ပါပါတယ္.. သစၥာေဖာက္ခံရတာကို သိပ္မုန္းတ့ဲလူမ်ိဳးေတြပါ..

Gemini (May 21 – June 20)

ယံုလြယ္ေအာင္ မုသာဝါဒအေျပာကၽြမ္းတယ္လို႔ ေျပာၾကတယ္.. မုသားမပါလကၤာမေခ်ာဆိုေပမ့ဲ တစ္ခါတစ္ေလက် ပ်င္းလို႔ လိမ္ေျပာၾကပါသတ့ဲ.. ဒါေပမ့ဲ သူလိမ္လိုက္တ့ဲအေၾကာင္းအရာကို လူေတြယံုေအာင္ သိမ္းသြင္းႏိုင္စြမ္းရွိပါတယ္.. ႀကီးႀကီးမားမား မဟုတ္တ့ဲကိစၥေလးေတြကို ဇာတ္လမ္းထြင္ၿပီး ေျပာတတ္ၾကၿပီး အ့ဲလိုနည္းနဲ႔ပဲ အေပါင္းအသင္းဝင္ဆံ့ဖို႔ ႀကိဳးစားတတ္ၾကတယ္.. တစ္ခါတစ္ခါက်ေတာ့လည္း ကိုယ္ဒီလိုလိမ္လိုက္ရင္ သူယံုသြားမလားဆိုၿပီး စမ္းၾကည့္ၾကတာလည္း ရွိပါတယ္..

Cancer (June 21 – July 22)

စိတ္ခံစားမႈျပင္းထန္လြန္းသူေတြပါ.. ခ်စ္သူရွိၿပီဆိုရင္ အ့ဲတစ္ေယာက္ကိုပဲ ဘဝတစ္ခုလံုးလို႔ ထင္မွတ္ၿပီး ခ်စ္တတ္ၾကသလို သစၥာေဖာက္ခံရၿပီဆိုရင္ေတာ့ အမုန္းႀကီးမုန္းၿပီး ကိုယ္ခံစားရတာထက္ တစ္ဖက္သူကို ပိုၿပီးခံစားရေအာင္ နည္းမ်ိဳးစံုနဲ႔ လုပ္ျပတတ္ပါတယ္.. အ့ဲေနရာမွာ အတိုင္းအတာမရွိပါဘူး.. ကိုယ္ တတ္ႏိုင္သေလာက္ တတ္ႏိုင္တ့ဲေနရာကေန သစၥာေဖာက္သြားတ့ဲခ်စ္သူကို အလူးအလဲခံစားရေအာင္ ထိုးႏွက္မ့ဲသူေတြပါတ့ဲ..။

Leo (July 23 – August 22)

သူမ်ားေတြရဲ႕ အေရးေပးမႈကို အရမ္းလိုခ်င္ပါတယ္.. အ့ဲဒါေၾကာင့္ မၾကာခဏဆိုသလို ကိုယ့္နာေရးအသုဘအေၾကာင္းကို ပံုေဖာ္ေလ့ရွိၾကပါတယ္.. ဘာလို႔လဲဆိုေတာ့ အသုဘနာေရးဆိုတာက ကိုယ့္ကို အေရးေပးၿပီးလုပ္တ့ဲအရာတစ္ခုလို႔ ယူဆလို႔ပါ.. ဘယ္သူအရင္ဆံုး ကိုယ့္ကို သတင္းေမးလာမလဲ.. ဘယ္သူက ဝမ္းနည္းအပူေဆြးဆံုးျဖစ္မလဲ.. ဘယ္သူက အက်ယ္ဆံုး ငိုမလဲ.. အ့ဲလိုမ်ိဳး စိတ္ကူးတတ္ၾကပါတယ္.. အသုဘမွာ ဘယ္သူကေတာ့ ဘယ္လိုစကားေျပာလိမ့္မယ္.. ဘယ္သူကေတာ့ ကိုယ္ ေလာကမွာမရွိေတာ့ဘူးဆိုၿပီး ယူၾကံဳးမရျဖစ္လိမ့္မယ္.. အ့ဲလို အေသးစိတ္အခ်က္ေတြကိုပါ ထည့္ေတြးေလ့ရွိၾကပါတယ္တ့ဲ..

