iMyanmarHouse.com - Best Property Website for Myanmar
×

❇❇❇ တန္ဖိုးမထားခ်င္ေနပါေလးစားမႈေတာ့႐ွိပါ ❇❇❇

– မူလီတစ္ေခ်ာင္းဟာ လမ္းမေပၚမွာ က်ေနရင္ေတာ့ ဘာမွသံုးစားမရတဲ့ အမႈိက္ျဖစ္ေနေပမယ့္ ေဒၚလာသန္းခ်ီတန္တဲ့ေလယာဥ္တစ္စီးအတြက္ေတာ့ အေရးႀကီးဆံုး အစိတ္အပိုင္းတစ္ခု ျဖစ္ေနႏိုင္တယ္။

– ခႏၶာကိုယ္ကိုရင္းၿပီး လုပ္ကိုင္စားေသာက္ေနရတဲ့ မိန္းကေလးဆိုၿပီး အထင္ေသးေတာ့မလို႔လား?
– မဟုတ္ေသးဘူးေနာ္… သူ႔ကို လက္ဖ်ားနဲ႔ေတာင္ မထိရက္ေလာက္ေအာင္ တန္ဖိုးထားတဲ့ ေယာက်္ားတစ္ေယာက္ေတာ့ သူ႔မွာ ႐ွိေနႏိုင္တယ္ေလ။

– အေတာ္မ်ားမ်ား မလုပ္ခ်င္တဲ့ စားပြဲထိုးအလုပ္ကို လုပ္ေနရတဲ့ ေကာင္ေလးဆိုၿပီး နိုင္ထက္စီးနင္းဆက္ဆံေတာ့မလို႔လား?
– မဟုတ္ေသးဘူးေနာ္…သူ႔အတြက္ ေဘးမသီ ရန္မခဖို႔ ေန႔စဥ္ ဘုရားမွာဆုေတာင္းေပးေနတဲ့ အေမတစ္ေယာက္ေတာ့ သူ႔မွာ ႐ွိေနႏိုင္တယ္ေလ။

– သူမ်ားတကာအိမ္မွာ အိမ္အကူလုပ္ေနရတဲ့ အိမ္ေဖာ္မိန္းကေလးဆိုၿပီး အႏိုင္က်င့္ေတာ့မလို႔လား?
– မဟုတ္ေသးဘူးေနာ္…သူျပန္ပို႔တဲ့ လုပ္အားခနဲ႔ ပညာသင္ၿပီး တစ္ေန႔မွာ တိုင္းျပည္ေခါင္းေဆာင္ျဖစ္လာႏိုင္တဲ့ ေမာင္ႏွမေတြ သူ႔မွာ ႐ွိေနႏိုင္တယ္ေလ။

– လူတကာ အသက္ေအာင့္ၿပီး ျဖတ္သြားေလ့႐ွိတဲ့ အမႈိက္ပံုမွာ အမႈိက္သိမ္းေနတဲ့ ေယာက်္ားဆိုၿပီး မတူမတန္သလို ဆက္ဆံေတာ့မလို႔လား?
– မဟုတ္ေသးဘူးေနာ္…သူ အလုပ္ကျပန္လာရင္ ဝမ္းသာအားရ ေျပးဖက္ၿပီး ခရီးဦးႀကိဳျပဳမယ့္ ဇနီးသည္တစ္ေယာက္ေတာ့ သူ႔မွာ ႐ွိေနႏိုင္တယ္ေလ။

