iMyanmarHouse.com - Best Property Website for Myanmar
×

သ႐ုပ္ေဆာင္ အလွမယ္ ထက္ထက္ထြန္းတစ္ေယာက္ Walima Fashion ပြဲက ဝတ္စုံနဲ႔ပတ္သက္ၿပီး အမ်ိဳးမ်ိဳးေဝဖန္မႈေတြ ထြက္ေပၚလာခဲ့ ပါတယ္။ ဒီလို ေဝဖန္မႈေတြကို ေကာင္းတယ္၊ မေကာင္းဘူး ဦးေႏွာက္နဲ႔ဆုံးျဖတ္တယ္၊ ရင္ဘတ္ထဲမထည့္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ရင္ဘတ္ထဲ ထည့္ရင္ ထက္ထက္ ေသတာၾကာၿပီဆိုၿပီးေတာ့ေျပာျပခဲ့ပါတယ္။

” ဟိုတစ္ေန႔က Walima ပြဲမွာလည္း ထက္ရဲ႕ အဝတ္အစားက ရင္ဘတ္ဟိုက္တယ္ဆိုၿပီးေျပာၾကတယ္။ Comment ေတြ တက္လာတယ္ ထက္ထက္က စိတ္ထိခိုက္ေၾကးဆိုရင္ Miss မျဖစ္ခင္ကတည္းက စိတ္ထိခိုက္တဲ့ ေရာဂါနဲ႔ ေသသြားတာ ၾကာပါၿပီ။ ထက္တို႔ အေနနဲ႔က လည္းဒီ Miss ေတြကဘဲ Trainningလုပ္ေပးလိုက္တယ္လို႔ ေျပာရမလား။ ႏွစ္ေပါင္းမ်ားစြာ အေျပာခံလာရတယ္၊ သူတို႔ေဝဖန္လာ တဲ့ၾကားမွာ ကိုယ့္ကိုယ္ကို ေကာင္းတာ ေတြလည္း ယူတယ္။ မေကာင္းတာေတြဆိုရင္လည္း ဦးေႏွာက္ထဲပဲ ထည့္တယ္၊ ရင္ဘတ္ထဲမထည့္ဘူး။ ဦးေႏွာက္ထဲ ထည့္ၿပီးေတာ့ ေကာင္းတယ္၊ မေကာင္းဘူး ခြဲျခားၿပီးေတာ့ ဘာလုပ္သင့္တယ္ဆိုတာပဲထားတယ္။ ရင္ဘတ္ထဲ ထည့္လိုက္ရင္ ထက္ ေသတာ ၾကာၿပီ” လို႔ ဆိုပါတယ္။

Miss တစ္ေယာက္ျဖစ္တဲ့အတြက္ Fashion နဲ႔ ပတ္သက္ၿပီး ျပည္ပက အႏုပညာရွင္ေတြလည္း ဘယ္လိုဖက္ရွင္ ဝတ္ၾကတယ္ဆိုတာကို Update အေနနဲ႔ အၿမဲေလ့လာေနရတယ္လို႔ ဆိုပါတယ္။ သ႐ုပ္ေဆာင္ ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္တဲ့အတြက္ ကာ႐ိုက္တာနဲ႔ လိုက္ဖက္တာ၊ ဒီဇိုင္နာေတြ ဆင္တာကို ဝတ္ကိုဝတ္ရတယ္လို႔ ဆိုပါတယ္။

