iMyanmarHouse.com - Best Property Website for Myanmar
×

ဘရိုကိုလီဟု ၾကားလိုက္သည္ႏွင့့္တျပိဳင္နက္ က်န္မာေရးအတြက္ေဆးဘက္၀င္တဲ့
အစိမ္းေရာင္ပန္းေဂၚဖီဆိုတာကို လူတိုင္းသိႏွင့္ ေနျပီးသားျဖစ္ၾကမွာပါ။
ေဂၚဖီမ်ိဳးႏြယ္၀င္ျဖစ္တဲ ့ဘရိုကိုလီတို ့ဟာ အျခားေသာ ေဂၚဖီထုပ္၊
ပန္းေဂၚဖီ(အျဖဴ)တို ့ထက္ ပိုႏူးညံ့ျပီး၊ အတန္ငယ္သက္ကာ
အရသာလဲပိုေကာင္းတာမို ့့ Super vegetable လို ့ဆိုၾကပါတယ္။ WHFoods ရဲ ့
ဓာတ္ခြဲစမ္းသပ္္ခ်က္မ်ား အရ၊ ၁၀၀ ဂရမ္ အေလးခ်ိန္ရွိေသာ
ပန္းေဂၚဖီစိမ္းထဲတြင္ ခြန္အား ၃၄ ကယ္လိုရီ၊ ကစီဓာတ္ ၆.၆၄ ဂရမ္၊ သဘာ၀သၾကား
၁.၇ ဂရမ္၊ ပရိုတင္း ၂.၈၂ ဂရမ္၊ ေရဓာတ္ ၈၉.၃၀ ရမ္ တို ့အျပင္၊ လူသားတို
့က်န္းမာေရးကို အေထာက္အကူျဖစ္ေစတဲ့ ဗီတာမင္ ႏွင္ ့သတတၱဳဓာတ္တို ့
ၾကြယ္၀စြာရွိၾကတယ္လို ့ေလ့လာမွတ္သားရပါတယ္။ Johns Hopkins University ရဲ
့သုေတသနျပဳခ်က္မ်ား အရ ဘရိုကိုလီဟာ ကင္ဆာအၾကိတ္အဖုေတြၾကီးထြားလာမႈကို ၇၅%
ေလာက္ ကာကြယ္တားဆီးေပးႏို္င္တာေၾကာင့္၊ အထူးသျဖင့္ အူမၾကီးကင္ဆာ၊
ဆီးအိမ္ကင္ဆာ၊ ရင္သားကင္ဆာ၊ မမ်ိဳးဥကင္ဆာ ႏွင့္
အမ်ိဳးသားမ်ားဆီးက်ိတ္ကင္ဆာတို ့ကို ထိထိေရာက္ ေရာက္ကာကြယ္ေပးႏိုင္တယ္လို
့ဆိုပါတယ္။ ဒါတင္မကေသးပါဘူး ဘရိုကိုလီမွာ ေခ်ဖ်က္လြယ္ေသာအမွ်င္ဓာတ္ ၂.၆
ဂရမ္ ပါရွိ တာေၾကာင့္ ခႏၶာကိုယ္အေလးခ်ိန္ ပံုမွန္ထိန္းသိမ္းလိုသူမ်ား
အားထားေလာက္တဲ့ ဟင္းသီးဟင္းရြက္ကေလးပါဘဲ။ ေနာက္ျပီး အရြယ္တင္
ႏုပ်ိဳေစတယ္တဲ့ေနာ္။


ဘရိုကိုလီ ရဲ ့ ဇာစ္ျမစ္ေဒသမွာ အီတလီႏိုင္ငံဟုဆိုေသာ္လဲဘဲ၊ ယေန
့ကမၻာ့ႏိုင္ငံအသီးသီးရဲ ့ ထမင္းစားပြဲ၀ိုင္းမ်ားမွာ သူက ပ႑ာ ရလို
့ေနပါတယ္။ မည္သည့္ဟင္းသီးဟင္းရြက္ သစ္သီး၀လံမ်ိဳးကိုမဆုိ
အၾကာၾကီးအပူေပးကာ ႏြမ္းတဲ့အထိမခ်က္ျပဳတ္သင့္ပါဘူး။ အဲလိုခ်က္လိုက္တဲ့အခါ၊
၄င္းတို ့အထဲမွာရွိတဲ့ သဘာ၀အာဟာရဓာတ္ေတြ ေလ်ာ့နဲသြားျပီး၊
အရသာလဲေပါ့သြားကာ၊ စားလို ့လဲမ ေကာင္းေတာ့ဘူးေပါ့။ ဘရိုကိုလီဟာလည္း
ထုိနည္း၄င္းပါဘဲ။ ၂ မိနစ္ခန္ ့သာ အပူေပးခ်က္ျပဳတ္တာ
အသင့္ေလ်ာ္ဆံုးျဖစ္ပါတယ္။ လတ္ဆတ္မႈရွိမွသာ
ဟင္းလ်ာေကာင္းတစ္ခြက္ရရွိမွာျဖစ္ပါတယ္။ ဘရိုကိုလီဟာ လတ္ဆတ္ေလ
အစိမ္းေရာင္ရင့္ေလျဖစ္ျပီး၊ အပြင့္စိမ္းမ်ားဟာလဲ ၾကပ္ခဲသိပ္သည္းကာ၊
ရိုးတံေျခေထာက္မ်ားလဲ ေတာင့္တင္းေနတာမို ့ အေရြးမမွားၾကဖို ့လိုပါတယ္။
ေနာက္ျပီး ဘရိုကိုလီရဲ႕အရိုးဟာလည္း စြန္ ့ပစ္စရာမလိုဘဲအေပၚကအခြံႏႊြာျပီး
