iMyanmarHouse.com - Best Property Website for Myanmar
×

အထိုင္မ်ားလာတဲ့ ဘဝေနထိုင္မႈပံုစံ၊ မ်ားျပားလွတဲ့ အသင့္စားအစားအစာေတြနဲ႔ ကိုယ္လက္လႈပ္ရွားမႈလုပ္ဖို႔ အခ်ိန္မေပးႏိုင္ေလာက္ေအာင္ မ်ားျပားလွတဲ့ ေနစဥ္လုပ္ငန္းတာဝန္ေတြေၾကာင့္ မၾကာေသးခင္ႏွစ္ေတြအတြင္း အဝလြန္တဲ့သူဦးေရေတြသိသိသာသာမ်ားလာေနပါတယ္။ ဝမွလွတာဆိုေပမယ့္ ဝရင္ခႏၶာကိုယ္ကေလးလံထိုင္းမိႈင္းလာျပီး ရုပ္ပိုင္းဆိုင္ရာမွာေရာ စိတ္ပိုင္းဆိုင္ရာမွာပါ ထိခိုက္တာမ်ိဳးေတြရွိလာႏိုင္ပါတယ္။ ခႏၶာကိုယ္က ဝလာတဲ့အခါ လွလွပပ စမတ္က်က်ေနဖို႔က နည္းနည္းေတာ့ အခက္ေတြ႔လာတာေပါ့။ ဒီလိုျဖစ္တဲ့အခါ အလြယ္လမ္းလိုက္တဲ့အေနနဲ႔ အဆီက်ေဆးေသာက္ဖို႔ေရြးခ်ယ္တာေတြ၊ အဆီက်ေကာ္ဖီဆိုတာေတြကို ေသာက္ဖို႔ေရြးခ်ယ္မိတာမ်ားမယ္ထင္ပါတယ္။ ဒါေတြက တကယ္ေရာက်န္းမာေရးနဲ႔ သင့္ေတာ္ပါ့မလား။

အရာရာတိုင္းမွာ အေကာင္းနဲ႔အဆိုးကဒြန္တြဲေနစျမဲပါ။ ဝတာက က်န္းမာေရးကိုထိခိုက္ေစႏိုင္သလို အရမ္းပိန္ေနတာမ်ိဳးက်လည္းမေကာင္းျပန္ပါဘူး။ အခုေဆာင္းပါးေလးထဲမွာ နည္းစနစ္မွန္မွန္နဲ႔ ကိုယ္အေလးခ်ိန္က်ျပီး က်န္းမာက်စ္လ်စ္တဲ့ခႏၶာကိုယ္ကို ပိုင္ဆိုင္ႏိုင္ေအာင္ဘယ္လိုလုပ္ရမလဲဆိုတာကိုေျပာျပေပးပါရေစ။
အလြယ္ကူဆံုးေသာ ကိုယ္အေလးခ်ိန္က်ေစႏိုင္မယ့္ နည္းလမ္းေတြက

ေဘာ္ဒီအခ်ိဳးအစားက်နလွပခ်င္တဲ့ ကိုိကို မမေတြစိတ္ဝင္စားမယ့္ ကိုယ္အေလးခ်ိန္က်ေစႏိုင္မယ့္ နည္းလမ္းေတြကေတာ့ –

ပရိုတင္းၾကြယ္ဝတဲ့ မနက္စာစားေပးပါ – မနက္ခင္းမွာ ပရိုတင္းၾကြယ္ဝစြာပါဝင္တဲ့ မနက္စာကို စားသံုးတာက အစာစားခ်င္စိတ္ကို ေလ်ာ့က်ေစျပီး တစ္ေန႔တာလံုး ကယ္လိုရီစားသံုးမႈပမာဏကို ေလ်ာ႔နည္းေစနိုင္ပါတယ္။

အခ်ိဳရည္ေတြကို ေရွာင္ပါ – အခ်ိဳရည္ေတြက ခႏၶာကိုယ္ကို ဝေစႏိုင္တဲ့ အဓိကအေၾကာင္းရင္းခံေတြပါ။ ဒါေၾကာင့္ အခ်ိဳရည္ကို ႏွစ္ႏွစ္သက္သက္ေသာက္ေနတယ္ဆိုရင္ေတာ့ မေသာက္ပါနဲ႔လို႔ေျပာပါရေစ။

