iMyanmarHouse.com - Best Property Website for Myanmar
×

ဆံေကသာဆိုတာ ကၽြန္မတို႔ မိန္းမသားေတြအတြက္ ဒုတိယမ်က္ႏွာပါပဲ။ ဆံေကသာက်န္းမာသန္စြမ္းမွ သင့္ကိုပိုၿပီး ဆြဲေဆာင္မႈရွိေစမွာျဖစ္သလို ယံုၾကည္မႈလည္းရွိေစမွာပါ။

ဆံသားထိခိုက္ပ်က္စီးေစတဲ့ သင္အၿမဲလုပ္မိတဲ့အမွား ၁၅ ခုကို မွ်ေ၀ေပးပါမယ္။

၁။ ေခါင္းေလွ်ာ္ရည္

သင္နဲ႔မတည့္တဲ့ ေခါင္းေလွ်ာ္ရည္ကိုသံုးတာဟာ သင့္ကိုဆံေကသာထိခိုက္ပ်က္စီးေစပါတယ္။ သင့္ဆံေကသာနဲ႔သင့္ေတာ္တဲ့ ေခါင္းေလွ်ာ္ရည္ကိုသံုးပါ။

၂။ ေခါင္းမၾကာခဏေလွ်ာ္ျခင္း (သို႕) ေခါင္းမေလွ်ာ္ျခင္း

ေခါင္းကို မၾကာခဏေလွ်ာ္ေပးတာဟာလည္း ဆံေကသာအတြက္မေကာင္းသလို ေခါင္းကို အၾကာႀကီးေနမွ တစ္ခါေလွ်ာ္ေပးတာကလည္း ဆံေကသာကို ထိခိုက္ပ်က္စီးေစပါတယ္။ ဆံေကကာကို ၂ ရက္ျခား (သို႔) ၁ ရက္ျခားတစ္ခါေလွ်ာ္ေပးပါ။

၃။ ေခါင္းေလွ်ာ္ရည္အမွန္မသံုးျခင္း

ေခါင္းမေလွ်ာ္ခင္ေခါင္းကိုအရင္ၿဖီးေပးပါ။ ၿပီးရင္ ေခါင္းေလွ်ာ္ရည္ကိုသံုးေပးပါ။ ေခါင္းေလွ်ာ္ရည္ကို အမ်ားႀကီးလည္းမသံုးသင့္သလို နည္းနည္းေလးလည္းမသံုးသင့္ပါဘူး။

ေခါင္းေလွ်ာ္ရည္ကို လက္ေပၚအရင္တင္ၿပီးမွ ပြတ္လိုက္ပါ။ ၿပီးရင္ ေခါင္းမွာလိမ္းေပးၿပီးေခါင္းေလွ်ာ္ပါ။

၄။ ဆံပင္ေပါင္းမတင္ေပးျခင္း

ဆံပင္ခဏခဏကၽြတ္တာဟာ ဆံေကသာကို ေပါင္းမတင္ေပးတာေၾကာင့္လည္းပါပါတယ္။ ဆံေကသာထိခိုက္ပ်က္စီးျခင္းကေနကာကြယ္ဖုိ႔ ဆံပင္ကို သဘာ၀နည္းအတိုင္းေပါင္းတင္ေပးပါ။

၅။ ေရပူပူ

ေခါင္းေလွ်ာ္တဲ့အခါ ေရအရမ္းပူတာနဲ႔မေလွ်ာ္ပါနဲ႔။ အဲလိုေလွ်ာ္ေပးတာဟာ သင့္ရဲ့ ဆံပင္ေတြကို ကၽြတ္ေစပါတယ္။ ၿပီးရင္ ဦးေရျပားမွာ အဆီျပန္ေစပါတယ္။

၆။ တဘက္နဲ႔ ေခါင္းေျခာက္ေအာင္သုတ္ျခင္း

တဘက္ကိုအသံုးျပဳၿပီး ေခါင္းေျခာက္ေအာင္သုတ္တာ တဘက္နဲ႔ ဆံပင္ကိုေပါင္းထားေပးတာဟာသင့္ရဲ့ ဆံေကသာကို ထိခိုက္ပ်က္စီးေစပါတယ္။ ၿပီးရင္ ဆံသားကိုေျခာက္ေသြ႕ေစပါတယ္။ အဲဒီအစား တီရွပ္အေဟာင္းတစ္ထည္နဲ႔ ဆံပင္ကိုသုတ္ေပး ေပါင္းေပးထားပါ။

