iMyanmarHouse.com - Best Property Website for Myanmar
×

ခႏၶာကိုယ္အတြက္ အထူးသင့္ေတာ္ေပမယ့္ တခ်ဳိ႕ေသာသူေတြကေတာ့ သူ႔အနံ႔ေၾကာင့္ အနားေတာင္မကပ္ပဲ ေရွာင္ဖယ္သြားတတ္ၾကပါတယ္။ အနံ႔ေၾကာင့္ ျပင္းျပင္းထန္ထန္ျငင္းပယ္ၾကေပမယ့္ တကယ္တမ္းေလ့လာၾကည့္တဲ့အခါ ရလာမယ့္အာဟာရတန္ဖိုးက အလြန္မ်ားျပားပါတယ္။ အသက္ရြယ္ႀကီးရင့္မွဳကို ဟန္႔တားေပးႏိုင္ၿပီး မရွိမျဖစ္လိုအပ္တဲ့ ေသြးနီဥေတြကိုလည္း တိုးပြားေစတဲ့အရာပါ။

ဒီတစ္ပတ္ေ၀မွ်ေပးခ်င္တာကေတာ့ အျပင္ကိုဆူးေတြနဲ႔ကာရံထားၿပီး ပံုမွန္အသီးေတြထက္အနံ႔ပိုျပင္းတဲ့ ဒူရင္းသီးပါ။ အသီးေတြရဲ႕ဘုရင္လို႔ေတာင္တင္စားၾကၿပီး အပူပိုင္းေဒသေတြမွာေပါက္ေရာက္ေလ့ရွိပါတယ္။ အထူးသျဖင့္ အေရွ႔ေတာင္အာရွႏိုင္ငံေတြမွာ အေတြ႔ရအမ်ားဆံုး အသီးလည္းျဖစ္ပါတယ္။ အေရွ႔ေတာင္အာရွႏုိင္ငံသားေတြကေတာ့ ဒူရင္းသီးဆို အသီးလိုအျပင္ မုန္႔နဲ႔သေရစာေတြမွာပါ ထည့္သြင္းအသံုးျပဳတဲ့အထိ စဲြလမ္းႏွစ္ၿခိဳက္စြာ စားသံုးေလ့ရွိၾကပါတယ္။ သူ႔ရဲ႕ျပင္းရွတဲ့အနံ႔ေၾကာင့္ အမ်ားျပည္သူသံုးယာဥ္ေပၚ၊ စားေသာက္ဆိုင္၊ ဟိုတယ္ေတြထဲ သယ္ေဆာင္ခြင့္ပိတ္ပင္ထားပါတယ္။

ဒူးရင္းသီမွာ ဗီတာမင္၊ ပရိုတင္း၊ ေရဓာတ္နဲ႔ phytonutrients ပါ၀င္တာေၾကာင့္ ကိုယ္ခံအားစနစ္ေကာင္းေစၿပီး အစာေၾကလြယ္ပါတယ္။ ဒီ့ျပင္ အရုိးအဆစ္သန္မာေစသလို ညဘက္အိပ္မေပ်ာ္ေရာဂါနဲ႔ ကင္ဆာေရာဂါေတြကိုပါ ကာကြယ္ေပးႏုိင္ပါတယ္။

ဒူးရင္းသီးမွာပါတဲ့ က်န္းမာေရးအတြက္ေကာင္းေစတဲ့ အာဟာရတန္ဖိုးအမ်ားႀကီးထဲကမွ အဓိကအခ်က္သံုးခ်က္ကို ေ၀မွ်ေပးခ်င္ပါတယ္။ ပထမဆံုးအခ်က္ကေတာ့ အိုမင္းရင့္ေရာ္မွဳကို တားဆီးေပးတာပါ။ antioxidants ပါတာေၾကာင့္ အသက္အရြယ္ႀကီးရင့္ေစတဲ့ free radicals ေတြကို ေလ်ာ့ခ်ေပးပါတယ္။ မ်က္ႏွာေပၚက အေရးအေၾကာင္း၊ အစက္အေျပာက္နဲ႔ ဆံပင္ကၽြတ္ျခင္းကိုပါ သက္သာေစတဲ့အသီးပါ။ ဒီ့ျပင္ သြားက်ဳိးျခင္းနဲ႔ အဆစ္ေရာင္ေရာဂါေတြကိုပါ ကာကြယ္ေပးႏိုင္စြမ္းရွိပါတယ္။

