iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာသုံးကပ္ခြါေတြဟာ လူၾကိဳက္အမ်ားဆုံး အလွကုန္ပစၥည္းေတြထဲမွာ တခုအပါအဝင္ ျဖစ္ျပီး သင့္မ်က္ႏွာအေရျပားကို ေခ်ာေမြ႕ေစတဲ့အျပင္ အေရျပားဆဲလ္ေသေတြကို ဖယ္ရွားေပးတာေၾကာင့္ ပိုမိုၾကည့္ေကာင္းလာေစပါတယ္။

မ်က္ႏွာသုံးကပ္ခြါေတြ ဘယ္လိုအလုပ္လုပ္သလဲဆိုတာကို သိႏိုင္ဖို႕အတြက္ သူ႕ရဲ့ ပါဝင္ပစၥည္းေတြကို ဒီေဆာင္းပါးေလးမွာ ေဖာ္ျပေပးထားပါတယ္။

ဒီအလွကုန္ပစၥည္းမွာ ဘယ္အက္ဆစ္ေတြကို အသုံးျပဳထားသလဲ။

မ်က္ႏွာကပ္ခြါေတြအားလုံးဟာ အက္ဆစ္တမ်ိဳးမဟုတ္ တမ်ိဳးကို အသုံးျပဳထားတာခ်ည္း ျဖစ္ပါတယ္။အဆိုပါ အက္ဆစ္ေတြဟာ Alpha-Hydroxy Acids (AHA) သို႕မဟုတ္ Beta-Hydroxy Acids (BHA) အက္ဆစ္အမ်ိဳးအစား ႏွစ္မ်ိဳးထဲမွာ ပါဝင္ေလ့ရွိပါတယ္။

ေအာက္ေဖာ္ျပပါ ဓာတ္ပစၥည္းေတြကို တမ်ိဳးတည္းျဖစ္ေစ၊ေပါင္းစပ္ျပီးျဖစ္ေစ မ်က္ႏွာကပ္ခြါျပဳလုပ္သုံးစြဲႏိုင္ပါတယ္။

Glycolic Acid(AHA)

ဒီအက္ဆစ္ေတြဟာ အဆီမွာေပ်ာ္ဝင္တဲ့အတြက္ အဆီျပန္တဲ့အသားအေရပိုင္ရွင္ေတြနဲ႕ အထူးသင့္ေတာ္ျပီး ေမြးညင္းေပါက္ေတြကို အတြင္းပိုင္းထိ ရွင္းလင္းသန့္စင္ေပးကာ ဆားဝက္ျခံနဲ႕ အမည္းစက္ေတြကို သက္သာေပ်ာက္ကင္းေစပါတယ္။

Alpha-Hydroxy Acid (AHAs) ကပ္ခြါရည္မလိမ္းခင္မွာ Beta-Hydroxy Acids (BHAs) ကိုဦးစြာ သုံးစြဲေပးျခင္းအားျဖင့္ သင့္အေရျပားေပၚက မလိုလားအပ္တဲ့ အဆီေတြကို အကုန္အစင္ဖယ္ရွားေပးသြားမွာ ျဖစ္ပါတယ္။

အဆီနဲ႕ အမည္းစက္ေတြ၊ဆားဝက္ျခံေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႕အတြက္ မ်က္ႏွာကပ္ခြါရည္ သုံးစြဲျခင္းကို သင့္အေနနဲ႕ တပတ္ကို သံုးေလးၾကိမ္ေလာက္ ျပဳလုပ္ေပးႏိုင္ပါတယ္။

 Salicylic Acid

Salicylic acid ဟာ phenolic acid အမ်ိဳးအစားမွာပါဝင္ျပီး beta hydroxy acid (BHA) ျဖစ္ပါတယ္။BHA ေတြဟာ အင္မတန္အာနိသင္ေကာင္းတဲ့ အညစ္အေၾကးသန္႕စင္ဂ်ီးခြၽတ္ေဆးေတြ ျဖစ္ျပီး မ်က္ႏွာအေရျပားရဲ့ အေပၚဆုံးလႊာကို ကြာက်ပ်က္စီးေအာင္ ျပဳလုပ္ေပးႏိုင္တဲ့အတြက္ ေအာက္မွာရွိတဲ့ ပိုမိုႏုပ်ိဳ၊က်န္းမာတဲ့ အေရျပားအလႊာ ေပၚေပါက္လာမွာ ျဖစ္ပါတယ္။

