iMyanmarHouse.com - Best Property Website for Myanmar
×

သင့္မ်က္ႏွာမွာ အေရးအေၾကာင္းေတြ ေပၚေပါက္လာျခင္းဟာ သင့္အေရျပားတခုခု မွားယြင္းေနျပီဆိုတာကို ျပသတဲ့ လကၡဏာတခုျဖစ္သလို အိုမင္းရင့္ေရာ္ျခင္းရဲ့ ျပယုဂ္တခုဆိုရင္လည္း မမွားပါဘူး။

စိတ္ဖိစီးမႈေတြ၊ ပတ္ဝန္းက်င္ ညစ္ညမ္းမႈေတြအျပင္ အျခားေသာ အခ်က္ေတြေၾကာင့္လည္း အေရးအေၾကာင္းေတြ ေပၚလာႏိုင္ပါတယ္။

ဒီလိုမ်ိဳး အေရးအေၾကာင္းေတြေပၚေပါက္လာရင္ေတာ့ လူေတြအေနနဲ႕ အဆိုပါ အေရးအေၾကာင္းေတြကို ဖယ္ရွားဖို႕ အျမန္ဆုံး ၾကိဳးစားပါလိမ့္မယ္။

ေအာက္မွာ ေဖာ္ျပေပးထားတဲ့ မ်က္ႏွာႂကြက္သားေလ့က်င့္ခန္းေလးေတြဟာ အေရျပားကိုျပန္လည္ျပီး တင္းတင္းရင္းရင္းျဖစ္ေစကာ အေရျပားတြဲက်မႈကို ကာကြယ္ေပးပါတယ္။
နဖူးႂကြက္သားေလ့က်င့္ခန္း

ပက္လက္လွန္လိုက္ပါ။ျပီးရင္ မ်က္လုံးကိုဖြင့္ထားျပီး သင့္လက္ေတြကို နဖူးေပၚတင္ပါ (လက္ေခ်ာင္းေလးေတြရဲ့ ထိပ္တခုနဲ႕တခု ထိေနပါေစ)။ဒီ့ေနာက္ မ်က္ခုံး နဲ႕ မ်က္ခြံကို အေပၚပင့္တင္ျပီး ငါးစကၠန့္ေလာက္ အဆိုပါ ပံုစံအတိုင္းထားပါ။

ဒီေလ့က်င့္ခန္းဟာ နဖူးႂကြက္သားေတြနဲ႕ မ်က္ခုံးေတြအတြက္ အက်ိဳးရွိျပီး အဆိုပါေနရာေတြမွာရွိတဲ့ အေရးအေၾကာင္းေတြကို ေလ်ာ့နည္းေစပါတယ္။

နဖူးေပါ္လက္တင္ထားျခင္းအားျဖင့္ မ်က္ခုံးပင့္တဲ့အခါ အေရးအေၾကာင္းေတြ ေပၚေပါက္လာမႈကို ကန္႕သတ္တားဆီးေပးမွာ ျဖစ္ပါတယ္။ဒီေလ့က်င့္ခန္းကို မွန္ေရွ႕မွာ ထိုင္ေနရင္းနဲ႕လည္း ျပဳလုပ္ႏိုင္ပါတယ္။မ်က္ေမွာင္က်ံု႕တဲ့ပံုစံမ်ိဳး (သင့္မ်က္ခုံးရဲ့ေဘးဖက္ကို က်ံု႕လိုက္ ဆန္႕လိုက္) ျပဳလုပ္ပါ။

တခ်ိန္တည္းမွာပဲ ႏွာေခါင္းကို (ငါးစကၠန့္ေလာက္)႐ံႈ႕ထားလိုက္ ျပန္ေျဖေလွ်ာ့လိုက္ ထပ္ခါတလဲလဲ ျပဳလုပ္ပါ။
မ်က္လုံးႂကြက္သားေလ့က်င့္ခန္း