ဒုတိယအခ်က္က မ်က္ရည္အိတ္ျဖစ္ျခင္းကို သက္သာေစတာပါ။ ဒူးရင္းမွာ tryptophan လို႔ေခၚတဲ့ သဘာ၀ဓာတုပစၥည္းတစ္မ်ဳိးဟာ စိတ္ပင္ပန္းမွဳေတြကို ေလ်ာ့က်ေစၿပီး ဦးေႏွာက္အနားယူႏိုင္ေအာင္ ဖန္တီးေပးပါတယ္။ မ်က္ရည္အိတ္ျဖစ္ျခင္းရဲ႕အဓိကတရားခံက ညဘက္အိပ္မေပ်ာ္ေရာဂါေၾကာင့္ပါ။ ဒါေၾကာင့္ ဒူးရင္းသီးစားေပးမယ္ဆိုရင္ စိတ္ေအးခ်မ္းၿပီး ေကာင္းမြန္စြာအိပ္စက္အနားယူႏိုင္မွာပါ။ ဒူးရင္းသီးမစားတဲ့သူဆိုရင္လည္း အႏွစ္ကိုယူၿပီး မ်က္လံုးေအာက္မွာလိမ္းထားမယ္ဆိုရင္လည္း သက္သာေစပါတယ္။

ေနာက္ဆံုးအခ်က္ကေတာ့ ဒူးရင္းမွာ ေဖာလစ္အက္စစ္ အမ်ားအျပားပါ၀င္တဲ့အခ်က္ပါ။ ေဖာလစ္အက္စက္က ခႏၶာကိုယ္မွာလိုအပ္တဲ့ ေသြးနီဥေတြကိုတိုးပြားေစတာေၾကာင့္ ေသြးအားနည္းေရာဂါျဖစ္ျခင္းကို ကာကြယ္ေပးပါတယ္။ ကိုယ္ခံအားစနစ္ကိုျမွင့္တင္ေပးတဲ့ ဗီတာမင္စီလည္း ပါ၀င္ပါတယ္။ ဒီလိုအာဟာရဓာတ္တန္ဖိုးေတြ အမ်ားအျပားပါ၀င္တဲ့ အသီးတို႔ရဲ႕ဘုရင္ ဒူးရင္းသီးကို အနံ႔ခံႏုိင္တယ္ဆိုရင္ ပံုမွန္စားသံုးေပးၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။

Credit : Yangon Life Myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ခန္ဓာကိုယ်အတွက် အထူးသင့်တော်ပေမယ့် တချို့သောသူတွေကတော့ သူ့အနံ့ကြောင့် အနားတောင်မကပ်ပဲ ရှောင်ဖယ်သွားတတ်ကြပါတယ်။ အနံ့ကြောင့် ပြင်းပြင်းထန်ထန်ငြင်းပယ်ကြပေမယ့် တကယ်တမ်းလေ့လာကြည့်တဲ့အခါ ရလာမယ့်အာဟာရတန်ဖိုးက အလွန်များပြားပါတယ်။ အသက်ရွယ်ကြီးရင့်မှုကို ဟန့်တားပေးနိုင်ပြီး မရှိမဖြစ်လိုအပ်တဲ့ သွေးနီဥတွေကိုလည်း တိုးပွားစေတဲ့အရာပါ။