အစားမစားခင္ နာရီဝက္အလိုမွာေရေသာက္ပါ – ေလ့လာမႈတစ္ရပ္အရ အစားအစာတစ္ခုခုမစားခင္ နာရီဝက္အလိုမွာ ေရတစ္ခြက္ေလာက္ေသာက္ေပးတာကို ၃ လေက်ာ္ၾကာလုပ္ခဲ့ျပီးတဲ့ေနာက္ ကိုယ္အေလးခ်ိန္ ၄၄ ရာခိုင္ႏႈန္းက်သြားတာကိုေတြ႔ရွိရပါတယ္။

အမွ်င္ဓာတ္ပါတဲ့ အစားအစာေတြကို စားသံုးေပးပါ -အမွ်င္ဓာတ္ပါတဲ့ အစားအစာေတြက ခႏၶာကိုယ္ အထူးသျဖင့္ ဝမ္းဗိုက္ အဆီေတြကိုေလ်ာ႔က်ေစနိုင္ပါတယ္။ ဒါေၾကာင့္ေန႔စဥ္စားသံုးတဲ့အစားအစာေတြထဲမွာ အမွ်င္ဓာတ္ပါတဲ့ အစားအစာေတြပါဝင္ေအာင္စားသံုးေပးပါ။

ေရေႏြးၾကမ္းေသာက္ပါ – ေရေႏြးၾကမ္းေသာက္တတ္တဲ့သူျဖစ္မယ္ဆိုပါက ေရေႏြးၾကမ္းေသာက္ေပးပါ။ ေကာ္ဖီၾကိဳက္ႏွစ္သက္တယ္ဆိုရင္လည္း ေကာ္ဖီေသာက္ေပးလို႔ရပါတယ္။ ကဖင္းဓာတ္က ခႏၶာကိုယ္တြင္းက ဇီဝျဖစ္စဥ္ေတြကို တိုးတက္ေကာင္းမြန္ေစႏိုင္ပါတယ္။

အသင့္စား အစားအစာေတြမစားပါနဲ႔ – ျဖစ္ႏိုင္ရင္ အိမ္မွာ ျပင္ဆင္ျပဳလုပ္တဲ့ အစားအစာေတြကိုပဲစားသံုးေပးပါ။ အသင့္စားအစားအစာေတြထဲမွာ အဆီနဲ႔အငန္ဓာတ္ေတြပါဝင္တာေၾကာင့္ ခႏၶာကိုယ္ကို ဝေစႏိုင္ပါတယ္။

အစားစားတဲ့အခါ ျဖည္းျဖည္းခ်င္းစားေပးပါ – အစားအေသာက္ကို ျမန္ျမန္စားတဲ့သူေတြက အခ်ိန္ၾကာလာတာနဲ႔အမွ် ကိုယ္အေလးခ်ိန္တက္လာတတ္ပါတယ္။ အစားအစာေတြကို ျဖည္းျဖည္းခ်င္းစားတာက ဗိုက္ျပည့္တယ္လို႔ ခံစားရေစႏိုင္ျပီး ခႏၶာကိုယ္တြင္းက ကိုယ္အေလးခ်ိန္က်ေစတဲ့ေဟာ္မုန္းေတြကိုတိုးေစနိုင္ပါတယ္။

မနက္စာမစားဘဲ မေနပါနဲ႔ – မနက္စာမစားဘဲေနတာက ကိုယ္အေလးခ်ိန္ကို မက်ေစႏိုင္ပါဘူး။ မနက္စာမစားဘဲေနလိုက္ျခင္းက ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ အာဟာရဓာတ္ေတြကို မစားမိတာမ်ိဳးပဲျဖစ္သြားေစမွာပါ။ မနက္စာမစားမိတဲ့အခါ ေနာက္ဆံုးရရွိလာမယ့္ ရလဒ္က တစ္ေနကုန္ အဆာေျပစားစရာေတြကို တသြတ္သြတ္စားမိရင္း ကိုယ္အေလးခ်ိန္တိုးလာတာပဲျဖစ္မွာပါ။