မ်က္ခမ္းနဲ႕ မ်က္လုံးတဝိုက္မွာ အေရးအေၾကာင္းေတြ အျဖစ္မ်ားပါတယ္။တခ်ိဳ႕အမ်ိဳးသမီးေတြဟာ အသက္၂၀ေက်ာ္ေလာက္ကတည္းက ဒီျပႆနာနဲ႕ ရင္ဆိုင္ေနၾကရပါတယ္။

အခုေဖာ္ျပမယ့္ မ်က္လုံးေလ့က်င့္ခန္းဟာ သင့္မ်က္လုံးတဝိုက္က အေရးေၾကာင္းေတြကို သက္သာေလ်ာ့ပါးသြားေစမွာပါ။သင့္နားထင္ႏွစ္ဖက္ကို လက္ေခ်ာင္းႏွစ္ေခ်ာင္းစီနဲ႕ ဖိျပီး အေနာက္ကို ဆြဲပါ။တခ်ိန္တည္းမွာပဲ မ်က္လုံးကို ဖြင့္ပါ။

ဒီေလ့က်င့္ခန္းလုပ္ေပးျခင္းအားျဖင့္ မ်က္လုံးတဝိုက္က ႂကြက္သားေတြကို က်န္းမာ၊ေျပေလ်ာ့ေစျပီး အေရးေၾကာင္းေတြကိုလည္း ေလ်ာ့နည္း ေစပါတယ္။
ပါးေလ့က်င့္ခန္း

သင့္ပါးေလး တင္းတင္းရင္းရင္းျဖစ္ျပီး အေရးအေၾကာင္းေတြ မရွိေစဖို႕ ေအာက္ေဖာ္ျပပါ ပါးေလ့က်င့္ခန္းကို ျပဳလုပ္ၾကည့္ပါ။ပါးၾကီးေဖာင္းသြားေအာင္ ေလေတြ႐ႈသြင္းလိုက္ျပီး ငါးစကၠန့္ေလာက္ထားပါ၊ျပီးရင္ ျဖည္းျဖည္းခ်င္း မႈတ္ထုတ္လိုက္ပါ။

ဒီေလ့က်င့္ခန္းဟာ အေရးေၾကာင္းေတြ နည္းသြားေအာင္လုပ္ဖို႕ အထိေရာက္ဆုံးနဲ႕ အလြယ္ဆုံး ေလ့က်င့္ခန္းေတြထဲက တခုျဖစ္ပါတယ္။
ႏွုတ္ခမ္းေလ့က်င့္ခန္း

သင့္ႏွုတ္ခမ္းကို တတ္ႏိုင္သမွ် ရွည္ထြက္ေအာင္ ဆန္႕ထုတ္ျပီး “အီး” “အိုး” “ဧ” စတဲ့ စာလုံးေတြကို ရြတ္ဆိုပါ။ျပီးရင္ ခဏနားျပီး ေနာက္တၾကိမ္ျပန္စပါ။ဒါမ်ိဳးကို ၾကိမ္ဖန္မ်ားစြာ ျပဳလုပ္ေပးပါ။

ဒီလိုလုပ္ေပးမယ္ဆိုရင္ သင့္ပါးစပ္နဲ႕ ႏွုတ္ခမ္းေလးဟာ ပိုမိုႏူးညံ့ေပ်ာ့ေပ်ာင္းလာမွာျဖစ္ျပီး ရွိျပီးသား အေရးေၾကာင္းေတြကိုလည္း ေလ်ာ့နည္းသြားေစမယ့္အျပင္ အေရးေၾကာင္းေတြ ထပ္မံျဖစ္ေပၚမႈကိုလည္း ကာကြယ္ေပးမွာပါ။
ေမးေစ့နဲ႕ လည္ပင္းေလ့က်င့္ခန္း

