iMyanmarHouse.com - Best Property Website for Myanmar
×

သင့္အေနနဲ႔ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ျဖစ္ခ်င္ပါသလား။ ဘယ္မိန္းကေလးေတြကမဆို ေၾကြသြားေစႏိုင္ ေလာက္တဲ့ အမ်ိဳးသားတစ္ေယာက္ျဖစ္ဖို႔ စိတ္ထားျမင့္ျမတ္တာကေနစၿပီး ေပ်ာ္ရႊင္တတ္တာအထိ လိုက္နာ စရာေတြအမ်ားႀကီးရွိပါတယ္။ အဲဒီအထဲကမွ မိန္းကေလးတိုင္း သင့္ကိုတမ္းတမ္းစြဲျဖစ္ေနေစဖို႔ အေရးႀကီးတဲ့ အခ်က္(၈)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ သူမနဲ႔တစ္ခါေလာက္ ေသခ်ာခ်ိန္းေတြ႕ၿပီး ေလွ်ာက္လည္ပါ။ ဒီလိုခ်ိန္းေတြ႔ေနခ်ိန္မွာ သူမကိုအမွန္တကယ္ ျမတ္ႏိုးခ်စ္ခင္ေၾကာင္း ေပၚလြင္ပါေစ။ ၿပီးရင္ ရက္အနည္းငယ္ၾကာေအာင္ သူမကို ေရွာင္ေနလိုက္ပါ။ သူမကသင့္ကို ေမွ်ာ္ေနပါေစ။

၂။ သင့္ရဲ႕ဘ၀က ၿပီးျပည့္စံုေနတယ္ဆိုတာကို သူမ သိပါေစ။ သင္က ဘ၀ကို ေပ်ာ္ရႊင္စြာျဖတ္သန္းေနတယ္ ဆိုတာကို သူမ သိဖို႔ လိုအပ္ပါတယ္။ သင့္ဘ၀ဟာ သူမအတြက္ စိတ္လႈပ္ရွားစရာျဖစ္ေလေလ၊ သူမအေနနဲ႔ တစိတ္တပိုင္းအျဖစ္ ပါ၀င္ခ်င္လာေလေလပဲျဖစ္ပါတယ္။

၃။ လ်ိဳ႕၀ွက္ဆန္ဆန္ျဖစ္ဖို႔လည္း လိုပါတယ္။ သင့္နဲ႔ပတ္သက္ၿပီး အားလံုးကို သူမသိတယ္ဆိုတာမ်ိဳး မျဖစ္ပါေစနဲ႔။ သင့္မွာဖုံးကြယ္လ်ိဳ႕၀ွက္ထားတာေတြရွိတာနဲ႔အမွ် သူမကပိုၿပီး အာ႐ုံစိုက္သိခ်င္ေနမွာ ျဖစ္ပါတယ္။ သင့္ဘ၀နဲ႔ပတ္သက္လို႔ မသိမသာေလးဆို႐ုံပဲ ေဖာ္ထုတ္ျပသၿပီး သူမရဲ႕စိတ္၀င္စားမႈကို ရယူထားျခင္းအားျဖင့္ သင့္နဲ႔အတူအခ်ိန္ျဖဳန္းဖို႔ကို သူမစိတ္အားထက္သန္လာပါလိမ့္မယ္။

၄။ ပြဲတိုးတဲ့သူလည္း ျဖစ္ပါေစ။ အ၀တ္အစား ၀တ္စားဆင္ယင္မႈနဲ႔ ဖက္ရွင္ကို ဂ႐ုစိုက္ဖို႔ကို ဆိုလိုတာပါ။ ေကာင္းေကာင္းမြန္မြန္ ၀တ္စားထားရမယ္ဆိုတိုင္းလည္း ၀တ္စံုျပည့္အက်အနခ်ည္းပဲ ၀တ္ေနဖို႔မဟုတ္ပါဘူး။ သက္ေတာင့္သက္သာရွိတဲ့ အ၀တ္အစားေတြနဲ႔လည္း လန္းေနဖို႔လိုပါတယ္။ မိန္းကေလးတစ္ေယာက္က သင့္ကို ၾကည့္လိုက္တိုင္းမွာ လန္းတယ္လို႔ ျမင္သြားေစဖို႔ပဲျဖစ္ပါတယ္။

၅။ အမ်ိဳးသမီးေတြနဲ႔ ရင္းႏွီးကၽြမ္း၀င္ဖို႔ လိုပါတယ္။ အမ်ိဳးသမီးေတြအၾကားမွာ ထင္ရွားၿပီး လူခ်စ္ လူခင္မ်ားတာမ်ိဳးကို ဆိုလိုတာပါ။ ဒီလို အမ်ိဳးသမီးေတြရဲ႕ ရင္းႏွီးခင္မင္မႈကို ရရွိထားတတ္တဲ့ အမ်ိဳးသားေတြကို မိန္းကေလးေတြက သူမတို႔ရဲ႕သက္ဆိုင္သူအျဖစ္ ရွိေစလိုတတ္ၾကပါတယ္။