အိပ္ေရးဝဝအိပ္ပါ – ညဘက္အိပ္ေရးမဝတာကလည္း ကိုယ္အေလးခ်ိန္တက္ေစတဲ့ အေၾကာင္းအရင္းေတြထဲက တစ္ခုပါ။ ဒါေၾကာင့္ ညတိုင္း အိပ္ေရးဝဝအိပ္ဖို႔မေမ့ပါနဲ႔။

တစ္ခုခုစားျပီးတိုင္း ခံတြင္းသန္႔ရွင္းေရးလုပ္ေပးပါ – အစားတစ္ခုခုစားျပီးတိုင္း ခံတြင္းသန္႔ရွင္းေရးလုပ္ေပးတာက မလိုအပ္ဘဲ ေနာက္ထပ္အစားမစားမိေအာင္ အေထာက္အကူျဖစ္ေစပါတယ္။ သြားတိုက္ျပီးျပီးခ်င္းမွာ အစားအစာေတြရဲ႕ အရသာကိုေသခ်ာမခံစားမိႏိုင္တာေၾကာင့္လည္း မလိုအပ္ဘဲ အစားစားမိတာမ်ိဳးမျဖစ္ေအာင္ကာကြယ္ျပီးသားျဖစ္သြားပါမယ္။

ပန္းကန္အၾကီးအစား အေသးေလးေတြအသံုးျပဳပါ – ေလ့လာမႈေတြအရ အစားအေသာက္တစ္ခုခုကို စားတဲ့အခါ  ပန္းကန္ခပ္ၾကီးၾကီးေတြအစား ခပ္ေသးေသးပန္းကန္ေလးေတြအသံုးျပဳမယ္ဆိုရင္ အစားမ်ားမ်ားမစားမိေအာင္လုပ္ေဆာင္ေပးႏိုင္တယ္၊ လို႔ေတြ႔ရွိခဲ့ရပါတယ္။ ဒီအခ်က္ကလည္း ကိုယ္အေလးခ်ိန္က်ခ်င္သူေတြအတြက္ အသံုးတည့္မယ့္ အပန္းမၾကီးတဲ့အခ်က္တစ္ရပ္ပါ။

ကိုယ္လက္လႈပ္ရွားမႈရွိပါေစ – ကိုယ္လက္လႈပ္ရွားမႈရွိတာက ကိုယ္အေလးခ်ိန္က်ဖို႔အတြက္ ေတာ္ေတာ္ေလးအေထာက္အကူျပဳႏိုင္ပါတယ္။ ဒါတင္ပဲလားဆိုေတာ့ မဟုတ္ေသးပါဘူး ေန႔စဥ္ ကိုယ္လက္လႈပ္ရွားမႈကို ေတာ္သင့္ရံုပမာဏေလာက္ လုပ္ေပးမယ္ဆိုရင္ က်န္းမာေရးအတြက္ ေတာ္ေတ္ာေလးအေထာက္အကူျဖစ္ေစမွာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ က်န္းမာက်စ္လ်စ္တဲ့ခႏၶာကိုယ္ေလးရရွိေစဖို႔အတြက္ ၾကိဳးပမ္းေနတယ္ဆိုရင္ ေန႔စဥ္ ပံုမွန္ ၁၅ မိနစ္ကေန မိနစ္ ၃၀ ေလာက္အထိေလ့က်င့္ခန္းလုပ္ေပးပါ။
အဆီက်ေဆးေသာက္ဖို႔ စဥ္းစားေနသူမ်ားအတြက္

အလုပ္ခြင္လိုအပ္ခ်က္ေၾကာင့္ျဖစ္ျဖစ္ ကိုယ္တိုင္ကိုက က်စ္လ်စ္တဲ့ခႏၶာကိုယ္ေလးကို ပိုင္ဆိုင္ခ်င္တာေၾကာင့္ျဖစ္ျဖစ္ကိုယ္အေလးခ်ိန္က်ဖို႔ ၾကိဳးစားတဲ့အခါ က်န္းမာေရးနဲ႔ညီညြတ္တဲ့နည္းလမ္းနဲ႔ပဲ ကိုယ္အေလးခ်ိန္က်ေအာင္လုပ္ဖို႔ တိုက္တြန္းပါရေစ။ အခုေနာက္ပိုင္းကာလေတြမွာဆိုရင္ အဆီက်ေကာ္ဖီ၊ အဆီက်ေသာက္ေဆးဆိုျပီး ေဆးေတြအမ်ိဳးမ်ိဳးကို ပံုစံအမ်ိဳးမ်ိဳးနဲ႔ေရာင္းခ်ေနတာကို အြန္လိုင္းမွာ အမ်ားအျပားေတြ႔ေနရပါတယ္။ ဒါေတြကက်န္းမာေရးနဲ႔တကယ္ေရာညီညြတ္ရဲ႕လား။