– သူေဌးတစ္ေယာက္အတြက္ မန္ေနဂ်ာေတြ၊ ဘုတ္အဖြဲ႕ဝင္ေတြ၊ ႐ွယ္ယာ႐ွင္ေတြနဲ႔ CEO ေတြပဲ တန္ဖိုး႐ွိတာမဟုတ္ပါဘူး။
– ကားေမာင္းေပးမယ့္ ဒါ႐ိုင္ဘာေတြ၊ တံခါးဖြင့္ေပးမယ့္ လံုၿခံဳေရးေတြ၊ ဖိနပ္တိုက္ေပးမယ့္ အလုပ္သမားေတြနဲ႔ ခ်က္ျပဳတ္ေပးမယ့္ အိမ္အကူေတြလည္း သူေဌးတစ္ေယာက္အတြက္ မ႐ွိမျဖစ္ တန္ဖိုး႐ွိၾကပါတယ္။

– ကၽြန္ေတာ္တို႔ အဖက္လုပ္ၿပီးေတာင္ စကားမေျပာခ်င္တဲ့ ေအာက္ေျခသိမ္း အလုပ္သမားတစ္ေယာက္ဟာ သူ႔မိသားစုမွာေတာ့ အားကိုးအားထားျပဳရာ ေက်းဇူး႐ွင္ စံျပပုဂၢိဳလ္တစ္ေယာက္ ျဖစ္ေနႏိုင္တယ္ေလ။

– အၾကမ္းဖက္သမားတစ္ဦးကို တရားသူႀကီးက ေသဒဏ္ေပးတဲ့အခ်ိန္မွာ တစ္ေလာကလံုးက ေက်နပ္ေနမွာျဖစ္ေပမယ့္၊ သူ႔အတြက္ ပူေဆြးကာ ေၾကကြဲေနမယ့္ သူ႔ကိုတန္ဖိုးထားတဲ့ မိသားစုေတာ့ ႐ွိေနဦးမွာပါ။

– စားၿပီး နားမလည္လုပ္တာပဲျဖစ္ျဖစ္၊ တြဲလာတာၾကာလို႔ ႐ိုးအီလို႔ပဲျဖစ္ျဖစ္ ခ်စ္သူရဲ႕စြန္႔ပစ္ျခင္းကို ခံလိုက္ရေပမယ့္၊ ကိုယ့္အေပၚ တကယ္ခ်စ္ျမတ္ႏိုးၿပီး ထာဝရတန္ဖိုးထားမယ့္ လက္တြဲေဖာ္ခ်စ္သူတစ္ေယာက္ကို ထပ္မံ ေမွ်ာ္လင့္ႏိုင္ပါေသးတယ္။ ဘာလို႔ဆို တန္ဖိုးတစ္ခုအေပၚ ခံယူပံုျခင္း၊ ျမင္တတ္ပံုျခင္း၊ နားလည္ပံုျခင္း၊ ေလးစားတတ္ပံုျခင္း ကြာျခားၾကလို႔ပါ။

– နာဂစ္ေနာက္ပိုင္းမွာ လယ္သမားေတြက ေျမြေတြရဲ႕တန္ဖိုးကို တမ္းတပါတယ္၊ နာဂစ္မွာ ေျမြေတြ ေသကုန္ေတာ့ နာဂစ္ေနာက္ပိုင္း လယ္ယာေတြမွာ ၾကြက္ေတြ ေသာင္းက်န္းပါေလေရာ၊ အဲ့မွာ ၾကြက္ကို စားမယ့္ ေျမြက မ႐ွိေပါ့၊ အဲ့က်မွ လယ္သမားေတြခင္ဗ်ာ သူတို႔အသက္ကို ရန္႐ွာေလ့႐ွိတဲ့ ေျမြေတြရဲ႕တန္ဖိုးကို သိရပါတယ္။