” ထက္ထက္တို႔အေနနဲ႔ Miss တစ္ေယာက္လည္းျဖစ္တယ္ဆိုေတာ့ အဝတ္အစားပိုင္းမွာက ေခတ္အျမင္လည္းတိုးတက္လာၿပီ။ ႏိုင္ငံျခား ေတြမွာလည္း ဘယ္လိုဝတ္ၾကတယ္၊ ထက္တို႔ အႏုပညာရွင္ေတြကလည္း ဘယ္လိုေတြ ဝတ္ၾကတယ္ဆိုတာကို အၿမဲတမ္း Update အၿမဲတမ္းေလ့လာေနရတာပါ။ ျပည္သူေတြ မဝတ္ခင္မွာလည္း ကိုယ္ေတြက ဦးေဆာင္ၿပီးဝတ္ၾကတယ္။ ထက္တို႔ဝတ္တဲ့ အဝတ္အစားေတြက ျမန္မာ့႐ိုးရာယဥ္ေက်းမႈနဲ႔ ကိုက္ညီတာလည္းရွိမယ္၊ မကိုက္ညီတာလည္းရွိရင္ရွိမယ္။ ထက္တို႔သည္ သ႐ုပ္ေဆာင္၊ ေမာ္ဒယ္လ္ေတြလို ျဖစ္တဲ့အတြက္ေၾကာင့္ ကာ႐ိုက္တာအေပၚမႈတည္ၿပီး ဒီဇိုင္နာေတြဆင္တဲ့ ဝတ္စုံကို ဝတ္ဆိုရင္ ဝတ္ကို ဝတ္ရမွာပါ။ အဲ့ဒါေတြက်ရင္လည္း အေျပာခံရတယ္၊ ဒါေပမယ့္ ကိုယ့္အတြက္ သိကၡာမက်ေအာင္ေတာ့ ဝတ္ဆင္ရတာပါပဲ” လို႔ ဆိုပါတယ္။

ဖက္ရွင္တစ္ခုဝတ္ၿပီဆိုရင္ ဝတ္တဲ့သူမွာလည္း ကိုယ့္လြတ္လပ္ခြင့္နဲ႔ ကိုယ္ရွိသလို ေဝဖန္သူေတြမွာလည္း ေဝဖန္လို႔ရတဲ့လြတ္လပ္ခြင့္ ရွိတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ တျခားသူကို ထိခိုက္ၿပီး နစ္နာပ်က္စီးသြားတာမ်ိဳးေတာ့ မျဖစ္ေစခ်င္ဘူးလို႔ေျပာပါတယ္။

” လူတိုင္းမွာေတာ့ ကိုယ့္လြတ္လပ္ခြင့္၊ အေတြးနဲ႔ အတိုင္းအဆ မတူၾကဘူးေပါ့ေနာ္။ သူတို႔ဝတ္ခ်င္တဲ့ အိုင္ဒီယာအတိုင္းအဆမတူသလို လက္ခံႏိုင္တဲ့ သူေတြရဲ႕ အတိုင္းအဆကလည္း မတူၾကပါဘူး။ တစ္ခါတေလမွာ ဝတ္တဲ့သူေတြမွာလည္း လြတ္လပ္ခြင့္ရွိသလို ေျပာတဲ့ သူေတြမွာလည္း သူတို႔ လြတ္လပ္ခြင့္ေတြ ရွိၾကပါတယ္။ ဒါေပမယ့္ တစ္ဦးတစ္ေယာက္က ဝတ္လိုက္တဲ့ အဝတ္အစားက သူမ်ားကို ထိခိုက္ နစ္နာပ်က္စီးသြားတာမ်ိဳးမျဖစ္ေစခ်င္သလို ေဝဖန္သူေတြအေနနဲ႔ သူတို႔ရဲ႕ ေဝဖန္မႈေတြကလည္း တစ္ဦးတစ္ေယာက္ကို ထိခိုက္ နစ္နာေစတာမ်ိဳး မျဖစ္ေစခ်င္ပါဘူး။ အားလုံးက သူ႔လြတ္လပ္ခြင့္နဲ႔သူပါဘဲ။ သူမ်ားကို မထိခိုက္ရင္ ရပါၿပီ” လို႔ သူကဆိုပါတယ္။

