iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Duwun
ရေစက်ရှိလို့ ဆုံတွေ့လာကြပြီး ရေစက်ကုန်လို့ ခွဲခွာရတဲ့ ပတ်သက်မှုမျိုးတွေကတော့ အမြဲတမ်းကြုံနေရတာပါပဲ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုယ်ချစ်မိတဲ့လူကိုပဲ ထာဝရလက်တွဲချင်ကြတာချည်းပဲလေ။ ထားမသွားနိုင်လောက်အောင် ဆွဲထားချင်မိတဲ့ မိန်းကလေးမျိုးဆိုတာ အကြောင်းကြောင်းကြောင့် ဝေးသွားရရင်တောင် ဘယ်တော့မှ အမုန်းတွေမရှိဘူး။ လွမ်းဆွတ်နေမှာ။ ယောက်ျားတွေ လက်မလွှတ်ချင်တဲ့ မိန်းကလေးမျိုးဆိုတာကတော့ ......
ပထမဆုံးတစ်ခုကတော့ မတူကွဲပြားမှုတွေကို လက်ခံနိုင်တဲ့ စိတ်ဓာတ်ပါ။ မိန်းကလေးနဲ့ယောက်ျားလေးဆိုတာ သဘာဝအရကိုက နေထိုင်ပုံစရိုက် အကျင့်တွေ မတူကြဘူး။ ဥပမာ ယောက်ျားလေးမို့ ဘော်ဒါတွေစုပြီး သောက်စားကြတယ်၊ အလွန်အကျွံမဟုတ်ဘူးဆိုရင် နားလည်ပေးတတ်တဲ့ မိန်းကလေးမျိုးပါ။
အစားထိုးမရနိုင်ဘူးဆိုတာ သိနေရင်လည်း ဘယ်သူက လက်လွှတ်ခံမလဲ။ သူ့အပေါ် အရမ်းကောင်းနေရမယ်လို့ မဆိုလိုဘူးနော်။ အပြန်အလှန် နားလည်မှု၊ ကူညီဖေးမမှုတွေရှိပြီး တခြားမိန်းကလေးတွေနဲ့မတူတဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ထားရပြီဆို ယောက်ျားလေးတွေက လက်မလွှတ်ချင်တော့ဘူး။ အမိအရ ဖမ်းဆုပ်လိုက်တော့ာတာပဲ။
နောက်တစ်ခုကတော့ သူတို့ရဲ့စိတ်နဲ့ဆိုင်သွားပြီ။ သူ့ဘဝမှာ ဒီလိုအချစ်မျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ အဲ့ဒီအချစ်ကနေလည်း ရုန်းမထွက်နိုင်လောက်အောင် ငြိတွယ်မိပြီဆိုရင် သူ့ဘက်ကစပြီး လမ်းခွဲဖို့၊ စွန့်ခွာဖို့တွေ ဘယ်တော့မှ မစဉ်းစားကြပါဘူး။ ဒါကတော့ သူ့ရဲ့ကိုယ်ပိုင်ခံစားချက်ဆိုတဲ့အတွက် ကိုယ်က ပြောင်းလဲလို့တော့မရဘူးပေါ့။ ဒါပေမဲ့ အပေါ်မှာ ပြောထားသလို အချက်မျိုးတွေနဲ့ ကိုက်ညီနေရင်လည်း ဘယ်လိုယောက်ျားမျိုးက လက်လွှတ်ချင်တော့မှာလဲနော်။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top