iMyanmarHouse.com - Best Property Website for Myanmar
×

အက္ဒမင္ဟာ မိစံုဖစံုမရွိတဲ့ မိသားစုကလာတဲ့ သမီးႀကီး တစ္ေယာက္အေနနဲ႔ မယားငယ္ဆိုတဲ့ စာလံုးတစ္လံုးဟာ ဘယ္ေလာက္အရုပ္ဆိုးေၾကာင္း ေကာင္းေကာင္းႀကီး သိေနပါတယ္။ ဒီစာလံုးဟာ အေခၚခံရတဲ့ မိန္းကေလးအတြက္တင္မက သူ႔ဝန္းက်င္က လူေတြအားလံုးအတြက္ပါ အရိပ္မည္းႀကီးလို မိုးထားတဲ့ နာမည္ဆိုးႀကီးပါ။

ဒါနဲ႔မ်ား ဘာလို႔ အိမ္ေထာင္ရွင္ေယာက်္ားေတြကို ျမွဴဆြယ္တဲ့ မိန္းကေလးေတြ ရွိေနၾကတုန္းပဲလဲ။

အက္ဒမင္ေတြ႔ေတြ႔ေနရတယ္။ ေယာက်္ားကေဖာက္ျပန္ မိန္းမက ေဖ့ဘုတ္မွာ ပံုေတြတင္ အရွက္ေတြခြဲ။ မယားငယ္မေလးဘက္က အသေရဖ်က္ပါတယ္ဆိုၿပီး ကက္ကက္လန္ျပန္ရန္ေတြ႔နဲ႔။ အခ်ိန္ေတြကုန္၊ စိတ္ေတြပင္ပန္း၊ အရွက္ေတြကြဲ။ ဘယ္သူ႔အတြက္မွာမွ ဘာတစ္ခုမွ ေကာင္းတာမရွိပါလားေနာ္။

ကိုယ္ေတြ႔ႀကံဳဖူးတုန္းကလည္း အဲ့လိုပဲ ေမေမက သားသမီးေတြမ်က္ႏွာၾကည့္ၿပီး သည္းခံသေလာက္၊ မယားငယ္မေလးကေရာင့္တက္၊ အေဖနဲ႔အေမရန္ေတြျဖစ္၊ အက္ဒမင္တို႔ သားသမီးေတြ စိတ္ေတြဆင္းရဲနဲ႔ အင္မတန္မွ ေပြလီခဲ့ပါတယ္။ အဲ့တုန္းက အက္ဒမင္က အသက္ ၁၁-၁၂ ဝန္းက်င္ေလာက္ သိတတ္ေနၿပီဆိုေတာ့ သူတို႔ေတြ တိုးတိုးႀကိတ္ႀကိတ္ေျပာေနၾကၿပီဆို သြားသြားနားေထာင္တာေလ။ အဘြားက အဲ့မယားငယ္မေလးကို ေျပာတဲ့စကားကို မွတ္မိေနပါေသးတယ္။ “အစက အိမ္ေထာင္ရွိမွန္း မသိခဲ့လို႔ဆို၊ ဒီအေျခအေနထိ ဘာလို႔အေရာက္ခံလဲ သမီးရယ္” တဲ့ “အိမ္ေထာင္ရွိမွန္း သိသြားေတာ့ေရာ ဘာလို႔ေရွ႕ဆက္ေသးလဲ” တဲ့။

အဲ့တုန္းကေတာ့ ငယ္ေသးေတာ့ ဟုတ္တယ္ေပါ့။ ဒီမိန္းမ ေတာ္ေတာ္ဆိုးပါလားေပါ့။ ထင္ခဲ့မိတာေျပာပါတယ္။ အသက္ႀကီးလာမွ လက္ခုပ္ဆိုတာ ႏွစ္ဘက္တီးမွ ျမည္တယ္ဆိုတာ သိလာတယ္။ တကယ္ေတာ့ မယားငယ္ေနတယ္ဆိုတာ မယားငယ္အျဖစ္ခံတဲ့ မိန္းကေလးတစ္ေယာက္တည္းရဲ႕ အျပစ္ေတာ့မဟုတ္ျပန္ဘူး။ အိမ္ေထာင္ႀကီး ရွိလ်က္သားနဲ႔၊ ပိုဆိုးတာက သားသမီးေတြနဲ႔ မိသားစုတစ္ခု ရွိေနလ်က္သားနဲ႔ တဏွာေနာက္လိုက္တဲ့ ေယာက်္ားေတြအျပစ္လည္း ပါေသးတာကိုး။

