iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ျမတ္ေကသီေအာင္ဟာ အခုဆုိရင္ သူ႔ရဲ႕ ေမာင္ေလးအရင္းနဲ႔အတူ Coffee Lu Gallery ဆုိတဲ့ ကုိယ္ပုိင္ဆုိင္ေလးကုိ ေျမာက္ဒဂုံမွာ ဖြင့္လွစ္ထားတယ္လုိ႔ ဆုိရင္း ေကာ္ဖီဆုိင္ေလးအေၾကာင္းကို ေျပာျပခဲ့ပါတယ္။ခ်စ္လုိ႔ လာအားေပးၾကတဲ့ ပရိသတ္ေတြရွိလုိ႔ ဝမ္းသာတယ္တဲ့။

” စီးပြားေရးကလည္း ေမာင္ေလးနဲ႔ အတူတူဖြင့္တာေပါ့ေနာ္၊ အခုက ပင္ပင္ပန္းပန္းႀကီးလည္း မဟုတ္ပါဘူး။ ေငြေကာင္တာေလး သြားထုိင္ ေပးရုံပဲ။ ဒါေပမယ့္ေလ မထင္ထားပဲနဲ႔ ပရိသတ္ေတြက အရမ္းလာၾကတယ္၊ ေငြေကာင္တာမွာလည္း ကုိယ္မထုိင္ႏုိင္ေတာ့ဘဲနဲ႔ စားပြဲထုိး အဆင့္ေရာက္သြားေရာ။ စီးပြားေရးက ကုိယ္တစ္ေယာက္တည္းလည္း လုပ္တာမဟုတ္ပါဘူး၊ ဘာပဲေျပာေျပာ အႏုပညာသမား ကေတာ့ ပရိသတ္နဲ႔ ကင္းကြာလုိ႔မရဘူးေလ။ ကိုယ့္ဘာသာကုိယ္ ဘာႀကီးပဲျဖစ္ေန ျဖစ္ေန၊ ကုိယ့္ဆုိင္မွာ လာစားသုံးတဲ့သူေတြလည္း ေတြ႔မွာပါ ေဖာ္ေဖာ္ေရြေရြေနတတ္တယ္၊ ခ်ဳိခ်ဳိသာသာေျပာတတ္တယ္၊ သူတုိ႔လာရင္လည္း ေက်းဇူးတင္ပါတယ္၊ သူတုိ႔ ျပန္သြားရင္လည္း ေက်းဇူးတင္ပါတယ္လုိ႔ေျပာတယ္” လို႔ ပရိသတ္ေတြေၾကာင့္ စားပြဲထိုးျဖစ္သြားရတဲ့အေၾကာင္းကို သေဘာတက် ေျပာျပပါတယ္။

ျမတ္ေကသီေအာင္ဟာ သူ႔ဆိုင္ကုိ လာအားေပးၾကတဲ့ စားသုံးသူပရိသတ္ေတြအတြက္ ဆုိင္ရဲ႕ ေကာင္းျခင္း၊ ဆုိးျခင္းေတြကုိပုိင္ရွင္ပီသစြာ တာဝန္ယူျဖည့္ဆည္းေပးတတ္တယ္လုိ႔ ဆုိပါတယ္။ သူ႔ကုိ ခ်စ္လုိ႔ လာေရာက္အားေပးၾကတဲ့ ပရိသတ္ေတြရွိတာေၾကာင့္လည္း ဝမ္းသာရပါတယ္တဲ့။

