iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူေကာင္ေလးက ဒီလိုအခ်က္ေတြနဲ႔ကိုက္ညီေနရင္ ပ်ိဳေမတို႔ကို စြဲစြဲျမဲျမဲခ်စ္သြားမယ့္သူလို႔ ေယဘုယ်သတ္မွတ္ႏိုင္ပါတယ္။

၁။ အမွားလုပ္မိတာေတြကို မွတ္မထားတဲ့သူ ။

သူတို႔က ပ်ိဳေမတို႔ အမွားလုပ္မိတဲ့အခါ စိတ္ထဲမွတ္ထားေလ့မရွိပါဘူး။ လြယ္လြယ္ပဲ ခြင့္လႊတ္လိုက္ေလ့ရွိပါတယ္။ ဒါက သူတို႔ေပါ့ေပါ့တန္တန္ သေဘာထားလို႔မဟုတ္ေပမယ့္ ပ်ိဳေမတို႔စိတ္ဆင္းရဲမွာကို မလိုလားဘဲ ျပႆနာကို ရွည္ၾကာမေနေစခ်င္သူမို႔လို႔ပါ။

သူတို႔အေနနဲ႔ စိတ္ဆိုး စိတ္တိုရင္ေတာင္ ခဏတာပဲျဖစ္ျပီး ေမ့ပစ္လိုက္တတ္ပါတယ္။ ဒါေပမဲ့ အဲဒီလိုခြင့္လႊတ္လို႔ အေလးမထားဘဲ ေနာက္တစ္ၾကိမ္ထပ္လုပ္တာမ်ိဳးကိုေတာ့ သူတို႔မႏွစ္သက္ၾကပါဘူး။

၂။ ကိုယ့္ျပႆနာက သူ႔ျပႆနာပါပဲ ။

ပ်ိဳေမတို႔စိတ္ညစ္ေနတဲ့အခါ သူတို႔လည္းမေပ်ာ္ႏိုင္ပါဘူး။ အဲဒီျပႆနာကို ေျဖရွင္းေပးဖို႔ သူတို႔လည္းအစြမ္းကုန္ၾကိဳးစားပါလိမ့္မယ္။ သူတို႔မကူညီႏိုင္တဲ့ ျပႆနာနဲ႔ၾကံဳေနရရင္ေတာင္ ကိုယ္တိုင္ေျဖရွင္းေနရသလိုေတြးေခၚအၾကံဥာဏ္ေပးျပီး အားေပးႏွစ္သိမ့္ပါလိမ့္မယ္။

၃။ သူတို႔ ဝါသနာ၊ သူတို႔ႏွစ္သက္ရာက ပ်ိဳေမတို႔အတြက္ အက်ိဳးယုတ္မယ္၊ ထိခိုက္မယ္ဆိုရင္ မလုပ္မိေအာင္ၾကိဳးစားတဲ့သူ။

နဂိုက ပ်င္းတတ္တဲ့သူက ပ်ိဳေမတို႔အတြက္ စားစရာတစ္ခုခုလုပ္ေပးလာတာမ်ိဳး ၾကံဳဖူးၾကမွာပါ။ ဒါမွမဟုတ္ ညစ္ညစ္ပတ္ပတ္ေနတတ္တဲ့သူက သန္႔သန္႔ျပန္႔ျပန္႔ေနလာတာမ်ိဳးေပါ့။ သူတို႔စိတ္နဲ႔သူတို႔ ေျပာင္းလဲတာက ကိစၥမရွိေပမယ့္ ကိုယ့္အတြက္ သူတစ္ပါးကို ေျပာင္းလဲခိုင္းတာမ်ိဳးက မသင့္ေတာ္ပါဘူး။

၄။ ျပႆနာကို ျပီးျပတ္ေအာင္ေျဖရွင္းတတ္တဲ့သူ ။

သူတို႔က ျပႆနာျဖစ္လာရင္ တည္တည္ျငိမ္ျငိမ္ေျဖရွင္းေလ့ရွိၾကပါတယ္။ ပ်ိဳေမတို႔စိတ္ဆုိးျပီး ေအာ္ေနေငါက္ေနရင္ေတာင္ ျပႆနာရဲ႕ဇစ္ျမစ္ကို ရေအာင္ေမးျပီး ေတာင္းပန္သင့္ရင္ေတာင္းပန္တာမ်ိဳးလုပ္ျပီး ေျပလည္ေအာင္ လုပ္တတ္ၾကသူေတြပါ။

၅။ သူတို႔အျမင္မွာ ပ်ိဳေမတို႔က ဘယ္လိုေနေန လွျပီးသားသူေတြပါပဲ ။

သူတို႔က ပ်ိဳေမတို႔ ဘယ္လိုေနေန ခ်စ္ေနၾကသူေတြပါ။ တစ္ခ်ိဳ႕ကေတာ့ ပ်ိဳေမတို႔ အလွမျပင္ေလ ၾကိဳက္ေလပါပဲ။ အေၾကာင္းကေတာ့ တစ္ျခားပုရိသေတြ ပ်ိဳေမတို႔ကို ေငးမွာ သူတို႔မလိုလားလို႔ပါ။