ေကာင္မေလးေတြဘက္က ပစၥည္းမက္လို႔ မယားငယ္အျဖစ္ခံၾကတာအျပင္၊ “ကိုကိုကငါ့ကိုမွ တကယ္ခ်စ္တာ” ဆိုတဲ့ ကယ္တင္ရွင္မေလးေတြလည္း ရွိၾကေသးတယ္။ အိမ္ေထာင္ရွိ ေယာက်္ားက ကိုယ့္ကေလးေတြအေမ ဇနီးမယားမ်က္ႏွာကိုမွမေထာက္ အိမ္ကဟာႀကီးနဲ႔ ေနရတာ ဘယ္လိုစိတ္ဆင္းရဲေၾကာင္းေတြ ညည္းျပတာကို အေကာင္းမွတ္ေနတဲ့ မိန္းကေလးေတြကိုဆို သနားပဲ သနားရမလား၊ ေဒါင္ကနဲ ေခါင္းကိုေခါက္ပစ္ၿပီး စိတ္မွန္မွန္ထားစမ္းလို႔ ဆူပစ္လိုက္ရမလားပဲ။

လက္ရွိမိန္းမႀကီးကို၊ သူ႔ရဲ႕မိသားစုကို၊ သစၥာေဖာက္ဝံ့တဲ့ ေယာက်္ားတစ္ေယာက္ဟာ ကိုယ့္အေပၚ သစၥာရွိမယ္လို႔ ဒီမိန္းကေလးေတြကို ဘယ္သူကမ်ား အာမခံေပးထားပါလိမ့္လို႔ အက္ဒမင္အၿမဲစဥ္းစားတယ္။ ပစၥည္းဥစၥာနဲ႔၊ အခ်စ္လို႔ သူတို႔ထင္ေနတဲ့ ရမၼက္ေတြဟာ မိသားစုတစ္ခုကို ဖ်က္ဆီးပစ္ရမွာကိုေတာင္ မေၾကာက္ေတာ့ေလာက္ေအာင္ ဒီမိန္းကေလးေတြကို အေမွာင္ဖံုးထားတာလား။ ဒီမိန္းကေလးေတြ မရွက္တတ္ၾကတာလား။ ရွက္စရာလို႔ မျမင္ၾကေတာ့တာလား ဆိုတာကေတာ့ ဘယ္လိုစဥ္းစားစဥ္းစား အက္ဒမင့္ဥာဏ္နဲ႔ လိုက္မမီတဲ့ ေမးခြန္းေတြေပါ့ ေယာင္းတို႔ရယ္။

တကယ္ေတာ့ အက္ဒမင္တို႔ မိန္းကေလးေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ကူညီရိုင္းပင္းၿပီး ေနရမွာပါ။ ဒီေန႔ေခတ္ႀကီးလို အခ်ိန္မ်ိဳးမွာေတာင္မွ လိင္နဲ႔ပတ္သတ္တဲ့ ရာဇဝတ္မႈေတြ၊ မိန္းကေလးေတြကို ဖိႏွိပ္မႈေတြ ရွိေနေသးတာမို႔ ဒါေတြကို ေတာ္လွန္ဖို႔က မိန္းကေလးအခ်င္းခ်င္း စည္းလံုးရိုင္းပင္းမွ ရမွာပါ။

ဒါကို မယားႀကီးနဲ႔ မယားငယ္၊ လက္ရွိရည္းစားနဲ႔ စႏိုက္ေၾကာ္ စသည္ျဖင့္ ေယာက်္ားတစ္ေယာက္ေၾကာင့္နဲ႔ ပဋိပကၡေတြ ျဖစ္ေနၾကတာ ျမင္ရတာ စိတ္မခ်မ္းသာဘူးကြယ္။ ဘာသာေရးအရေရာ၊ လူမႈေရးအရပါ မေကာင္းတဲ့ ဒုတိယလူဘဝကို မလိုခ်င္ၾကပါနဲ႔လို႔ပဲ ကုန္းကုန္းေအာ္ခ်င္ေတာ့တယ္။

တို႔ေယာင္းကေလးေတြက ဒီလိုမိန္းကေလးေတြ မဟုတ္မွန္း အက္ဒမင္ယံုသလို ေယာင္းတို႔ပတ္ဝန္းက်င္မွာ ဒါမ်ိဳးေတြ ႀကံဳလာရင္ သူတို႔ေလးေတြကို လမ္းမွားမေရာက္ေအာင္ ေယာင္းတို႔ေတြကပဲ ကူညီေပးမယ္လို႔ အက္ဒမင္သိေနပါတယ္။ For Her ညီအစ္မေတြက မိန္းကေလးေတြဘက္မွာ အၿမဲရွိေနတာမလားေနာ္။