” ဘာလုိအပ္ပါသလဲ၊ လုိအပ္တာရွိရင္ အစ္မကုိယ္တိုင္ျပင္ေပးပါ့မယ္လုိ႔ ေျပာတယ္။ ဒါမ်ဳိးဆုိတာက မင္းသမီးတစ္ေယာက္အေနနဲ႔ ေျပာဖုိ႔ အင္မတန္ခက္ခဲလြန္းတဲ့ စကားလုံးေတြ ဒါေပမယ့္ အစ္မစိတ္ထဲမွာ ကုိယ့္ကုိယ္ကုိ မင္းသမီးလုိ႔ မသတ္မွတ္ထားပါဘူး။ အဲ့ဒီအခ်ိန္မွာ အစ္မသည္ ဒီဆုိင္ရဲ႕ပုိင္ရွင္ ဒီဆုိင္ရဲ႕ ေကာင္းတာေတြ၊ ဆုိးတာေတြအတြက္ အစ္မမွာ တာဝန္ရွိတယ္။ တာဝန္ယူရမယ္ ဆုိတဲ့ အသိပဲ ရွိတယ္။ အဲ့ဒီေတာ့ ပရိသတ္ေတြကလည္း အစ္မနဲ႔ ရင္းရင္းႏွီးႏွီးေႏြးေႏြးေထြးေထြးရွိတယ္။ သူတုိ႔ အရမ္းအၾကာႀကီး ေစာင့္ရတယ္။ အဲ့ဒီအခါက်ရင္ အစ္မကုိ ေခၚေျပာတယ္ အစ္မကုိ ခ်စ္လုိ႔လာစားတာေနာ္တဲ့ ကၽြန္ေတာ္တုိ႔ တျခားဆုိင္မွာ ဒီေလာက္ အၾကာႀကီးေစာင့္ရရင္ ေျပာဆုိၿပီးေတာ့ ျပန္ၿပီလုိ႔ေျပာေတာ့ ဝမ္းသာတယ္ေလ” လို႔ ျမတ္ေကသီေအာင္က ေျပာပါတယ္။

Coffee Lu Gallery ဆုိင္ေလးရဲ႕ အျပင္အဆင္ေလးေတြကလည္း လွသလုိ၊ လာေရာက္အားေပးၾကတဲ့ ပရိသတ္ေတြကလည္း အရမ္းကို မ်ားျပားလြန္းတာေၾကာင့္ တစ္ခါ၊ ႏွစ္ခါမက ျပန္လႊတ္လုိက္ရတဲ့သူေတြလည္း ရွိတာေၾကာင့္ Duwun Media ကေနတဆင့္ ေတာင္းပန္စကား ဆုိခဲ့ပါေသးတယ္။

” ျပန္လႊတ္ရတဲ့သူေတြလည္း ရွိတယ္။ တခ်ဳိ႕ဆုိ ၂ ခါလာလည္း ၂ ခါျပန္ရတယ္၊ ၃ ခါလာလည္း ၃ ခါျပန္ရတယ္ဆုိတဲ့ ပရိသတ္ေတြကုိေတာ့ အစ္မ ဒီေနရာကေန ေတာင္းပန္ပါတယ္။ အစ္မ ဆုိင္ေလးက က်ဥ္းတဲ့အတြက္ လူေတြကလည္း တအားလာတဲ့အတြက္ ဘယ္လုိမွ မွ်ေပးလုိ႔ မရဘူးေပါ့ေနာ္။ အ့ဲဒါကုိေတာ့ နည္းနည္းေလး နားလည္ေပးပါ” လုိ႔ သူကဆုိပါတယ္။ ျမတ္ေကသီေအာင္ဟာ ကုိယ္ပုိင္စီးပြားေရးဘက္မွာ ဦးစီးေဆာင္ရြက္ေနရသူျဖစ္တာေၾကာင့္ အႏုပညာအလုပ္ေတြလည္း အရင္ကေလာက္ အမ်ားႀကီးမလုပ္ျဖစ္ေတာ့ဘူးလုိ႔ သိရပါတယ္။

အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြအမ်ားႀကီးရရွိခဲ့ဖူးတဲ့ ျမတ္ေကသီေအာင္ဟာ အခုခ်ိန္မွာေတာ့ ကုိယ္ပုိင္စီးပြားေရးကုိဘဲ အဓိကထား ေဆာင္ရြက္ေနတယ္လုိ႔ သိရပါတယ္။ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းမွာပဲ သူ႔ရဲ႕ အသက္က ၄၆ ႏွစ္ျပည့္ခဲ့ၿပီးျဖစ္ပါတယ္။ ျမတ္ေကသီေအာင္ ဟာ ၾကည္လင္ေအးျမတဲ့ မ်က္နွာေလးနဲ႔ ပရိသတ္ရဲ႕အခ်စ္ေတြကို ရယူထားတဲ့ အႏုပညာရွင္ တစ္ေယာက္ ျဖစ္ပါတယ္။ စိတ္သေဘာထား ျပည့္ဝသူ၊ ပြင့္လင္းသူျဖစ္တဲ့သူမဟာ အႏုပညာအလုပ္ေတြ မလုပ္ျဖစ္ေတာ့ေပမဲ့ အခုထိ ပရိသတ္အားေပးမႈကို ရရွိထားတုန္းပါပဲ။