– သက္႐ွိျဖစ္ျဖစ္၊ သက္မဲ့ျဖစ္ျဖစ္၊ လူျဖစ္ျဖစ္၊ တိရစာၦန္ျဖစ္ျဖစ္၊ ခ်မ္းသာသာ၊ ဆင္းရဲရဲ၊ ေသးေသး၊ ႀကီးႀကီး၊ ပညာတတ္တတ္၊ မတတ္တတ္၊ အထက္လႊာျဖစ္ျဖစ္၊ ေအာက္ေျချဖစ္ျဖစ္၊ သူ႔ေနရာနဲ႔သူ၊ သူ႔တန္ဖိုးနဲ႔သူ၊ သူတို႔ကို အစဥ္အၿမဲခ်စ္ခင္ တန္ဖိုးထားသူဆိုတာ ႐ွိစၿမဲပါ၊ အဲ့ေတာ့ေလ ဘယ္အရာကိုမဆို တန္ဖိုးမထားေပးႏိုင္ရင္ေတာင္ ေလးစားပါ။

Credit : K.W.P.M
 ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
❇❇❇ တန်ဖိုးမထားချင်နေပါလေးစားမှုတော့ရှိပါ ❇❇❇

– မူလီတစ်ချောင်းဟာ လမ်းမပေါ်မှာ ကျနေရင်တော့ ဘာမှသုံးစားမရတဲ့ အမှိုက်ဖြစ်နေပေမယ့် ဒေါ်လာသန်းချီတန်တဲ့လေယာဉ်တစ်စီးအတွက်တော့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်နေနိုင်တယ်။

– ခန္ဓာကိုယ်ကိုရင်းပြီး လုပ်ကိုင်စားသောက်နေရတဲ့ မိန်းကလေးဆိုပြီး အထင်သေးတော့မလို့လား?
– မဟုတ်သေးဘူးနော်… သူ့ကို လက်ဖျားနဲ့တောင် မထိရက်လောက်အောင် တန်ဖိုးထားတဲ့ ယောကျ်ားတစ်ယောက်တော့ သူ့မှာ ရှိနေနိုင်တယ်လေ။

– အတော်များများ မလုပ်ချင်တဲ့ စားပွဲထိုးအလုပ်ကို လုပ်နေရတဲ့ ကောင်လေးဆိုပြီး နိုင်ထက်စီးနင်းဆက်ဆံတော့မလို့လား?
– မဟုတ်သေးဘူးနော်…သူ့အတွက် ဘေးမသီ ရန်မခဖို့ နေ့စဉ် ဘုရားမှာဆုတောင်းပေးနေတဲ့ အမေတစ်ယောက်တော့ သူ့မှာ ရှိနေနိုင်တယ်လေ။

– သူများတကာအိမ်မှာ အိမ်အကူလုပ်နေရတဲ့ အိမ်ဖော်မိန်းကလေးဆိုပြီး အနိုင်ကျင့်တော့မလို့လား?
– မဟုတ်သေးဘူးနော်…သူပြန်ပို့တဲ့ လုပ်အားခနဲ့ ပညာသင်ပြီး တစ်နေ့မှာ တိုင်းပြည်ခေါင်းဆောင်ဖြစ်လာနိုင်တဲ့ မောင်နှမတွေ သူ့မှာ ရှိနေနိုင်တယ်လေ။

– လူတကာ အသက်အောင့်ပြီး ဖြတ်သွားလေ့ရှိတဲ့ အမှိုက်ပုံမှာ အမှိုက်သိမ်းနေတဲ့ ယောကျ်ားဆိုပြီး မတူမတန်သလို ဆက်ဆံတော့မလို့လား?
– မဟုတ်သေးဘူးနော်…သူ အလုပ်ကပြန်လာရင် ဝမ်းသာအားရ ပြေးဖက်ပြီး ခရီးဦးကြိုပြုမယ့် ဇနီးသည်တစ်ယောက်တော့ သူ့မှာ ရှိနေနိုင်တယ်လေ။

