iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Mystyle
မျက်မှန် သမားတွေဟာ တစ်ခုခုစားရင်ပဲဖြစ်ဖြစ်၊ အလှပြင်ရင်ပဲဖြစ်ဖြစ် မျက်မှန်နဲ့အမြဲအဆင်မပြေဖြစ်တတ်ပါတယ်။ ဒီလိုစိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့ ကြုံတွေ့နေရတဲ့ပြဿနာလေးတွေကို ဖြေရှင်းနိုင်ဖို့ မျက်မှန်တပ်တဲ့သူတိုင်းသိထားသင့်တဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေလိုက်ပါတယ်။
ပူတဲ့အစားအစာတစ်ခုခုကို စားသောက်မိတဲ့အခါမှာ မျက်မှန်သမားတွေရဲ့ဒုက္ခက အမြဲအငွေ့ရိုက်တာပါပဲ။ ဒါကြောင့် အပူတွေစားတော့မယ်၊ သောက်တော့မယ်ဆိုရင် မျက်မှန်ကိုဆပ်ပြာခဲနဲ့အရင်ပွတ်ပြီး အဝတ်လေးနဲ့သုတ်လိုက်ပါ။ ပြီးမှစားသောက်မယ်ဆိုရင်တော့ မျက်မှန်ကို အငွေ့ရိုက်တာမျိုးလည်း မဖြစ်တော့ဘူးနော်။
မိန်းကလေးတွေမျက်မှန်တပ်တဲ့အခါမှာ mascara တွေကော့ထားရင် မျက်မှန်မှာပေသွားတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် Mascara ကော့မယ့်ဆိုရင် ဇွန်းနဲ့ခံပြီး မျက်တောင်ကိုလက်နဲ့ ကော့ပေးပါ။ ပြီးမှ Mascara နဲ့ကော့မယ်ဆိုရင်တော့ မျက်မှန်မှာလည်း Mascara တွေမပေတော့ပါဘူး။
မျက်မှန်ညစ်ပတ်နေပြီ၊ ကြည့်ရတာဝါးနေပြီဆိုရင် မျက်မှန်ကို ချက်ချင်းသန့်စင်ပေးဖို့လိုပါတယ်။ ဒါကြောင့် မှန်ကိုသွားတိုက်ဆေးနဲ့ပွတ်ပြီး အဝတ်နဲ့သုတ်လိုက်ပါ။ ဒါဆိုရင်တော့ မျက်မှန်ကကြည်လင်သွားတာကို တွေ့ရပါလိမ့်မယ်။
မျက်မှန်တပ်ထားတဲ့အခါမှာ အောက်ကိုကြည့်လိုက်ရင် မျက်မှန်ကလျောကျသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုလျောကျသွားတိုင်း ပြန်ပင့်တင်ေနေရတာမျိုးတွေမဖြစ်အောင် ပေါင်ဒါကို Brush နဲ့ယူပြီး နှာခေါင်းနဲ့ နှာခေါင်းဘေးတွေမှာ သုတ်ပေးပါ။ ပြီးမှမျက်မှန်တပ်မယ်ဆိုရင်တော့ အောက်ကိုဘယ်လောက်ငုံ့ငုံ့၊ ဘယ်လောက်ကြည့်ကြည့် မျက်မှန်က လျောကျသွားတာမျိုး လုံးဝမဖြစ်တော့ပါဘူး။
မျက်မှန်တပ်တဲ့ကိုယ့်သူငယ်ချင်းလေးတွေကိုလည်း ဒီအချက်လေးတွေကိုသိထားရအောင် လက်ဆင့်ကမ်းမျှဝေပေးဖို့ မမေ့နဲ့နော်။
Credit : Mystyle
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top