စားသံုးလို႔ရတယ္ဆိုတာ မေမ့ၾကနဲ ့ဦးေနာ္။ အေရးၾကီးတာ တစ္ခုကေတာ့
ဘရိုကိုလီမ်ား ေစ်းကြက္ထဲမေရာက္ခင္ စိုက္ခင္းထဲမွာ
ပိုးသတ္ေဆးဖ်န္းထားတတ္လို ့ေအာ္ဂဲနစ္မ်ိဳးကိုသာ ေရြး၀ယ္သင့္ပါတယ္။
အေသခ်ာဆံုးကေတာ့ ဟင္းလ်ာမစီမံခင္ အေနေတာ္အတံုးေလးေတြတံုးျပီး၊
ေရစင္စင္ေဆးဘို ့ အထူးလို အပ္ပါတယ္။

ကဲ...ဘရိုကိုလီရဲ ့အေၾကာင္းကိုေတာ့သိပါျပီ။ အရသာရွိေအာင္
ဘယ္လိုခ်က္ျပဳတ္္စားၾကရင္ေကာင္းမလဲေနာ္။ <<ဘရိုကိုလီေၾကာ္>>
(၁) ျမန္မာအိမ္ရွင္မမ်ားကေတာ့ မ်ားေသာအားျဖင့္
မီးပူပူမွာၾကက္သြန္ျဖဴေလးတျပားရိုက္ ဆီသတ္ျပီး၊ ဆီပူလာရင္အိုးထဲကို ပန္း
ေဂၚဖီစိမ္းပစ္ထဲ့ကာ ဟင္းခတ္ၾကက္သားမႈန္ ့ႏွင့္ ဆားအနဲငယ္စီထဲ့ျပီး၊
ေခတၱအဖံုးဖံုးပါတယ္။ ၂-မိနစ္ေလာက္အၾကာမွာ အိုးေပၚက ခ်ျပီး
ပန္းကန္ျပားေပၚေျပာင္းထဲ့ကာ ရနံ ့အတြက္ ငရုပ္ေကာင္းမႈန္
့ေလးနဲနဲျဖဴးစားလိုက္တာပါဘဲ။ ဒါကေတာ့ ရိုးရိုးဘရိုကိုလီ သက္
သက္လြတ္ေၾကာ္ေလးပါ။ (၂) အိုးေပၚကခ်ခါနီး ၾကက္ဥ (သို ့) ဘဲဥ ေဖာက္ထဲ့ကာ
ႏွံ ့ေအာင္ေမႊျပီး ေၾကာ္တာကေတာ့တမ်ိဳးပါ။ ဒီ ဘရိုကိုလီေၾကာ္ကိုေတာ့
ငရုပ္ေကာင္းမႈန္ ့ျဖဴးေလ့မရွိပါဘူး။ (၃) ေနာက္တစ္နည္းကေတာ့ ၀က္သား (သို
့) ၾကက္သားတို ့ကို ၾကိဳ တင္ျပဳတ္ထားျပီး၊ ခပ္ပါးပါးေလးေတြလွီးထားပါတယ္။
ၾကက္သြန္ျဖဴ ႏွင့္ ဂ်င္းတို ့ကိုဆီသတ္ျပီးရင္ ေစာေစာကလွီးထားတဲ့ ၾကက္
(သို ့) ၀က္သား တို ့ကို ပန္းေဂၚဖီစိမ္းနဲ ့တျပိဳင္တည္း
အိုးထဲထဲ့ေၾကာ္တဲ့နည္းပါ။ ငရုပ္ေကာင္းမႈန္ ့ေလးျဖဴးစားရင္ အလြန္လိုက္ဖက္
ပါတယ္။ (၄) အသားမဟုတ္ဘဲ ပင္လယ္စာနဲ ့လဲ ေၾကာ္စားလို ့ေကာင္းတာပါဘဲ။
ပန္းေဂၚဖီစိမ္းကို ဆီနဲနဲနဲ႔ ေရေလးျဖန္းၿပီး အရင္ေၾကာ္ကာ၊
ပင္လယ္စာတစ္မ်ိဳးျဖစ္တဲ့ ကင္းပြန္(ျပည္ၾကီးငါး)ပါးပါးလွီးျပီး၊ ခရုဆီနဲနဲ
ထဲ့ကာ အခ်ိဳအငန္ အစပ္အဟပ္တဲ့ျပီဆိုရင္ ငရုပ္ေကာင္းေလးျဖဴးျပီး
အိုးခ်ရံုပါဘဲ။ အရည္ဆမ္းစား၊ ေသာက္စားလို ့ရေအာင္ ဆီျပန္ေရက်န္ေလး
ေၾကာ္စားရင္ပိုေကာင္း ပါတယ္။ ကင္းပြန္(ျပည္ၾကီးငါး)အစား ပုဇြန္နဲ
့ေၾကာ္စားရင္လည္းေကာင္းတာပါဘဲ။ (၅) ထမင္းေၾကာ္/ အစိမ္းေၾကာ္ေတြမွာလဲ
ပန္းေဂၚဖီစိမ္းပြင့္ေလးေတြကို ရွည္ရွည္ပါးပါးေလးေတြလွီးျပီး ေၾကာ္စားလို
့ရပါတယ္။ (၆)ခုေနာက္ဆံုးနည္းကေတာ့ အိမ္မွာ တခါတေလမွသာ
ေၾကာ္စားေလ့ရွိျပီး၊ စားေသာက္ဆိုင္မ်ားမွာေၾကာ္ေလ့ရွိတဲ့ နည္းေလးပါဘဲ။