၇။ ခဏခဏေခါင္းၿဖီးျခင္း

ေခါင္းကိုမၾကာခဏၿဖီးေပးတာဟာ ဆံေကသာကို ထိခိုက္ေစသလို ဆံပင္ပိုကၽြတ္ေစပါတယ္။ ေခါင္းေလွ်ာ္ၿပီး ေရစိုေနခ်ိန္မွာလည္း ေခါင္းမၿဖီးေပးပါနဲ႔။ လက္နဲ႔ပဲ ေသခ်ာၿဖီးေပးပါ။
၈။ မၾကာခဏ ဆံပင္ပံုသြင္းျခင္း

ဆံပင္ကိုအေျခာက္ခံလိုက္ ေကာက္လိုက္ ေျဖာင့္လိုက္ ပံုသြင္းလိုက္လုပ္ေနတာဟာ ဆံေကသာကို ထိခိုက္ပ်က္စီးေစသလို ဆံဖ်ားႏွစ္ခြျဖစ္ေစပါတယ္။

၉။ ဆံပင္အေျခာက္ခံစက္ အသံုးျပဳပံုမမွန္ျခင္း
ဆံေကသာထိခိုက္ပ်က္စီးေစတဲ့ သင္အၿမဲလုပ္မိတဲ့အမွား ၁၅ ခု
ဆံေကသာထိခိုက္ပ်က္စီးေစတဲ့ သင္အၿမဲလုပ္မိတဲ့အမွား ၁၅ ခု

ဆံပင္အေျခာက္ခံစက္ကို မွန္မွန္ကန္ကန္အသံုးမျပဳေပးတာဟာ ဆံေကသာကို ထိခိုက္ပ်က္စီးေစၿပီး ဆံပင္ကၽြတ္ေစပါတယ္။ အရင္ဆံုး ဆံေကသာကို အရင္ကေနစၿပီး ေလမႈန္ေပးသင့္ပါတယ္။ ၿပီးေတာ့ ဦးေရျပားနဲ႔ နီးနီးကပ္ကပ္မထားသင့္ပါဘူး။

၁၀။ က်န္းမာေရးနဲ႔မညီညႊတ္တဲ့အစားအစာေတြ

အစားအစာေတြဟာလည္း ဆံေကသာေကာင္းျခင္းမေကာင္းျခင္းနဲ႔ ဆက္စပ္ေနပါတယ္။ က်န္းမာေရးနဲ႔ညီညႊတ္ၿပီး အဟာရျပည့္၀တဲ့ အစားအစာကိုစားေပးတာဟာ ဆံေကသာကို ပိုမိုေကာင္းမြန္ေစမွာပါ။

၁၁။ ေဆးလိပ္ေသာက္ျခင္းနဲ႔ က်န္းမာေရးကိုဂရုမစိုက္ျခင္း

အေအးမိဖ်ားနာတာမ်ိဳးျဖစ္တာက ဆံပင္ကၽြတ္ေစပါတယ္။ ထို႕အတူပဲ ေဆးလိပ္ေသာက္ေပးတာ၊ စိတ္ဖိစီးမႈမ်ားတာေတြဟာလည္း ဆံပင္ကို ထိခိုက္ပ်က္စီးေစပါတယ္။

၁၂။ ဦးထုပ္မေစာင္းျခင္း

ေနပူထဲထြက္တဲ့အခါ ဦးထုပ္(သို႔) ထီးတစ္ခုခု မေစာင္းတာဟာလည္း ဆံေကသာကို ေနေရာင္ခ်ည္နဲ႔ထိေတြ႕ေစၿပီး ဆံပင္အဆီျပန္တာ ဆံသားေျခာက္ေသြ႕တာမ်ိဳးျဖစ္ေစပါတယ္။

၁၃။ ေခါင္းဘီးေတြကို သန္႔ရွင္းေရးမလုပ္ျခင္း

ေခါင္းဘီးေတြကို တစ္ပတ္တစ္ခါ သန္႔ရွင္းေရးလုပ္ေပးသင့္ပါတယ္။ ေခါင္းဘီးကို သန္႔ရွင္းေရးလုပ္ေပးဖို႔မေမ့ပါနဲ႔။

၁၄။ ဆံပင္အဖ်ားေတြကို မတိျခင္း

ဆံပင္အဖ်ားေတြကို ၂ လတစ္ခါ ၃ လတစ္ခါေလာက္ တိေပးသင့္ပါတယ္။ ဒါမွ ဆံသားႏွစ္ခြျဖစ္တာကို ကာကြယ္ႏိုင္မွာပါ။