အဆီက်ေစဖို႔ေသာက္ရတဲ့ေဆးေတြနဲ႔ အျခာေသာအရာေတြထဲမွာ က်န္းမာေရးကို အက်ိဳးမျပဳတဲ့အရာေတြေတာ္ေတ္ာမ်ားမ်ားပါဝင္ေနပါတယ္။ ဒီအရာေတြက ေမွ်ာ္လင့္မထားတဲ့ ေဘးထြက္ဆိုးက်ိဳးေတြကို ျဖစ္ေစႏိုင္ပါတယ္။ အဆီက်ေဆးေတြေသာက္သံုးမႈေၾကာင့္ ႏွလံုးခုန္ျမန္လာတာ၊ ေသြးတိုးတာ နဲ႔ ေလျဖတ္တာေတြျဖစ္နုိင္သလို အဆိုးဆံုးအေနနဲ႔ အသက္အႏၱရာယ္ထိခိုက္တာမ်ိဳးအထိျဖစ္ေစႏိုင္ပါတယ္။ FDA ရဲ႕ခြင့္ျပဳခ်က္ရထားတဲ့ ပိန္ေဆးက အနည္းငယ္သာရွိတာေၾကာင့္ မျဖစ္မေနေသာက္မယ္ဆိုရင္လည္း ဆရာဝန္နဲ႔ေသခ်ာတိုင္ပင္ျပီးမွေသာက္သင့္ပါတယ္။
ပိန္ေဆး၊အဆီက်ေဆးေတြေၾကာင့္ ဘာေတြျဖစ္ႏိုင္လဲ

အဆီက်ေဆးေတြကို မေသာက္ၾကဖို႔ေျပာရတဲ့ အဓိကအခ်က္က အဆီက်ပိန္ေဆးေတာ္ေတ္ာမ်ားမ်ားက ႏိုင္ငံတိုင္းလိုလိုမွာ FDA ခြင့္ျပဳခ်က္ရထားတာသိပ္မရွိပါဘူး။ ေသာက္သံုးလို႔ရတယ္ဆိုေပမယ့္ေတာင္ ေရရွည္မွာ ခႏၶာကိုယ္ကို ထိခိုက္ေစႏိုင္ပါတယ္။ ျမင္သာေအာင္ေျပာျပရရင္ေတာ့ အဆီက်ေဆးေတာ္ေတ္ာမ်ားမ်ားမွာ အဓိကပါဝင္ေနတာက ဝမ္းႏႈတ္ေဆးပါ။ ဝမ္းႏႈတ္ေဆးက အလြန္အကၽြံေသာက္သံုးမယ္ဆိုရင္ ခႏၶာကိုယ္ထဲက electrolyte ပမာဏမမွ်တတာမ်ိဳးျဖစ္ေစႏိုင္ပါတယ္။ ဒါ့အျပင္ပိန္ေဆးေတြထဲမွာပါတဲ့ Guarana ဆိုတဲ့ အပင္တစ္မ်ိဳးက ဆီးရႊင္ေစႏိုင္ပါတယ္။ ဒီအပင္က ကဖင္းဓာတ္ပါဝင္ေနတဲ့ အပင္တစ္မ်ိဳးျဖစ္ျပီး ေသြးေပါင္ခ်ိန္တက္တာမ်ိဳးျဖစ္ေစႏိုင္ပါတယ္။ ဒါတင္မကပါဘူး။ ခႏၶာကိုယ္ထဲမွာ မအီမသာျဖစ္တာ၊ ညီးစီစီျဖစ္တာ နဲ႔ စိတ္ဖိစီးတာမ်ိဳးေတြျဖစ္ေစႏိုင္ပါတယ္။

