iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပါေနာ္။ ေႏြရာသီဆိုေတာ့ ရာသီဥတု ပူအိုက္လို႔ အဆီျပန္ၿပီး အေရျပား ယားက်ိက်ိျဖစ္ေနလား။ ဒါဆိုရင္ေတာ့ သင့္အသားအေရအတြက္ ေႏြရာသီမွာ ဘယ္လိုဂရုစိုက္ရမလဲဆိုတာ မွ်ေဝေပးခ်င္ပါတယ္ေနာ္။

SPF ပါတဲ့ ေနေလာင္ကာခရင္မ္လိမ္းေပးပါ

သင့္အသားအေရကို ေနေရာင္ျခည္ကေန ကာကြယ္ဖို႔နဲ႔ ေနေလာင္ဒဏ္ကေန ကာကြယ္ဖို႔အတြက္ SPF ပါတဲ့ ေနေလာင္ကာခရင္မ္ကို လိမ္းေပးသင့္ပါတယ္။ အျပင္သြားသြားမသြားသြား Body Lotion လိမ္းေပးပါ။

ေကာ္ဖီနဲ႔ အသားအေရကို Scrub လုပ္ပါ

သင့္အသားအေရကို ယားယံျခင္းေတြ ဆဲလ္ေသေတြကို ဖယ္ရွားေပးဖို႔အတြက္ သၾကားနဲ႔ ေကာ္ဖီမႈန္႕အၾကမ္းကို ေရာလိုက္ပါ။ ၿပီးရင္ အုန္းဆီနည္းနည္းေရာၿပီး သင့္ရဲ႕ မ်က္ႏွာနဲ ႔ခႏၶာကိုယ္တစ္ခုလံုးကို ေသခ်ာေလး ပြတ္လိမ္းေပးလိုက္ပါ။ ေရမခ်ိဳးခင္လုပ္ေပးတာ ပိုေကာင္းပါတယ္။ ၿပီးရင္ေရခ်ိဳးေပးၿပီး Body Lotion လိမ္းေပးလုိက္ပါ။

မ်က္ႏွာေသခ်ာသစ္ေပးပါ

အျပင္ကျပန္လာရင္ျဖစ္ျဖစ္ မနက္ခင္းနဲ႔ ညအိပ္ယာမဝင္ခင္မွာ မ်က္ႏွာေသခ်ာသစ္ေပးပါ။ မိတ္ကပ္ေတြကိုလည္း တိုနာ (သို႔) မိတ္ကပ္ဖ်က္တာနဲ႔ေသခ်ာ ဖ်က္ေပးလိုက္ပါ။ ၿပီးေတာ့ မ်က္ႏွာကို မ်က္ႏွာသစ္ဆပ္ျပာနဲ႔ ေသခ်ာသစ္ေပးလိုက္ပါ။

ေရေအးေအးနဲ႔ေရခ်ိဳးပါ

မနက္ေစာေစာ ေရေအးေအးနဲ႔ ေရခ်ိဳးေပးပါ။ ညေနဖက္မွာလည္း အျပင္ကျပန္လာၿပီး ခဏနားကာ ေရခ်ိဳးေပးပါ။ ၿပီးရင္ Lotion လိမ္းေပးပါ။

ႏႈတ္ခမ္းကိုလည္းဂရုစိုက္ပါ

ေဆာင္းရာသီမွာမွ ႏႈတ္ခမ္းေျခာက္ၿပီးကြဲတာမဟုတ္ပါဘူး။ ေႏြရာသီမွာလည္း ေရဓာတ္ခမ္းေျခာက္ၿပီး ႏႈတ္ခမ္းသားေျခာက္တာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါ့အျပင္ ေလတိုက္တာေၾကာင့္၊ အပူခ်ိန္ေၾကာင့္လည္း ႏႈတ္ခမ္းသားကို ေျခာက္ေသြ႕ေစပါတယ္။ ဒါ့ေၾကာင့္ ႏႈတ္ခမ္းသားကို စိုေျပေစဖို႔ ႏႈတ္ခမ္းအဆီဆိုးတာ၊ ႏႈတ္ခမ္းကို သၾကားနဲ႔ အုန္းဆီေရာၿပီးေသခ်ာပြတ္ေပးတာမ်ိဳးလုပ္ႏိုင္ပါတယ္။

