iMyanmarHouse.com - Best Property Website for Myanmar
×

သႀကၤန္ကာလအတြင္း ရန္ကုန္ၿမိဳ႕ထဲက ေရကစားမ႑ပ္၊ ေဖ်ာ္ေျဖေရးမ႑ပ္ေတြမွာ အမိႈက္သိမ္းဆည္းေရးလုပ္ငန္းေတြ ေဆာင္ရြက္ဖုိ႔ သန္႔ရွင္းေရး၀န္ထမ္း ၈၂၃ ဦးနဲ႔ ေဆာင္ရြက္မယ္လုိ႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ပတ္၀န္းက်င္ထိန္းသိမ္းေရးႏွင့္ သန္႔ရွင္းေရးဌာနကေန သိရပါတယ္။

မဟာသႀကၤန္ကာလအတြင္း ရန္ကုန္ၿမိဳ႕ေတာ္၀န္ ဗဟုိမ႑ပ္မွာ သန္႔ရွင္းေရး၀န္ထမ္း ၃၀ ၊ အေရွ႕ပုိင္းခရိုင္ရွိ မ႑ပ္ေတြမွာ သန္႔ရွင္းေရး၀န္ထမ္း ၁၅၀ ဦး၊ အေနာက္ပုိင္းခရုိင္ ( အေနာ္ရထားလမ္း တစ္ေလွ်ာက္ မ႑ပ္ႀကီးေတြ) အတြက္ သန္႔ရွင္းေရး၀န္ထမ္း ၂၂၃ ဦး၊ ေတာင္ပုိင္းခရုိင္မွာ ၀န္ထမ္း ၁၈၀ ဦးနဲ႔ ေျမာက္ပုိင္းခရုိင္ (ပါရမီလမ္း၊ က်ိဳက္၀ိုင္းဘုရားလမ္း၊မင္းဓမၼလမ္းရွိ ေဖ်ာ္ေျဖေရးမ႑ပ္ႀကီး) ေတြအတြက္ ၂၄၀ ဦး နဲ႔ အမိႈက္သိမ္းဆည္းေရးလုပ္ငန္းေတြ ေဆာင္ရြက္မွာ ျဖစ္ပါတယ္။ေရကစားမ႑ပ္ေတြ ပိုမ်ားလာလို႔ အင္အားတိုးခ်ဲ႕ခ်ထားတာပါ။

“ဒီႏွစ္မွာေတာ့ မႏွစ္ကထက္ ေဖ်ာ္ေျဖေရးမ႑ပ္ေတြ၊ ေရကစားမ႑ပ္ေတြ ပုိမ်ားလာေတာ့ သန္႔ရွင္းေရး၀န္ထမ္းေတြကုိ အရင္ႏွစ္ထက္ ၀န္ထမ္းဦးေရ တုိးၿပီး ခ်ထားပါတယ္” လုိ႔ ပတ္၀န္းက်င္ထိန္းသိမ္းေရးႏွင့့္ သန္႔ရွင္းေရးဌာနမွ လက္ေထာက္ဌာနမွဴး ဦးေဇာ္၀င္းႏုိင္က ေျပာပါတယ္။

ဒါ့အျပင္ မဟာသၾကၤန္ကာလမွာ အမ်ားျပည္သူသံုးအိမ္သာ (ေရြ႕လ်ားအိမ္သာ) ေတြကုိလည္း လူစည္ကားရာ ေနရာေတြမွာ ထားရွိမွာ ျဖစ္ၿပီး အခမဲ့သံုးစြဲႏိုင္မွာ ျဖစ္တယ္လုိ႔ သိရပါတယ္။ လမ္းေလွ်ာက္သႀကၤန္ က်င္းပမယ့္ မဟာဗႏၵဳလပန္းၿခံမွာလည္း ေရႊ႕လ်ားအိမ္သာ ၄ လံုး အပါအ၀င္ စုစုေပါင္း ၁၈ လံုး ထားဖုိ႔ လ်ာထားတယ္လုိ႔ သိရပါတယ္။