Virgo (August 23 – September 22)

အဟမ္း.. ေန႔ဘက္မွာဆိုရင္ေတာ့ အျပစ္ကင္းေပမ့ဲ ညဘက္မွာဆိုရင္ေတာ့ မဟုတ္တာေတြ ေလွ်ာက္စဥ္းစားတတ္တယ္တ့ဲ..။ အ့ဲလိုစဥ္းစားမိတိုင္း ကိုယ့္ကိုယ္ကို ရွက္ၿပီး အ့ဲအက်င့္ေဖ်ာက္ဖို႔ႀကိဳးစားေပမ့ဲ ေဖ်ာက္မရပါဘူးတ့ဲေနာ္..

Libra (September 23 – October 22)

လူမဆန္ဆံုးလုပ္ရပ္ေတြကို တအားစိတ္ဝင္စားပါသတ့ဲ..။ ကြင္းဆက္လူသတ္မႈလိုမ်ိဳး အမႈအခင္းေတြကို အၿမဲရွာေဖြဖတ္ေနတတ္ၿပီး ေၾကာက္စရာေကာင္းတာေတြကိုပဲ စဥ္းစားေနတတ္ပါသတ့ဲ.. တကယ္ေတာ့ အ့ဲဒါက သူတို႔မွာ တရားမွ်တလိုစိတ္တအားရွိလို႔ပါတ့ဲ.. ဒါေပမ့ဲ တျခားလူအျမင္မွာ စိတၱဇလူသတ္သမားလို႔ ထင္ရေလာက္ေအာင္ အမႈအခင္းေတြအေၾကာင္းကို စိတ္ဝင္စားသူေတြပါ..

Scorpio (October 23 – November 21)

အဆိပ္ျပင္းတ့ဲ အေတြးပိုင္ရွင္ေတြပါတ့ဲ.. အေကာင္ေပါက္ေသးေသးေလးေတြကို လက္ထဲမွာ ကိုင္ထားမိရင္ ဖ်စ္ညႇစ္လိုက္ခ်င္စိတ္ေတြ တဖြားဖြား၊ ကေလးေလးတစ္ေယာက္ မိဘေတြနဲ႔အေဝးမွာ တစ္ေယာက္တည္းေဆာ့ေနတာျမင္ရင္ “ဪ ျပန္ေပးဆြဲလို႔လြယ္လိုက္ပံုမ်ား” လို႔ေတြးမိတာမ်ိဳး.. ဘာရယ္မဟုတ္ ေကာင္မေလးတစ္ေယာက္ကို လမ္းမွာေတြ႕ရင္ “ငါ သူ႔ကို လမ္းမေပၚတြန္းလိုက္ရင္” ဆိုတ့ဲ အေတြးမ်ိဳး ဝင္တတ္ၾကပါတယ္.. ဒါေပမ့ဲ ဘယ္ေတာ့မွေတာ့ အေတြးေတြကို အေကာင္အထည္မေဖာ္တတ္ပါဘူး..

Sagittarius (November 22 – December 21)

ဒီရာသီခြင္ဖြားေတြကေတာ့ ခံစားမႈမရွိသူေတြပါတ့ဲ.. စိတ္ခံစားမႈေတြျဖစ္လာရင္ သက္ေတာင့္သက္သာမရွိဘူးလို႔ ခံစားရတာေၾကာင့္ တအားႀကီး သံေယာဇဥ္မတြယ္ေအာင္ေနတာမ်ိဳး ျဖစ္တတ္ပါတယ္.. ေသြးေအးတယ္ပဲဆိုမလား.. သူငယ္ခ်င္းတစ္ေယာက္ရဲ႕ အေဖဆံုးသြားတယ္ဆိုပါေတာ့.. အ့ဲသူငယ္ခ်င္းကို ကိုယ္က အေၾကာင္းၾကားေပးရမယ္ဆိုရင္ သူတို႔ဘယ္လိုခံစားရမလဲမတြက္ပဲ “နင့္အေဖ ဆံုးသြားၿပီ” လို႔ ခပ္ျပတ္ျပတ္ေျပာပစ္လိုက္တာမ်ိဳးပါ.. သူတို႔ ပူေဆြးေနတာကိုလည္း နားမလည္ေပးႏိုင္ပါဘူးတ့ဲ.. ရင္ထဲမွာ ဗလာသပ္သပ္ပါပဲ..။

Carpricorn (December 22 – January 19)