Credit: Khine ( For Her Myanmar )
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
 အက်ဒမင်ဟာ မိစုံဖစုံမရှိတဲ့ မိသားစုကလာတဲ့ သမီးကြီး တစ်ယောက်အနေနဲ့ မယားငယ်ဆိုတဲ့ စာလုံးတစ်လုံးဟာ ဘယ်လောက်အရုပ်ဆိုးကြောင်း ကောင်းကောင်းကြီး သိနေပါတယ်။ ဒီစာလုံးဟာ အခေါ်ခံရတဲ့ မိန်းကလေးအတွက်တင်မက သူ့ဝန်းကျင်က လူတွေအားလုံးအတွက်ပါ အရိပ်မည်းကြီးလို မိုးထားတဲ့ နာမည်ဆိုးကြီးပါ။

ဒါနဲ့များ ဘာလို့ အိမ်ထောင်ရှင်ယောကျ်ားတွေကို မြှူဆွယ်တဲ့ မိန်းကလေးတွေ ရှိနေကြတုန်းပဲလဲ။

အက်ဒမင်တွေ့တွေ့နေရတယ်။ ယောကျ်ားကဖောက်ပြန် မိန်းမက ဖေ့ဘုတ်မှာ ပုံတွေတင် အရှက်တွေခွဲ။ မယားငယ်မလေးဘက်က အသရေဖျက်ပါတယ်ဆိုပြီး ကက်ကက်လန်ပြန်ရန်တွေ့နဲ့။ အချိန်တွေကုန်၊ စိတ်တွေပင်ပန်း၊ အရှက်တွေကွဲ။ ဘယ်သူ့အတွက်မှာမှ ဘာတစ်ခုမှ ကောင်းတာမရှိပါလားနော်။

ကိုယ်တွေ့ကြုံဖူးတုန်းကလည်း အဲ့လိုပဲ မေမေက သားသမီးတွေမျက်နှာကြည့်ပြီး သည်းခံသလောက်၊ မယားငယ်မလေးကရောင့်တက်၊ အဖေနဲ့အမေရန်တွေဖြစ်၊ အက်ဒမင်တို့ သားသမီးတွေ စိတ်တွေဆင်းရဲနဲ့ အင်မတန်မှ ပွေလီခဲ့ပါတယ်။ အဲ့တုန်းက အက်ဒမင်က အသက် ၁၁-၁၂ ဝန်းကျင်လောက် သိတတ်နေပြီဆိုတော့ သူတို့တွေ တိုးတိုးကြိတ်ကြိတ်ပြောနေကြပြီဆို သွားသွားနားထောင်တာလေ။ အဘွားက အဲ့မယားငယ်မလေးကို ပြောတဲ့စကားကို မှတ်မိနေပါသေးတယ်။ “အစက အိမ်ထောင်ရှိမှန်း မသိခဲ့လို့ဆို၊ ဒီအခြေအနေထိ ဘာလို့အရောက်ခံလဲ သမီးရယ်” တဲ့ “အိမ်ထောင်ရှိမှန်း သိသွားတော့ရော ဘာလို့ရှေ့ဆက်သေးလဲ” တဲ့။

အဲ့တုန်းကတော့ ငယ်သေးတော့ ဟုတ်တယ်ပေါ့။ ဒီမိန်းမ တော်တော်ဆိုးပါလားပေါ့။ ထင်ခဲ့မိတာပြောပါတယ်။ အသက်ကြီးလာမှ လက်ခုပ်ဆိုတာ နှစ်ဘက်တီးမှ မြည်တယ်ဆိုတာ သိလာတယ်။ တကယ်တော့ မယားငယ်နေတယ်ဆိုတာ မယားငယ်အဖြစ်ခံတဲ့ မိန်းကလေးတစ်ယောက်တည်းရဲ့ အပြစ်တော့မဟုတ်ပြန်ဘူး။ အိမ်ထောင်ကြီး ရှိလျက်သားနဲ့၊ ပိုဆိုးတာက သားသမီးတွေနဲ့ မိသားစုတစ်ခု ရှိနေလျက်သားနဲ့ တဏှာနောက်လိုက်တဲ့ ယောကျ်ားတွေအပြစ်လည်း ပါသေးတာကိုး။