ၾကက္သြန္ျဖဴ ႏွင့္ ဂ်င္းတို ့ကို ဆီသတ္ျပီး ဘရိုကိုလီ၊ ေရစိမ္ထားတဲ႔
ေက်ာက္ပြင္႕အျဖဴေရာင္၊ ငရုပ္ပြအနီ/အစိမ္း တို႕ကို ပဲငံျပာရည္၊ ဆား၊
ၾကက္သားမႈန္႔တို႔ ထည္႕ျပီးေၾကာ္တာပါ။ သက္သက္လြတ္ (သို ့) ႏွစ္သက္ရာ
အသားနဲ ့လဲ ေၾကာ္စားလို ့ေကာင္းပါတယ္။

<<ဘရိုကုိလီသုပ္>>
(၁) အစိမ္းသုပ္စားရင္ နဲနဲမာဆတ္ဆတ္ျဖစ္ကာ၊ စိမ္းနံ ့ရတာမို ့
ေရဆူဆူမွာျပဳတ္ျပီးသုပ္စားတာအေကာင္းဆံုးပါ။ ပန္းေဂၚဖီစိမ္း
ေလးေတြေပ်ာ့မသြားေအာင္ ၂-မိနစ္မွွ်သာျပဳတ္ျပီး၊
ေရေအးေအးထဲခ်က္ခ်င္းေျပာင္းစိမ္ေပးရပါမယ္။ အားရပါးရနယ္ဖတ္လို ့ေကာင္း
ေအာင္ ဇလံုၾကီးၾကီးတစ္လံုးထဲမွာ ပန္းေဂၚဖီစိမ္း၊ ပါးပါးလွီးထားတဲ့
မုန္လာဥနီ/ၾကက္သြန္နီ/ခရမ္းခ်ဥ္သီး၊ ေျမပဲဆန္ေထာင္း၊ ပုဇြန္ ေျခာက္မႈန္
့၊ ပဲဆီအနဲငယ္၊ ဆား၊ ၾကက္သားမႈန္ ့တို႔ထည္႔ျပီးသမေအာင္နယ္ပါတယ္။
ခ်ဥ္ခ်ဥ္စပ္စပ္ၾကိဳက္ရင္ ငရုပ္သီးစိမ္းနဲ႔ သံပုရာ သီးတို ့ကို
လိုသေလာက္ထဲ့သုပ္ကာ၊ အေပၚက ၾကက္သြန္နီဆီခ်က္ျဖဴးထားတဲ့ ျမန္မာဆန္ဆန္
ခ်ဥ္စပ္သုပ္ကေလးပါ။ ထမင္းျမိန္ ေစတဲ့ ဟင္းတစ္ခြက္ပါဘဲ။ (၂) အကယ္၍
ၾကက္သြန္နီဆီခ်က္မျဖဴးဘဲ၊ ပဲငံျပာရည္ နဲ႔ ႏွမ္းအမဲေရာင္ေလးေတြကိုျဖဴးထဲ့
သုပ္လည္း စားႏိုင္ပါတယ္။ (၃) ေနာက္ျပီး မာလာဟင္းရယ္လို႔ ေခတ္စားေနတဲ႕
အသီးအရြက္သုပ္ကို ကန္႔သတ္ခ်က္မရွိဘဲ မိမိႏွစ္သက္္တဲ႔
အသီးအရြက္မ်ိဳးစံုကို ထဲ့လို ့ရတာမို ့၊ မုန္လာဥနီ၊ မုန္ညင္းျဖဴ၊
ၾကာစြယ္၊ ၀ဥ၊ ေအာ္ဆြန္းတို ့နဲ ့အတူ ပန္းေဂၚဖီစိမ္းကိုပါ ေရာေႏွာ ကာ၊
ခပ္စိမ္းစိမ္းေရေႏြးေျဖာျပီး သုပ္စားလို ့လဲရတယ္ေနာ္။ (၄) ယေန
့အေနာက္ႏိုင္ငံမ်ားမွာ က်န္းမာေရးနဲ ့ညီညြတ္တဲ့ ဟင္းရြက္သုပ္ေတြကို ေန
့စဥ္သံုးအစားအစာအျဖစ္ သုပ္စားေလ့ရွိၾကပါတယ္။ သူတို ့ကေတာ့ ခ်ိစ္ (သို ့)
မေရာနိစ္ Mayonnaise ကို အပူေပးျပီး အနဲငယ္ထဲ့သုပ္ေလ့ရွိပါတယ္။
၄င္းနိုင္ငံမ်ားမွာ ၾကက္သားမႈန္ ့အစား ပ်ားရည္နဲ ့သၾကားတို
့ကိုထဲ့ၾကျပီး၊ သံပုရာရည္ အစား ဗနီဂါ အရည္ကိုသံုးၾကပါတယ္။ << ဘရိုကိုလီေပါင္း >>
(၁) ဘရိုကိုလီေပါင္းတယ္ဆိုေပမယ့္၊ အလုမ္မရႈပ္မခက္ခဲပါဘူး။
အိမ္မွာထမင္းေပါင္းအိုးရွိရင္ဘဲ လုပ္ရတာလြယ္ကူလို ့ ရံုးအားလပ္ ရက္ေတြမွာ
အဆာေျပ ေန ့လည္စာအျဖစ္ လုပ္စားနိုင္္ပါတယ္။ ေပါင္းအိုးထဲမွာ ေရ၊ သၾကားနဲ
့ ဆားတို ့ထဲ့ျပီး၊ အေပၚ က ေပါင္းခံဇကာထဲမွာ၊ စတီးပန္းကန္ျပားထဲ့၍