ဒါေတြအျပင္ ပိန္ေဆးေတြထဲမွာ ပါေလ့ရွိတဲ့ juniper berries နဲ႔ horse tail လိုမ်ိဳး အပင္ေတြကလည္း ေဆးဖက္ဝင္အပင္ေတြဆိုေပမယ့္ တန္ေဆးလြန္ေဘးဆိုသလိုပါ။ ပမာဏအရမ္းမ်ားလာမယ္ဆိုရင္ ေက်ာက္ကပ္ထိခိုက္တာနဲ႔ ဦးေႏွာက္ထိခိုက္တာေတြအပါအဝင္  ျပင္းထန္တဲ့က်န္းမာေရးေနာက္ဆက္တြဲ ျပႆနာေတြခံစားရႏိုင္ပါတယ္။

ဆီးအရမ္းရႊင္ေစတဲ့ ပိန္ေဆးေတြဆိုရင္ ေခါင္းမူးတာ၊သြားဖံုးေသြးယိုတာ၊ဝမ္းမည္းမညး္ေတြသြားတာ၊ စိတ္ရႈပ္ေထြးတာမ်ိဳးေတြခံစားရႏိုင္ပါတယ္။ sibutramine ပါဝင္ေနတဲ့ အခ်ိဳ႕ ပိန္ေဆးေတြဆိုရင္ ရုတ္တရက္ႏွလံုးရပ္တာ နဲ႔ ေလျဖတ္တာေတြျဖစ္ႏိုင္ပါတယ္။

ဒါေၾကာင့္ ခႏၶာကိုယ္ က်န္းမာက်စ္လ်စ္တဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ခ်င္တဲ့ ကိုိကိုမမေတြအေနနဲ႔ အေပၚမွာေျပာခဲ့တဲ့ နည္းေလးေတြအတိုင္းလိုက္လုပ္ၾကည့္ျပီး ကိုယ္အေလးခ်ိန္ခ်ၾကပါလို႔ တိုက္တြန္းပါရေစ။ က်န္းမာက်စ္လ်စ္ျပီး အခ်ိဳးအစားက်နလွပတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ႏိုင္ၾကပါေစေၾကာင္း။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အထိုင်များလာတဲ့ ဘဝနေထိုင်မှုပုံစံ၊ များပြားလှတဲ့ အသင့်စားအစားအစာတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မပေးနိုင်လောက်အောင် များပြားလှတဲ့ နေစဉ်လုပ်ငန်းတာဝန်တွေကြောင့် မကြာသေးခင်နှစ်တွေအတွင်း အဝလွန်တဲ့သူဦးရေတွေသိသိသာသာများလာနေပါတယ်။ ဝမှလှတာဆိုပေမယ့် ဝရင်ခန္ဓာကိုယ်ကလေးလံထိုင်းမှိုင်းလာပြီး ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်တာမျိုးတွေရှိလာနိုင်ပါတယ်။ ခန္ဓာကိုယ်က ဝလာတဲ့အခါ လှလှပပ စမတ်ကျကျနေဖို့က နည်းနည်းတော့ အခက်တွေ့လာတာပေါ့။ ဒီလိုဖြစ်တဲ့အခါ အလွယ်လမ်းလိုက်တဲ့အနေနဲ့ အဆီကျဆေးသောက်ဖို့ရွေးချယ်တာတွေ၊ အဆီကျကော်ဖီဆိုတာတွေကို သောက်ဖို့ရွေးချယ်မိတာများမယ်ထင်ပါတယ်။ ဒါတွေက တကယ်ရောကျန်းမာရေးနဲ့ သင့်တော်ပါ့မလား။

အရာရာတိုင်းမှာ အကောင်းနဲ့အဆိုးကဒွန်တွဲနေစမြဲပါ။ ဝတာက ကျန်းမာရေးကိုထိခိုက်စေနိုင်သလို အရမ်းပိန်နေတာမျိုးကျလည်းမကောင်းပြန်ပါဘူး။ အခုဆောင်းပါးလေးထဲမှာ နည်းစနစ်မှန်မှန်နဲ့ ကိုယ်အလေးချိန်ကျပြီး ကျန်းမာကျစ်လျစ်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးပါရစေ။
အလွယ်ကူဆုံးသော ကိုယ်အလေးချိန်ကျစေနိုင်မယ့် နည်းလမ်းတွေက

