iMyanmarHouse.com - Best Property Website for Myanmar
×





Credit : စိုင်းခမ်းညို

ဒါရိုက်တာ ခရစ္စတီနာခီနဲ့ သရုပ်ဆောင် ဇဏ်ခီတို့ နှစ်ဦးဟာ ချက်သမ္မတနိုင်ငံ မြို့တော် ပရာ့ဂ်ကနေတစ်ဆင့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ဒုတိယအကြိမ် အသေးစားဟန်းနီမွန်းအဖြစ် သွားရောက်မယ်လို့ သိရပါတယ်။

“ ရောက်ခဲ့ဖူးသမျှထဲမှာ အလှဆုံးနေရာတစ်ခု၊ ဒါရိုက်တာတစ်ယောက်အနေနဲ့ ရုပ်ရှင်ရိုက်ဖူးချင်တဲ့နေရာတစ်ခုဖြစ်တဲ့ ပရော့ဂ်ကို နှုတ်ဆက်ပြီး ပဲရစ်မြို့ကို ဒုတိယအသေးစားဟန်းနီးမွန်းထွက်တော့မှာပါ” လို့ ချက်သမ္မတနိုင်ငံရဲ့ မြို့တော် ပရာ့ဂ်ကနေ မထွက်ခွာခင်မှာ ခရစ္စတီးနာခီက သူ့ရဲ့ ဖေစ့်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် ဒုတိယအသေးစားဟန်းနီးမွန်းထွက်မှာဖြစ်တဲ့အတွက် မနှောင့်ယှက်ပါနဲ့ဆိုပြီးတော့လည်း အရွှန်းဖောက်ရေးသားထားပါတယ်။

ဒါရိုက်တာ ခရစ္စတီနာခီနဲ့ သရုပ်ဆောင် ဇဏ်ခီတို့ နှစ်ဦးဟာ ချက်သမ္မတနိုင်ငံကို အူရီဒူးကြော်ငြာရိုက်ကူးဖို့ ဧပြီ ၃၀ ရက်ကတည်းက ရောက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

Credit : စိုင်းခမ်းညို

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top