ပန္းေဂၚဖီစိမ္းေတြကိုအတံုးၾကီးၾကီးတံုးကာ ေရစင္ေအာင္ေဆးထဲ့ျပီးေတာ့
အဖံုးလံု ေအာင္ပိတ္ကာ ေပါင္းျခင္းပါဘဲ။ ဘရိုကိုလီတို ့ အရမ္းႏူးအိသြားရင္
စားမေကာင္းလို ့၊ မီးအေနေတာ္မွာ အခ်ိန္ ၆ မိနစ္ေလာက္ ေပါင္းေပးျပီး၊
အေပၚကေန ေထာပတ္ပူပူဆမ္းစားျခင္းပါ။ ပန္းေဂၚဖီစိမ္းရဲ ့သဘာ၀အခ်ိဳႏွင့္
ေထာပတ္ရနံ ့ေမႊးေမႊးေလးတို ့က လြန္စြာလိုက္ဖက္ လွတာမို ့ အရသာရွိလွပါတယ္။
(၂) တရုပ္စတိုင္လ္ ဘရိုကိုလီေပါင္းလုပ္စားမယ္ဆိုရင္ေတာ့ ၾကက္သြန္ျဖဴဆီ
သတ္ျပီး၊ ငရုပ္သီး၊ မုန္လာဥနီ၊ ပဲငံျပာရည္၊ ခရုဆီ၊ ဆား၊ ၾကက္သားမႈန္
့ေလာင္းထဲကာ၊ အရည္ေဖ်ာ္ထားတဲ့ေကာ္မႈန္ ့တို ့ ေရာထဲ့ေမႊျပီး၊
အဲဒီအေရာအေႏွာေတြကို ၾကိဳတင္ေပါင္းထားတဲ့
ပန္းေဂၚဖီအစိမ္းေပၚေလာင္းခ်ျခင္းပါ။ ခ်ိဳခ်ဥ္ေၾကာ္ဆန္ဆန္
ဘရိုကိုလီေပါင္းထဲမွာ ေကာ္ရည္ပါလို ့ ခပ္ပူပူစားသင့္ပါတယ္။
(ေမ်ာက္ေခါင္းမႈိေျခာက္ကိုေရေဆးျပီး၊ ျပဳတ္ထဲ့စားႏိုင္ရင္ေတာ့ အ
ေကာင္းဆံုးေပါ့ရွင္)

<<ဘရိုကုိလီစြပ္ျပဳတ္္>>
(၁) ပန္းေဂၚဖီစိမ္းဟာ သားအိမ္ထဲရွိဆဲလ္မ်ားကို က်န္းမာေစကာ၊
သားအိမ္အျမန္က်က္ေစေသာ အစြမ္းသတၱိရွိလို ့မီးဖြားျပီးစ မိခင္မ်ား ႏွင့္
သားပ်က္/သားေလ်ာေသာအမ်ိဳးသမီးမ်ားကို ပန္းေဂၚဖီစိမ္းဟင္းခါး (၀ါ)
ဘရိုကိုလီစြတ္ျပဳတ္ တိုက္ေက်ြးသင့္ပါ တယ္။ ၾကက္ျပဳတ္ရည္ဆူဆူထဲမွာ
ဘရိုကိုလီကို ၃ မိနစ္ေလာက္ ခပ္စိမ္းစိမ္းတည္ျပီးေနာက္
ၾကက္သြန္ျဖဴတျပားရိုက္ထဲ့ကာ၊ ငရုပ္ေကာင္း မႈန္ ့ေလးျဖဴးျပီးေသာက္ရတာပါ။
(၂) ဒါမွမဟုတ္ ၾကက္သြန္ျဖဴ ႏွင့္ ပဲငန္ျပာရည္အၾကည္တို ့ကို ဆီသတ္ျပီးေတာ့
ၾကက္ျပဳတ္ရည္၊ တို ့ဟူး၊ ပန္းေဂၚဖီစိမ္း တို ့တည္ကာ တရုပ္နံနံ (သို ့)
ရွမ္းနံနံ ခပ္ျပီးေသာက္ရတာလဲ ထမင္းျမိန္တဲ့ ဟင္းတစ္ခြက္ ပါဘဲ။
ဘရိုကုိလီေဖ်ာ္ရည္
ပန္းေဂၚဖီစိမ္းကိုလဲ သစ္သီးေဖ်ာ္စက္နဲ
့ၾကိတ္ကာေဖ်ာ္ရည္လုပ္ေသာက္ႏိုင္ပါတယ္။ ေသာက္ေနက်မဟုတ္တဲ့သူေတြအတြက္ ကေတာ့
သူ ့ခ်ည္းဘဲဆိုရင္ အရသာသိပ္မေကာင္းလို ့၊
ပန္းသီးစိပ္ကေလးပါေရာၾကိတ္ထဲ့ေသာက္နိုင္ပါတယ္။ သံပုရာသီးေလး
ညွစ္ထဲ့လိုက္ရင္ အရသာလဲပိုရွိကာ ပိုလဲေမႊးေစမွာပါ။ အဲ..ပန္းသီးရဲ
့အခြံထဲမွာလဲ က်န္းမာေရးအတြက္ေကာင္းမြန္တဲ့ ဓာတ္တိုး ဆန္ ့က်င္
ပစၥည္းေတြအေျမာက္အမ်ားပါလို ့ အခြံမႏႊာဘဲထဲ့ၾကိတ္ေသာက္ေနာ္။

Credit : Good Health
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဘရိုကိုလီဟု ကြားလိုက်သည်နှင့့်တပြိုင်နက် ကျန်မာရေးအတွက်ဆေးဘက်ဝင်တဲ့