ဘော်ဒီအချိုးအစားကျနလှပချင်တဲ့ ကိုကို မမတွေစိတ်ဝင်စားမယ့် ကိုယ်အလေးချိန်ကျစေနိုင်မယ့် နည်းလမ်းတွေကတော့ –

ပရိုတင်းကြွယ်ဝတဲ့ မနက်စာစားပေးပါ – မနက်ခင်းမှာ ပရိုတင်းကြွယ်ဝစွာပါဝင်တဲ့ မနက်စာကို စားသုံးတာက အစာစားချင်စိတ်ကို လျော့ကျစေပြီး တစ်နေ့တာလုံး ကယ်လိုရီစားသုံးမှုပမာဏကို လျော့နည်းစေနိုင်ပါတယ်။

အချိုရည်တွေကို ရှောင်ပါ – အချိုရည်တွေက ခန္ဓာကိုယ်ကို ဝစေနိုင်တဲ့ အဓိကအကြောင်းရင်းခံတွေပါ။ ဒါကြောင့် အချိုရည်ကို နှစ်နှစ်သက်သက်သောက်နေတယ်ဆိုရင်တော့ မသောက်ပါနဲ့လို့ပြောပါရစေ။

အစားမစားခင် နာရီဝက်အလိုမှာရေသောက်ပါ – လေ့လာမှုတစ်ရပ်အရ အစားအစာတစ်ခုခုမစားခင် နာရီဝက်အလိုမှာ ရေတစ်ခွက်လောက်သောက်ပေးတာကို ၃ လကျော်ကြာလုပ်ခဲ့ပြီးတဲ့နောက် ကိုယ်အလေးချိန် ၄၄ ရာခိုင်နှုန်းကျသွားတာကိုတွေ့ရှိရပါတယ်။

အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို စားသုံးပေးပါ -အမျှင်ဓာတ်ပါတဲ့ အစားအစာတွေက ခန္ဓာကိုယ် အထူးသဖြင့် ဝမ်းဗိုက် အဆီတွေကိုလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေပါဝင်အောင်စားသုံးပေးပါ။

ရေနွေးကြမ်းသောက်ပါ – ရေနွေးကြမ်းသောက်တတ်တဲ့သူဖြစ်မယ်ဆိုပါက ရေနွေးကြမ်းသောက်ပေးပါ။ ကော်ဖီကြိုက်နှစ်သက်တယ်ဆိုရင်လည်း ကော်ဖီသောက်ပေးလို့ရပါတယ်။ ကဖင်းဓာတ်က ခန္ဓာကိုယ်တွင်းက ဇီဝဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

အသင့်စား အစားအစာတွေမစားပါနဲ့ – ဖြစ်နိုင်ရင် အိမ်မှာ ပြင်ဆင်ပြုလုပ်တဲ့ အစားအစာတွေကိုပဲစားသုံးပေးပါ။ အသင့်စားအစားအစာတွေထဲမှာ အဆီနဲ့အငန်ဓာတ်တွေပါဝင်တာကြောင့် ခန္ဓာကိုယ်ကို ဝစေနိုင်ပါတယ်။

အစားစားတဲ့အခါ ဖြည်းဖြည်းချင်းစားပေးပါ – အစားအသောက်ကို မြန်မြန်စားတဲ့သူတွေက အချိန်ကြာလာတာနဲ့အမျှ ကိုယ်အလေးချိန်တက်လာတတ်ပါတယ်။ အစားအစာတွေကို ဖြည်းဖြည်းချင်းစားတာက ဗိုက်ပြည့်တယ်လို့ ခံစားရစေနိုင်ပြီး ခန္ဓာကိုယ်တွင်းက ကိုယ်အလေးချိန်ကျစေတဲ့ဟော်မုန်းတွေကိုတိုးစေနိုင်ပါတယ်။

မနက်စာမစားဘဲ မနေပါနဲ့ – မနက်စာမစားဘဲနေတာက ကိုယ်အလေးချိန်ကို မကျစေနိုင်ပါဘူး။ မနက်စာမစားဘဲနေလိုက်ခြင်းက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို မစားမိတာမျိုးပဲဖြစ်သွားစေမှာပါ။ မနက်စာမစားမိတဲ့အခါ နောက်ဆုံးရရှိလာမယ့် ရလဒ်က တစ်နေကုန် အဆာပြေစားစရာတွေကို တသွတ်သွတ်စားမိရင်း ကိုယ်အလေးချိန်တိုးလာတာပဲဖြစ်မှာပါ။

