iMyanmarHouse.com - Best Property Website for Myanmar
×

စကားေျပာပံုဆိုပံု၊ သြားပံုလာပံု၊ ေနပံုထိုင္ပံုကို ၾကည့္ၿပီး လူတေယာက္ရဲ႕ စိတ္ေနစိတ္ထားကို အၾကမ္းဖ်င္းေတာ့ ခန္႔မွန္းတတ္ၾကပါတယ္။ တစ္ဦးနဲ႔တစ္ဦး ကြဲျပားျခားနားၾကပါတယ္။ ထိုင္ပံုထိုင္နည္းကို ၾကည့္ၿပီးေတာ့လည္း လူတစ္ဦးတစ္ေယာက္ရဲ႕ စိတ္ကို ခန္႔မွန္းၾကည့္လို႔ရပါတယ္။

နံပါတ္(၁) ပံုစံအတိုင္း ထိုင္တဲ့သူေတြဟာ ကေလးဆန္တတ္ၾကပါတယ္။ သူတို႔ဟာ ေပါ့ေပါ့ပါးပါး လြတ္လြတ္လပ္လပ္ေနတတ္သူေတြ ျဖစ္ၾကပါတယ္။ ဆန္းသစ္တီထြင္ဖန္တီးႏိုင္စြမ္းရွိသူေတြ ျဖစ္ၿပီး ပတ္၀န္းက်င္ကိုလည္း ေပ်ာ္စရာေတြ ေ၀မွ်ေပးႏိုင္တဲ့သူေတြ ျဖစ္ပါတယ္။

နံပါတ္(၂) အတိုင္း ေျခေထာက္ခ်ိတ္ထိုင္ေလ့ရွိတဲ့သူေတြကေတာ့ စိတ္ကူးယဥ္အိပ္မက္သမားေတြပါ။ သူတို႔ဟာ အျမဲတမ္းနီးပါး ႀကီးက်ယ္ခမ္းနားတဲ့ အိပ္မက္ေတြကိုသာ ေတြးေလ့ရွိၿပီး လက္ေတြ႔ပိုင္ဆိုင္ရရွိဖုိ႔လဲ ႀကိဳးစားၾကသူေတြပါ။ သူတို႔မွာ အံ့ၾသစရာေကာင္းေလာက္တဲ့ အေတြးအေခၚဆန္းဆန္းေတြလည္း အျမဲရွိေနတတ္ပါတယ္။ သူငယ္ခ်င္းေတြနဲ႔ ခရီးသြားရတာကုိ အလြန္ႏွစ္သက္ၿပီး အေပါင္းအသင္းေတြၾကားထဲမွာလည္း သည္းခံၿပီး ေပါင္းသင္းတတ္သူေတြပါ။

နံပါတ္(၃) ပံုစံအတိုင္း ထိုင္တဲ့သူေတြကေတာ့ ဘ၀ကို ခက္ခဲပင္ပန္းတဲ့ အေျခအေနေတြကို ရင္ဆိုင္တာမ်ိဳးမလုပ္ခ်င္ဘဲ ေပါ့ေပါ့ေလးေတြးတတ္သူေတြ ျဖစ္ပါတယ္။ ေဈး၀ယ္ရတာကို ႏွစ္သက္ၿပီး ေရေမႊးအေကာင္းစားေတြကို အမ်ားဆံုး ၀ယ္ယူေလ့ရွိၾကပါတယ္။ စမတ္က်က်ေနထိုင္တတ္သူေတြ ျဖစ္ပါတယ္။

နံပါတ္(၄) ပံုစံအတိုင္း ထိုင္တဲ့သူေတြကေတာ့ ေစာင့္ဆိုင္းရတာကို စိတ္မရွည္တတ္သူေတြပါ။ ဥာဏ္ရည္ထက္ျမက္ၿပီး ကိုယ့္ကိုထိရင္ နည္းနည္းေလးမွ ဆတ္ဆတ္ထိမခံတတ္တဲ့သူေတြ ျဖစ္ပါတယ္။ ပြင့္ပြင့္လင္းလင္း ေျပာဆိုတတ္သူေတြျဖစ္ၿပီး မိသားစုကိုလည္း ေႏြးေထြးၾကင္နာစြာ ဆက္ဆံတတ္တဲ့သူေတြ ျဖစ္ပါတယ္။