အစိမ်းရောင်ပန်းဂေါ်ဖီဆိုတာကို လူတိုင်းသိနှင့် နေပြီးသားဖြစ်ကြမှာပါ။
ဂေါ်ဖီမျိုးနွယ်ဝင်ဖြစ်တဲ့ဘရိုကိုလီတို့ဟာ အခြားသော ဂေါ်ဖီထုပ်၊
ပန်းဂေါ်ဖီ(အဖြူ)တို့ထက် ပိုနူးညံ့ပြီး၊ အတန်ငယ်သက်ကာ
အရသာလဲပိုကောင်းတာမို့ Super vegetable လို့ဆိုကြပါတယ်။ WHFoods ရဲ့
ဓာတ်ခွဲစမ်းသပ်ချက်များ အရ၊ ၁၀၀ ဂရမ် အလေးချိန်ရှိသော
ပန်းဂေါ်ဖီစိမ်းထဲတွင် ခွန်အား ၃၄ ကယ်လိုရီ၊ ကစီဓာတ် ၆.၆၄ ဂရမ်၊ သဘာဝသကြား
၁.၇ ဂရမ်၊ ပရိုတင်း ၂.၈၂ ဂရမ်၊ ရေဓာတ် ၈၉.၃၀ ရမ် တို့အပြင်၊ လူသားတို
့ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ ဗီတာမင် နှင့်သတတ္တုဓာတ်တို့
ကြွယ်ဝစွာရှိကြတယ်လို့လေ့လာမှတ်သားရပါတယ်။ Johns Hopkins University ရဲ
့သုတေသနပြုချက်များ အရ ဘရိုကိုလီဟာ ကင်ဆာအကြိတ်အဖုတွေကြီးထွားလာမှုကို ၇၅%
လောက် ကာကွယ်တားဆီးပေးနိုင်တာကြောင့်၊ အထူးသဖြင့် အူမကြီးကင်ဆာ၊
ဆီးအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ မမျိုးဥကင်ဆာ နှင့်
အမျိုးသားများဆီးကျိတ်ကင်ဆာတို့ကို ထိထိရောက် ရောက်ကာကွယ်ပေးနိုင်တယ်လို
့ဆိုပါတယ်။ ဒါတင်မကသေးပါဘူး ဘရိုကိုလီမှာ ချေဖျက်လွယ်သောအမျှင်ဓာတ် ၂.၆
ဂရမ် ပါရှိ တာကြောင့် ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများ
အားထားလောက်တဲ့ ဟင်းသီးဟင်းရွက်ကလေးပါဘဲ။ နောက်ပြီး အရွယ်တင်
နုပျိုစေတယ်တဲ့နော်။


ဘရိုကိုလီ ရဲ့ ဇာစ်မြစ်ဒေသမှာ အီတလီနိုင်ငံဟုဆိုသော်လဲဘဲ၊ ယနေ
့ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ထမင်းစားပွဲဝိုင်းများမှာ သူက ပဏ္ဍာ ရလို
့နေပါတယ်။ မည်သည့်ဟင်းသီးဟင်းရွက် သစ်သီးဝလံမျိုးကိုမဆို
အကြာကြီးအပူပေးကာ နွမ်းတဲ့အထိမချက်ပြုတ်သင့်ပါဘူး။ အဲလိုချက်လိုက်တဲ့အခါ၊
၎င်းတို့အထဲမှာရှိတဲ့ သဘာဝအာဟာရဓာတ်တွေ လျော့နဲသွားပြီး၊
အရသာလဲပေါ့သွားကာ၊ စားလို့လဲမ ကောင်းတော့ဘူးပေါ့။ ဘရိုကိုလီဟာလည်း
ထိုနည်း၎င်းပါဘဲ။ ၂ မိနစ်ခန့်သာ အပူပေးချက်ပြုတ်တာ
အသင့်လျော်ဆုံးဖြစ်ပါတယ်။ လတ်ဆတ်မှုရှိမှသာ
ဟင်းလျာကောင်းတစ်ခွက်ရရှိမှာဖြစ်ပါတယ်။ ဘရိုကိုလီဟာ လတ်ဆတ်လေ
အစိမ်းရောင်ရင့်လေဖြစ်ပြီး၊ အပွင့်စိမ်းများဟာလဲ ကြပ်ခဲသိပ်သည်းကာ၊
ရိုးတံခြေထောက်များလဲ တောင့်တင်းနေတာမို့ အရွေးမမှားကြဖို့လိုပါတယ်။
နောက်ပြီး ဘရိုကိုလီရဲ့အရိုးဟာလည်း စွန့်ပစ်စရာမလိုဘဲအပေါ်ကအခွံနွှွာပြီး