ဒီတစ်ပတ်ဝေမျှပေးချင်တာကတော့ အပြင်ကိုဆူးတွေနဲ့ကာရံထားပြီး ပုံမှန်အသီးတွေထက်အနံ့ပိုပြင်းတဲ့ ဒူရင်းသီးပါ။ အသီးတွေရဲ့ဘုရင်လို့တောင်တင်စားကြပြီး အပူပိုင်းဒေသတွေမှာပေါက်ရောက်လေ့ရှိပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ အတွေ့ရအများဆုံး အသီးလည်းဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံသားတွေကတော့ ဒူရင်းသီးဆို အသီးလိုအပြင် မုန့်နဲ့သရေစာတွေမှာပါ ထည့်သွင်းအသုံးပြုတဲ့အထိ စွဲလမ်းနှစ်ခြိုက်စွာ စားသုံးလေ့ရှိကြပါတယ်။ သူ့ရဲ့ပြင်းရှတဲ့အနံ့ကြောင့် အများပြည်သူသုံးယာဉ်ပေါ်၊ စားသောက်ဆိုင်၊ ဟိုတယ်တွေထဲ သယ်ဆောင်ခွင့်ပိတ်ပင်ထားပါတယ်။

ဒူးရင်းသီမှာ ဗီတာမင်၊ ပရိုတင်း၊ ရေဓာတ်နဲ့ phytonutrients ပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကောင်းစေပြီး အစာကြေလွယ်ပါတယ်။ ဒီ့ပြင် အရိုးအဆစ်သန်မာစေသလို ညဘက်အိပ်မပျော်ရောဂါနဲ့ ကင်ဆာရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

ဒူးရင်းသီးမှာပါတဲ့ ကျန်းမာရေးအတွက်ကောင်းစေတဲ့ အာဟာရတန်ဖိုးအများကြီးထဲကမှ အဓိကအချက်သုံးချက်ကို ဝေမျှပေးချင်ပါတယ်။ ပထမဆုံးအချက်ကတော့ အိုမင်းရင့်ရော်မှုကို တားဆီးပေးတာပါ။ antioxidants ပါတာကြောင့် အသက်အရွယ်ကြီးရင့်စေတဲ့ free radicals တွေကို လျော့ချပေးပါတယ်။ မျက်နှာပေါ်က အရေးအကြောင်း၊ အစက်အပြောက်နဲ့ ဆံပင်ကျွတ်ခြင်းကိုပါ သက်သာစေတဲ့အသီးပါ။ ဒီ့ပြင် သွားကျိုးခြင်းနဲ့ အဆစ်ရောင်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

ဒုတိယအချက်က မျက်ရည်အိတ်ဖြစ်ခြင်းကို သက်သာစေတာပါ။ ဒူးရင်းမှာ tryptophan လို့ခေါ်တဲ့ သဘာဝဓာတုပစ္စည်းတစ်မျိုးဟာ စိတ်ပင်ပန်းမှုတွေကို လျော့ကျစေပြီး ဦးနှောက်အနားယူနိုင်အောင် ဖန်တီးပေးပါတယ်။ မျက်ရည်အိတ်ဖြစ်ခြင်းရဲ့အဓိကတရားခံက ညဘက်အိပ်မပျော်ရောဂါကြောင့်ပါ။ ဒါကြောင့် ဒူးရင်းသီးစားပေးမယ်ဆိုရင် စိတ်အေးချမ်းပြီး ကောင်းမွန်စွာအိပ်စက်အနားယူနိုင်မှာပါ။ ဒူးရင်းသီးမစားတဲ့သူဆိုရင်လည်း အနှစ်ကိုယူပြီး မျက်လုံးအောက်မှာလိမ်းထားမယ်ဆိုရင်လည်း သက်သာစေပါတယ်။

နောက်ဆုံးအချက်ကတော့ ဒူးရင်းမှာ ဖောလစ်အက်စစ် အများအပြားပါဝင်တဲ့အချက်ပါ။ ဖောလစ်အက်စက်က ခန္ဓာကိုယ်မှာလိုအပ်တဲ့ သွေးနီဥတွေကိုတိုးပွားစေတာကြောင့် သွေးအားနည်းရောဂါဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးတဲ့ ဗီတာမင်စီလည်း ပါဝင်ပါတယ်။ ဒီလိုအာဟာရဓာတ်တန်ဖိုးတွေ အများအပြားပါဝင်တဲ့ အသီးတို့ရဲ့ဘုရင် ဒူးရင်းသီးကို အနံ့ခံနိုင်တယ်ဆိုရင် ပုံမှန်စားသုံးပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

Credit : Yangon Life Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top