iMyanmarHouse.com - Best Property Website for Myanmar
×
၁။ စိတ်ဖိစီးခြင်း
၆။ ယောက်ျား မပီသတော့ရင်
Source : Mirror
Credit : Duwun
အမျိုးသားတွေဟာ များသောအားဖြင့် ကျန်းမာရေးကို ဂရုမစိုက်တတ်သူတွေဖြစ်ပါတယ်။ တော်ရုံဖျားတာလောက်ဆိုရင်လည်း ဆေးခန်းသွားဖို့ တွန့်ဆုတ်တတ်ကြပါတယ်။
အမျိုးသားတွေ ဘယ်တော့မှ လျစ်လျူမရှုသင့်တဲ့ ကျန်းမာရေးလက္ခဏာ (၇) ခုရှိပါတယ်။
၁။ စိတ်ဖိစီးခြင်း
ကာလကြာရှည်အောင် စိတ်ဖိစီးမှု များနေရင် အမျိုးသားတွေဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှု ဖြစ်နိုင်ချေပိုများတယ်လို့ ဆိုပါတယ်။
၂။ အမျိုးသားအင်္ဂါတွင် အကျိတ်ထွက်ခြင်း
ဒီလိုဖြစ်လာရင် မြန်နိုင်သလောက်မြန်မြန် ဆရာဝန်ဆီသွားသင့်ပါတယ်။ ကင်ဆာနဲ့ ဆက်စပ်နေလား ဆိုတာ သိရအောင် လျစ်လျူမရှုသင့်ပါဘူး။
၃။ ချောင်းဆိုးတာ မပျောက်ရင်
ကာလကြာရှည် ချောင်းဆိုးနေတာလည်း အမျိုးသားတွေအတွက် အရေးကြီးပါတယ်။ လည်ချောင်းကင်ဆာမဖြစ်တာ သေချာအောင်ဆရာဝန်နဲ့ ပြရမှာဖြစ်ပါတယ်။ လည်ချောင်းကင်ဆာဟာ အမျိုးသားတွေမှာ ဒုတိယအဖြစ်အများဆုံးပါ။
၄။ သွားဖုံးသွေးထွက်နေရင်
သွားဖုံးသွေးထွက်လေ့ရှိတာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအများကြီး ရှိပါတယ်။ အမျိုးသားတွေ ပိုဂရုစိုက်ရမှာဖြစ်ပြီး နောက်ပိုင်းမှာ ဆီးချို၊ နှလုံးနဲ့ ဆိုင်တဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
၅။ ပုံမှန်မဟုတ်တဲ့ မှည့်တွေပေါက်လာရင်
အသက်ကြီးလာမှ ဟိုနေရာ၊ ဒီနေရာမှာ မှည့်တွေပေါ်လာရင် ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ အရေပြား ကင်ဆာရဲ့ လက္ခဏာတွေထဲမှာ မှည့်တွေ ပေါက်လာခြင်းလည်း ပါဝင်ပါတယ်။
၆။ ယောက်ျား မပီသတော့ရင်
ကိုယ်လက်နှီးနှောတဲ့အခါ စိတ်တိုင်းမကျဖြစ်နေပြီး သုတ်လွှတ်မြန်နေတာမျိုး၊ ပန်းညှိုးနေတာမျိုးတွေ ဖြစ်နေရင်ဆိုရင်လည်း ဆရာဝန်ဆီ ပြဖို့ ရှက်မနေသင့်ပါဘူး။
Source : Mirror
Credit : Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top