အခုေဖာ္ျပမယ့္ ေလ့က်င့္ခန္းေတြကေတာ့ ေမးေစ့နဲ႕ လည္ပင္းမွာ ရွိတဲ့ ႂကြက္သားေတြကို အဓိကဦးတည္ပါတယ္။မတ္မတ္ထိုင္ပါ (ေက်ာနဲ႕ လည္ပင္းကိုလည္း မတ္ေနပါေစ)။ေအာက္ႏွုတ္ခမ္းကို ပါးစပ္ထဲ လိပ္သြင္းထားတဲ့အခ်ိန္မွာ လက္ေခ်ာင္းသံုးေခ်ာင္းကို အသုံးျပဳျပီး ေမးေစ့ကို ေအာက္ဆြဲခ်ပါ။ဒီအေနအထားအတိုင္း ငါးစကၠန့္ေလာက္ ထိန္းထားျပီးရင္ ျပန္ေျဖေလွ်ာ့လိုက္ပါ။

ေနာက္ထပ္ေလ့က်င့္ခန္းတမ်ိဳးက ခုနက ပံုစံအတိုင္းပဲ ထိုင္ျပီး ေခါင္းကိုက်ေတာ့ အေနာက္လွန္လိုက္ပါ (မတ္မတ္ထိုင္ေနရင္း မ်က္ႏွာက်က္ကို ေမာ့ၾကည့္လိုက္ပါ)။ျပီးရင္ သင့္ေအာက္ႏွုတ္ခမ္းကို ပါးစပ္အတြင္းထဲ ေရာက္ႏိုင္သမွ်ေရာက္ေအာင္ လိပ္သြင္းပါ။ဒီအေနအထားအတိုင္း ငါးစကၠန့္ေလာက္ ထိန္းထားျပီးရင္ ျပန္ေျဖေလွ်ာ့လိုက္ပါ။

ဒီေလ့က်င့္ခန္းဟာ သင့္ေမးေစ့နဲ႕ လည္ပင္းမွာ ရွိတဲ့ ႂကြက္သားေတြကို ေျပေလ်ာ့ေစျပီး က်ံု႕ဆန္႕မႈ ေကာင္းမြန္ေစပါတယ္ (တင္းတင္းရင္းရင္း ရွိေစပါတယ္)။အထက္ပါေလ့က်င့္ခန္းေတြကို ဆယ္ၾကိမ္ေလာက္ ထပ္ခါတလဲလဲ ျပဳလုပ္ေပးပါ။

အထက္မွာေဖာ္ျပခဲ့တဲ့ ေလ့က်င့္ခန္းေတြဟာ အိမ္မွာ အလြယ္တကူျပဳလုပ္ႏိုင္တဲ့ ေလ့က်င့္ခန္းေတြ ျဖစ္ၾကပါတယ္။ဒါေၾကာင့္ ေလ့က်င့္ခန္းေလးေတြျပဳလုပ္ျပီး အေရးအေၾကာင္းေတြကို အခုပဲ ေမာင္းထုတ္လိုက္ၾကရေအာင္။



Credit :  mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင့်မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်ပေါက်လာခြင်းဟာ သင့်အရေပြားတခုခု မှားယွင်းနေပြီဆိုတာကို ပြသတဲ့ လက္ခဏာတခုဖြစ်သလို အိုမင်းရင့်ရော်ခြင်းရဲ့ ပြယုဂ်တခုဆိုရင်လည်း မမှားပါဘူး။

စိတ်ဖိစီးမှုတွေ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေအပြင် အခြားသော အချက်တွေကြောင့်လည်း အရေးအကြောင်းတွေ ပေါ်လာနိုင်ပါတယ်။

ဒီလိုမျိုး အရေးအကြောင်းတွေပေါ်ပေါက်လာရင်တော့ လူတွေအနေနဲ့ အဆိုပါ အရေးအကြောင်းတွေကို ဖယ်ရှားဖို့ အမြန်ဆုံး ကြိုးစားပါလိမ့်မယ်။

