iMyanmarHouse.com - Best Property Website for Myanmar
×







တစ်နေ့လျှင် ပန်းသီးတစ်လုံးစားခြင်းဖြင့် ဆရာဝန်နဲ့တွေ့ဖို့ မလိုဘူးဆိုတာ ပန်းသီးအသားအတွက် မှန်နိုင်ပေမဲ့ ပန်းသီးစေ့အတွက်တော့ မမှန်နိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ပန်းသီး စေ့တွေမှာ cyanogenic glycosides ခေါ်တဲ့ အဆိပ်တွေ ပါရှိနေတဲ့အတွက်ပါ။

လုံလောက်တဲ့ ပန်းသီးစေ့တွေစားမိရင် သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ တကယ်လို့ ခလေးတွေကို ပန်း သီးကျွေး မယ် ဆိုရင် အစေ့တွေ ထုတ်ပြစ်ဖို့ လိုပါမယ်။ ဒါမှမဟုတ် အူတိုင်အထိ ကိုက်စားမယ်ဆိုရင်လည်း အစေ့ တွေထုတ်ထားဖို့ လိုပါလိမ့်မယ်။

ဟိုတလောက မိခင်ဖြစ်သူက သနပ်ခါးပေနေတဲ့လက်နဲ့ ခလေးကို ပန်းသီးကျွေးရာ ခလေးသေဆုံး သွားကြောင်း၊ ဖခင်ဖြစ်သူက သနပ်ခါးနဲ့ ပန်းသီးမတဲ့လို့ ခလေးအဆိပ်ဖြစ်တယ်လို့ မသင်္ကာတဲ့အတွက် သနပ်ခါးနဲ့ ပန်းသီး တွဲစားကြည့်ရာ
ဖခင်ပါသေဆုံးသွားတယ်ဆိုတဲ့ ကြေကွဲဖွယ်သတင်းတစ်ခုကိုဘလော့ခ် တစ်ခုမှာဖတ်လိုက်ရပါတယ်။

အဲ့ဒီဘလောက်ကိုပြန်ရှာတာမတွေ့ တော့ပါဘူး။ ကျမအထင်တော့ ပန်းသီးစေ့တွေစားမိလို့ လို့ ထင်ပါတယ်။

ပန်းသီးအပြင် ချယ်ရီသီး၊ မက်မွန်သီး၊ သစ်တော်သီး၊ မက်မန်း၊ တရုပ်ဆီးသီးစေ့များမှာလည်း cyanogenic glycosides အဆိပ် ပါရှိပါတယ်။

Credit :ဒေါ်စိုး (သင့်အတွက်ကျန်းမာရေး)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top