iMyanmarHouse.com - Best Property Website for Myanmar
×

ၿပီးခဲ့တဲ့ရက္ ကိုယ့္ရံုးနားရက္ေလးမွာ ကိုယ္စားခ်င္တာေလး ၀ယ္ရေအာင္ဆိုၿပီး အိမ္နားက သကၤန္းကၽြန္းဘုရားလ မ္းေစ်းကိုသြားျဖစ္တယ္…။ကိုယ္သြားခ်ိန္က 10-30 ဆိုေတာ့ ေစ်း၀ယ္သူေတာ္ေတာ္နည္းသြားၿပီ။ေစ်းကို ၀င္၀င္ခ်င္းပဲ သနပ္ခါးေတြျဖန္႔ခင္းေ ရာင္းေန တဲ့ေစ်းသည္ႏွစ္ေယာက္ေတြ႔တယ္..

ႏွစ္ေယာက္လံုးက အညာကလာတဲ့ ပံုစံေလးေတြ။ တစ္သည္ကေတာ့ အဖြားႀကီးေရာင္းတာ…။ျမင္ေနက်လည္း မဟုတ္ …သူကလည္း အတင္းေခၚတာနဲ႔ ကုသိုလ္လည္းရ သမီးေတြကိုလည္း လိမ္းေပးရတယ္… သနပ္ခါး ႀကိဳက္တဲ့ သူငယ္ ခ်င္းကိုလည္း လက္ေဆာင္ေပးမယ္ ဆိုၿပီးေတာ့ ကိုယ္ထိုင္လိုက္တယ္ဆိုရင္ပဲ…အဲ့အဖြားက အတင္းကို အမ်ားႀကီး ထိုးေ ရာင္းေတာ့တာ…။

ကိုယ့္လိုပဲ ၀ယ္ေနသူ သံုးေယာက္ကိုလည္း အမ်ားႀကီးေရာင္းေနတယ္…ကိုယ္လည္း ေစ်းဖိုးတစ္ေသာင္းေက်ာ္ပဲပါတာမို႔ ေစ်းဖိုး တစ္၀က္ ေက်ာ္ေက်ာ္ကို သံုးရင္း သနပ္ခါးေတြ အားရပါးရ ၀ယ္လာလိုက္တယ္..အိမ္ေရာက္ေတာ့ အေမကေတာ င္ ဘာလုပ္ဖို႔လဲေမးရ တဲ့အထိအမ်ားႀကီး၀ယ္လာျဖစ္တယ္။

အဲ့ဒီေန႔က စၿပီး သမီးႏွစ္ေယာက္ကို သနပ္ခါး အသစ္တံုး​ေလးပဲလိမ္းေပးျဖစ္တယ္။အဲ႔ဒီသနပ္ခါးအႏွစ္က မျဖဴေပမယ့္ ကေလးေတြမ်က္ႏွာမွာေတာ့ ေဖြးေနတာနဲ႔ အဲ့ဒီ အတံုးေလးပဲ ဆက္ လိမ္းေပးျဖစ္တယ္။

သံုးရက္ေျမာက္ေန႔မွာေတာ့ သနပ္ခါး ေသြးေနရင္း အဖက္ေလးတစ္​ခ်ပ္​ လန္ထြက္သြားတယ္…အဲ့ဒါနဲ႔ အဲ့အဖက္ကို ဖယ္လည္း ဖယ္လိုက္ေရာ…အဲ့အဖက္ေလးက လက္မွာ လာကပ္ တယ္..ခါတယ္…မက်သြားဘူး….ဒါနဲ႔….ေသခ်ာၾကည့္ ေတာ့ ျဖဴျဖဴခ်ြဲခ်ြဲေတြ….အဲ့ဒါနဲ႔ အျခားေနရာက အေပြးေတြကိုပါ အသာေလးလည္း ခြာၾကည့္ေရာ…ေရစိုတဲ့ အသားေတြ အကုန္ပဲ့ပါလာတယ္…ေကာ္အမွ်ဥ္ေတြ တန္းၿပီး ပါပါလာတာ​ေၾကာင့္​ ကၽြန္မလန္႔သြားတယ္…. ရုတ္တရက္ ….အံ့လည္း အံ့ၾသသြားတယ္… ကိုယ္မွ မျမင္ဖူးတာကိုးးး…

ဒါဆို သူတို႔ ကပ္ထားတဲ့ သနပ္ခါးနဲ႔ တူတဲ့ အဖက္ေတြက ဘာေတြလဲ ကၽြန္မမသိ….။ ကိုယ္သိတာက ကေလးေတြရဲ႕ အသားႏုႏုကို ဘာမွန္းမသိတဲ့ အဲ့ဒါေတြ လိမ္းေပးမိေလျခင္းဆိုၿပီး စိတ္လည္းတို…ေနာင္တလည္း ရမိတယ္…။