အိပ်ရေးဝဝအိပ်ပါ – ညဘက်အိပ်ရေးမဝတာကလည်း ကိုယ်အလေးချိန်တက်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် ညတိုင်း အိပ်ရေးဝဝအိပ်ဖို့မမေ့ပါနဲ့။

တစ်ခုခုစားပြီးတိုင်း ခံတွင်းသန့်ရှင်းရေးလုပ်ပေးပါ – အစားတစ်ခုခုစားပြီးတိုင်း ခံတွင်းသန့်ရှင်းရေးလုပ်ပေးတာက မလိုအပ်ဘဲ နောက်ထပ်အစားမစားမိအောင် အထောက်အကူဖြစ်စေပါတယ်။ သွားတိုက်ပြီးပြီးချင်းမှာ အစားအစာတွေရဲ့ အရသာကိုသေချာမခံစားမိနိုင်တာကြောင့်လည်း မလိုအပ်ဘဲ အစားစားမိတာမျိုးမဖြစ်အောင်ကာကွယ်ပြီးသားဖြစ်သွားပါမယ်။

ပန်းကန်အကြီးအစား အသေးလေးတွေအသုံးပြုပါ – လေ့လာမှုတွေအရ အစားအသောက်တစ်ခုခုကို စားတဲ့အခါ  ပန်းကန်ခပ်ကြီးကြီးတွေအစား ခပ်သေးသေးပန်းကန်လေးတွေအသုံးပြုမယ်ဆိုရင် အစားများများမစားမိအောင်လုပ်ဆောင်ပေးနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ဒီအချက်ကလည်း ကိုယ်အလေးချိန်ကျချင်သူတွေအတွက် အသုံးတည့်မယ့် အပန်းမကြီးတဲ့အချက်တစ်ရပ်ပါ။

ကိုယ်လက်လှုပ်ရှားမှုရှိပါစေ – ကိုယ်လက်လှုပ်ရှားမှုရှိတာက ကိုယ်အလေးချိန်ကျဖို့အတွက် တော်တော်လေးအထောက်အကူပြုနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုကို တော်သင့်ရုံပမာဏလောက် လုပ်ပေးမယ်ဆိုရင် ကျန်းမာရေးအတွက် တော်တေ်ာလေးအထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကျန်းမာကျစ်လျစ်တဲ့ခန္ဓာကိုယ်လေးရရှိစေဖို့အတွက် ကြိုးပမ်းနေတယ်ဆိုရင် နေ့စဉ် ပုံမှန် ၁၅ မိနစ်ကနေ မိနစ် ၃၀ လောက်အထိလေ့ကျင့်ခန်းလုပ်ပေးပါ။
အဆီကျဆေးသောက်ဖို့ စဉ်းစားနေသူများအတွက်

အလုပ်ခွင်လိုအပ်ချက်ကြောင့်ဖြစ်ဖြစ် ကိုယ်တိုင်ကိုက ကျစ်လျစ်တဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ချင်တာကြောင့်ဖြစ်ဖြစ်ကိုယ်အလေးချိန်ကျဖို့ ကြိုးစားတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့နည်းလမ်းနဲ့ပဲ ကိုယ်အလေးချိန်ကျအောင်လုပ်ဖို့ တိုက်တွန်းပါရစေ။ အခုနောက်ပိုင်းကာလတွေမှာဆိုရင် အဆီကျကော်ဖီ၊ အဆီကျသောက်ဆေးဆိုပြီး ဆေးတွေအမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့ရောင်းချနေတာကို အွန်လိုင်းမှာ အများအပြားတွေ့နေရပါတယ်။ ဒါတွေကကျန်းမာရေးနဲ့တကယ်ရောညီညွတ်ရဲ့လား။