Photo: ျမတ္ေကသီေအာင္ေဖ့စ္ဘြတ္

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သရုပ်ဆောင်မြတ်ကေသီအောင်ဟာ အခုဆိုရင် သူ့ရဲ့ မောင်လေးအရင်းနဲ့အတူ Coffee Lu Gallery ဆိုတဲ့ ကိုယ်ပိုင်ဆိုင်လေးကို မြောက်ဒဂုံမှာ ဖွင့်လှစ်ထားတယ်လို့ ဆိုရင်း ကော်ဖီဆိုင်လေးအကြောင်းကို Duwun Media ကနေပြောပြခဲ့ပါတယ်။ချစ်လို့ လာအားပေးကြတဲ့ ပရိသတ်တွေရှိလို့ ဝမ်းသာတယ်တဲ့။

” စီးပွားရေးကလည်း မောင်လေးနဲ့ အတူတူဖွင့်တာပေါ့နော်၊ အခုက ပင်ပင်ပန်းပန်းကြီးလည်း မဟုတ်ပါဘူး။ ငွေကောင်တာလေး သွားထိုင် ပေးရုံပဲ။ ဒါပေမယ့်လေ မထင်ထားပဲနဲ့ ပရိသတ်တွေက အရမ်းလာကြတယ်၊ ငွေကောင်တာမှာလည်း ကိုယ်မထိုင်နိုင်တော့ဘဲနဲ့ စားပွဲထိုး အဆင့်ရောက်သွားရော။ စီးပွားရေးက ကိုယ်တစ်ယောက်တည်းလည်း လုပ်တာမဟုတ်ပါဘူး၊ ဘာပဲပြောပြော အနုပညာသမား ကတော့ ပရိသတ်နဲ့ ကင်းကွာလို့မရဘူးလေ။ ကိုယ့်ဘာသာကိုယ် ဘာကြီးပဲဖြစ်နေ ဖြစ်နေ၊ ကိုယ့်ဆိုင်မှာ လာစားသုံးတဲ့သူတွေလည်း တွေ့မှာပါ ဖော်ဖော်ရွေရွေနေတတ်တယ်၊ ချိုချိုသာသာပြောတတ်တယ်၊ သူတို့လာရင်လည်း ကျေးဇူးတင်ပါတယ်၊ သူတို့ ပြန်သွားရင်လည်း ကျေးဇူးတင်ပါတယ်လို့ပြောတယ်” လို့ ပရိသတ်တွေကြောင့် စားပွဲထိုးဖြစ်သွားရတဲ့အကြောင်းကို သဘောတကျ ပြောပြပါတယ်။

မြတ်ကေသီအောင်ဟာ သူ့ဆိုင်ကို လာအားပေးကြတဲ့ စားသုံးသူပရိသတ်တွေအတွက် ဆိုင်ရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကိုပိုင်ရှင်ပီသစွာ တာဝန်ယူဖြည့်ဆည်းပေးတတ်တယ်လို့ ဆိုပါတယ်။ သူ့ကို ချစ်လို့ လာရောက်အားပေးကြတဲ့ ပရိသတ်တွေရှိတာကြောင့်လည်း ဝမ်းသာရပါတယ်တဲ့။

