iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔ၿပီးတစ္ေန႔ အဆင္မေျပတာေတြနဲ႔ပဲ ျဖတ္သန္းေနရလို႔ စိတ္ညစ္ေနတဲ့ မဒီေလးတုိ႔အတြက္ ဒါေလးကို ေရးေပးလိုက္တယ္ေနာ္။ စိတ္အားငယ္ၿပီး ဝမ္းနည္းေနတဲ့ အေျခအေနကို မလိုခ်င္ဘူးမဟုတ္လား။ ဒါဆိုရင္ ဒါေလးေတြ လုပ္ၾကည့္ရေအာင္ပါ။

၁။ ပန္းတုိင္ခ်

မနက္ျဖန္ ဘာလုပ္မယ္ဆုိတာကို ညအိပ္ရာမဝင္ခင္တည္းက ႀကိဳေတြးထားပါ။ ေနာက္ေန႔အိပ္ရာကႏိုးတာနဲ႔ ကိုယ့္ကိုယ္ကိုယ္ သတိေပးပါ။ လုပ္စရာရွိတဲ့အရာကို ျဖစ္ေျမာက္ေအာင္ လုပ္မယ္ဆုိတဲ့စိတ္ကို ေမြးလိုက္ရင္ တက္ၾကြလာလိမ့္မယ္။

၂။ တစ္ကိုယ္ရည္သန္႔ရွင္းမႈ

စိတ္အရမ္းညစ္ေနရင္ ေရခ်ိဳးေခါင္းေလွ်ာ္ပစ္လိုက္။ တစ္ကိုယ္လံုး သန္႔ရွင္းေမႊးႀကိဳင္ေနရင္ လူေရာစိတ္ေရာ လန္းဆန္းလာလိမ့္မယ္။ ကိုယ့္ကိုယ္ကိုယ္ လွလွပပေလးျဖစ္ေအာင္ ျပင္ဆင္လိုက္ပါဦး။ မွန္ၾကည့္ၿပီး ကိုယ့္ကိုယ္ကိုယ္ သေဘာက်တဲ့အထိ ျပင္ဆင္ပါ။

၃။ ေပ်ာ္စရာအေတြး

စိတ္ညစ္စရာေတြခ်ည္း ေခါင္းထဲထည့္ထားေတာ့ ပိုစိတ္ညစ္ရတယ္။ ရွယ္ရီဆန္းဘတ္က ေျပာဖူးတယ္။ ညအိပ္ရာဝင္ခါနီးတုိင္း တစ္ေန႔တာအတြက္ ေပ်ာ္စရာကိစၥတစ္ခုခုကို ရေအာင္စဥ္းစားၿပီးမွအိပ္ပါတဲ့။ ေပ်ာ္စရာကို ၾကံဖန္ရွာေဖြတတ္လာရင္ က်င့္သားရသြားပါလိမ့္မယ္ေနာ္။

၄။ ဝယ္လို႔ရတဲ့ ေပ်ာ္စရာေတြ

အက်ႌအသစ္ေလး ဝယ္လိုက္တာမ်ိဳး၊ ကိုယ္ႀကိဳက္တဲ့ စားစရာေလး စားလိုက္တာမ်ိဳးလိုေပါ့။ အဲ့ဒီခဏမွာေတာ့ စိတ္ခ်မ္းသာသြားရမယ္ေလ။ စိတ္ေက်နပ္ ေပ်ာ္ရႊင္မႈကို ဆက္ထိန္းထားၿပီး တကယ့္ေပ်ာ္႐ႊင္မႈအစစ္ေတြဆီ အေရာက္သြားႏုိင္ပါေစေနာ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တစ်နေ့ပြီးတစ်နေ့ အဆင်မပြေတာတွေနဲ့ပဲ ဖြတ်သန်းနေရလို့ စိတ်ညစ်နေတဲ့ မဒီလေးတို့အတွက် ဒါလေးကို ရေးပေးလိုက်တယ်နော်။ စိတ်အားငယ်ပြီး ဝမ်းနည်းနေတဲ့ အခြေအနေကို မလိုချင်ဘူးမဟုတ်လား။ ဒါဆိုရင် ဒါလေးတွေ လုပ်ကြည့်ရအောင်ပါ။

၁။ ပန်းတိုင်ချ

မနက်ဖြန် ဘာလုပ်မယ်ဆိုတာကို ညအိပ်ရာမဝင်ခင်တည်းက ကြိုတွေးထားပါ။ နောက်နေ့အိပ်ရာကနိုးတာနဲ့ ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။ လုပ်စရာရှိတဲ့အရာကို ဖြစ်မြောက်အောင် လုပ်မယ်ဆိုတဲ့စိတ်ကို မွေးလိုက်ရင် တက်ကြွလာလိမ့်မယ်။

၂။ တစ်ကိုယ်ရည်သန့်ရှင်းမှု

စိတ်အရမ်းညစ်နေရင် ရေချိုးခေါင်းလျှော်ပစ်လိုက်။ တစ်ကိုယ်လုံး သန့်ရှင်းမွှေးကြိုင်နေရင် လူရောစိတ်ရော လန်းဆန်းလာလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် လှလှပပလေးဖြစ်အောင် ပြင်ဆင်လိုက်ပါဦး။ မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် သဘောကျတဲ့အထိ ပြင်ဆင်ပါ။

၃။ ပျော်စရာအတွေး

စိတ်ညစ်စရာတွေချည်း ခေါင်းထဲထည့်ထားတော့ ပိုစိတ်ညစ်ရတယ်။ ရှယ်ရီဆန်းဘတ်က ပြောဖူးတယ်။ ညအိပ်ရာဝင်ခါနီးတိုင်း တစ်နေ့တာအတွက် ပျော်စရာကိစ္စတစ်ခုခုကို ရအောင်စဉ်းစားပြီးမှအိပ်ပါတဲ့။ ပျော်စရာကို ကြံဖန်ရှာဖွေတတ်လာရင် ကျင့်သားရသွားပါလိမ့်မယ်နော်။

၄။ ဝယ်လို့ရတဲ့ ပျော်စရာတွေ

အကျႌအသစ်လေး ဝယ်လိုက်တာမျိုး၊ ကိုယ်ကြိုက်တဲ့ စားစရာလေး စားလိုက်တာမျိုးလိုပေါ့။ အဲ့ဒီခဏမှာတော့ စိတ်ချမ်းသာသွားရမယ်လေ။ စိတ်ကျေနပ် ပျော်ရွှင်မှုကို ဆက်ထိန်းထားပြီး တကယ့်ပျော်ရွှင်မှုအစစ်တွေဆီ အရောက်သွားနိုင်ပါစေနော်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top