အောက်မှာ ဖော်ပြပေးထားတဲ့ မျက်နှာကြွက်သားလေ့ကျင့်ခန်းလေးတွေဟာ အရေပြားကိုပြန်လည်ပြီး တင်းတင်းရင်းရင်းဖြစ်စေကာ အရေပြားတွဲကျမှုကို ကာကွယ်ပေးပါတယ်။
နဖူးကြွက်သားလေ့ကျင့်ခန်း

ပက်လက်လှန်လိုက်ပါ။ပြီးရင် မျက်လုံးကိုဖွင့်ထားပြီး သင့်လက်တွေကို နဖူးပေါ်တင်ပါ (လက်ချောင်းလေးတွေရဲ့ ထိပ်တခုနဲ့တခု ထိနေပါစေ)။ဒီ့နောက် မျက်ခုံး နဲ့ မျက်ခွံကို အပေါ်ပင့်တင်ပြီး ငါးစက္ကန့်လောက် အဆိုပါ ပုံစံအတိုင်းထားပါ။

ဒီလေ့ကျင့်ခန်းဟာ နဖူးကြွက်သားတွေနဲ့ မျက်ခုံးတွေအတွက် အကျိုးရှိပြီး အဆိုပါနေရာတွေမှာရှိတဲ့ အရေးအကြောင်းတွေကို လျော့နည်းစေပါတယ်။

နဖူးပေါ်လက်တင်ထားခြင်းအားဖြင့် မျက်ခုံးပင့်တဲ့အခါ အရေးအကြောင်းတွေ ပေါ်ပေါက်လာမှုကို ကန့်သတ်တားဆီးပေးမှာ ဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းကို မှန်ရှေ့မှာ ထိုင်နေရင်းနဲ့လည်း ပြုလုပ်နိုင်ပါတယ်။မျက်မှောင်ကျုံ့တဲ့ပုံစံမျိုး (သင့်မျက်ခုံးရဲ့ဘေးဖက်ကို ကျုံ့လိုက် ဆန့်လိုက်) ပြုလုပ်ပါ။

တချိန်တည်းမှာပဲ နှာခေါင်းကို (ငါးစက္ကန့်လောက်)ရှုံ့ထားလိုက် ပြန်ဖြေလျှော့လိုက် ထပ်ခါတလဲလဲ ပြုလုပ်ပါ။
မျက်လုံးကြွက်သားလေ့ကျင့်ခန်း

မျက်ခမ်းနဲ့ မျက်လုံးတဝိုက်မှာ အရေးအကြောင်းတွေ အဖြစ်များပါတယ်။တချို့အမျိုးသမီးတွေဟာ အသက်၂၀ကျော်လောက်ကတည်းက ဒီပြဿနာနဲ့ ရင်ဆိုင်နေကြရပါတယ်။

အခုဖော်ပြမယ့် မျက်လုံးလေ့ကျင့်ခန်းဟာ သင့်မျက်လုံးတဝိုက်က အရေးကြောင်းတွေကို သက်သာလျော့ပါးသွားစေမှာပါ။သင့်နားထင်နှစ်ဖက်ကို လက်ချောင်းနှစ်ချောင်းစီနဲ့ ဖိပြီး အနောက်ကို ဆွဲပါ။တချိန်တည်းမှာပဲ မျက်လုံးကို ဖွင့်ပါ။

ဒီလေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့် မျက်လုံးတဝိုက်က ကြွက်သားတွေကို ကျန်းမာ၊ပြေလျော့စေပြီး အရေးကြောင်းတွေကိုလည်း လျော့နည်း စေပါတယ်။
ပါးလေ့ကျင့်ခန်း

သင့်ပါးလေး တင်းတင်းရင်းရင်းဖြစ်ပြီး အရေးအကြောင်းတွေ မရှိစေဖို့ အောက်ဖော်ပြပါ ပါးလေ့ကျင့်ခန်းကို ပြုလုပ်ကြည့်ပါ။ပါးကြီးဖောင်းသွားအောင် လေတွေရှုသွင်းလိုက်ပြီး ငါးစက္ကန့်လောက်ထားပါ၊ပြီးရင် ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပါ။