မိသားစုဝင္ေတြနဲ႔ သူငယ္ခ်င္းေတြရဲ႕ ေသဆံုးမႈေတြကို စိတ္ကူးတတ္ၾကတယ္.. အဓိကကေတာ့ ႐ိုး႐ိုးစိတ္ကူးတာမဟုတ္ပဲ ကိုယ္က သူတို႔ကို ဘယ္လိုသတ္ၿပီး လြတ္ေအာင္ေျပးမလဲ ဆိုတာကို စိတ္ဝင္စားၾကတာပါ.. ဒါေပမ့ဲ တကယ္ အႏၲရာယ္မျပဳပါဘူး.. ဒီတိုင္းေလးပဲ သူတို႔က ဘယ္ေလာက္ဉာဏ္ေကာင္းတာမို႔ ဘယ္သူမွမသိပဲ ထြက္ေျပးႏိုင္တယ္ဆိုတာက သူတို႔ကိုေပ်ာ္ေစတာပါ..

Aquarius (January 20 – February 18)

ဒီရာသီဖြားေတြကေတာ့ ရင္းႏွီးရတ့ဲတစ္ေယာက္ေယာက္ ေသဆံုးသြားရင္ တျခားသူေတြကို ကိုယ္ ဘာေျပာမလဲဆိုတာ ေတြးေနတတ္ပါတယ္.. အၿမဲ အေတြးႏြံနစ္ေနတတ္ပါတယ္.. တကယ္ေတာ့ သူတို႔ အ့ဲလိုေတြးတာက ေသေစလိုတ့ဲဆႏၵေၾကာင့္ မဟုတ္ပဲနဲ႔ တစ္ေန႔ေန႔အ့ဲလိုျဖစ္ခ့ဲရင္ ကိုယ့္စိတ္ကို ထိန္းခ်ဳပ္ႏိုင္ေအာင္လို႔ ႀကိဳတင္ၿပီး ျဖည္းျဖည္းခ်င္း ျပင္ဆင္ေနတ့ဲသေဘာပါ..

ကိုယ္ထိခိုက္နာက်င္မွာကို ေၾကာက္ေပမ့ဲ ဟီး႐ိုးလုပ္ခ်င္ၾကသူေတြပါတ့ဲ.. အကယ္၍မ်ား ကိုယ့္ေက်ာင္း၊ အလုပ္ေနရာကို ဓားျပဝင္တိုက္ခ့ဲရင္၊ လူသတ္သမားနဲ႔ ထိပ္တိုက္တိုးရင္၊ အ့ဲလိုမ်ိဳး စဥ္းစားၿပီး ကိုယ္က ဘယ္လို သူမ်ားေတြကို ကယ္တင္ေပးမ့ဲအေၾကာင္း စိတ္ကူးယဥ္ေလ့ရွိပါတယ္.. ဒါေပမ့ဲ ပါးစပ္ကေတာ့ ဘယ္ေတာ့မွ ထုတ္မေျပာပါဘူးတ့ဲေလ..။

ကဲ… ေယာင္းတို႔ရဲ႕ အေတြးေလးေတြနဲ႔ ေယာင္းတို႔ရာသီနဲ႔ ကိုက္လားမကိုက္လား ေျပာျပခဲ့ဦးေနာ္.. 😉
Credit:Su Myat ( For Her Myanmar )

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
အဲ.. ယောင်းရေ တစ်ခုတော့ ကြိုပြောထားမယ်.. အက်ဒမင် ဟောတာမဟုတ်ဘူးနော်.. ချောင်းရိုက်ခြင်းသည်းခံပါရန် 😅

Aries (March 21 – April 19)