အဆီကျစေဖို့သောက်ရတဲ့ဆေးတွေနဲ့ အခြာသောအရာတွေထဲမှာ ကျန်းမာရေးကို အကျိုးမပြုတဲ့အရာတွေတော်တေ်ာများများပါဝင်နေပါတယ်။ ဒီအရာတွေက မျှော်လင့်မထားတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ အဆီကျဆေးတွေသောက်သုံးမှုကြောင့် နှလုံးခုန်မြန်လာတာ၊ သွေးတိုးတာ နဲ့ လေဖြတ်တာတွေဖြစ်နိုင်သလို အဆိုးဆုံးအနေနဲ့ အသက်အန္တရာယ်ထိခိုက်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။ FDA ရဲ့ခွင့်ပြုချက်ရထားတဲ့ ပိန်ဆေးက အနည်းငယ်သာရှိတာကြောင့် မဖြစ်မနေသောက်မယ်ဆိုရင်လည်း ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှသောက်သင့်ပါတယ်။
ပိန်ဆေး၊အဆီကျဆေးတွေကြောင့် ဘာတွေဖြစ်နိုင်လဲ

အဆီကျဆေးတွေကို မသောက်ကြဖို့ပြောရတဲ့ အဓိကအချက်က အဆီကျပိန်ဆေးတော်တေ်ာများများက နိုင်ငံတိုင်းလိုလိုမှာ FDA ခွင့်ပြုချက်ရထားတာသိပ်မရှိပါဘူး။ သောက်သုံးလို့ရတယ်ဆိုပေမယ့်တောင် ရေရှည်မှာ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ မြင်သာအောင်ပြောပြရရင်တော့ အဆီကျဆေးတော်တေ်ာများများမှာ အဓိကပါဝင်နေတာက ဝမ်းနှုတ်ဆေးပါ။ ဝမ်းနှုတ်ဆေးက အလွန်အကျွံသောက်သုံးမယ်ဆိုရင် ခန္ဓာကိုယ်ထဲက electrolyte ပမာဏမမျှတတာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင်ပိန်ဆေးတွေထဲမှာပါတဲ့ Guarana ဆိုတဲ့ အပင်တစ်မျိုးက ဆီးရွှင်စေနိုင်ပါတယ်။ ဒီအပင်က ကဖင်းဓာတ်ပါဝင်နေတဲ့ အပင်တစ်မျိုးဖြစ်ပြီး သွေးပေါင်ချိန်တက်တာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါတင်မကပါဘူး။ ခန္ဓာကိုယ်ထဲမှာ မအီမသာဖြစ်တာ၊ ညီးစီစီဖြစ်တာ နဲ့ စိတ်ဖိစီးတာမျိုးတွေဖြစ်စေနိုင်ပါတယ်။

ဒါတွေအပြင် ပိန်ဆေးတွေထဲမှာ ပါလေ့ရှိတဲ့ juniper berries နဲ့ horse tail လိုမျိုး အပင်တွေကလည်း ဆေးဖက်ဝင်အပင်တွေဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပါ။ ပမာဏအရမ်းများလာမယ်ဆိုရင် ကျောက်ကပ်ထိခိုက်တာနဲ့ ဦးနှောက်ထိခိုက်တာတွေအပါအဝင်  ပြင်းထန်တဲ့ကျန်းမာရေးနောက်ဆက်တွဲ ပြဿနာတွေခံစားရနိုင်ပါတယ်။

ဆီးအရမ်းရွှင်စေတဲ့ ပိန်ဆေးတွေဆိုရင် ခေါင်းမူးတာ၊သွားဖုံးသွေးယိုတာ၊ဝမ်းမည်းမည်းတွေသွားတာ၊ စိတ်ရှုပ်ထွေးတာမျိုးတွေခံစားရနိုင်ပါတယ်။ sibutramine ပါဝင်နေတဲ့ အချို့ ပိန်ဆေးတွေဆိုရင် ရုတ်တရက်နှလုံးရပ်တာ နဲ့ လေဖြတ်တာတွေဖြစ်နိုင်ပါတယ်။

ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တဲ့ ကိုကိုမမတွေအနေနဲ့ အပေါ်မှာပြောခဲ့တဲ့ နည်းလေးတွေအတိုင်းလိုက်လုပ်ကြည့်ပြီး ကိုယ်အလေးချိန်ချကြပါလို့ တိုက်တွန်းပါရစေ။ ကျန်းမာကျစ်လျစ်ပြီး အချိုးအစားကျနလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top