iMyanmarHouse.com - Best Property Website for Myanmar
×

သမီး……။ သူ႔ကို ခ်စ္လို႔ ယူတာပဲျဖစ္ျဖစ္ မိဘခ်င္း သေဘာတူ ေပးစားလို႔ ယူတာပဲျဖစ္ျဖစ္ သူဟာ ကိုယ့္ရဲ႕ အိမ္ေထာင္ဦးစီး တစ္ေယာက္ပါ။ တနည္းေျပာရရင္ ကိုယ့္ရဲ႕ ယံုၾကည္အားကိုးရာ အိမ္ဦးနတ္ေပါ့။

သမီး……။ အိမ္ဦးနတ္ ဆိုမွေတာ့ ကိုယ္က သူ႔ကို ယံုယံုၾကည္ၾကည္ ေလးေလးစားစား ျမတ္ျမတ္ႏိုးႏိုး စြာနဲ႔ ဆက္ဆံပါမွ ကိုယ္လည္း သူ႔ရဲ႕ ဂ႐ုစိုက္ ၊ အေလးေပးမႈကို ခံရတယ္။

သမီး……။ ေယာက်ၤား ကို ႏိုင္(ထိန္းႏိုင္သည္) တာ ေကာင္းပါတယ္။ ဒါေပမယ့္ မႏိုင္စားပါနဲ႔ …။ သူ႔ကို ႏိုင္စားရင္ သား၊ သမီးေတြကပါ လိုက္ၿပီး မေလးမစား ဆက္ဆံပါလိမ့္မယ္။ မိန္းမ ႏိုင္စားတာ ခံေနရတဲ့ အိမ္ေထာင္ဦးစီးဟာ ဘယ္ေတာ့မွ မႀကီးပြား မတိုးတက္ႏိုင္ပါဘူး။

သမီး……။ ေယာက်ၤား မေကာင္း လို႔ ဆိုၿပီး ဘဝ ကိုမၿငိဳ ျငင္ပါနဲ႔။ ေယာက်ၤားေကာင္း ဆိုတာ မိန္းမေတြ ေနာက္ကြယ္ကေန မသိမသာ ထိန္းေက်ာင္းပံုသြင္း ရင္းနဲ႔ ျဖစ္လာတာပါ။

သမီး……။ ေယာက်ၤား ဆိုတာ မိသားစုအတြက္ ဂုဏ္သိကၡာ၊ မ်က္ႏွာနဲ႔ အျပင္မွာ စီးပြား႐ွာ ေနရတာပါ။ လူေ႐ွ႕သူေ႐ွ႕ ၊ သူ႔ အေပါင္းသင္း ၊မိတ္ေဆြေတြ ေ႐ွ႕မွာ သူ႔ကို မေလးမစား အ႐ွက္ခြဲ ဆက္ဆံမိတာမ်ိဳး မလုပ္မိပါေစနဲ႔။

သမီး……။ တ႐ုတ္လို ဆို႐ိုးစကား ႐ွိတယ္ကြဲ႔ ပက္ထုတ္လိုက္တဲ့ေရ ျပန္မရႏိုင္ဘူး ေပးလိုက္တဲ့သမီး ျပန္မပိုင္ဘူး တဲ့ ဒါေၾကာင့္ သူ႔အိမ္၊သူ႔ ေဆြမ်ိဳး မိသားစု အသိုင္းဝန္း ၾကား ေရာက္သြားတဲ့အခါ ကိုယ့္ ေဆြမ်ိဳး မိသားစုလို ေမတၱာထားၿပီး ဆက္ဆံပါ။

သမီး……။ သူ႔အိမ္ကို ေရာက္သြားတဲ့အခါ သူ႔မိဘကို ကိုယ့္မိဘလို သေဘာထားၿပီး ႐ို႐ိုေသေသ ေလးေလးစားစား ဆက္ဆံပါ၊ ျပဳစု ေစာင့္ေ႐ွာက္ပါ။ သူ႔ ညီအကို ေမာင္ႏွမေတြကို ကိုယ့္ ညီအကို ေမာင္ႏွမေတြလို သေဘာထားၿပီး ခ်စ္ခ်စ္ခင္ခင္ ရင္းရင္းႏွီးႏွီး ဆက္ဆံပါ။

သမီး……။ သူက အျပင္မွာ မိသားစု စားဝတ္ေနေရးအတြက္ ပင္ပင္ပန္းပန္း ႀကိဳးစား႐ုန္းကန္ေနတဲ့အခ်ိန္မွာ ကိုယ္ကလည္း အိမ္မွာေနၿပီး အိမ္တခုလံုးရဲ႕ ေဝယ်ာဝစၥ အဝဝကို လိုေလေသး မ႐ွိေအာင္ ထိန္းသိမ္း ျခင္းျဖင့္ ကိုယ့္ရဲ႕ တာဝန္ကို ေက်ႁပြန္ပါ။