ထက္ထက္ထြန္းဟာ (၆၅)ႀကိမ္ေျမာက္ Miss Universe ၿပိဳင္ပြဲမွာ Best National Costume ဆုကို ျမန္မာႏိုင္ငံအတြက္ ယူေဆာင္လာႏိုင္သူ တစ္ဦးျဖစ္သလို ျမန္မာ့ယဥ္ေက်းမႈကိုကမာၻက သိေအာင္ တင္ဆက္ႏိုင္ခဲ့သူ တစ္ဦးလည္း ျဖစ္ပါတယ္။ သူဟာ အခုဆိုရင္ေတာ့ ႐ုပ္သံ ဇာတ္လမ္းတြဲေတြ၊ တီဗီေၾကာ္ျငာေတြ နဲ႔ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ႐ိုက္ကူးေနရၿပီျဖစ္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သရုပ်ဆောင် အလှမယ် ထက်ထက်ထွန်းတစ်ယောက် Walima Fashion ပွဲက ဝတ်စုံနဲ့ပတ်သက်ပြီး အမျိုးမျိုးဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ ပါတယ်။ ဒီလို ဝေဖန်မှုတွေကို ကောင်းတယ်၊ မကောင်းဘူး ဦးနှောက်နဲ့ဆုံးဖြတ်တယ်၊ ရင်ဘတ်ထဲမထည့်ဘူး။ ဘာကြောင့်လဲဆိုတော့ ရင်ဘတ်ထဲ ထည့်ရင် ထက်ထက် သေတာကြာပြီဆိုပြီးတော့နေပြောပြခဲ့ပါတယ်။

” ဟိုတစ်နေ့က Walima ပွဲမှာလည်း ထက်ရဲ့ အဝတ်အစားက ရင်ဘတ်ဟိုက်တယ်ဆိုပြီးပြောကြတယ်။ Comment တွေ တက်လာတယ် ထက်ထက်က စိတ်ထိခိုက်ကြေးဆိုရင် Miss မဖြစ်ခင်ကတည်းက စိတ်ထိခိုက်တဲ့ ရောဂါနဲ့ သေသွားတာ ကြာပါပြီ။ ထက်တို့ အနေနဲ့က လည်းဒီ Miss တွေကဘဲ Trainningလုပ်ပေးလိုက်တယ်လို့ ပြောရမလား။ နှစ်ပေါင်းများစွာ အပြောခံလာရတယ်၊ သူတို့ဝေဖန်လာ တဲ့ကြားမှာ ကိုယ့်ကိုယ်ကို ကောင်းတာ တွေလည်း ယူတယ်။ မကောင်းတာတွေဆိုရင်လည်း ဦးနှောက်ထဲပဲ ထည့်တယ်၊ ရင်ဘတ်ထဲမထည့်ဘူး။ ဦးနှောက်ထဲ ထည့်ပြီးတော့ ကောင်းတယ်၊ မကောင်းဘူး ခွဲခြားပြီးတော့ ဘာလုပ်သင့်တယ်ဆိုတာပဲထားတယ်။ ရင်ဘတ်ထဲ ထည့်လိုက်ရင် ထက် သေတာ ကြာပြီ” လို့ ဆိုပါတယ်။

Miss တစ်ယောက်ဖြစ်တဲ့အတွက် Fashion နဲ့ ပတ်သက်ပြီး ပြည်ပက အနုပညာရှင်တွေလည်း ဘယ်လိုဖက်ရှင် ဝတ်ကြတယ်ဆိုတာကို Update အနေနဲ့ အမြဲလေ့လာနေရတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့အတွက် ကာရိုက်တာနဲ့ လိုက်ဖက်တာ၊ ဒီဇိုင်နာတွေ ဆင်တာကို ဝတ်ကိုဝတ်ရတယ်လို့ ဆိုပါတယ်။