၆။ ႐ိုးရွင္းလြန္းလို႔ မရပါဘူး။ သင့္အေနနဲ႔ စိတ္၀င္စားစရာေကာင္းသူ တစ္ေယာက္ျဖစ္ဖို႔ လိုပါတယ္။ မိန္းကေလးေတြက စားေသာက္ဆိုင္မွာ ခ်ိန္းဆိုေတြ႕ဆံုဖို႔ ေမွ်ာ္လင့္ထားတဲ့အခ်ိန္မ်ိဳးမွာ သူမ မေမွ်ာ္လင့္ထား တဲ့ ကိစၥတစ္ခုခုကို အတူတူလုပ္ေဆာင္သင့္ပါတယ္။ ဒီလို လုပ္ေပးတာမ်ိဳးက သူမကို ပိုၿပီး စိတ္လႈပ္ရွားေစမွာ ျဖစ္သလိုသင့္ကိုျငင္းပယ္ႏိုင္စြမ္း ရွိေတာ့မွာမဟုတ္ပါဘူး။

၇။ လက္သြက္ဖို႔လည္း လိုပါတယ္။ သင္သေဘာက်တဲ့ မိန္းကေလးက သင့္အနားမွာေနရတာကို စိတ္သက္သာေနပံုရရင္ အထိအေတြ႔ေတြနဲ႔ ဆြဲေဆာင္တတ္ဖို႔ျဖစ္ပါတယ္။ လက္ေမာင္းေတြကို အသာအယာေလးဆုပ္ကိုင္တာ၊ လမ္းေလွ်ာက္တဲ့အခ်ိန္မွာ လမ္းျပသလိုနဲ႔ ေနာက္ေက်ာကေန ထိန္းကိုင္ထားေပးတာမ်ိဳးေလးေတြကိုဆိုလိုပါတယ္။ ထိေတြ႔ရမယ္ဆိုေပမယ့္ ႏူးညံ႔ၾကင္နာတဲ့ပံုစံမ်ိဳးပဲျဖစ္သင့္ပါတယ္။

၈။ အိပ္ရာထဲမွာလည္း စြမ္းေဆာင္ရည္ျပည့္၀ဖို႔ အေရးႀကီးပါတယ္။ အေကာင္းဆံုးကာမအရသာ ေပးစြမ္းႏိုင္တာေလာက္ ေကာင္းတဲ့ဆြဲေဆာင္မႈမ်ိဳးမရွိပါဘူး။ အတူေနျဖစ္ၾကတဲ့အခ်ိန္မွာ မွန္မွန္ကန္ကန္ လႈပ္ရွားတတ္မယ္ဆိုရင္ေတာ့ သင္ကလြဲၿပီး တျခားဘာကိုမွ မလိုခ်င္ေတာ့ေလာက္ေအာင္ကို တမ္းတမ္းစြဲ ျဖစ္သြားမွာ ေသခ်ာပါတယ္။

Credit : Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင့်အနေနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ချင်ပါသလား။ ဘယ်မိန်းကလေးတွေကမဆို ကြွေသွားစေနိုင် လောက်တဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ စိတ်ထားမြင့်မြတ်တာကနေစပြီး ပျော်ရွှင်တတ်တာအထိ လိုက်နာ စရာတွေအများကြီးရှိပါတယ်။ အဲဒီအထဲကမှ မိန်းကလေးတိုင်း သင့်ကိုတမ်းတမ်းစွဲဖြစ်နေစေဖို့ အရေးကြီးတဲ့ အချက်(၈)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ သူမနဲ့တစ်ခါလောက် သေချာချိန်းတွေ့ပြီး လျှောက်လည်ပါ။ ဒီလိုချိန်းတွေ့နေချိန်မှာ သူမကိုအမှန်တကယ် မြတ်နိုးချစ်ခင်ကြောင်း ပေါ်လွင်ပါစေ။ ပြီးရင် ရက်အနည်းငယ်ကြာအောင် သူမကို ရှောင်နေလိုက်ပါ။ သူမကသင့်ကို မျှော်နေပါစေ။

၂။ သင့်ရဲ့ဘဝက ပြီးပြည့်စုံနေတယ်ဆိုတာကို သူမ သိပါစေ။ သင်က ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေတယ် ဆိုတာကို သူမ သိဖို့ လိုအပ်ပါတယ်။ သင့်ဘဝဟာ သူမအတွက် စိတ်လှုပ်ရှားစရာဖြစ်လေလေ၊ သူမအနေနဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်ချင်လာလေလေပဲဖြစ်ပါတယ်။