ဘဝကို ပျော်ပျော်ရွှင်ရွှင်နေတတ်ပေမဲ့ သေခြင်းတရားကို အမြဲတွေးတောနေတဲ့အကျင့်ရှိသူတွေတဲ့.. ကျောင်းသွားတဲ့လမ်းမှာ၊ အလုပ်သွားတဲ့လမ်းမှာ၊ အခုနေများ ငါသေသွားရင် ဘယ်လိုဖြစ်မလဲ ဆိုပြီး တော်တော်လေးတွေးတတ်ကြပါတယ်တဲ့..။ ကွေးသောလက်မဆန့်မီ တို့ နေ့မြင်ညပျောက်တို့လိုမျိုး ကိုယ်လည်း အလွယ်တကူသေသွားနိုင်တာပဲဆိုပြီး ဘယ်လိုမျိုးသေနိုင်မလဲ.. ဘယ်နေရာမှာ သေမလဲ.. သေပြီးရင် ဘယ်လိုဖြစ်သွားမှာလဲ စတဲ့ သေခြင်းနဲ့ပတ်သက်တာတွေကို အမြဲစဉ်းစားနေတတ်ပါတယ်… ဘေးပတ်ဝန်းကျင်ကလူတွေ ဘယ်လိုသေသွားနိုင်သလဲဆိုပြီး စဉ်းစားတာထက် ကိုယ့်ကိုယ်ကိုနဲ့ သေခြင်းတရားကို ဆက်စပ်တွေးကြတာများပါတယ်.. ဒါပေမဲ့ အဆုံးစီရင်ချင်တဲ့စိတ်တော့ မရှိကြပါဘူးတဲ့..

Taurus (April 20 – May 20)

Stalker တွေပါတဲ့.. Facebook က page တစ်ခုခုပဲဖြစ်ဖြစ်၊ instagram မှာပဲဖြစ်ဖြစ် တစ်ခုခု စိတ်ဝင်စားစရာတွေ့ပြီဆိုရင် ဟိုးအရင့်အရင်ပို့စ်တွေအထိပါ ရေဆုံးမြေဆုံးလိုက်ရှာတတ်ပါတယ်.. အထူးသဖြင့် ခရပ်ရှ်လေးတွေ အကောင့် နဲ့ ရည်းစားဟောင်းတွေ အကောင့်မျိုးပေါ့.. ဒါမှမဟုတ် လုံးဝသူစိမ်းတစ်ယောက်ရဲ့ အကောင့်ကိုလည်း လျှောက်မွှေတတ်တာမျိုး ဖြစ်နိုင်ပါသေးတယ်.. ဒီရာသီခွင်ဖွားတွေဟာ သစ္စာတရားကို တအားတန်ဖိုးထားကြတာကြောင့် ကိုယ့်နောက်ကွယ်မှာ သူတို့ဘာလုပ်သလဲဆိုတာကို မျက်ခြေမပြတ်စောင့်ကြည့်ချင်တာလည်း ပါပါတယ်.. သစ္စာဖောက်ခံရတာကို သိပ်မုန်းတဲ့လူမျိုးတွေပါ..

Gemini (May 21 – June 20)

ယုံလွယ်အောင် မုသာဝါဒအပြောကျွမ်းတယ်လို့ ပြောကြတယ်.. မုသားမပါလင်္ကာမချောဆိုပေမဲ့ တစ်ခါတစ်လေကျ ပျင်းလို့ လိမ်ပြောကြပါသတဲ့.. ဒါပေမဲ့ သူလိမ်လိုက်တဲ့အကြောင်းအရာကို လူတွေယုံအောင် သိမ်းသွင်းနိုင်စွမ်းရှိပါတယ်.. ကြီးကြီးမားမား မဟုတ်တဲ့ကိစ္စလေးတွေကို ဇာတ်လမ်းထွင်ပြီး ပြောတတ်ကြပြီး အဲ့လိုနည်းနဲ့ပဲ အပေါင်းအသင်းဝင်ဆံ့ဖို့ ကြိုးစားတတ်ကြတယ်.. တစ်ခါတစ်ခါကျတော့လည်း ကိုယ်ဒီလိုလိမ်လိုက်ရင် သူယုံသွားမလားဆိုပြီး စမ်းကြည့်ကြတာလည်း ရှိပါတယ်..

Cancer (June 21 – July 22)

စိတ်ခံစားမှုပြင်းထန်လွန်းသူတွေပါ.. ချစ်သူရှိပြီဆိုရင် အဲ့တစ်ယောက်ကိုပဲ ဘဝတစ်ခုလုံးလို့ ထင်မှတ်ပြီး ချစ်တတ်ကြသလို သစ္စာဖောက်ခံရပြီဆိုရင်တော့ အမုန်းကြီးမုန်းပြီး ကိုယ်ခံစားရတာထက် တစ်ဖက်သူကို ပိုပြီးခံစားရအောင် နည်းမျိုးစုံနဲ့ လုပ်ပြတတ်ပါတယ်.. အဲ့နေရာမှာ အတိုင်းအတာမရှိပါဘူး.. ကိုယ် တတ်နိုင်သလောက် တတ်နိုင်တဲ့နေရာကနေ သစ္စာဖောက်သွားတဲ့ချစ်သူကို အလူးအလဲခံစားရအောင် ထိုးနှက်မဲ့သူတွေပါတဲ့..။

