iMyanmarHouse.com - Best Property Website for Myanmar
×
#Unicode Version#
လက္ခဏာ ဖတ်တဲ့သူတွေဟာ ကောက်ကြောင်းတွေကိုကြည့်ပြီး သင့်ရဲ့ကံကြမ္မာကိုဟောပါလိမ့်မယ်။ လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ အလွန်ဆန်းကြယ်လွန်းပါတယ်။ဥပမာဆိုရင် နှလုံး၊ တစ်မိနစ်ကိုဘအကြိမ်ပေါင်း၈၀ ခန့်ခုန်ပြီး တစ်ရက်အတွင်းမှာ အကြိမ်ရေပေါင်း ၁၁၅၂၀၀ ထိခုန်နိုင်တဲ့အချက်တွေပါ။
နောက် တစ်မျိုးက လူသားတွေရဲ့ဦးနှောက်ဟာဆိုရင်လည်း တစ်မိနစ်ကို စားကားလုံးအရေအတွက်ပေါင်း ၁၀၀၀အထက် ကိုဖတ်ရှုနိုင်ပါတယ်။ ကျွမ်းကျင်သူတွေဆိုရင်ကျွန်တော်တို့မျက်ခုံး ရဲ့အဓိကလုပ်ငန်းစဉ်ဟာ ချွေးတွေကို မျက်လုံးနဲ့ဝေးဝေးသွားနိုင်စေဖို့လို့ယုံကြည်ကြပါတယ်။
ဒါ့အပြင်  လူသားတစ်ဦးစီမှာ ရှုပ်ထွေးနက်နဲတဲ့လက်ဗွေရာနဲ့ သန်းပေါင်းချီတဲ့အရောင်တွေကိုခွဲခြားနိုင်တဲ့ ၊ခေတ်မီ တယ်လီစကုပ်တွေထက်တောင် သတင်းအချက်အလက်ရယူမှုအားကောင်းတဲ့ မျက်လုံးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။
ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာဘယ်လောက်ထိအံသြဖို့ကောင်းလဲဆိုတာ ပုံတွေကိုသာကြည့်လိုက်ပါတော့။
လက္ခဏာဗေဒင်အရကသင့်လက္ခဏာကောက်ကြောင်းတွေဟာ သင့်ပင်ကိုယ်စရိုက်၊သင့်ကံကြမ္မာနဲ့ သင့်အနာဂတ်တွေနဲ့ ဆက်နွယ်နေပါတယ်။
ဒါ ပေါ့။လက္ခဏာဗေဒကို လေ့လာတဲ့သူတွေ လက္ခဏာဖတ်တဲ့သူတွေလို့ခေါ်ကြတဲ့ လက္ခဏာပညာရှင်တွေဟာ သင့်လက်ဝါးပေါ်ကကောက်ကြောင်းကိုကြည့်ပြီး သင့်ရဲ့ပင်ကိုယ်စရိုက်၊သင့်ရဲ့ကံကြမ္မာနဲ့ သင့်အနာဂတ်တွေကို ဟောကြားနိုင်ကြပါတယ်။
အမှန်တရားဟာမအဲ့ဒီပညာတွေထက် သိပ္ပံပညာမှာအနည်းငယ်ပိုပြီးအခြေခံပါတယ်။စီးပွားရေး ဝက်ဘ်ဆိုက်တစ်ခုထဲမှ အကြောင်းအရာတစ်ခုအရ လက္ခဏာကောက်ကြောင်းတွေဟာ ၁၂ ပတ်လောက် သားအိမ်ပုံစံကွေးကောက်ဖြစ်ပေါ်နေပြီး သူတို့မှာထူးခြားတဲ့လုပ်ငန်းစဉ်လုပ်ဆောင်ချက်တွေရှိပါတယ်။
တကယ့်စင်စစ်ဖြစ်ရပ်မှန်က အဲ့ဒီကောက်ကြောင်းတွေဟာ ကျွန်တော်တို့ အရေပြားမှာခေါက်ကြောင်းဖြစ်နေတာပါပဲ။ ဒါကြောင့်လဲ ကျွန်တော်တို့တွေ လက်ကိုလွယ်ကူစွာကွေးကောက်နိုင်တာဖြစ်ပါတယ်။ ဒီ လက္ခဏာ ကောက်ကြောင်းတွေကို သိပ္ပံနည်းအရ ကွေးကောက်ရန်ခေါက်ကြောင်းလက္ခဏာ “palmar flexion creases” လို့ခေါ်ပါတယ်။
ဒီကောက်ကြောင်းတွေကြောင့် အရာဝတ္ထုတွေကို ကိုင်တွယ် ဆုပ်ကိုင်ရတာပိုပြီးလွယ်ကူစေပါတယ်။
သိပ္ပံနည် းပညာဆိုင်ရာဆိုက်တစ်ခုကိဒါတွေအားလုံးကို ပေါင်းစည်းလိုက်ပြီး အဲ့ဒီကောက်ကြောင်ူတွေရှိနေရခြင်းကြောင့် ကျွန်တော်တို့တွေ လက်သီးဆုပ်နိုင်ပြီး အခြားအရေပြားအပိုင်းတွေမပါဝင်ပဲ လိုအပ်တဲ့ အခြားပုံစံများစွာကိုပြုလုပ်နိုင်ပါတယ်။
ဒါ့ပြင် ကျွန်တော်တို့လူတွေအများစုဟာ အဓိကလက္ခဏာကောက်ကြောင်း သုံးခုနဲ့မွေးဖွားလာကြတယ်လို့သိပ္ပံပညာက ဆိုပါတယ်။
အထူ၊ ကြိမ်နှုန်း နဲ့ အသားပေးမှု တို့ဖြစ်ပြီးသူတို့တွေဟာ ဗီဇအပေါ်မှာမူတည်ပါတယ်။တကယ်တော့ အဲ့လိုသုံးခုမပါဘဲ ကောက်ကြောင်းတစ်ခုတည်းသာပါပြီးမွေးဖွားလာတဲ့သူတွေတောင်ရှိပါ သေးတယ်။
ဒါကိုဖတ်ပြီး ဗဟုသုတ တစ်ခုခုရရှိသွားလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။
Credit: MinThu (Daily Hot News)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top