၁၅။ ဆံပင္ခ်ၿပီးအိပ္ျခင္း

ဆံပင္ရွည္တဲ့သူ အေတာ္အသင့္ရွည္တဲ့သူေတြဟာ ဆံပင္ကိုစည္းၿပီး အိပ္ယာ၀င္ေပးသင့္ပါတယ္။ မဟုတ္ရင္ ဆံပင္ကၽြတ္ၿပီး ဆံပင္ပြတာ ဆံပင္ညွိတာ ရႈပ္တာမ်ိဳးျဖစ္ေစပါတယ္။
Credit:Mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ဆံကေသာဆိုတာ ကျွန်မတို့ မိန်းမသားတွေအတွက် ဒုတိယမျက်နှာပါပဲ။ ဆံကေသာကျန်းမာသန်စွမ်းမှ သင့်ကိုပိုပြီး ဆွဲဆောင်မှုရှိစေမှာဖြစ်သလို ယုံကြည်မှုလည်းရှိစေမှာပါ။

ဆံသားထိခိုက်ပျက်စီးစေတဲ့ သင်အမြဲလုပ်မိတဲ့အမှား ၁၅ ခုကို မျှဝေပေးပါမယ်။

၁။ ခေါင်းလျှော်ရည်

သင်နဲ့မတည့်တဲ့ ခေါင်းလျှော်ရည်ကိုသုံးတာဟာ သင့်ကိုဆံကေသာထိခိုက်ပျက်စီးစေပါတယ်။ သင့်ဆံကေသာနဲ့သင့်တော်တဲ့ ခေါင်းလျှော်ရည်ကိုသုံးပါ။

၂။ ခေါင်းမကြာခဏလျှော်ခြင်း (သို့) ခေါင်းမလျှော်ခြင်း

ခေါင်းကို မကြာခဏလျှော်ပေးတာဟာလည်း ဆံကေသာအတွက်မကောင်းသလို ခေါင်းကို အကြာကြီးနေမှ တစ်ခါလျှော်ပေးတာကလည်း ဆံကေသာကို ထိခိုက်ပျက်စီးစေပါတယ်။ ဆံကေကာကို ၂ ရက်ခြား (သို့) ၁ ရက်ခြားတစ်ခါလျှော်ပေးပါ။

၃။ ခေါင်းလျှော်ရည်အမှန်မသုံးခြင်း

ခေါင်းမလျှော်ခင်ခေါင်းကိုအရင်ဖြီးပေးပါ။ ပြီးရင် ခေါင်းလျှော်ရည်ကိုသုံးပေးပါ။ ခေါင်းလျှော်ရည်ကို အများကြီးလည်းမသုံးသင့်သလို နည်းနည်းလေးလည်းမသုံးသင့်ပါဘူး။

ခေါင်းလျှော်ရည်ကို လက်ပေါ်အရင်တင်ပြီးမှ ပွတ်လိုက်ပါ။ ပြီးရင် ခေါင်းမှာလိမ်းပေးပြီးခေါင်းလျှော်ပါ။

၄။ ဆံပင်ပေါင်းမတင်ပေးခြင်း

ဆံပင်ခဏခဏကျွတ်တာဟာ ဆံကေသာကို ပေါင်းမတင်ပေးတာကြောင့်လည်းပါပါတယ်။ ဆံကေသာထိခိုက်ပျက်စီးခြင်းကနေကာကွယ်ဖို့ ဆံပင်ကို သဘာဝနည်းအတိုင်းပေါင်းတင်ပေးပါ။

၅။ ရေပူပူ

ခေါင်းလျှော်တဲ့အခါ ရေအရမ်းပူတာနဲ့မလျှော်ပါနဲ့။ အဲလိုလျှော်ပေးတာဟာ သင့်ရဲ့ ဆံပင်တွေကို ကျွတ်စေပါတယ်။ ပြီးရင် ဦးရေပြားမှာ အဆီပြန်စေပါတယ်။

၆။ တဘက်နဲ့ ခေါင်းခြောက်အောင်သုတ်ခြင်း

တဘက်ကိုအသုံးပြုပြီး ခေါင်းခြောက်အောင်သုတ်တာ တဘက်နဲ့ ဆံပင်ကိုပေါင်းထားပေးတာဟာသင့်ရဲ့ ဆံကေသာကို ထိခိုက်ပျက်စီးစေပါတယ်။ ပြီးရင် ဆံသားကိုခြောက်သွေ့စေပါတယ်။ အဲဒီအစား တီရှပ်အဟောင်းတစ်ထည်နဲ့ ဆံပင်ကိုသုတ်ပေး ပေါင်းပေးထားပါ။