Leo (July 23 – August 22)

သူများတွေရဲ့ အရေးပေးမှုကို အရမ်းလိုချင်ပါတယ်.. အဲ့ဒါကြောင့် မကြာခဏဆိုသလို ကိုယ့်နာရေးအသုဘအကြောင်းကို ပုံဖော်လေ့ရှိကြပါတယ်.. ဘာလို့လဲဆိုတော့ အသုဘနာရေးဆိုတာက ကိုယ့်ကို အရေးပေးပြီးလုပ်တဲ့အရာတစ်ခုလို့ ယူဆလို့ပါ.. ဘယ်သူအရင်ဆုံး ကိုယ့်ကို သတင်းမေးလာမလဲ.. ဘယ်သူက ဝမ်းနည်းအပူဆွေးဆုံးဖြစ်မလဲ.. ဘယ်သူက အကျယ်ဆုံး ငိုမလဲ.. အဲ့လိုမျိုး စိတ်ကူးတတ်ကြပါတယ်.. အသုဘမှာ ဘယ်သူကတော့ ဘယ်လိုစကားပြောလိမ့်မယ်.. ဘယ်သူကတော့ ကိုယ် လောကမှာမရှိတော့ဘူးဆိုပြီး ယူကြုံးမရဖြစ်လိမ့်မယ်.. အဲ့လို အသေးစိတ်အချက်တွေကိုပါ ထည့်တွေးလေ့ရှိကြပါတယ်တဲ့..

Virgo (August 23 – September 22)

အဟမ်း.. နေ့ဘက်မှာဆိုရင်တော့ အပြစ်ကင်းပေမဲ့ ညဘက်မှာဆိုရင်တော့ မဟုတ်တာတွေ လျှောက်စဉ်းစားတတ်တယ်တဲ့..။ အဲ့လိုစဉ်းစားမိတိုင်း ကိုယ့်ကိုယ်ကို ရှက်ပြီး အဲ့အကျင့်ဖျောက်ဖို့ကြိုးစားပေမဲ့ ဖျောက်မရပါဘူးတဲ့နော်..

Libra (September 23 – October 22)

လူမဆန်ဆုံးလုပ်ရပ်တွေကို တအားစိတ်ဝင်စားပါသတဲ့..။ ကွင်းဆက်လူသတ်မှုလိုမျိုး အမှုအခင်းတွေကို အမြဲရှာဖွေဖတ်နေတတ်ပြီး ကြောက်စရာကောင်းတာတွေကိုပဲ စဉ်းစားနေတတ်ပါသတဲ့.. တကယ်တော့ အဲ့ဒါက သူတို့မှာ တရားမျှတလိုစိတ်တအားရှိလို့ပါတဲ့.. ဒါပေမဲ့ တခြားလူအမြင်မှာ စိတ္တဇလူသတ်သမားလို့ ထင်ရလောက်အောင် အမှုအခင်းတွေအကြောင်းကို စိတ်ဝင်စားသူတွေပါ..

Scorpio (October 23 – November 21)

အဆိပ်ပြင်းတဲ့ အတွေးပိုင်ရှင်တွေပါတဲ့.. အကောင်ပေါက်သေးသေးလေးတွေကို လက်ထဲမှာ ကိုင်ထားမိရင် ဖျစ်ညှစ်လိုက်ချင်စိတ်တွေ တဖွားဖွား၊ ကလေးလေးတစ်ယောက် မိဘတွေနဲ့အဝေးမှာ တစ်ယောက်တည်းဆော့နေတာမြင်ရင် “ဪ ပြန်ပေးဆွဲလို့လွယ်လိုက်ပုံများ” လို့တွေးမိတာမျိုး.. ဘာရယ်မဟုတ် ကောင်မလေးတစ်ယောက်ကို လမ်းမှာတွေ့ရင် “ငါ သူ့ကို လမ်းမပေါ်တွန်းလိုက်ရင်” ဆိုတဲ့ အတွေးမျိုး ဝင်တတ်ကြပါတယ်.. ဒါပေမဲ့ ဘယ်တော့မှတော့ အတွေးတွေကို အကောင်အထည်မဖော်တတ်ပါဘူး..