” ထက်ထက်တို့အနေနဲ့ Miss တစ်ယောက်လည်းဖြစ်တယ်ဆိုတော့ အဝတ်အစားပိုင်းမှာက ခေတ်အမြင်လည်းတိုးတက်လာပြီ။ နိုင်ငံခြား တွေမှာလည်း ဘယ်လိုဝတ်ကြတယ်၊ ထက်တို့ အနုပညာရှင်တွေကလည်း ဘယ်လိုတွေ ဝတ်ကြတယ်ဆိုတာကို အမြဲတမ်း Update အမြဲတမ်းလေ့လာနေရတာပါ။ ပြည်သူတွေ မဝတ်ခင်မှာလည်း ကိုယ်တွေက ဦးဆောင်ပြီးဝတ်ကြတယ်။ ထက်တို့ဝတ်တဲ့ အဝတ်အစားတွေက မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ကိုက်ညီတာလည်းရှိမယ်၊ မကိုက်ညီတာလည်းရှိရင်ရှိမယ်။ ထက်တို့သည် သရုပ်ဆောင်၊ မော်ဒယ်လ်တွေလို ဖြစ်တဲ့အတွက်ကြောင့် ကာရိုက်တာအပေါ်မှုတည်ပြီး ဒီဇိုင်နာတွေဆင်တဲ့ ဝတ်စုံကို ဝတ်ဆိုရင် ဝတ်ကို ဝတ်ရမှာပါ။ အဲ့ဒါတွေကျရင်လည်း အပြောခံရတယ်၊ ဒါပေမယ့် ကိုယ့်အတွက် သိက္ခာမကျအောင်တော့ ဝတ်ဆင်ရတာပါပဲ” လို့ ဆိုပါတယ်။

ဖက်ရှင်တစ်ခုဝတ်ပြီဆိုရင် ဝတ်တဲ့သူမှာလည်း ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ်ရှိသလို ဝေဖန်သူတွေမှာလည်း ဝေဖန်လို့ရတဲ့လွတ်လပ်ခွင့် ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တခြားသူကို ထိခိုက်ပြီး နစ်နာပျက်စီးသွားတာမျိုးတော့ မဖြစ်စေချင်ဘူးလို့ပြောပါတယ်။

” လူတိုင်းမှာတော့ ကိုယ့်လွတ်လပ်ခွင့်၊ အတွေးနဲ့ အတိုင်းအဆ မတူကြဘူးပေါ့နော်။ သူတို့ဝတ်ချင်တဲ့ အိုင်ဒီယာအတိုင်းအဆမတူသလို လက်ခံနိုင်တဲ့ သူတွေရဲ့ အတိုင်းအဆကလည်း မတူကြပါဘူး။ တစ်ခါတလေမှာ ဝတ်တဲ့သူတွေမှာလည်း လွတ်လပ်ခွင့်ရှိသလို ပြောတဲ့ သူတွေမှာလည်း သူတို့ လွတ်လပ်ခွင့်တွေ ရှိကြပါတယ်။ ဒါပေမယ့် တစ်ဦးတစ်ယောက်က ဝတ်လိုက်တဲ့ အဝတ်အစားက သူများကို ထိခိုက် နစ်နာပျက်စီးသွားတာမျိုးမဖြစ်စေချင်သလို ဝေဖန်သူတွေအနေနဲ့ သူတို့ရဲ့ ဝေဖန်မှုတွေကလည်း တစ်ဦးတစ်ယောက်ကို ထိခိုက် နစ်နာစေတာမျိုး မဖြစ်စေချင်ပါဘူး။ အားလုံးက သူ့လွတ်လပ်ခွင့်နဲ့သူပါဘဲ။ သူများကို မထိခိုက်ရင် ရပါပြီ” လို့ သူကဆိုပါတယ်။

ထက်ထက်ထွန်းဟာ (၆၅)ကြိမ်မြောက် Miss Universe ပြိုင်ပွဲမှာ Best National Costume ဆုကို မြန်မာနိုင်ငံအတွက် ယူဆောင်လာနိုင်သူ တစ်ဦးဖြစ်သလို မြန်မာ့ယဉ်ကျေးမှုကိုကမ္ဘာက သိအောင် တင်ဆက်နိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အခုဆိုရင်တော့ ရုပ်သံ ဇာတ်လမ်းတွဲတွေ၊ တီဗီကြော်ငြာတွေ နဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top