ဒီလေ့ကျင့်ခန်းဟာ အရေးကြောင်းတွေ နည်းသွားအောင်လုပ်ဖို့ အထိရောက်ဆုံးနဲ့ အလွယ်ဆုံး လေ့ကျင့်ခန်းတွေထဲက တခုဖြစ်ပါတယ်။
နှုတ်ခမ်းလေ့ကျင့်ခန်း

သင့်နှုတ်ခမ်းကို တတ်နိုင်သမျှ ရှည်ထွက်အောင် ဆန့်ထုတ်ပြီး “အီး” “အိုး” “ဧ” စတဲ့ စာလုံးတွေကို ရွတ်ဆိုပါ။ပြီးရင် ခဏနားပြီး နောက်တကြိမ်ပြန်စပါ။ဒါမျိုးကို ကြိမ်ဖန်များစွာ ပြုလုပ်ပေးပါ။

ဒီလိုလုပ်ပေးမယ်ဆိုရင် သင့်ပါးစပ်နဲ့ နှုတ်ခမ်းလေးဟာ ပိုမိုနူးညံ့ပျော့ပျောင်းလာမှာဖြစ်ပြီး ရှိပြီးသား အရေးကြောင်းတွေကိုလည်း လျော့နည်းသွားစေမယ့်အပြင် အရေးကြောင်းတွေ ထပ်မံဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပေးမှာပါ။
မေးစေ့နဲ့ လည်ပင်းလေ့ကျင့်ခန်း

အခုဖော်ပြမယ့် လေ့ကျင့်ခန်းတွေကတော့ မေးစေ့နဲ့ လည်ပင်းမှာ ရှိတဲ့ ကြွက်သားတွေကို အဓိကဦးတည်ပါတယ်။မတ်မတ်ထိုင်ပါ (ကျောနဲ့ လည်ပင်းကိုလည်း မတ်နေပါစေ)။အောက်နှုတ်ခမ်းကို ပါးစပ်ထဲ လိပ်သွင်းထားတဲ့အချိန်မှာ လက်ချောင်းသုံးချောင်းကို အသုံးပြုပြီး မေးစေ့ကို အောက်ဆွဲချပါ။ဒီအနေအထားအတိုင်း ငါးစက္ကန့်လောက် ထိန်းထားပြီးရင် ပြန်ဖြေလျှော့လိုက်ပါ။

နောက်ထပ်လေ့ကျင့်ခန်းတမျိုးက ခုနက ပုံစံအတိုင်းပဲ ထိုင်ပြီး ခေါင်းကိုကျတော့ အနောက်လှန်လိုက်ပါ (မတ်မတ်ထိုင်နေရင်း မျက်နှာကျက်ကို မော့ကြည့်လိုက်ပါ)။ပြီးရင် သင့်အောက်နှုတ်ခမ်းကို ပါးစပ်အတွင်းထဲ ရောက်နိုင်သမျှရောက်အောင် လိပ်သွင်းပါ။ဒီအနေအထားအတိုင်း ငါးစက္ကန့်လောက် ထိန်းထားပြီးရင် ပြန်ဖြေလျှော့လိုက်ပါ။

ဒီလေ့ကျင့်ခန်းဟာ သင့်မေးစေ့နဲ့ လည်ပင်းမှာ ရှိတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး ကျုံ့ဆန့်မှု ကောင်းမွန်စေပါတယ် (တင်းတင်းရင်းရင်း ရှိစေပါတယ်)။အထက်ပါလေ့ကျင့်ခန်းတွေကို ဆယ်ကြိမ်လောက် ထပ်ခါတလဲလဲ ပြုလုပ်ပေးပါ။

အထက်မှာဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းတွေဟာ အိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ကြပါတယ်။ဒါကြောင့် လေ့ကျင့်ခန်းလေးတွေပြုလုပ်ပြီး အရေးအကြောင်းတွေကို အခုပဲ မောင်းထုတ်လိုက်ကြရအောင်။


Credit :  mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top