iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၇ ခုႏွစ္ ဧၿပီလကမွ ေတာင္ကိုးရီးယားႏိုင္ငံမွာ ျပသလို႔ၿပီးသြားခဲ့တဲ့ Strong Woman Do Bong-soon ဇာတ္ကားထဲက မင္းသမီးေလး Park Bo Young ကို မွတ္မိၾကမယ္ထင္ပါတယ္ေနာ္။

မင္းသမီးေလး Park Bo Young အေၾကာင္း နည္းနည္းေလး ေျပာျပေပးသြားပါမယ္
Image result for Park Bo Young
အမည္ – Park Bo Young

ေမြးသကၠရာဇ္ – ၁၂ ၊ ေဖေဖာ္ဝါရီ၊ ၁၉၉၀

အရပ္အျမင့္ – ၁၅၈ စင္တီမီတာ (၅ေပ ၂)

ေသြးအမ်ိဳးမစား – O

ေမြးရပ္ေျမ – Jeungpyeong ေကာင္တီ၊ ေတာင္ကိုးရီးယား

မိသားစုအေၾကာင္း

ဖိခင္ျဖစ္သူ Park Wan-soo နဲ႔ မိခင္ျဖစ္သူ Choi Jeong-ok တို႔မွ ေမြးဖြားခဲ့ၿပီး ေမြးခ်င္ ၃ ေယာက္ထဲမွာ ဒုတိယသမီးျဖစ္ပါတယ္။ သူမဖခင္ကေတာ့ စစ္တပ္အထူးတပ္ဖြဲ႔မွာ ႏွစ္ေပါင္း ၃၀ ေက်ာ္တာ၀န္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။

Dankook တကၠသိုလ္မွာ ျပဇာတ္နဲ႔ ရုပ္ရွင္ပညာကို သင္ယူခဲ့ပါတယ္။

အႏုပညာလုပ္ရွားမႈ

သူမရဲ႕ အႏုပညာလုပ္ရွားမႈက ၂၀၀၆ ခုႏွစ္က Secret Campus ဆိုတဲ့ ဇာတ္ကားေလးနဲ႔ စတင္ခဲ့တာပါေနာ္။ အခုဆိုရင္ ရုပ္ရွင္ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ သရုပ္ေဆာင္ထားၿပီးပါၿပီ။ဆုေတြလည္း အမ်ားႀကီးရထားေသးတယ္ေနာ္။

အခ်စ္ေရး
Related image
အခ်စ္ေရးနဲ႔ ပတ္သက္လို႔ အရင္ကဘာသတင္းမွာ သိပ္မထြက္ေပၚခဲ့ေပမယ့္ အခု ၂၀၁၇ ခုႏွစ္မွာေတာ့ သူမနဲ႔အတူ  Strong Woman Do Bong-soon ဇာတ္ကားမွာ သရုပ္ေဆာင္ထားတဲ့ မင္းသား Park Hyung-sik နဲ႔တြဲေနတယ္ဆိုတဲ့ သတင္းေတြေတာ့ ထြက္ေပၚေနပါတယ္။

လတ္သေလာသတင္း

သူမဟာ စက္တင္ဘာလ ၇ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ Seoul Drama Awards ဆုေပးပြဲမွာ အေကာင္းဆံုး Hallyu ဒရမ္မာ အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ပူပူေႏြးေႏြးေလး စြတ္ခူးရရွိထားပါတယ္။ ဇာတ္ကားရိုက္ကူးရင္းနဲ႔ ခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရတဲ့ Park Bo Young ဟာ အဲဒီဆုေပးပြဲကို ေျခက်င္း၀တ္ကို ပတ္တီးစည္းၿပီး ေဒါင့္ျမင့္ဖိနပ္န႔ဲ ပြဲတက္လာခဲ့တာပါ။
Credit:Mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
၂၀၁၇ ခုနှစ် ဧပြီလကမှ တောင်ကိုးရီးယားနိုင်ငံမှာ ပြသလို့ပြီးသွားခဲ့တဲ့ Strong Woman Do Bong-soon ဇာတ်ကားထဲက မင်းသမီးလေး Park Bo Young ကို မှတ်မိကြမယ်ထင်ပါတယ်နော်။

မင်းသမီးလေး Park Bo Young အကြောင်း နည်းနည်းလေး ပြောပြပေးသွားပါမယ်

အမည် – Park Bo Young

မွေးသက္ကရာဇ် – ၁၂ ၊ ဖေဖော်ဝါရီ၊ ၁၉၉၀

အရပ်အမြင့် – ၁၅၈ စင်တီမီတာ (၅ပေ ၂)

သွေးအမျိုးမစား – O

မွေးရပ်မြေ – Jeungpyeong ကောင်တီ၊ တောင်ကိုးရီးယား

မိသားစုအကြောင်း

ဖိခင်ဖြစ်သူ Park Wan-soo နဲ့ မိခင်ဖြစ်သူ Choi Jeong-ok တို့မှ မွေးဖွားခဲ့ပြီး မွေးချင် ၃ ယောက်ထဲမှာ ဒုတိယသမီးဖြစ်ပါတယ်။ သူမဖခင်ကတော့ စစ်တပ်အထူးတပ်ဖွဲ့မှာ နှစ်ပေါင်း ၃၀ ကျော်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

Dankook တက္ကသိုလ်မှာ ပြဇာတ်နဲ့ ရုပ်ရှင်ပညာကို သင်ယူခဲ့ပါတယ်။

အနုပညာလုပ်ရှားမှု

သူမရဲ့ အနုပညာလုပ်ရှားမှုက ၂၀၀၆ ခုနှစ်က Secret Campus ဆိုတဲ့ ဇာတ်ကားလေးနဲ့ စတင်ခဲ့တာပါနော်။ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ သရုပ်ဆောင်ထားပြီးပါပြီ။ဆုတွေလည်း အများကြီးရထားသေးတယ်နော်။

အချစ်ရေး

အချစ်ရေးနဲ့ ပတ်သက်လို့ အရင်ကဘာသတင်းမှာ သိပ်မထွက်ပေါ်ခဲ့ပေမယ့် အခု ၂၀၁၇ ခုနှစ်မှာတော့ သူမနဲ့အတူ  Strong Woman Do Bong-soon ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ မင်းသား Park Hyung-sik နဲ့တွဲနေတယ်ဆိုတဲ့ သတင်းတွေတော့ ထွက်ပေါ်နေပါတယ်။

လတ်သလောသတင်း

သူမဟာ စက်တင်ဘာလ ၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Seoul Drama Awards ဆုပေးပွဲမှာ အကောင်းဆုံး Hallyu ဒရမ်မာ အမျိုးသမီးဇာတ်ဆောင်ဆုကို ပူပူနွေးနွေးလေး စွတ်ခူးရရှိထားပါတယ်။ ဇာတ်ကားရိုက်ကူးရင်းနဲ့ ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရတဲ့ Park Bo Young ဟာ အဲဒီဆုပေးပွဲကို ခြေကျင်းဝတ်ကို ပတ်တီးစည်းပြီး ဒေါင့်မြင့်ဖိနပ်နဲ့ ပွဲတက်လာခဲ့တာပါ။

Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top