စားသုံးလို့ရတယ်ဆိုတာ မမေ့ကြနဲ့ဦးနော်။ အရေးကြီးတာ တစ်ခုကတော့
ဘရိုကိုလီများ ဈေးကွက်ထဲမရောက်ခင် စိုက်ခင်းထဲမှာ
ပိုးသတ်ဆေးဖျန်းထားတတ်လို့အော်ဂဲနစ်မျိုးကိုသာ ရွေးဝယ်သင့်ပါတယ်။
အသေချာဆုံးကတော့ ဟင်းလျာမစီမံခင် အနေတော်အတုံးလေးတွေတုံးပြီး၊
ရေစင်စင်ဆေးဘို့ အထူးလို အပ်ပါတယ်။

ကဲ...ဘရိုကိုလီရဲ့အကြောင်းကိုတော့သိပါပြီ။ အရသာရှိအောင်
ဘယ်လိုချက်ပြုတ်စားကြရင်ကောင်းမလဲနော်။ <<ဘရိုကိုလီကြော်>>
(၁) မြန်မာအိမ်ရှင်မများကတော့ များသောအားဖြင့်
မီးပူပူမှာကြက်သွန်ဖြူလေးတပြားရိုက် ဆီသတ်ပြီး၊ ဆီပူလာရင်အိုးထဲကို ပန်း
ဂေါ်ဖီစိမ်းပစ်ထဲ့ကာ ဟင်းခတ်ကြက်သားမှုန့်နှင့် ဆားအနဲငယ်စီထဲ့ပြီး၊
ခေတ္တအဖုံးဖုံးပါတယ်။ ၂-မိနစ်လောက်အကြာမှာ အိုးပေါ်က ချပြီး
ပန်းကန်ပြားပေါ်ပြောင်းထဲ့ကာ ရနံ့အတွက် ငရုပ်ကောင်းမှုန်
့လေးနဲနဲဖြူးစားလိုက်တာပါဘဲ။ ဒါကတော့ ရိုးရိုးဘရိုကိုလီ သက်
သက်လွတ်ကြော်လေးပါ။ (၂) အိုးပေါ်ကချခါနီး ကြက်ဥ (သို့) ဘဲဥ ဖောက်ထဲ့ကာ
နှံ့အောင်မွှေပြီး ကြော်တာကတော့တမျိုးပါ။ ဒီ ဘရိုကိုလီကြော်ကိုတော့
ငရုပ်ကောင်းမှုန့်ဖြူးလေ့မရှိပါဘူး။ (၃) နောက်တစ်နည်းကတော့ ဝက်သား (သို
့) ကြက်သားတို့ကို ကြို တင်ပြုတ်ထားပြီး၊ ခပ်ပါးပါးလေးတွေလှီးထားပါတယ်။
ကြက်သွန်ဖြူ နှင့် ဂျင်းတို့ကိုဆီသတ်ပြီးရင် စောစောကလှီးထားတဲ့ ကြက်
(သို့) ဝက်သား တို့ကို ပန်းဂေါ်ဖီစိမ်းနဲ့တပြိုင်တည်း
အိုးထဲထဲ့ကြော်တဲ့နည်းပါ။ ငရုပ်ကောင်းမှုန့်လေးဖြူးစားရင် အလွန်လိုက်ဖက်
ပါတယ်။ (၄) အသားမဟုတ်ဘဲ ပင်လယ်စာနဲ့လဲ ကြော်စားလို့ကောင်းတာပါဘဲ။
ပန်းဂေါ်ဖီစိမ်းကို ဆီနဲနဲနဲ့ ရေလေးဖြန်းပြီး အရင်ကြော်ကာ၊
ပင်လယ်စာတစ်မျိုးဖြစ်တဲ့ ကင်းပွန်(ပြည်ကြီးငါး)ပါးပါးလှီးပြီး၊ ခရုဆီနဲနဲ
ထဲ့ကာ အချိုအငန် အစပ်အဟပ်တဲ့ပြီဆိုရင် ငရုပ်ကောင်းလေးဖြူးပြီး
အိုးချရုံပါဘဲ။ အရည်ဆမ်းစား၊ သောက်စားလို့ရအောင် ဆီပြန်ရေကျန်လေး
ကြော်စားရင်ပိုကောင်း ပါတယ်။ ကင်းပွန်(ပြည်ကြီးငါး)အစား ပုဇွန်နဲ
့ကြော်စားရင်လည်းကောင်းတာပါဘဲ။ (၅) ထမင်းကြော်/ အစိမ်းကြော်တွေမှာလဲ
ပန်းဂေါ်ဖီစိမ်းပွင့်လေးတွေကို ရှည်ရှည်ပါးပါးလေးတွေလှီးပြီး ကြော်စားလို
့ရပါတယ်။ (၆)ခုနောက်ဆုံးနည်းကတော့ အိမ်မှာ တခါတလေမှသာ
ကြော်စားလေ့ရှိပြီး၊ စားသောက်ဆိုင်များမှာကြော်လေ့ရှိတဲ့ နည်းလေးပါဘဲ။