” ဘာလိုအပ်ပါသလဲ၊ လိုအပ်တာရှိရင် အစ်မကိုယ်တိုင်ပြင်ပေးပါ့မယ်လို့ ပြောတယ်။ ဒါမျိုးဆိုတာက မင်းသမီးတစ်ယောက်အနေနဲ့ ပြောဖို့ အင်မတန်ခက်ခဲလွန်းတဲ့ စကားလုံးတွေ ဒါပေမယ့် အစ်မစိတ်ထဲမှာ ကိုယ့်ကိုယ်ကို မင်းသမီးလို့ မသတ်မှတ်ထားပါဘူး။ အဲ့ဒီအချိန်မှာ အစ်မသည် ဒီဆိုင်ရဲ့ပိုင်ရှင် ဒီဆိုင်ရဲ့ ကောင်းတာတွေ၊ ဆိုးတာတွေအတွက် အစ်မမှာ တာဝန်ရှိတယ်။ တာဝန်ယူရမယ် ဆိုတဲ့ အသိပဲ ရှိတယ်။ အဲ့ဒီတော့ ပရိသတ်တွေကလည်း အစ်မနဲ့ ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေးရှိတယ်။ သူတို့ အရမ်းအကြာကြီး စောင့်ရတယ်။ အဲ့ဒီအခါကျရင် အစ်မကို ခေါ်ပြောတယ် အစ်မကို ချစ်လို့လာစားတာနော်တဲ့ ကျွန်တော်တို့ တခြားဆိုင်မှာ ဒီလောက် အကြာကြီးစောင့်ရရင် ပြောဆိုပြီးတော့ ပြန်ပြီလို့ပြောတော့ ဝမ်းသာတယ်လေ” လို့ မြတ်ကေသီအောင်က ပြောပါတယ်။

Coffee Lu Gallery ဆိုင်လေးရဲ့ အပြင်အဆင်လေးတွေကလည်း လှသလို၊ လာရောက်အားပေးကြတဲ့ ပရိသတ်တွေကလည်း အရမ်းကို များပြားလွန်းတာကြောင့် တစ်ခါ၊ နှစ်ခါမက ပြန်လွှတ်လိုက်ရတဲ့သူတွေလည်း ရှိတာကြောင့် Duwun Media ကနေတဆင့် တောင်းပန်စကား ဆိုခဲ့ပါသေးတယ်။

” ပြန်လွှတ်ရတဲ့သူတွေလည်း ရှိတယ်။ တချို့ဆို ၂ ခါလာလည်း ၂ ခါပြန်ရတယ်၊ ၃ ခါလာလည်း ၃ ခါပြန်ရတယ်ဆိုတဲ့ ပရိသတ်တွေကိုတော့ အစ်မ ဒီနေရာကနေ တောင်းပန်ပါတယ်။ အစ်မ ဆိုင်လေးက ကျဉ်းတဲ့အတွက် လူတွေကလည်း တအားလာတဲ့အတွက် ဘယ်လိုမှ မျှပေးလို့ မရဘူးပေါ့နော်။ အဲ့ဒါကိုတော့ နည်းနည်းလေး နားလည်ပေးပါ” လို့ သူကဆိုပါတယ်။ မြတ်ကေသီအောင်ဟာ ကိုယ်ပိုင်စီးပွားရေးဘက်မှာ ဦးစီးဆောင်ရွက်နေရသူဖြစ်တာကြောင့် အနုပညာအလုပ်တွေလည်း အရင်ကလောက် အများကြီးမလုပ်ဖြစ်တော့ဘူးလို့ သိရပါတယ်။

အနုပညာလောကမှာ အောင်မြင်မှုတွေအများကြီးရရှိခဲ့ဖူးတဲ့ မြတ်ကေသီအောင်ဟာ အခုချိန်မှာတော့ ကိုယ်ပိုင်စီးပွားရေးကိုဘဲ အဓိကထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာပဲ သူ့ရဲ့ အသက်က ၄၆ နှစ်ပြည့်ခဲ့ပြီးဖြစ်ပါတယ်။ မြတ်ကေသီအောင် ဟာ ကြည်လင်အေးမြတဲ့ မျက်နှာလေးနဲ့ ပရိသတ်ရဲ့အချစ်တွေကို ရယူထားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ စိတ်သဘောထား ပြည့်ဝသူ၊ ပွင့်လင်းသူဖြစ်တဲ့သူမဟာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမဲ့ အခုထိ ပရိသတ်အားပေးမှုကို ရရှိထားတုန်းပါပဲ။

Photo: မြတ်ကေသီအောင်ဖေ့စ်ဘွတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top