ဒီလိုဆိုေတာ့ အေရးအေၾကာင္းေတြ၊အေရတြန္႕တာေတြ၊ဝက္ျခံအမာရြတ္ေတြ မရွိေတာ့တဲ့အျပင္ မ်က္ႏွာအသားေရာင္ကိုလည္း ညီညာေကာင္းမြန္ေစမွာ ျဖစ္ပါတယ္။

 Lactic Acid

Lactic Acid နဲ႕ ျပဳလုပ္ထားျပီး ျပင္းအား ၄၀%ကေန ၇၀% အတြင္းရွိတဲ့ မ်က္ႏွာကပ္ခြါရည္ေတြဟာ သာမန္အေရျပားျပႆနာေတြကို ေကာင္းစြာေျဖရွင္းေပးႏိုင္ပါတယ္။

သူတို႕ဟာ အညစ္အေၾကးနဲ႕ ဂ်ီးေတြကို ႏူးညံ့ညင္သာစြာ ဖယ္ရွားေပးႏိုင္တာေၾကာင့္ လူၾကိဳက္မ်ားတဲ့ ကပ္ခြါရည္တမ်ိဳး ျဖစ္ပါတယ္။ပံုမွန္အသုံးျပဳေပးမယ္ဆိုရင္ ဆိုးရြားတဲ့ ဝက္ျခံအမာရြတ္ေတြကို ေပ်ာက္ကင္းေစႏိုင္တဲ့အျပင္ အိုမင္းရင့္ေရာ္ျခင္းရဲ့ လကၡဏာေတြကိုလည္း တတ္ႏိုင္သမွ် တားဆီးေပးပါတယ္။

အဆိုပါ ကပ္ခြါရည္ေတြကို အိမ္မွာ မိမိဖာသာ အသုံးျပဳႏိုင္တယ္ဆိုေပမယ့္ ကြၽမ္းက်င္သူေတြျပဳလုပ္ေပးတာကေတာ့ ပိုေကာင္းပါလိမ့္မယ္။

မ်က္ႏွာကပ္ခြါရည္တံဆိပ္ေတြက ရာနဲ႕ခ်ီျပီး မ်ိဳးစံုရွိေပမယ့္ အားလုံးက သင္နဲ႕ တည့္ခ်င္မွတည့္မွာပါ။ဒါေၾကာင့္ သင္နဲ႕ ကိုက္ညီသင့္ေတာ္မယ့္ ပစၥည္းအမွတ္တံဆိပ္ကို ေရြးခ်ယ္ဝယ္ယူႏိုင္ဖို႕အတြက္ အသုံးျပဳဖူးသူေတြရဲ့ မွတ္ခ်က္အၾကံျပဳစကားေတြကို ဂ႐ုတစိုက္ ေလ့လာျပီး ေရြးခ်ယ္ရမွာ ျဖစ္ပါေၾကာင္း။

Credit : mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မျက်နှာသုံးကပ်ခွါတွေဟာ လူကြိုက်အများဆုံး အလှကုန်ပစ္စည်းတွေထဲမှာ တခုအပါအဝင် ဖြစ်ပြီး သင့်မျက်နှာအရေပြားကို ချောမွေ့စေတဲ့အပြင် အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးတာကြောင့် ပိုမိုကြည့်ကောင်းလာစေပါတယ်။

မျက်နှာသုံးကပ်ခွါတွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သိနိုင်ဖို့အတွက် သူ့ရဲ့ ပါဝင်ပစ္စည်းတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးထားပါတယ်။

ဒီအလှကုန်ပစ္စည်းမှာ ဘယ်အက်ဆစ်တွေကို အသုံးပြုထားသလဲ။

မျက်နှာကပ်ခွါတွေအားလုံးဟာ အက်ဆစ်တမျိုးမဟုတ် တမျိုးကို အသုံးပြုထားတာချည်း ဖြစ်ပါတယ်။အဆိုပါ အက်ဆစ်တွေဟာ Alpha-Hydroxy Acids (AHA) သို့မဟုတ် Beta-Hydroxy Acids (BHA) အက်ဆစ်အမျိုးအစား နှစ်မျိုးထဲမှာ ပါဝင်လေ့ရှိပါတယ်။

အောက်ဖော်ပြပါ ဓာတ်ပစ္စည်းတွေကို တမျိုးတည်းဖြစ်စေ၊ပေါင်းစပ်ပြီးဖြစ်စေ မျက်နှာကပ်ခွါပြုလုပ်သုံးစွဲနိုင်ပါတယ်။

Glycolic Acid(AHA)