ကြက်သွန်ဖြူ နှင့် ဂျင်းတို့ကို ဆီသတ်ပြီး ဘရိုကိုလီ၊ ရေစိမ်ထားတဲ့
ကျောက်ပွင့်အဖြူရောင်၊ ငရုပ်ပွအနီ/အစိမ်း တို့ကို ပဲငံပြာရည်၊ ဆား၊
ကြက်သားမှုန့်တို့ ထည့်ပြီးကြော်တာပါ။ သက်သက်လွတ် (သို့) နှစ်သက်ရာ
အသားနဲ့လဲ ကြော်စားလို့ကောင်းပါတယ်။

<<ဘရိုကိုလီသုပ်>>
(၁) အစိမ်းသုပ်စားရင် နဲနဲမာဆတ်ဆတ်ဖြစ်ကာ၊ စိမ်းနံ့ရတာမို့
ရေဆူဆူမှာပြုတ်ပြီးသုပ်စားတာအကောင်းဆုံးပါ။ ပန်းဂေါ်ဖီစိမ်း
လေးတွေပျော့မသွားအောင် ၂-မိနစ်မှျှသာပြုတ်ပြီး၊
ရေအေးအေးထဲချက်ချင်းပြောင်းစိမ်ပေးရပါမယ်။ အားရပါးရနယ်ဖတ်လို့ကောင်း
အောင် ဇလုံကြီးကြီးတစ်လုံးထဲမှာ ပန်းဂေါ်ဖီစိမ်း၊ ပါးပါးလှီးထားတဲ့
မုန်လာဥနီ/ကြက်သွန်နီ/ခရမ်းချဉ်သီး၊ မြေပဲဆန်ထောင်း၊ ပုဇွန် ခြောက်မှုန်
့၊ ပဲဆီအနဲငယ်၊ ဆား၊ ကြက်သားမှုန့်တို့ထည့်ပြီးသမအောင်နယ်ပါတယ်။
ချဉ်ချဉ်စပ်စပ်ကြိုက်ရင် ငရုပ်သီးစိမ်းနဲ့ သံပုရာ သီးတို့ကို
လိုသလောက်ထဲ့သုပ်ကာ၊ အပေါ်က ကြက်သွန်နီဆီချက်ဖြူးထားတဲ့ မြန်မာဆန်ဆန်
ချဉ်စပ်သုပ်ကလေးပါ။ ထမင်းမြိန် စေတဲ့ ဟင်းတစ်ခွက်ပါဘဲ။ (၂) အကယ်၍
ကြက်သွန်နီဆီချက်မဖြူးဘဲ၊ ပဲငံပြာရည် နဲ့ နှမ်းအမဲရောင်လေးတွေကိုဖြူးထဲ့
သုပ်လည်း စားနိုင်ပါတယ်။ (၃) နောက်ပြီး မာလာဟင်းရယ်လို့ ခေတ်စားနေတဲ့
အသီးအရွက်သုပ်ကို ကန့်သတ်ချက်မရှိဘဲ မိမိနှစ်သက်တဲ့
အသီးအရွက်မျိုးစုံကို ထဲ့လို့ရတာမို့၊ မုန်လာဥနီ၊ မုန်ညင်းဖြူ၊
ကြာစွယ်၊ ဝဥ၊ အော်ဆွန်းတို့နဲ့အတူ ပန်းဂေါ်ဖီစိမ်းကိုပါ ရောနှော ကာ၊
ခပ်စိမ်းစိမ်းရေနွေးဖြောပြီး သုပ်စားလို့လဲရတယ်နော်။ (၄) ယနေ
့အနောက်နိုင်ငံများမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းရွက်သုပ်တွေကို နေ
့စဉ်သုံးအစားအစာအဖြစ် သုပ်စားလေ့ရှိကြပါတယ်။ သူတို့ကတော့ ချိစ် (သို့)
မရောနိစ် Mayonnaise ကို အပူပေးပြီး အနဲငယ်ထဲ့သုပ်လေ့ရှိပါတယ်။
၎င်းနိုင်ငံများမှာ ကြက်သားမှုန့်အစား ပျားရည်နဲ့သကြားတို
့ကိုထဲ့ကြပြီး၊ သံပုရာရည် အစား ဗနီဂါ အရည်ကိုသုံးကြပါတယ်။ << ဘရိုကိုလီပေါင်း >>
(၁) ဘရိုကိုလီပေါင်းတယ်ဆိုပေမယ့်၊ အလုမ်မရှုပ်မခက်ခဲပါဘူး။
အိမ်မှာထမင်းပေါင်းအိုးရှိရင်ဘဲ လုပ်ရတာလွယ်ကူလို့ ရုံးအားလပ် ရက်တွေမှာ
အဆာပြေ နေ့လည်စာအဖြစ် လုပ်စားနိုင်ပါတယ်။ ပေါင်းအိုးထဲမှာ ရေ၊ သကြားနဲ
့ ဆားတို့ထဲ့ပြီး၊ အပေါ် က ပေါင်းခံဇကာထဲမှာ၊ စတီးပန်းကန်ပြားထဲ့၍
