iMyanmarHouse.com - Best Property Website for Myanmar
×
၂။ ခါးကိုပွေ့ဖက်ခြင်း
Credit : Mystyle
ပို့သပေးပါတယ်။
မင်္ဂလာပါနော်။ ချစ်သူနှစ်ဦးဆက်ဆံရေးမှာ တခါတလေ နှုတ်နဲ့ ပြောစရာမလိုဘဲ ကိုယ့်ရဲ့ အထိအတွေ့နဲ့ ချစ်သူကို စကားပြောလို့ရပါတယ်။ ချစ်သူကို ပွေ့ဖက်လိုက်တဲ့ပုံစံအမျိုးမျိုးရှိတဲ့အထဲကမှ အခုဖော်ပြပေးမှာကတော့ ပွေ့ဖက်တတ်တဲ့ ပုံစံကပြောတဲ့ သင်တို့နှစ်ယောက် ဆက်ဆံရေးအကြောင်းကို မျှဝေပေးချင်ပါတယ်။
၁။ အနောက်ကနေ ပွေ့ဖက်ခြင်း
ချစ်သူက အနောက်ကနေ ပွေ့ဖက်တဲ့အဓိပ္ပာယ်ကတော့ သူသင့်အတွက် တာဝန်ယူနိုင်တယ်။ သင့်ကို လုံခြုံမှုရှိစေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
၂။ ခါးကိုပွေ့ဖက်ခြင်း
ခါးကိုပွေ့ဖက်တာက သင်နဲ့ ပတ်သက်လို့ သူ့မှာ ခံစားချက်တွေ အပြည့်ရှိနေတယ်၊ သင့်ကိုသူအရမ်းချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
၃။ အရှေ့ကနေ ပွေ့ဖက်ခြင်း
သူငယ်ချင်း ဆက်ဆံရေးတွေမှာလည်း အခုလိုမျိုးလို ပွေ့ဖက်လေ့ရှိပါတယ်။ သင်နဲ့ ပတ်သက်လို့ သူ့စိတ်ထဲမှာ ရင်းနှီးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
၄။ အကြည့်ချင်းဆုံပြီး ပွေ့ဖက်ခြင်း
သင်တို့နှစ်ယောက် ပွေ့ဖက်ထားချိန်မှာ အာကည့်ချင်ဆုံနေရင် သင်တို့နှစ်ယောက်ကြားမှာ ထူးခြားတဲ့ ဆက်ဆံရေးရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
၅။ အချိန်အကြာကြီးပွေ့ဖက်ထားခြင်း
အခုလိုမျိုး သင့်ကို အကြာကြီးပွေ့ဖက်ထားတာဟာ သင့်ကိုယ် သူကိုယ်ချင်းစာတယ်။ သင်အကူအညီလိုတိုင်းအနားမှာ အမြဲတမ်း ထောက်ပံ့ပေးနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
၆။ လက်တစ်ဖက်တည်းနဲ့ ပွေ့ဖက်ထားခြင်း
လက်တစ်ဖက်တည်းနဲ့ ပွေ့ဖက်ထားတာဟာ အထူးသဖြင့် သူငယ်ချင်းဆက်ဆံရေးမှာ ပွေ့ဖက်လေ့ရှိကြပါတယ်။ သူသင့်အပေါ် ဖြူစင်တယ်၊ မြတ်နိုးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
၇။ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားခြင်း
တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားတာဟာ သင့်ကို ဂရုစိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ သင့်အပေါ် ဂရုဏာသက်တယ်၊ ရိုမန့်တစ်ဆန်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
Credit : Mystyle
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top