နံပါတ္(၅) ပံုစံအတိုင္း ထိုင္တဲ့သူေတြကေတာ့ ေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ေရးတစ္ခု ဖန္တီးႏိုင္ရမယ္လို႔ စိတ္ကူးေနတတ္သူေတြပါ။ သူတို႔ဟာ အေသးစိတ္ တိတိက်က် ျပဳလုပ္တတ္သူေတြ ျဖစ္လို႔ ပတ္၀န္းက်င္နဲ႔ သဟဇာတ ျဖစ္ခဲပါတယ္။

Credit : momolay

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version



စကားပြောပုံဆိုပုံ၊ သွားပုံလာပုံ၊ နေပုံထိုင်ပုံကို ကြည့်ပြီး လူတယောက်ရဲ့ စိတ်နေစိတ်ထားကို အကြမ်းဖျင်းတော့ ခန့်မှန်းတတ်ကြပါတယ်။ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားကြပါတယ်။ ထိုင်ပုံထိုင်နည်းကို ကြည့်ပြီးတော့လည်း လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ကို ခန့်မှန်းကြည့်လို့ရပါတယ်။

နံပါတ်(၁) ပုံစံအတိုင်း ထိုင်တဲ့သူတွေဟာ ကလေးဆန်တတ်ကြပါတယ်။ သူတို့ဟာ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်နေတတ်သူတွေ ဖြစ်ကြပါတယ်။ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသူတွေ ဖြစ်ပြီး ပတ်ဝန်းကျင်ကိုလည်း ပျော်စရာတွေ ဝေမျှပေးနိုင်တဲ့သူတွေ ဖြစ်ပါတယ်။

နံပါတ်(၂) အတိုင်း ခြေထောက်ချိတ်ထိုင်လေ့ရှိတဲ့သူတွေကတော့ စိတ်ကူးယဉ်အိပ်မက်သမားတွေပါ။ သူတို့ဟာ အမြဲတမ်းနီးပါး ကြီးကျယ်ခမ်းနားတဲ့ အိပ်မက်တွေကိုသာ တွေးလေ့ရှိပြီး လက်တွေ့ပိုင်ဆိုင်ရရှိဖို့လဲ ကြိုးစားကြသူတွေပါ။ သူတို့မှာ အံ့သြစရာကောင်းလောက်တဲ့ အတွေးအခေါ်ဆန်းဆန်းတွေလည်း အမြဲရှိနေတတ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ခရီးသွားရတာကို အလွန်နှစ်သက်ပြီး အပေါင်းအသင်းတွေကြားထဲမှာလည်း သည်းခံပြီး ပေါင်းသင်းတတ်သူတွေပါ။

နံပါတ်(၃) ပုံစံအတိုင်း ထိုင်တဲ့သူတွေကတော့ ဘဝကို ခက်ခဲပင်ပန်းတဲ့ အခြေအနေတွေကို ရင်ဆိုင်တာမျိုးမလုပ်ချင်ဘဲ ပေါ့ပေါ့လေးတွေးတတ်သူတွေ ဖြစ်ပါတယ်။ ဈေးဝယ်ရတာကို နှစ်သက်ပြီး ရေမွှေးအကောင်းစားတွေကို အများဆုံး ဝယ်ယူလေ့ရှိကြပါတယ်။ စမတ်ကျကျနေထိုင်တတ်သူတွေ ဖြစ်ပါတယ်။

နံပါတ်(၄) ပုံစံအတိုင်း ထိုင်တဲ့သူတွေကတော့ စောင့်ဆိုင်းရတာကို စိတ်မရှည်တတ်သူတွေပါ။ ဉာဏ်ရည်ထက်မြက်ပြီး ကိုယ့်ကိုထိရင် နည်းနည်းလေးမှ ဆတ်ဆတ်ထိမခံတတ်တဲ့သူတွေ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူတွေဖြစ်ပြီး မိသားစုကိုလည်း နွေးထွေးကြင်နာစွာ ဆက်ဆံတတ်တဲ့သူတွေ ဖြစ်ပါတယ်။

နံပါတ်(၅) ပုံစံအတိုင်း ထိုင်တဲ့သူတွေကတော့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခု ဖန်တီးနိုင်ရမယ်လို့ စိတ်ကူးနေတတ်သူတွေပါ။ သူတို့ဟာ အသေးစိတ် တိတိကျကျ ပြုလုပ်တတ်သူတွေ ဖြစ်လို့ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ခဲပါတယ်။

Credit : momolay



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top