သမီး……။ အိမ္ေထာင္တခုရဲ႕ ဘ႑ာေရး သိုေလွာင္ကန္မွာ ေယာက်ၤားဆိုတာ ေငြခပ္ျဖည့္တဲ့သူ ျဖစ္ၿပီး မိန္းမ ဆိုတာ ေငြခပ္သံုးတဲ့သူ ျဖစ္သတဲ့ … ခပ္ျဖည့္ရတဲ့သူ႔ခမ်ာ မလြယ္႐ွာပါဘူးကြယ္။ ခ်ိဳးၿခံေခြၽတာစြာနဲ႔ နည္းစနစ္တက် သံုးတတ္ပါေစ ကြယ္။

သမီး……။ သား၊သမီး မေကာင္း မိဘေခါင္း တဲ့ သား၊ သမီးေတြကို သြန္သင္ဆံုးမ ရာမွာ သမီးအေပၚမွာပဲ အမ်ားႀကီး မူတည္ပါတယ္။ သူ႔ခမ်ာ သားသမီး ေတြနဲ႔ အတူေနရတဲ့ အခ်ိန္ေတြက နည္း႐ွာသကိုး။

သမီး……။ အခန္႔မသင့္ လို႔ စကားမ်ား ရန္ျဖစ္ၾကတဲ့အခါ ကြာ႐ွင္းျပတ္စဲ မယ္ဆိုတဲ့ အေတြး ေယာင္လို႔ေတာင္မေတြးပါနဲ႔…။ ၾကားက အျပစ္မဲ့တဲ့ ကေလးေတြအတြက္ စဥ္းစားေပးပါ။

သမီး……။ မျမင္ႏိူင္တဲ့ ေ႐ွ႕ေလွ်ာက္ဘဝမွာ … ေယာက်ၤား ေကာင္းစားတဲ့အခါ လိုက္ၿပီးစံစားပါ။ ေယာက်ၤား အဆင္မေျပတဲ့အခါ လိုက္ၿပီး ဒုကၡခံေပးပါ။ ေအးအတူပူအမွ် သုခ၊ဒုကၡ တို႔ကို ရင္ဆိုင္ ေက်ာ္လႊားႏိုင္မွသာ ေအးခ်မ္း တည္ၿငိမ္တဲ့ မိသားစု ကို ပိုင္ဆိုင္ႏိုင္တာ။ ေျပာဆိုဆံုးမ ေနရင္းျဖင့္ အေမျဖစ္သူ မ်က္ရည္ေတြဝဲလာသည္။ ၿပီး… တုန္ရင္ေသာ အသံျဖင့္…

ငါ့ သမီးေလး~~~~ အိမ္ေထာင္ေရး ~~~~ အဆင္ေျပ ~~~ ကံေကာင္းပါေစလို႔ပဲ~~~ အေမ ဆုေတာင္းေပးႏိုင္ ပါေတာ့မယ္ ….။ သူငယ္ခ်င္း မ်ားအားလံုး …. သာယာၾကည္ႏူးဖြယ္ ေကာင္းေသာ အိမ္ေထာင္ေရး ပိုင္ဆိုင္ၾကပါေစ။

Credit : သမီးေလး
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သမီး……။ သူ့ကို ချစ်လို့ ယူတာပဲဖြစ်ဖြစ် မိဘချင်း သဘောတူ ပေးစားလို့ ယူတာပဲဖြစ်ဖြစ် သူဟာ ကိုယ့်ရဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပါ။ တနည်းပြောရရင် ကိုယ့်ရဲ့ ယုံကြည်အားကိုးရာ အိမ်ဦးနတ်ပေါ့။

သမီး……။ အိမ်ဦးနတ် ဆိုမှတော့ ကိုယ်က သူ့ကို ယုံယုံကြည်ကြည် လေးလေးစားစား မြတ်မြတ်နိုးနိုး စွာနဲ့ ဆက်ဆံပါမှ ကိုယ်လည်း သူ့ရဲ့ ဂရုစိုက် ၊ အလေးပေးမှုကို ခံရတယ်။

သမီး……။ ယောင်္ကျား ကို နိုင်(ထိန်းနိုင်သည်) တာ ကောင်းပါတယ်။ ဒါပေမယ့် မနိုင်စားပါနဲ့ …။ သူ့ကို နိုင်စားရင် သား၊ သမီးတွေကပါ လိုက်ပြီး မလေးမစား ဆက်ဆံပါလိမ့်မယ်။ မိန်းမ နိုင်စားတာ ခံနေရတဲ့ အိမ်ထောင်ဦးစီးဟာ ဘယ်တော့မှ မကြီးပွား မတိုးတက်နိုင်ပါဘူး။

သမီး……။ ယောင်္ကျား မကောင်း လို့ ဆိုပြီး ဘဝ ကိုမငြို ငြင်ပါနဲ့။ ယောင်္ကျားကောင်း ဆိုတာ မိန်းမတွေ နောက်ကွယ်ကနေ မသိမသာ ထိန်းကျောင်းပုံသွင်း ရင်းနဲ့ ဖြစ်လာတာပါ။