ေတာ္ေသးတာ သူငယ္ခ်င္းကိုမေပးရေသးလို႔..ဒါေတာင္ ကိုယ္၀ယ္ေနက် သရက္သီးသည္ကို လက္ေဆာင္ဆိုၿပီး တစ္တံုးေပးခဲ့မိေသးတယ္။

အဲ့ဒါနဲ႔ ၀ယ္ လာသမွ် သနပ္ခါးေတြအကုန္လံုးကို ဆပ္ျပာဆီနဲ႔ ေရေတြစိမ္လိုက္တယ္…အဲ့လို လုပ္လိုက္တယ္ ဆိုရင္ပဲ… အနီေရာင္ေတြ ထြက္လာတယ္…။ဒါေပမယ့္ သနပ္ခါး တံုးေတြက မာေနေသးတာနဲ႔ တစ္ရက္နဲ႔ တစ္ည ေရစိမ္ထား လိုက္ တယ္။ညမွာ ရံုးက ျပန္ေရာက္ေတာ႔မွ ေရစိမ္ထားတဲ့ ေသနပ္ခါးေတြကို ခြာၾကည့္တာ.. ပံုမွာ ျမင္တဲ့ အတိုင္း အနံ႔ဆိုး ဆိုးေတြနဲ႔ အတူ အခ်ပ္လိုက္..အတံုးလိုက္ ကြာက် လာတာ…ျမင္လို႔ေတာင္ မေကာင္းဘူး…။

ကၽြန္မကေတာ့ စ၀ယ္ကတည္းက အသက္ႀကီးတဲ့ အဖြားမို႔ လွဴရာေရာက္တယ္ဆိုၿပီး ၀ယ္ခဲ့တာမို႔ ကေလးေတြကို လိမ္းေ ပးမိတာကို စိတ္ပူတာက လြဲရင္ ေငြကုန္ခဲ့တာကို ေနာင္တမရပါဘူး။

ဒါေပမယ့္…ကၽြန္မ ေဘးမွာ ေရြး၀ယ္ေနတဲ့ သနပ္ခါး အေဖြးသားနဲ႔ အမ်ိဳးသမီးေတြကိုေတာ့ တစ္ကယ္ စိတ္ပူမိပါတ ယ္… အေမေျပာျပတဲ့ အေပၚယံသနပ္ခါးနဲ႔ သိပ္တူတဲ့ အေပြးလွတယ္ေျပာတဲ့ …တင္းတိတ္ျဖစ္ေစတဲ့ အေပြး အေခါက္ေတြနဲ႔ သာ ကပ္ထားတာဆိုရင္ေတာ့ လိမ္းမိသူေတြအတြက္ ေတာ္ေတာ္ေလးကို စိတ္မေကာင္းစရာပါပဲ…။

တစ္ခ်ိဳ႕ သိၿပီးသား ျဖစ္ႏိုင္ေပမယ့္ သနပ္ခါးႀကိဳက္သူေတြ သတိထားႏိုင္ေအာင္ပါ။

Credit : Naw Yar Maung
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပြီးခဲ့တဲ့ရက် ကိုယ့်ရုံးနားရက်လေးမှာ ကိုယ်စားချင်တာလေး ဝယ်ရအောင်ဆိုပြီး အိမ်နားက သင်္ကန်းကျွန်းဘုရားလ မ်းဈေးကိုသွားဖြစ်တယ်…။ကိုယ်သွားချိန်က 10-30 ဆိုတော့ ဈေးဝယ်သူတော်တော်နည်းသွားပြီ။ဈေးကို ဝင်ဝင်ချင်းပဲ သနပ်ခါးတွေဖြန့်ခင်းေ ရာင်းနေ တဲ့ဈေးသည်နှစ်ယောက်တွေ့တယ်..

နှစ်ယောက်လုံးက အညာကလာတဲ့ ပုံစံလေးတွေ။ တစ်သည်ကတော့ အဖွားကြီးရောင်းတာ…။မြင်နေကျလည်း မဟုတ် …သူကလည်း အတင်းခေါ်တာနဲ့ ကုသိုလ်လည်းရ သမီးတွေကိုလည်း လိမ်းပေးရတယ်… သနပ်ခါး ကြိုက်တဲ့ သူငယ် ချင်းကိုလည်း လက်ဆောင်ပေးမယ် ဆိုပြီးတော့ ကိုယ်ထိုင်လိုက်တယ်ဆိုရင်ပဲ…အဲ့အဖွားက အတင်းကို အများကြီး ထိုးေ ရာင်းတော့တာ…။

ကိုယ့်လိုပဲ ဝယ်နေသူ သုံးယောက်ကိုလည်း အများကြီးရောင်းနေတယ်…ကိုယ်လည်း ဈေးဖိုးတစ်သောင်းကျော်ပဲပါတာမို့ ဈေးဖိုး တစ်ဝက် ကျော်ကျော်ကို သုံးရင်း သနပ်ခါးတွေ အားရပါးရ ဝယ်လာလိုက်တယ်..အိမ်ရောက်တော့ အမေကတော င် ဘာလုပ်ဖို့လဲမေးရ တဲ့အထိအများကြီးဝယ်လာဖြစ်တယ်။