ဒီအက်ဆစ်တွေဟာ အဆီမှာပျော်ဝင်တဲ့အတွက် အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေနဲ့ အထူးသင့်တော်ပြီး မွေးညင်းပေါက်တွေကို အတွင်းပိုင်းထိ ရှင်းလင်းသန့်စင်ပေးကာ ဆားဝက်ခြံနဲ့ အမည်းစက်တွေကို သက်သာပျောက်ကင်းစေပါတယ်။

Alpha-Hydroxy Acid (AHAs) ကပ်ခွါရည်မလိမ်းခင်မှာ Beta-Hydroxy Acids (BHAs) ကိုဦးစွာ သုံးစွဲပေးခြင်းအားဖြင့် သင့်အရေပြားပေါ်က မလိုလားအပ်တဲ့ အဆီတွေကို အကုန်အစင်ဖယ်ရှားပေးသွားမှာ ဖြစ်ပါတယ်။

အဆီနဲ့ အမည်းစက်တွေ၊ဆားဝက်ခြံတွေကို ထိန်းချုပ်နိုင်ဖို့အတွက် မျက်နှာကပ်ခွါရည် သုံးစွဲခြင်းကို သင့်အနေနဲ့ တပတ်ကို သုံးလေးကြိမ်လောက် ပြုလုပ်ပေးနိုင်ပါတယ်။

 Salicylic Acid

Salicylic acid ဟာ phenolic acid အမျိုးအစားမှာပါဝင်ပြီး beta hydroxy acid (BHA) ဖြစ်ပါတယ်။BHA တွေဟာ အင်မတန်အာနိသင်ကောင်းတဲ့ အညစ်အကြေးသန့်စင်ဂျီးချွတ်ဆေးတွေ ဖြစ်ပြီး မျက်နှာအရေပြားရဲ့ အပေါ်ဆုံးလွှာကို ကွာကျပျက်စီးအောင် ပြုလုပ်ပေးနိုင်တဲ့အတွက် အောက်မှာရှိတဲ့ ပိုမိုနုပျို၊ကျန်းမာတဲ့ အရေပြားအလွှာ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

ဒီလိုဆိုတော့ အရေးအကြောင်းတွေ၊အရေတွန့်တာတွေ၊ဝက်ခြံအမာရွတ်တွေ မရှိတော့တဲ့အပြင် မျက်နှာအသားရောင်ကိုလည်း ညီညာကောင်းမွန်စေမှာ ဖြစ်ပါတယ်။

 Lactic Acid

Lactic Acid နဲ့ ပြုလုပ်ထားပြီး ပြင်းအား ၄၀%ကနေ ၇၀% အတွင်းရှိတဲ့ မျက်နှာကပ်ခွါရည်တွေဟာ သာမန်အရေပြားပြဿနာတွေကို ကောင်းစွာဖြေရှင်းပေးနိုင်ပါတယ်။

သူတို့ဟာ အညစ်အကြေးနဲ့ ဂျီးတွေကို နူးညံ့ညင်သာစွာ ဖယ်ရှားပေးနိုင်တာကြောင့် လူကြိုက်များတဲ့ ကပ်ခွါရည်တမျိုး ဖြစ်ပါတယ်။ပုံမှန်အသုံးပြုပေးမယ်ဆိုရင် ဆိုးရွားတဲ့ ဝက်ခြံအမာရွတ်တွေကို ပျောက်ကင်းစေနိုင်တဲ့အပြင် အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတွေကိုလည်း တတ်နိုင်သမျှ တားဆီးပေးပါတယ်။

အဆိုပါ ကပ်ခွါရည်တွေကို အိမ်မှာ မိမိဖာသာ အသုံးပြုနိုင်တယ်ဆိုပေမယ့် ကျွမ်းကျင်သူတွေပြုလုပ်ပေးတာကတော့ ပိုကောင်းပါလိမ့်မယ်။

မျက်နှာကပ်ခွါရည်တံဆိပ်တွေက ရာနဲ့ချီပြီး မျိုးစုံရှိပေမယ့် အားလုံးက သင်နဲ့ တည့်ချင်မှတည့်မှာပါ။ဒါကြောင့် သင်နဲ့ ကိုက်ညီသင့်တော်မယ့် ပစ္စည်းအမှတ်တံဆိပ်ကို ရွေးချယ်ဝယ်ယူနိုင်ဖို့အတွက် အသုံးပြုဖူးသူတွေရဲ့ မှတ်ချက်အကြံပြုစကားတွေကို ဂရုတစိုက် လေ့လာပြီး ရွေးချယ်ရမှာ ဖြစ်ပါကြောင်း။

Credit : mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top