ပန်းဂေါ်ဖီစိမ်းတွေကိုအတုံးကြီးကြီးတုံးကာ ရေစင်အောင်ဆေးထဲ့ပြီးတော့
အဖုံးလုံ အောင်ပိတ်ကာ ပေါင်းခြင်းပါဘဲ။ ဘရိုကိုလီတို့ အရမ်းနူးအိသွားရင်
စားမကောင်းလို့၊ မီးအနေတော်မှာ အချိန် ၆ မိနစ်လောက် ပေါင်းပေးပြီး၊
အပေါ်ကနေ ထောပတ်ပူပူဆမ်းစားခြင်းပါ။ ပန်းဂေါ်ဖီစိမ်းရဲ့သဘာဝအချိုနှင့်
ထောပတ်ရနံ့မွှေးမွှေးလေးတို့က လွန်စွာလိုက်ဖက် လှတာမို့ အရသာရှိလှပါတယ်။
(၂) တရုပ်စတိုင်လ် ဘရိုကိုလီပေါင်းလုပ်စားမယ်ဆိုရင်တော့ ကြက်သွန်ဖြူဆီ
သတ်ပြီး၊ ငရုပ်သီး၊ မုန်လာဥနီ၊ ပဲငံပြာရည်၊ ခရုဆီ၊ ဆား၊ ကြက်သားမှုန်
့လောင်းထဲကာ၊ အရည်ဖျော်ထားတဲ့ကော်မှုန့်တို့ ရောထဲ့မွှေပြီး၊
အဲဒီအရောအနှောတွေကို ကြိုတင်ပေါင်းထားတဲ့
ပန်းဂေါ်ဖီအစိမ်းပေါ်လောင်းချခြင်းပါ။ ချိုချဉ်ကြော်ဆန်ဆန်
ဘရိုကိုလီပေါင်းထဲမှာ ကော်ရည်ပါလို့ ခပ်ပူပူစားသင့်ပါတယ်။
(မျောက်ခေါင်းမှိုခြောက်ကိုရေဆေးပြီး၊ ပြုတ်ထဲ့စားနိုင်ရင်တော့ အ
ကောင်းဆုံးပေါ့ရှင်)

<<ဘရိုကိုလီစွပ်ပြုတ်>>
(၁) ပန်းဂေါ်ဖီစိမ်းဟာ သားအိမ်ထဲရှိဆဲလ်များကို ကျန်းမာစေကာ၊
သားအိမ်အမြန်ကျက်စေသော အစွမ်းသတ္တိရှိလို့မီးဖွားပြီးစ မိခင်များ နှင့်
သားပျက်/သားလျောသောအမျိုးသမီးများကို ပန်းဂေါ်ဖီစိမ်းဟင်းခါး (ဝါ)
ဘရိုကိုလီစွတ်ပြုတ် တိုက်ကျွေးသင့်ပါ တယ်။ ကြက်ပြုတ်ရည်ဆူဆူထဲမှာ
ဘရိုကိုလီကို ၃ မိနစ်လောက် ခပ်စိမ်းစိမ်းတည်ပြီးနောက်
ကြက်သွန်ဖြူတပြားရိုက်ထဲ့ကာ၊ ငရုပ်ကောင်း မှုန့်လေးဖြူးပြီးသောက်ရတာပါ။
(၂) ဒါမှမဟုတ် ကြက်သွန်ဖြူ နှင့် ပဲငန်ပြာရည်အကြည်တို့ကို ဆီသတ်ပြီးတော့
ကြက်ပြုတ်ရည်၊ တို့ဟူး၊ ပန်းဂေါ်ဖီစိမ်း တို့တည်ကာ တရုပ်နံနံ (သို့)
ရှမ်းနံနံ ခပ်ပြီးသောက်ရတာလဲ ထမင်းမြိန်တဲ့ ဟင်းတစ်ခွက် ပါဘဲ။
ဘရိုကိုလီဖျော်ရည်
ပန်းဂေါ်ဖီစိမ်းကိုလဲ သစ်သီးဖျော်စက်နဲ
့ကြိတ်ကာဖျော်ရည်လုပ်သောက်နိုင်ပါတယ်။ သောက်နေကျမဟုတ်တဲ့သူတွေအတွက် ကတော့
သူ့ချည်းဘဲဆိုရင် အရသာသိပ်မကောင်းလို့၊
ပန်းသီးစိပ်ကလေးပါရောကြိတ်ထဲ့သောက်နိုင်ပါတယ်။ သံပုရာသီးလေး
ညှစ်ထဲ့လိုက်ရင် အရသာလဲပိုရှိကာ ပိုလဲမွှေးစေမှာပါ။ အဲ..ပန်းသီးရဲ
့အခွံထဲမှာလဲ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ဓာတ်တိုး ဆန့်ကျင်
ပစ္စည်းတွေအမြောက်အများပါလို့ အခွံမနွှာဘဲထဲ့ကြိတ်သောက်နော်။

Credit : Good Health

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top