iMyanmarHouse.com - Best Property Website for Myanmar
×

Bromelain  အင္ဇိုင္းက နာနတ္သီးမွာပါဝင္တဲ့ အင္ဇိုင္းတစ္မ်ိဳးျဖစ္ၿပီး က်န္းမာေရး ျပႆနာေတြေတာ္ေတာ္မ်ားမ်ားကို ကုသေပးရာမွာအသံုးဝင္ပါတယ္။

အစာေျခစနစ္၊ အဆစ္အျမစ္နာက်င္၊ အလက္ဂ်စ္ စတာေတြကို ကုသေပးႏုိင္တဲ့အျပင္ ကင္ဆာေရာဂါကိုပါ ကာကြယ္ေပးပါတယ္။

ကင္ဆာေရာဂါကို ကာကြယ္ေပး

Bromelain မွာ ကင္ဆာေရာဂါကို ကာကြယ္ေပးႏိုင္တဲ့ အင္ဇိုင္းတစ္ခုျဖစ္ပါတယ္။ Bromelain အင္ဇုိင္းက Cytokines ဓာတ္ကိုထုတ္လုပ္ေအာင္ကူညီေပးႏိုင္ၿပီး ဒီဓာတ္က ကင္ဆာဆဲလ္ေတြ ႀကီးထြားမႈကို ေႏွာင့္ေႏွးေစပါတယ္။

အထူးသျဖင့္ ရင္သားကင္ဆာနဲ႔  အဆုတ္ကင္ဆာအတြက္ ေကာင္းပါတယ္။

အစာေျခစနစ္ကို ေထာက္ပံ့ေပး

Bromelain အင္ဇိုင္းက အစာေျခစနစ္ ကေမာက္ကမျဖစ္မႈကို ကုသေပးႏုိင္ပါတယ္။ ပရိုတင္းဓာတ္ကို အစာေျခတဲ့ေနရာမွာ ပိုၿပီး ကူညီေပးၿပီး အာဟာရဓာတ္ေတြခႏၶာကိုယ္က အမ်ားႀကီးစုပ္ယူႏို္င္ေအာင္ ကူညီေပးပါတယ္။

အစာအိမ္ေဟာင္း ေရာင္ရမ္းမႈကို ေလ်ာ့ခ်ေပးႏိုင္ၿပီး၊ ဝမ္းခ်ဳပ္တာ၊ ဝမ္းေလွ်ာတာတို႔ကိုလည္း ေလ်ာ့ခ်ေပးပါတယ္။

ခြဲစိတ္မႈေတြ၊ ဒဏ္ရာေတြကေန အျမန္ဆံုး သက္သာေအာင္ကူညီေပး

Bromelain အင္ဇိုင္းမွာ ေရာင္ရမ္းတာေတြကို ေလ်ာ့ခ်ေပးႏိုင္တဲ့ အစြမ္းေတြရွိတာေၾကာင့္ ခြဲစိတ္မႈ၊ ဒဏ္ရာေတြကို အျမန္ဆံုးက်က္ေစပါတယ္။ ေရာင္ရမ္းတာေတြကိုလည္း ေလ်ာ့ေစၿပီး အနာသက္သာေစပါတယ္။

အလက္ဂ်စ္နဲ႔ ပန္းနာရင္ၾကပ္ကိုလည္း တိုက္ခိုက္ေပး

Evidence-Based Complementary and Alternative Medicine ဂ်ာနယ္မွာ ေရးသားထားတဲ့ သုေတသနတစ္ရပ္အရ Bromelain အင္ဇိုင္းကို ၾကြက္ေတြနဲ႔ စမ္းသပ္ၾကည့္ရာ အလက္ဂ်စ္နဲ႔ ပန္းနာရင္ၾကပ္ေရာဂါကို ကုသေပးႏုိင္တာေတြ႔ရွိခဲ့ရပါတယ္။

အဆစ္အျမစ္နာက်င္ေရာင္ရမ္းတာကုိ ေလ်ာ့ခ်ေပး

Bromelain အင္ဇိုင္းက အဆစ္အျမစ္ေတြ နာက်င္တာကို ေလ်ာ့က်ေစပါတယ္။ Alternative Therapies in Health and Medicine ဂ်ာနယ္မွာပါဝင္တဲ့ သုေသတနတစ္ခုအရ အဆစ္အျမစ္နာက်င္သူေတြကို Bromelain အင္ဇိုင္း 650-Miligramကို တစ္ေန႔ ၂ ႀကိမ္ကေန ၃ ႀကိမ္ တိုက္ခဲ့ရာ အဆစ္အျမစ္နာတာရွည္ နာက်င္သူေတြထဲက ၅၀ ရာခိုင္ႏႈန္းေလာက္ သက္သာသြားတာကို ေတြ႔ရွိခဲ့ရပါတယ္။