ကောင်မလေးတွေဘက်က ပစ္စည်းမက်လို့ မယားငယ်အဖြစ်ခံကြတာအပြင်၊ “ကိုကိုကငါ့ကိုမှ တကယ်ချစ်တာ” ဆိုတဲ့ ကယ်တင်ရှင်မလေးတွေလည်း ရှိကြသေးတယ်။ အိမ်ထောင်ရှိ ယောကျ်ားက ကိုယ့်ကလေးတွေအမေ ဇနီးမယားမျက်နှာကိုမှမထောက် အိမ်ကဟာကြီးနဲ့ နေရတာ ဘယ်လိုစိတ်ဆင်းရဲကြောင်းတွေ ညည်းပြတာကို အကောင်းမှတ်နေတဲ့ မိန်းကလေးတွေကိုဆို သနားပဲ သနားရမလား၊ ဒေါင်ကနဲ ခေါင်းကိုခေါက်ပစ်ပြီး စိတ်မှန်မှန်ထားစမ်းလို့ ဆူပစ်လိုက်ရမလားပဲ။

လက်ရှိမိန်းမကြီးကို၊ သူ့ရဲ့မိသားစုကို၊ သစ္စာဖောက်ဝံ့တဲ့ ယောကျ်ားတစ်ယောက်ဟာ ကိုယ့်အပေါ် သစ္စာရှိမယ်လို့ ဒီမိန်းကလေးတွေကို ဘယ်သူကများ အာမခံပေးထားပါလိမ့်လို့ အက်ဒမင်အမြဲစဉ်းစားတယ်။ ပစ္စည်းဥစ္စာနဲ့၊ အချစ်လို့ သူတို့ထင်နေတဲ့ ရမ္မက်တွေဟာ မိသားစုတစ်ခုကို ဖျက်ဆီးပစ်ရမှာကိုတောင် မကြောက်တော့လောက်အောင် ဒီမိန်းကလေးတွေကို အမှောင်ဖုံးထားတာလား။ ဒီမိန်းကလေးတွေ မရှက်တတ်ကြတာလား။ ရှက်စရာလို့ မမြင်ကြတော့တာလား ဆိုတာကတော့ ဘယ်လိုစဉ်းစားစဉ်းစား အက်ဒမင့်ဉာဏ်နဲ့ လိုက်မမီတဲ့ မေးခွန်းတွေပေါ့ ယောင်းတို့ရယ်။

တကယ်တော့ အက်ဒမင်တို့ မိန်းကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းပြီး နေရမှာပါ။ ဒီနေ့ခေတ်ကြီးလို အချိန်မျိုးမှာတောင်မှ လိင်နဲ့ပတ်သတ်တဲ့ ရာဇဝတ်မှုတွေ၊ မိန်းကလေးတွေကို ဖိနှိပ်မှုတွေ ရှိနေသေးတာမို့ ဒါတွေကို တော်လှန်ဖို့က မိန်းကလေးအချင်းချင်း စည်းလုံးရိုင်းပင်းမှ ရမှာပါ။

ဒါကို မယားကြီးနဲ့ မယားငယ်၊ လက်ရှိရည်းစားနဲ့ စနိုက်ကြော် စသည်ဖြင့် ယောကျ်ားတစ်ယောက်ကြောင့်နဲ့ ပဋိပက္ခတွေ ဖြစ်နေကြတာ မြင်ရတာ စိတ်မချမ်းသာဘူးကွယ်။ ဘာသာရေးအရရော၊ လူမှုရေးအရပါ မကောင်းတဲ့ ဒုတိယလူဘဝကို မလိုချင်ကြပါနဲ့လို့ပဲ ကုန်းကုန်းအော်ချင်တော့တယ်။

တို့ယောင်းကလေးတွေက ဒီလိုမိန်းကလေးတွေ မဟုတ်မှန်း အက်ဒမင်ယုံသလို ယောင်းတို့ပတ်ဝန်းကျင်မှာ ဒါမျိုးတွေ ကြုံလာရင် သူတို့လေးတွေကို လမ်းမှားမရောက်အောင် ယောင်းတို့တွေကပဲ ကူညီပေးမယ်လို့ အက်ဒမင်သိနေပါတယ်။ For Her ညီအစ်မတွေက မိန်းကလေးတွေဘက်မှာ အမြဲရှိနေတာမလားနော်။

Credit: Khine ( For Her Myanmar )

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top