၇။ ခဏခဏခေါင်းဖြီးခြင်း

ခေါင်းကိုမကြာခဏဖြီးပေးတာဟာ ဆံကေသာကို ထိခိုက်စေသလို ဆံပင်ပိုကျွတ်စေပါတယ်။ ခေါင်းလျှော်ပြီး ရေစိုနေချိန်မှာလည်း ခေါင်းမဖြီးပေးပါနဲ့။ လက်နဲ့ပဲ သေချာဖြီးပေးပါ။

၅။ မကြာခဏ ဆံပင်ပုံသွင်းခြင်း

ဆံပင်ကိုအခြောက်ခံလိုက် ကောက်လိုက် ဖြောင့်လိုက် ပုံသွင်းလိုက်လုပ်နေတာဟာ ဆံကေသာကို ထိခိုက်ပျက်စီးစေသလို ဆံဖျားနှစ်ခွဖြစ်စေပါတယ်။

၉။ ဆံပင်အခြောက်ခံစက် အသုံးပြုပုံမမှန်ခြင်း

ဆံကေသာထိခိုက်ပျက်စီးစေတဲ့ သင်အမြဲလုပ်မိတဲ့အမှား ၁၅ ခု

ဆံပင်အခြောက်ခံစက်ကို မှန်မှန်ကန်ကန်အသုံးမပြုပေးတာဟာ ဆံကေသာကို ထိခိုက်ပျက်စီးစေပြီး ဆံပင်ကျွတ်စေပါတယ်။ အရင်ဆုံး ဆံကေသာကို အရင်ကနေစပြီး လေမှုန်ပေးသင့်ပါတယ်။ ပြီးတော့ ဦးရေပြားနဲ့ နီးနီးကပ်ကပ်မထားသင့်ပါဘူး။

၁၀။ ကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာတွေ

အစားအစာတွေဟာလည်း ဆံကေသာကောင်းခြင်းမကောင်းခြင်းနဲ့ ဆက်စပ်နေပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်ပြီး အဟာရပြည့်ဝတဲ့ အစားအစာကိုစားပေးတာဟာ ဆံကေသာကို ပိုမိုကောင်းမွန်စေမှာပါ။

၁၁။ ဆေးလိပ်သောက်ခြင်းနဲ့ ကျန်းမာရေးကိုဂရုမစိုက်ခြင်း

အအေးမိဖျားနာတာမျိုးဖြစ်တာက ဆံပင်ကျွတ်စေပါတယ်။ ထို့အတူပဲ ဆေးလိပ်သောက်ပေးတာ၊ စိတ်ဖိစီးမှုများတာတွေဟာလည်း ဆံပင်ကို ထိခိုက်ပျက်စီးစေပါတယ်။

၁၂။ ဦးထုပ်မစောင်းခြင်း

နေပူထဲထွက်တဲ့အခါ ဦးထုပ်(သို့) ထီးတစ်ခုခု မစောင်းတာဟာလည်း ဆံကေသာကို နေရောင်ချည်နဲ့ထိတွေ့စေပြီး ဆံပင်အဆီပြန်တာ ဆံသားခြောက်သွေ့တာမျိုးဖြစ်စေပါတယ်။

၁၃။ ခေါင်းဘီးတွေကို သန့်ရှင်းရေးမလုပ်ခြင်း

ခေါင်းဘီးတွေကို တစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ခေါင်းဘီးကို သန့်ရှင်းရေးလုပ်ပေးဖို့မမေ့ပါနဲ့။

၁၄။ ဆံပင်အဖျားတွေကို မတိခြင်း

ဆံပင်အဖျားတွေကို ၂ လတစ်ခါ ၃ လတစ်ခါလောက် တိပေးသင့်ပါတယ်။ ဒါမှ ဆံသားနှစ်ခွဖြစ်တာကို ကာကွယ်နိုင်မှာပါ။

၁၅။ ဆံပင်ချပြီးအိပ်ခြင်း

ဆံပင်ရှည်တဲ့သူ အတော်အသင့်ရှည်တဲ့သူတွေဟာ ဆံပင်ကိုစည်းပြီး အိပ်ယာဝင်ပေးသင့်ပါတယ်။ မဟုတ်ရင် ဆံပင်ကျွတ်ပြီး ဆံပင်ပွတာ ဆံပင်ညှိတာ ရှုပ်တာမျိုးဖြစ်စေပါတယ်။

Credit:Mystylemyanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top