– သူဌေးတစ်ယောက်အတွက် မန်နေဂျာတွေ၊ ဘုတ်အဖွဲ့ဝင်တွေ၊ ရှယ်ယာရှင်တွေနဲ့ CEO တွေပဲ တန်ဖိုးရှိတာမဟုတ်ပါဘူး။
– ကားမောင်းပေးမယ့် ဒါရိုင်ဘာတွေ၊ တံခါးဖွင့်ပေးမယ့် လုံခြုံရေးတွေ၊ ဖိနပ်တိုက်ပေးမယ့် အလုပ်သမားတွေနဲ့ ချက်ပြုတ်ပေးမယ့် အိမ်အကူတွေလည်း သူဌေးတစ်ယောက်အတွက် မရှိမဖြစ် တန်ဖိုးရှိကြပါတယ်။

– ကျွန်တော်တို့ အဖက်လုပ်ပြီးတောင် စကားမပြောချင်တဲ့ အောက်ခြေသိမ်း အလုပ်သမားတစ်ယောက်ဟာ သူ့မိသားစုမှာတော့ အားကိုးအားထားပြုရာ ကျေးဇူးရှင် စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေနိုင်တယ်လေ။

– အကြမ်းဖက်သမားတစ်ဦးကို တရားသူကြီးက သေဒဏ်ပေးတဲ့အချိန်မှာ တစ်လောကလုံးက ကျေနပ်နေမှာဖြစ်ပေမယ့်၊ သူ့အတွက် ပူဆွေးကာ ကြေကွဲနေမယ့် သူ့ကိုတန်ဖိုးထားတဲ့ မိသားစုတော့ ရှိနေဦးမှာပါ။

– စားပြီး နားမလည်လုပ်တာပဲဖြစ်ဖြစ်၊ တွဲလာတာကြာလို့ ရိုးအီလို့ပဲဖြစ်ဖြစ် ချစ်သူရဲ့စွန့်ပစ်ခြင်းကို ခံလိုက်ရပေမယ့်၊ ကိုယ့်အပေါ် တကယ်ချစ်မြတ်နိုးပြီး ထာဝရတန်ဖိုးထားမယ့် လက်တွဲဖော်ချစ်သူတစ်ယောက်ကို ထပ်မံ မျှော်လင့်နိုင်ပါသေးတယ်။ ဘာလို့ဆို တန်ဖိုးတစ်ခုအပေါ် ခံယူပုံခြင်း၊ မြင်တတ်ပုံခြင်း၊ နားလည်ပုံခြင်း၊ လေးစားတတ်ပုံခြင်း ကွာခြားကြလို့ပါ။

– နာဂစ်နောက်ပိုင်းမှာ လယ်သမားတွေက မြွေတွေရဲ့တန်ဖိုးကို တမ်းတပါတယ်၊ နာဂစ်မှာ မြွေတွေ သေကုန်တော့ နာဂစ်နောက်ပိုင်း လယ်ယာတွေမှာ ကြွက်တွေ သောင်းကျန်းပါလေရော၊ အဲ့မှာ ကြွက်ကို စားမယ့် မြွေက မရှိပေါ့၊ အဲ့ကျမှ လယ်သမားတွေခင်ဗျာ သူတို့အသက်ကို ရန်ရှာလေ့ရှိတဲ့ မြွေတွေရဲ့တန်ဖိုးကို သိရပါတယ်။

– သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ်၊ လူဖြစ်ဖြစ်၊ တိရစ္ဆာန်ဖြစ်ဖြစ်၊ ချမ်းသာသာ၊ ဆင်းရဲရဲ၊ သေးသေး၊ ကြီးကြီး၊ ပညာတတ်တတ်၊ မတတ်တတ်၊ အထက်လွှာဖြစ်ဖြစ်၊ အောက်ခြေဖြစ်ဖြစ်၊ သူ့နေရာနဲ့သူ၊ သူ့တန်ဖိုးနဲ့သူ၊ သူတို့ကို အစဉ်အမြဲချစ်ခင် တန်ဖိုးထားသူဆိုတာ ရှိစမြဲပါ၊ အဲ့တော့လေ ဘယ်အရာကိုမဆို တန်ဖိုးမထားပေးနိုင်ရင်တောင် လေးစားပါ။

Credit : K.W.P.M

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top