သမီး……။ ယောင်္ကျား ဆိုတာ မိသားစုအတွက် ဂုဏ်သိက္ခာ၊ မျက်နှာနဲ့ အပြင်မှာ စီးပွားရှာ နေရတာပါ။ လူရှေ့သူရှေ့ ၊ သူ့ အပေါင်းသင်း ၊မိတ်ဆွေတွေ ရှေ့မှာ သူ့ကို မလေးမစား အရှက်ခွဲ ဆက်ဆံမိတာမျိုး မလုပ်မိပါစေနဲ့။

သမီး……။ တရုတ်လို ဆိုရိုးစကား ရှိတယ်ကွဲ့ ပက်ထုတ်လိုက်တဲ့ရေ ပြန်မရနိုင်ဘူး ပေးလိုက်တဲ့သမီး ပြန်မပိုင်ဘူး တဲ့ ဒါကြောင့် သူ့အိမ်၊သူ့ ဆွေမျိုး မိသားစု အသိုင်းဝန်း ကြား ရောက်သွားတဲ့အခါ ကိုယ့် ဆွေမျိုး မိသားစုလို မေတ္တာထားပြီး ဆက်ဆံပါ။

သမီး……။ သူ့အိမ်ကို ရောက်သွားတဲ့အခါ သူ့မိဘကို ကိုယ့်မိဘလို သဘောထားပြီး ရိုရိုသေသေ လေးလေးစားစား ဆက်ဆံပါ၊ ပြုစု စောင့်ရှောက်ပါ။ သူ့ ညီအကို မောင်နှမတွေကို ကိုယ့် ညီအကို မောင်နှမတွေလို သဘောထားပြီး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ဆက်ဆံပါ။

သမီး……။ သူက အပြင်မှာ မိသားစု စားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်း ကြိုးစားရုန်းကန်နေတဲ့အချိန်မှာ ကိုယ်ကလည်း အိမ်မှာနေပြီး အိမ်တခုလုံးရဲ့ ဝေယျာဝစ္စ အဝဝကို လိုလေသေး မရှိအောင် ထိန်းသိမ်း ခြင်းဖြင့် ကိုယ့်ရဲ့ တာဝန်ကို ကျေပြွန်ပါ။

သမီး……။ အိမ်ထောင်တခုရဲ့ ဘဏ္ဍာရေး သိုလှောင်ကန်မှာ ယောင်္ကျားဆိုတာ ငွေခပ်ဖြည့်တဲ့သူ ဖြစ်ပြီး မိန်းမ ဆိုတာ ငွေခပ်သုံးတဲ့သူ ဖြစ်သတဲ့ … ခပ်ဖြည့်ရတဲ့သူ့ခမျာ မလွယ်ရှာပါဘူးကွယ်။ ချိုးခြံချွေတာစွာနဲ့ နည်းစနစ်တကျ သုံးတတ်ပါစေ ကွယ်။

သမီး……။ သား၊သမီး မကောင်း မိဘခေါင်း တဲ့ သား၊ သမီးတွေကို သွန်သင်ဆုံးမ ရာမှာ သမီးအပေါ်မှာပဲ အများကြီး မူတည်ပါတယ်။ သူ့ခမျာ သားသမီး တွေနဲ့ အတူနေရတဲ့ အချိန်တွေက နည်းရှာသကိုး။

သမီး……။ အခန့်မသင့် လို့ စကားများ ရန်ဖြစ်ကြတဲ့အခါ ကွာရှင်းပြတ်စဲ မယ်ဆိုတဲ့ အတွေး ယောင်လို့တောင်မတွေးပါနဲ့…။ ကြားက အပြစ်မဲ့တဲ့ ကလေးတွေအတွက် စဉ်းစားပေးပါ။

သမီး……။ မမြင်နိူင်တဲ့ ရှေ့လျှောက်ဘဝမှာ … ယောင်္ကျား ကောင်းစားတဲ့အခါ လိုက်ပြီးစံစားပါ။ ယောင်္ကျား အဆင်မပြေတဲ့အခါ လိုက်ပြီး ဒုက္ခခံပေးပါ။ အေးအတူပူအမျှ သုခ၊ဒုက္ခ တို့ကို ရင်ဆိုင် ကျော်လွှားနိုင်မှသာ အေးချမ်း တည်ငြိမ်တဲ့ မိသားစု ကို ပိုင်ဆိုင်နိုင်တာ။ ပြောဆိုဆုံးမ နေရင်းဖြင့် အမေဖြစ်သူ မျက်ရည်တွေဝဲလာသည်။ ပြီး… တုန်ရင်သော အသံဖြင့်…

ငါ့ သမီးလေး~~~~ အိမ်ထောင်ရေး ~~~~ အဆင်ပြေ ~~~ ကံကောင်းပါစေလို့ပဲ~~~ အမေ ဆုတောင်းပေးနိုင် ပါတော့မယ် ….။ သူငယ်ချင်း များအားလုံး …. သာယာကြည်နူးဖွယ် ကောင်းသော အိမ်ထောင်ရေး ပိုင်ဆိုင်ကြပါစေ။

Credit : သမီးလေး

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top