၆။ အခ်ိန္မေရြးပ်ိဳေမတို႔အတြက္ ရွိေနတဲ့သူ ။

သူတို႔ေတြက ေပ်ာ္ရႊင္စရာအခ်ိန္ေတြမွာပဲ ပ်ိဳေမတို႔နားမွာ ရွိေနမွာမဟုတ္ပါဘူး။ အဆိုးဆံုးအေျခအေနေတြမွာ ပ်ိဳေမတို႔ဘက္က ရပ္တည္ျပီး အတူရင္ဆိုင္မယ့္သူေတြပါ။

Credit : Loveshop
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်သူကောင်လေးက ဒီလိုအချက်တွေနဲ့ကိုက်ညီနေရင် ပျိုမေတို့ကို စွဲစွဲမြဲမြဲချစ်သွားမယ့်သူလို့ ယေဘုယျသတ်မှတ်နိုင်ပါတယ်။

၁။ အမှားလုပ်မိတာတွေကို မှတ်မထားတဲ့သူ ။

သူတို့က ပျိုမေတို့ အမှားလုပ်မိတဲ့အခါ စိတ်ထဲမှတ်ထားလေ့မရှိပါဘူး။ လွယ်လွယ်ပဲ ခွင့်လွှတ်လိုက်လေ့ရှိပါတယ်။ ဒါက သူတို့ပေါ့ပေါ့တန်တန် သဘောထားလို့မဟုတ်ပေမယ့် ပျိုမေတို့စိတ်ဆင်းရဲမှာကို မလိုလားဘဲ ပြဿနာကို ရှည်ကြာမနေစေချင်သူမို့လို့ပါ။

သူတို့အနေနဲ့ စိတ်ဆိုး စိတ်တိုရင်တောင် ခဏတာပဲဖြစ်ပြီး မေ့ပစ်လိုက်တတ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုခွင့်လွှတ်လို့ အလေးမထားဘဲ နောက်တစ်ကြိမ်ထပ်လုပ်တာမျိုးကိုတော့ သူတို့မနှစ်သက်ကြပါဘူး။

၂။ ကိုယ့်ပြဿနာက သူ့ပြဿနာပါပဲ ။

ပျိုမေတို့စိတ်ညစ်နေတဲ့အခါ သူတို့လည်းမပျော်နိုင်ပါဘူး။ အဲဒီပြဿနာကို ဖြေရှင်းပေးဖို့ သူတို့လည်းအစွမ်းကုန်ကြိုးစားပါလိမ့်မယ်။ သူတို့မကူညီနိုင်တဲ့ ပြဿနာနဲ့ကြုံနေရရင်တောင် ကိုယ်တိုင်ဖြေရှင်းနေရသလိုတွေးခေါ်အကြံဉာဏ်ပေးပြီး အားပေးနှစ်သိမ့်ပါလိမ့်မယ်။

၃။ သူတို့ ဝါသနာ၊ သူတို့နှစ်သက်ရာက ပျိုမေတို့အတွက် အကျိုးယုတ်မယ်၊ ထိခိုက်မယ်ဆိုရင် မလုပ်မိအောင်ကြိုးစားတဲ့သူ။

နဂိုက ပျင်းတတ်တဲ့သူက ပျိုမေတို့အတွက် စားစရာတစ်ခုခုလုပ်ပေးလာတာမျိုး ကြုံဖူးကြမှာပါ။ ဒါမှမဟုတ် ညစ်ညစ်ပတ်ပတ်နေတတ်တဲ့သူက သန့်သန့်ပြန့်ပြန့်နေလာတာမျိုးပေါ့။ သူတို့စိတ်နဲ့သူတို့ ပြောင်းလဲတာက ကိစ္စမရှိပေမယ့် ကိုယ့်အတွက် သူတစ်ပါးကို ပြောင်းလဲခိုင်းတာမျိုးက မသင့်တော်ပါဘူး။

၄။ ပြဿနာကို ပြီးပြတ်အောင်ဖြေရှင်းတတ်တဲ့သူ ။

သူတို့က ပြဿနာဖြစ်လာရင် တည်တည်ငြိမ်ငြိမ်ဖြေရှင်းလေ့ရှိကြပါတယ်။ ပျိုမေတို့စိတ်ဆိုးပြီး အော်နေငေါက်နေရင်တောင် ပြဿနာရဲ့ဇစ်မြစ်ကို ရအောင်မေးပြီး တောင်းပန်သင့်ရင်တောင်းပန်တာမျိုးလုပ်ပြီး ပြေလည်အောင် လုပ်တတ်ကြသူတွေပါ။

၅။ သူတို့အမြင်မှာ ပျိုမေတို့က ဘယ်လိုနေနေ လှပြီးသားသူတွေပါပဲ ။

သူတို့က ပျိုမေတို့ ဘယ်လိုနေနေ ချစ်နေကြသူတွေပါ။ တစ်ချို့ကတော့ ပျိုမေတို့ အလှမပြင်လေ ကြိုက်လေပါပဲ။ အကြောင်းကတော့ တစ်ခြားပုရိသတွေ ပျိုမေတို့ကို ငေးမှာ သူတို့မလိုလားလို့ပါ။

၆။ အချိန်မရွေးပျိုမေတို့အတွက် ရှိနေတဲ့သူ ။

သူတို့တွေက ပျော်ရွှင်စရာအချိန်တွေမှာပဲ ပျိုမေတို့နားမှာ ရှိနေမှာမဟုတ်ပါဘူး။ အဆိုးဆုံးအခြေအနေတွေမှာ ပျိုမေတို့ဘက်က ရပ်တည်ပြီး အတူရင်ဆိုင်မယ့်သူတွေပါ။

Credit : Loveshop

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top