ဒီႏွစ္သႀကၤန္မွာ ရန္ကုန္ၿမိဳ႕မွာ ေဖ်ာ္ေျဖေရးမ႑ပ္၊ ေရကစားမ႑ပ္ေပါင္း ၆၆ ခု ေဆာက္လုပ္ခြင့္ရထားၿပီး မဟာဗႏၶဳလပန္းၿခံ၊ ကန္ေတာ္ႀကီးေျမပေဒသာကၽြန္း၊ ကန္ေတာ္မင္ပန္းၿခံနဲ႔ သခင္ျမပန္းၿခံတုိ႔မွာ စတုဒီသာနဲ႔ လမ္းေလွ်ာက္သႀကၤန္ က်င္းပမယ့္သြားမယ္လို႔ သိရပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ထဲက ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်တွေမှာ အမှိုက်သိမ်းဆည်းရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သန့်ရှင်းရေးဝန်ထမ်း ၈၂၃ ဦးနဲ့ ဆောင်ရွက်မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနကနေ သိရပါတယ်။

မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တော်ဝန် ဗဟိုမဏ္ဍပ်မှာ သန့်ရှင်းရေးဝန်ထမ်း ၃၀ ၊ အရှေ့ပိုင်းခရိုင်ရှိ မဏ္ဍပ်တွေမှာ သန့်ရှင်းရေးဝန်ထမ်း ၁၅၀ ဦး၊ အနောက်ပိုင်းခရိုင် ( အနော်ရထားလမ်း တစ်လျှောက် မဏ္ဍပ်ကြီးတွေ) အတွက် သန့်ရှင်းရေးဝန်ထမ်း ၂၂၃ ဦး၊ တောင်ပိုင်းခရိုင်မှာ ဝန်ထမ်း ၁၈၀ ဦးနဲ့ မြောက်ပိုင်းခရိုင် (ပါရမီလမ်း၊ ကျိုက်ဝိုင်းဘုရားလမ်း၊မင်းဓမ္မလမ်းရှိ ဖျော်ဖြေရေးမဏ္ဍပ်ကြီး) တွေအတွက် ၂၄၀ ဦး နဲ့ အမှိုက်သိမ်းဆည်းရေးလုပ်ငန်းတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ရေကစားမဏ္ဍပ်တွေ ပိုများလာလို့ အင်အားတိုးချဲ့ချထားတာပါ။

“ဒီနှစ်မှာတော့ မနှစ်ကထက် ဖျော်ဖြေရေးမဏ္ဍပ်တွေ၊ ရေကစားမဏ္ဍပ်တွေ ပိုများလာတော့ သန့်ရှင်းရေးဝန်ထမ်းတွေကို အရင်နှစ်ထက် ဝန်ထမ်းဦးရေ တိုးပြီး ချထားပါတယ်” လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က ပြောပါတယ်။

ဒါ့အပြင် မဟာသင်္ကြန်ကာလမှာ အများပြည်သူသုံးအိမ်သာ (ရွေ့လျားအိမ်သာ) တွေကိုလည်း လူစည်ကားရာ နေရာတွေမှာ ထားရှိမှာ ဖြစ်ပြီး အခမဲ့သုံးစွဲနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လမ်းလျှောက်သင်္ကြန် ကျင်းပမယ့် မဟာဗန္ဒုလပန်းခြံမှာလည်း ရွှေ့လျားအိမ်သာ ၄ လုံး အပါအဝင် စုစုပေါင်း ၁၈ လုံး ထားဖို့ လျာထားတယ်လို့ သိရပါတယ်။

ဒီနှစ်သင်္ကြန်မှာ ရန်ကုန်မြို့မှာ ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်ပေါင်း ၆၆ ခု ဆောက်လုပ်ခွင့်ရထားပြီး မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးမြေပဒေသာကျွန်း၊ ကန်တော်မင်ပန်းခြံနဲ့ သခင်မြပန်းခြံတို့မှာ စတုဒီသာနဲ့ လမ်းလျှောက်သင်္ကြန် ကျင်းပမယ့်သွားမယ်လို့ သိရပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top