အဲ့ဒီနေ့က စပြီး သမီးနှစ်ယောက်ကို သနပ်ခါး အသစ်တုံးလေးပဲလိမ်းပေးဖြစ်တယ်။အဲ့ဒီသနပ်ခါးအနှစ်က မဖြူပေမယ့် ကလေးတွေမျက်နှာမှာတော့ ဖွေးနေတာနဲ့ အဲ့ဒီ အတုံးလေးပဲ ဆက် လိမ်းပေးဖြစ်တယ်။

သုံးရက်မြောက်နေ့မှာတော့ သနပ်ခါး သွေးနေရင်း အဖက်လေးတစ်ချပ် လန်ထွက်သွားတယ်…အဲ့ဒါနဲ့ အဲ့အဖက်ကို ဖယ်လည်း ဖယ်လိုက်ရော…အဲ့အဖက်လေးက လက်မှာ လာကပ် တယ်..ခါတယ်…မကျသွားဘူး….ဒါနဲ့….သေချာကြည့် တော့ ဖြူဖြူချွဲချွဲတွေ….အဲ့ဒါနဲ့ အခြားနေရာက အပွေးတွေကိုပါ အသာလေးလည်း ခွာကြည့်ရော…ရေစိုတဲ့ အသားတွေ အကုန်ပဲ့ပါလာတယ်…ကော်အမျှဉ်တွေ တန်းပြီး ပါပါလာတာကြောင့် ကျွန်မလန့်သွားတယ်…. ရုတ်တရက် ….အံ့လည်း အံ့သြသွားတယ်… ကိုယ်မှ မမြင်ဖူးတာကိုးးး…

ဒါဆို သူတို့ ကပ်ထားတဲ့ သနပ်ခါးနဲ့ တူတဲ့ အဖက်တွေက ဘာတွေလဲ ကျွန်မမသိ….။ ကိုယ်သိတာက ကလေးတွေရဲ့ အသားနုနုကို ဘာမှန်းမသိတဲ့ အဲ့ဒါတွေ လိမ်းပေးမိလေခြင်းဆိုပြီး စိတ်လည်းတို…နောင်တလည်း ရမိတယ်…။

တော်သေးတာ သူငယ်ချင်းကိုမပေးရသေးလို့..ဒါတောင် ကိုယ်ဝယ်နေကျ သရက်သီးသည်ကို လက်ဆောင်ဆိုပြီး တစ်တုံးပေးခဲ့မိသေးတယ်။

အဲ့ဒါနဲ့ ဝယ် လာသမျှ သနပ်ခါးတွေအကုန်လုံးကို ဆပ်ပြာဆီနဲ့ ရေတွေစိမ်လိုက်တယ်…အဲ့လို လုပ်လိုက်တယ် ဆိုရင်ပဲ… အနီရောင်တွေ ထွက်လာတယ်…။ဒါပေမယ့် သနပ်ခါး တုံးတွေက မာနေသေးတာနဲ့ တစ်ရက်နဲ့ တစ်ည ရေစိမ်ထား လိုက် တယ်။ညမှာ ရုံးက ပြန်ရောက်တော့မှ ရေစိမ်ထားတဲ့ သေနပ်ခါးတွေကို ခွာကြည့်တာ.. ပုံမှာ မြင်တဲ့ အတိုင်း အနံ့ဆိုး ဆိုးတွေနဲ့ အတူ အချပ်လိုက်..အတုံးလိုက် ကွာကျ လာတာ…မြင်လို့တောင် မကောင်းဘူး…။

ကျွန်မကတော့ စဝယ်ကတည်းက အသက်ကြီးတဲ့ အဖွားမို့ လှူရာရောက်တယ်ဆိုပြီး ဝယ်ခဲ့တာမို့ ကလေးတွေကို လိမ်းေ ပးမိတာကို စိတ်ပူတာက လွဲရင် ငွေကုန်ခဲ့တာကို နောင်တမရပါဘူး။

ဒါပေမယ့်…ကျွန်မ ဘေးမှာ ရွေးဝယ်နေတဲ့ သနပ်ခါး အဖွေးသားနဲ့ အမျိုးသမီးတွေကိုတော့ တစ်ကယ် စိတ်ပူမိပါတ ယ်… အမေပြောပြတဲ့ အပေါ်ယံသနပ်ခါးနဲ့ သိပ်တူတဲ့ အပွေးလှတယ်ပြောတဲ့ …တင်းတိတ်ဖြစ်စေတဲ့ အပွေး အခေါက်တွေနဲ့ သာ ကပ်ထားတာဆိုရင်တော့ လိမ်းမိသူတွေအတွက် တော်တော်လေးကို စိတ်မကောင်းစရာပါပဲ…။

တစ်ချို့ သိပြီးသား ဖြစ်နိုင်ပေမယ့် သနပ်ခါးကြိုက်သူတွေ သတိထားနိုင်အောင်ပါ။

Credit : Naw Yar Maung

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top