iMyanmarHouse.com - Best Property Website for Myanmar
×

အလွျပင္ပစၥည္းမ်ား

အလွျပင္ပစၥည္းေတြျဖစ္တဲ့ Mascara နဲ႔ တျခား မ်က္လံုးျခယ္တဲ့ အလွျပင္ပစၥည္းေတြမွာ ဘက္တီးရီးယား ပိုးမႊားေတြပါရွိေနကာ မ်က္လံုးကို ၀င္ႏိုင္ပါတယ္။ ဒါေၾကာင့္ မ်က္လံုးမွာျခယ္တဲ့ စုတ္တံေတြကို ေရေႏြးနဲ႔ျပဳတ္တာတို႔၊ ၃ လတစ္ႀကိမ္ လဲလွယ္ေပးတာတု႔ိ လုပ္ေဆာင္ေပးသင့္ပါတယ္။

အေရာင္ေတာက္တဲ့ အစားအစာ

အေရာင္ေတာက္တဲ့ အစားအစာေတြကို စံုလင္စြာစားပါ။ ကိုယ့္ညစာမွာ လိေမၼာ္ေရာင္၊ အ၀ါေရာင္ပါတဲ့ အသီးေတြျဖစ္တဲ့ မုန္လာဥနီ၊ ဗရုံသီးတို႔ကို ထည့္သြင္းစားပါ။ၿပီးရင္ ဒိန္ခ်ဥ္ေသာက္ပါ။

ဒီအစားအစာေတြမွာ Zexanthin နဲ႔ Lutein ဓာတ္ေတြပါ၀င္တာေၾကာင့္ အသက္ႀကီးတဲ့အခ်ိန္မွာ မ်က္စိအားနည္းတာေတြကို ကာကြယ္ေပးပါတယ္။

အစိမ္းေရာင္အရြက္ေတြျဖစ္တဲ့ ကိုက္လန္၊ ေဂၚဖီ၊ Spinach ရြက္၊ ပန္းေဂၚဖီ တို႔ကိုလည္း စားေပးသင့္ပါတယ္။

ပတ္၀န္းက်င္ကို ခံစားပါ

အၿမဲတမ္း အေဆာက္အအံုထဲမွာ ေနေနတာထက္ အျပင္ထြက္ၿပီး ပတ္၀န္းက်င္ကို ခံစားပါ။ အျပင္ေနေရာင္ထိတာနည္းၿပီး အေဆာက္အအံုထဲမွာဘဲ ေနတဲ့ကေလးေတြက အေ၀းမႈန္လာတတ္ပါတယ္။

ဒါေၾကာင့္အျပင္ကို ထြက္ၿပီး အေ၀းကိုၾကည့္ေပးၿပီး ခရမ္းလြန္ေရာင္ျခည္နဲ႔ နည္းနည္းထိေတြ႔ေပးရင္ မ်က္လံုးအားကို ေကာင္းပါတယ္။

မ်က္လံုးကို စမ္းသပ္ေပးပါ

မ်က္လံုးကို မ်က္စိေဆးခန္းေတြ၊ ဆိုင္ေတြမွာ စစ္ေဆးေပးပါ။ အသက္ ၄၀ ေက်ာ္လာရင္ အနည္းဆံုး ၂ ႏွစ္ရင္ တစ္ႀကိမ္ စမ္းသပ္ေပးပါ။

ခဏနားပါ

နာရီေပါင္းမ်ားစြာ ကြန္ပ်ဳတာကိုၾကည့္၊ စာေတြဖတ္ၿပီးရင္ အျပင္ထြက္ၿပီး သူငယ္ခ်င္းေတြနဲ႔ေတြ႔ကာ လမ္းေလွ်ာက္ေပးပါ။

ျဖစ္ႏိုင္ရင္ မိနစ္ ၃၀ တိုင္းမွာ ကြန္ပ်ဳတာကေန ခြာၿပီး အေ၀းကို စကၠန္႔ ၃၀ ေလာက္ၾကည့္ေပးပါ။

မိနစ္ ၄၀ ေလာက္လမ္းေလွ်ာက္ေပးပါ

ကိုယ့္မွာ ေရတိမ္ျဖစ္ဖူးတဲ့ မ်ိဳးရိုးရွိရင္ တစ္ေန႔ကို မိနစ္ ၄၀ ေလာက္ လမ္းေလွ်ာက္ေပးပါ။ ဒါဆိုရင္ျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ေနကာမ်က္မွန္တပ္ပါ

ေနေရာင္ထဲမွာ ခရမ္းလြန္ေရာင္ျခည္ေတြ ပါ၀င္တာေၾကာင့္ ေနပူထဲမွာဆိုရင္ ေနကာမ်က္မွန္တပ္ေပးပါ။ အဲ့ဒီအျပင္ ေနကာမ်က္မွန္က ေလထုညစ္ညမ္းတာနဲ႔ ေျခာက္ေသြ႔တဲ့ေလေၾကာင့္ မ်က္လံုးနဲ႔ပတ္သက္တဲ့ေရာဂါေတြျဖစ္တာ ကာကြယ္ေပးပါတယ္။