အကာအကြယ္ေတြဝတ္ပါ

အျပင္ထြက္တဲ့အခါ အက်ၤ ီ လက္ရွည္၊ ဦးထုပ္ကားကားေတြ၊ ထီးေတြ စတဲ့အကာအကြယ္ယူပါ။ ဒါ့အျပင္ ေနကာမ်က္မွန္လည္း တပ္ေပးပါ။ မ်က္လံုးက အေရးအေၾကာင္းေတြကိုလည္း သက္သာေစပါတယ္။

Credit : My Style
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မင်္ဂလာပါနော်။ နွေရာသီဆိုတော့ ရာသီဥတု ပူအိုက်လို့ အဆီပြန်ပြီး အရေပြား ယားကျိကျိဖြစ်နေလား။ ဒါဆိုရင်တော့ သင့်အသားအရေအတွက် နွေရာသီမှာ ဘယ်လိုဂရုစိုက်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။

SPF ပါတဲ့ နေလောင်ကာခရင်မ်လိမ်းပေးပါ

သင့်အသားအရေကို နေရောင်ခြည်ကနေ ကာကွယ်ဖို့နဲ့ နေလောင်ဒဏ်ကနေ ကာကွယ်ဖို့အတွက် SPF ပါတဲ့ နေလောင်ကာခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ အပြင်သွားသွားမသွားသွား Body Lotion လိမ်းပေးပါ။

ကော်ဖီနဲ့ အသားအရေကို Scrub လုပ်ပါ

သင့်အသားအရေကို ယားယံခြင်းတွေ ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့အတွက် သကြားနဲ့ ကော်ဖီမှုန့်အကြမ်းကို ရောလိုက်ပါ။ ပြီးရင် အုန်းဆီနည်းနည်းရောပြီး သင့်ရဲ့ မျက်နှာနဲ့ခန္ဓာကိုယ်တစ်ခုလုံးကို သေချာလေး ပွတ်လိမ်းပေးလိုက်ပါ။ ရေမချိုးခင်လုပ်ပေးတာ ပိုကောင်းပါတယ်။ ပြီးရင်ရေချိုးပေးပြီး Body Lotion လိမ်းပေးလိုက်ပါ။

မျက်နှာသေချာသစ်ပေးပါ

အပြင်ကပြန်လာရင်ဖြစ်ဖြစ် မနက်ခင်းနဲ့ ညအိပ်ယာမဝင်ခင်မှာ မျက်နှာသေချာသစ်ပေးပါ။ မိတ်ကပ်တွေကိုလည်း တိုနာ (သို့) မိတ်ကပ်ဖျက်တာနဲ့သေချာ ဖျက်ပေးလိုက်ပါ။ ပြီးတော့ မျက်နှာကို မျက်နှာသစ်ဆပ်ပြာနဲ့ သေချာသစ်ပေးလိုက်ပါ။

ရေအေးအေးနဲ့ရေချိုးပါ

မနက်စောစော ရေအေးအေးနဲ့ ရေချိုးပေးပါ။ ညနေဖက်မှာလည်း အပြင်ကပြန်လာပြီး ခဏနားကာ ရေချိုးပေးပါ။ ပြီးရင် Lotion လိမ်းပေးပါ။

နှုတ်ခမ်းကိုလည်းဂရုစိုက်ပါ

ဆောင်းရာသီမှာမှ နှုတ်ခမ်းခြောက်ပြီးကွဲတာမဟုတ်ပါဘူး။ နွေရာသီမှာလည်း ရေဓာတ်ခမ်းခြောက်ပြီး နှုတ်ခမ်းသားခြောက်တာမျိုးဖြစ်တတ်ပါတယ်။ ဒါ့အပြင် လေတိုက်တာကြောင့်၊ အပူချိန်ကြောင့်လည်း နှုတ်ခမ်းသားကို ခြောက်သွေ့စေပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းသားကို စိုပြေစေဖို့ နှုတ်ခမ်းအဆီဆိုးတာ၊ နှုတ်ခမ်းကို သကြားနဲ့ အုန်းဆီရောပြီးသေချာပွတ်ပေးတာမျိုးလုပ်နိုင်ပါတယ်။

အကာအကွယ်တွေဝတ်ပါ

အပြင်ထွက်တဲ့အခါ အင်္ကျ ီ လက်ရှည်၊ ဦးထုပ်ကားကားတွေ၊ ထီးတွေ စတဲ့အကာအကွယ်ယူပါ။ ဒါ့အပြင် နေကာမျက်မှန်လည်း တပ်ပေးပါ။ မျက်လုံးက အရေးအကြောင်းတွေကိုလည်း သက်သာစေပါတယ်။

Credit : My Style

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top