၃။ လျို့ဝှက်ဆန်ဆန်ဖြစ်ဖို့လည်း လိုပါတယ်။ သင့်နဲ့ပတ်သက်ပြီး အားလုံးကို သူမသိတယ်ဆိုတာမျိုး မဖြစ်ပါစေနဲ့။ သင့်မှာဖုံးကွယ်လျို့ဝှက်ထားတာတွေရှိတာနဲ့အမျှ သူမကပိုပြီး အာရုံစိုက်သိချင်နေမှာ ဖြစ်ပါတယ်။ သင့်ဘဝနဲ့ပတ်သက်လို့ မသိမသာလေးဆိုရုံပဲ ဖော်ထုတ်ပြသပြီး သူမရဲ့စိတ်ဝင်စားမှုကို ရယူထားခြင်းအားဖြင့် သင့်နဲ့အတူအချိန်ဖြုန်းဖို့ကို သူမစိတ်အားထက်သန်လာပါလိမ့်မယ်။

၄။ ပွဲတိုးတဲ့သူလည်း ဖြစ်ပါစေ။ အဝတ်အစား ဝတ်စားဆင်ယင်မှုနဲ့ ဖက်ရှင်ကို ဂရုစိုက်ဖို့ကို ဆိုလိုတာပါ။ ကောင်းကောင်းမွန်မွန် ဝတ်စားထားရမယ်ဆိုတိုင်းလည်း ဝတ်စုံပြည့်အကျအနချည်းပဲ ဝတ်နေဖို့မဟုတ်ပါဘူး။ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေနဲ့လည်း လန်းနေဖို့လိုပါတယ်။ မိန်းကလေးတစ်ယောက်က သင့်ကို ကြည့်လိုက်တိုင်းမှာ လန်းတယ်လို့ မြင်သွားစေဖို့ပဲဖြစ်ပါတယ်။

၅။ အမျိုးသမီးတွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ လိုပါတယ်။ အမျိုးသမီးတွေအကြားမှာ ထင်ရှားပြီး လူချစ် လူခင်များတာမျိုးကို ဆိုလိုတာပါ။ ဒီလို အမျိုးသမီးတွေရဲ့ ရင်းနှီးခင်မင်မှုကို ရရှိထားတတ်တဲ့ အမျိုးသားတွေကို မိန်းကလေးတွေက သူမတို့ရဲ့သက်ဆိုင်သူအဖြစ် ရှိစေလိုတတ်ကြပါတယ်။

၆။ ရိုးရှင်းလွန်းလို့ မရပါဘူး။ သင့်အနေနဲ့ စိတ်ဝင်စားစရာကောင်းသူ တစ်ယောက်ဖြစ်ဖို့ လိုပါတယ်။ မိန်းကလေးတွေက စားသောက်ဆိုင်မှာ ချိန်းဆိုတွေ့ဆုံဖို့ မျှော်လင့်ထားတဲ့အချိန်မျိုးမှာ သူမ မမျှော်လင့်ထား တဲ့ ကိစ္စတစ်ခုခုကို အတူတူလုပ်ဆောင်သင့်ပါတယ်။ ဒီလို လုပ်ပေးတာမျိုးက သူမကို ပိုပြီး စိတ်လှုပ်ရှားစေမှာ ဖြစ်သလိုသင့်ကိုငြင်းပယ်နိုင်စွမ်း ရှိတော့မှာမဟုတ်ပါဘူး။

၇။ လက်သွက်ဖို့လည်း လိုပါတယ်။ သင်သဘောကျတဲ့ မိန်းကလေးက သင့်အနားမှာနေရတာကို စိတ်သက်သာနေပုံရရင် အထိအတွေ့တွေနဲ့ ဆွဲဆောင်တတ်ဖို့ဖြစ်ပါတယ်။ လက်မောင်းတွေကို အသာအယာလေးဆုပ်ကိုင်တာ၊ လမ်းလျှောက်တဲ့အချိန်မှာ လမ်းပြသလိုနဲ့ နောက်ကျောကနေ ထိန်းကိုင်ထားပေးတာမျိုးလေးတွေကိုဆိုလိုပါတယ်။ ထိတွေ့ရမယ်ဆိုပေမယ့် နူးညံ့ကြင်နာတဲ့ပုံစံမျိုးပဲဖြစ်သင့်ပါတယ်။

၈။ အိပ်ရာထဲမှာလည်း စွမ်းဆောင်ရည်ပြည့်ဝဖို့ အရေးကြီးပါတယ်။ အကောင်းဆုံးကာမအရသာ ပေးစွမ်းနိုင်တာလောက် ကောင်းတဲ့ဆွဲဆောင်မှုမျိုးမရှိပါဘူး။ အတူနေဖြစ်ကြတဲ့အချိန်မှာ မှန်မှန်ကန်ကန် လှုပ်ရှားတတ်မယ်ဆိုရင်တော့ သင်ကလွဲပြီး တခြားဘာကိုမှ မလိုချင်တော့လောက်အောင်ကို တမ်းတမ်းစွဲ ဖြစ်သွားမှာ သေချာပါတယ်။

Credit : Gentleman Magazine

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top