Credit:MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အလှပြင်ပစ္စည်းများ

အလှပြင်ပစ္စည်းတွေဖြစ်တဲ့ Mascara နဲ့ တခြား မျက်လုံးခြယ်တဲ့ အလှပြင်ပစ္စည်းတွေမှာ ဘက်တီးရီးယား ပိုးမွှားတွေပါရှိနေကာ မျက်လုံးကို ဝင်နိုင်ပါတယ်။ ဒါကြောင့် မျက်လုံးမှာခြယ်တဲ့ စုတ်တံတွေကို ရေနွေးနဲ့ပြုတ်တာတို့၊ ၃ လတစ်ကြိမ် လဲလှယ်ပေးတာတု့ိ လုပ်ဆောင်ပေးသင့်ပါတယ်။

အရောင်တောက်တဲ့ အစားအစာ

အရောင်တောက်တဲ့ အစားအစာတွေကို စုံလင်စွာစားပါ။ ကိုယ့်ညစာမှာ လိမ္မော်ရောင်၊ အဝါရောင်ပါတဲ့ အသီးတွေဖြစ်တဲ့ မုန်လာဥနီ၊ ဗရုံသီးတို့ကို ထည့်သွင်းစားပါ။ပြီးရင် ဒိန်ချဉ်သောက်ပါ။

ဒီအစားအစာတွေမှာ Zexanthin နဲ့ Lutein ဓာတ်တွေပါဝင်တာကြောင့် အသက်ကြီးတဲ့အချိန်မှာ မျက်စိအားနည်းတာတွေကို ကာကွယ်ပေးပါတယ်။

အစိမ်းရောင်အရွက်တွေဖြစ်တဲ့ ကိုက်လန်၊ ဂေါ်ဖီ၊ Spinach ရွက်၊ ပန်းဂေါ်ဖီ တို့ကိုလည်း စားပေးသင့်ပါတယ်။

ပတ်ဝန်းကျင်ကို ခံစားပါ

အမြဲတမ်း အဆောက်အအုံထဲမှာ နေနေတာထက် အပြင်ထွက်ပြီး ပတ်ဝန်းကျင်ကို ခံစားပါ။ အပြင်နေရောင်ထိတာနည်းပြီး အဆောက်အအုံထဲမှာဘဲ နေတဲ့ကလေးတွေက အဝေးမှုန်လာတတ်ပါတယ်။

ဒါကြောင့်အပြင်ကို ထွက်ပြီး အဝေးကိုကြည့်ပေးပြီး ခရမ်းလွန်ရောင်ခြည်နဲ့ နည်းနည်းထိတွေ့ပေးရင် မျက်လုံးအားကို ကောင်းပါတယ်။

မျက်လုံးကို စမ်းသပ်ပေးပါ

မျက်လုံးကို မျက်စိဆေးခန်းတွေ၊ ဆိုင်တွေမှာ စစ်ဆေးပေးပါ။ အသက် ၄၀ ကျော်လာရင် အနည်းဆုံး ၂ နှစ်ရင် တစ်ကြိမ် စမ်းသပ်ပေးပါ။

ခဏနားပါ

နာရီပေါင်းများစွာ ကွန်ပျုတာကိုကြည့်၊ စာတွေဖတ်ပြီးရင် အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့တွေ့ကာ လမ်းလျှောက်ပေးပါ။

ဖြစ်နိုင်ရင် မိနစ် ၃၀ တိုင်းမှာ ကွန်ပျုတာကနေ ခွာပြီး အဝေးကို စက္ကန့် ၃၀ လောက်ကြည့်ပေးပါ။

မိနစ် ၄၀ လောက်လမ်းလျှောက်ပေးပါ

ကိုယ့်မှာ ရေတိမ်ဖြစ်ဖူးတဲ့ မျိုးရိုးရှိရင် တစ်နေ့ကို မိနစ် ၄၀ လောက် လမ်းလျှောက်ပေးပါ။ ဒါဆိုရင်ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

နေကာမျက်မှန်တပ်ပါ

နေရောင်ထဲမှာ ခရမ်းလွန်ရောင်ခြည်တွေ ပါဝင်တာကြောင့် နေပူထဲမှာဆိုရင် နေကာမျက်မှန်တပ်ပေးပါ။ အဲ့ဒီအပြင် နေကာမျက်မှန်က လေထုညစ်ညမ်းတာနဲ့ ခြောက်သွေ့တဲ့လေကြောင့် မျက်လုံးနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်တာ ကာကွယ်ပေးပါတယ်။

Credit:MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top