Sagittarius (November 22 – December 21)

ဒီရာသီခွင်ဖွားတွေကတော့ ခံစားမှုမရှိသူတွေပါတဲ့.. စိတ်ခံစားမှုတွေဖြစ်လာရင် သက်တောင့်သက်သာမရှိဘူးလို့ ခံစားရတာကြောင့် တအားကြီး သံယောဇဉ်မတွယ်အောင်နေတာမျိုး ဖြစ်တတ်ပါတယ်.. သွေးအေးတယ်ပဲဆိုမလား.. သူငယ်ချင်းတစ်ယောက်ရဲ့ အဖေဆုံးသွားတယ်ဆိုပါတော့.. အဲ့သူငယ်ချင်းကို ကိုယ်က အကြောင်းကြားပေးရမယ်ဆိုရင် သူတို့ဘယ်လိုခံစားရမလဲမတွက်ပဲ “နင့်အဖေ ဆုံးသွားပြီ” လို့ ခပ်ပြတ်ပြတ်ပြောပစ်လိုက်တာမျိုးပါ.. သူတို့ ပူဆွေးနေတာကိုလည်း နားမလည်ပေးနိုင်ပါဘူးတဲ့.. ရင်ထဲမှာ ဗလာသပ်သပ်ပါပဲ..။

Carpricorn (December 22 – January 19)

မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေရဲ့ သေဆုံးမှုတွေကို စိတ်ကူးတတ်ကြတယ်.. အဓိကကတော့ ရိုးရိုးစိတ်ကူးတာမဟုတ်ပဲ ကိုယ်က သူတို့ကို ဘယ်လိုသတ်ပြီး လွတ်အောင်ပြေးမလဲ ဆိုတာကို စိတ်ဝင်စားကြတာပါ.. ဒါပေမဲ့ တကယ် အန္တရာယ်မပြုပါဘူး.. ဒီတိုင်းလေးပဲ သူတို့က ဘယ်လောက်ဉာဏ်ကောင်းတာမို့ ဘယ်သူမှမသိပဲ ထွက်ပြေးနိုင်တယ်ဆိုတာက သူတို့ကိုပျော်စေတာပါ..

Aquarius (January 20 – February 18)

ဒီရာသီဖွားတွေကတော့ ရင်းနှီးရတဲ့တစ်ယောက်ယောက် သေဆုံးသွားရင် တခြားသူတွေကို ကိုယ် ဘာပြောမလဲဆိုတာ တွေးနေတတ်ပါတယ်.. အမြဲ အတွေးနွံနစ်နေတတ်ပါတယ်.. တကယ်တော့ သူတို့ အဲ့လိုတွေးတာက သေစေလိုတဲ့ဆန္ဒကြောင့် မဟုတ်ပဲနဲ့ တစ်နေ့နေ့အဲ့လိုဖြစ်ခဲ့ရင် ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်အောင်လို့ ကြိုတင်ပြီး ဖြည်းဖြည်းချင်း ပြင်ဆင်နေတဲ့သဘောပါ..

ကိုယ်ထိခိုက်နာကျင်မှာကို ကြောက်ပေမဲ့ ဟီးရိုးလုပ်ချင်ကြသူတွေပါတဲ့.. အကယ်၍များ ကိုယ့်ကျောင်း၊ အလုပ်နေရာကို ဓားပြဝင်တိုက်ခဲ့ရင်၊ လူသတ်သမားနဲ့ ထိပ်တိုက်တိုးရင်၊ အဲ့လိုမျိုး စဉ်းစားပြီး ကိုယ်က ဘယ်လို သူများတွေကို ကယ်တင်ပေးမဲ့အကြောင်း စိတ်ကူးယဉ်လေ့ရှိပါတယ်.. ဒါပေမဲ့ ပါးစပ်ကတော့ ဘယ်တော့မှ ထုတ်မပြောပါဘူးတဲ့လေ..။

ကဲ… ယောင်းတို့ရဲ့ အတွေးလေးတွေနဲ့ ယောင်းတို့ရာသီနဲ့ ကိုက်လားမကိုက်လား ပြောပြခဲ့ဦးနော်.. 😉
Credit:Su Myat ( For Her Myanmar )


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top