Credit : My Food
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Bromelain  အင်ဇိုင်းက နာနတ်သီးမှာပါဝင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်ပြီး ကျန်းမာရေး ပြဿနာတွေတော်တော်များများကို ကုသပေးရာမှာအသုံးဝင်ပါတယ်။

အစာခြေစနစ်၊ အဆစ်အမြစ်နာကျင်၊ အလက်ဂျစ် စတာတွေကို ကုသပေးနိုင်တဲ့အပြင် ကင်ဆာရောဂါကိုပါ ကာကွယ်ပေးပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေး

Bromelain မှာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ အင်ဇိုင်းတစ်ခုဖြစ်ပါတယ်။ Bromelain အင်ဇိုင်းက Cytokines ဓာတ်ကိုထုတ်လုပ်အောင်ကူညီပေးနိုင်ပြီး ဒီဓာတ်က ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို နှောင့်နှေးစေပါတယ်။

အထူးသဖြင့် ရင်သားကင်ဆာနဲ့  အဆုတ်ကင်ဆာအတွက် ကောင်းပါတယ်။

အစာခြေစနစ်ကို ထောက်ပံ့ပေး

Bromelain အင်ဇိုင်းက အစာခြေစနစ် ကမောက်ကမဖြစ်မှုကို ကုသပေးနိုင်ပါတယ်။ ပရိုတင်းဓာတ်ကို အစာခြေတဲ့နေရာမှာ ပိုပြီး ကူညီပေးပြီး အာဟာရဓာတ်တွေခန္ဓာကိုယ်က အများကြီးစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။

အစာအိမ်ဟောင်း ရောင်ရမ်းမှုကို လျော့ချပေးနိုင်ပြီး၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတို့ကိုလည်း လျော့ချပေးပါတယ်။

ခွဲစိတ်မှုတွေ၊ ဒဏ်ရာတွေကနေ အမြန်ဆုံး သက်သာအောင်ကူညီပေး

Bromelain အင်ဇိုင်းမှာ ရောင်ရမ်းတာတွေကို လျော့ချပေးနိုင်တဲ့ အစွမ်းတွေရှိတာကြောင့် ခွဲစိတ်မှု၊ ဒဏ်ရာတွေကို အမြန်ဆုံးကျက်စေပါတယ်။ ရောင်ရမ်းတာတွေကိုလည်း လျော့စေပြီး အနာသက်သာစေပါတယ်။

အလက်ဂျစ်နဲ့ ပန်းနာရင်ကြပ်ကိုလည်း တိုက်ခိုက်ပေး

Evidence-Based Complementary and Alternative Medicine ဂျာနယ်မှာ ရေးသားထားတဲ့ သုတေသနတစ်ရပ်အရ Bromelain အင်ဇိုင်းကို ကြွက်တွေနဲ့ စမ်းသပ်ကြည့်ရာ အလက်ဂျစ်နဲ့ ပန်းနာရင်ကြပ်ရောဂါကို ကုသပေးနိုင်တာတွေ့ရှိခဲ့ရပါတယ်။

အဆစ်အမြစ်နာကျင်ရောင်ရမ်းတာကို လျော့ချပေး

Bromelain အင်ဇိုင်းက အဆစ်အမြစ်တွေ နာကျင်တာကို လျော့ကျစေပါတယ်။ Alternative Therapies in Health and Medicine ဂျာနယ်မှာပါဝင်တဲ့ သုသေတနတစ်ခုအရ အဆစ်အမြစ်နာကျင်သူတွေကို Bromelain အင်ဇိုင်း 650-Miligramကို တစ်နေ့ ၂ ကြိမ်ကနေ ၃ ကြိမ် တိုက်ခဲ့ရာ အဆစ်အမြစ်နာတာရှည် နာကျင်သူတွေထဲက ၅၀ ရာခိုင်နှုန်းလောက် သက်သာသွားတာကို တွေ့ရှိခဲ့ရပါတယ်။

Credit : My Food

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top