iMyanmarHouse.com - Best Property Website for Myanmar
×

မိခင္နုိ႕တုိက္ေကြ်းျခင္းသည္ မိခင္တစ္ဦးအတြက္ စိန္ေခၚမွဳတစ္ရပ္ပင္ျဖစ္ပါသည္။ ဤေဆာင္းပါးတြင္ သင္နွင့္သင့္ကေလးအၾကား ဆက္ႏြယ္မွဳကို လွံဳေဆာ္ေပးရန္ႏွင့္ ထိန္းသိမ္းဖို႕ကူညီေပးရန္ နို႕တို္က္ျခင္းနွင့္ ပတ္သက္ေသာ အမွန္တရားအခ်ိဳ႕ကိုေဖာ္ျပေပးပါမည္။

မိခင္နို႕တိုက္ေသာအခါတြင္နာက်င္ပါသည္။
မိခင္မ်ားစြာသည္ အေစာပိုင္းရက္သတၲပတ္မ်ားတြင္ နို႕သီးေခါင္း၌ နာက်င္ျခင္းအနည္းငယ္ခံစားရသည္။ အကယ္၍ နို႕သီးေခါင္းနာက်င္ျခင္းသည္ နို႕စတိုက္ခ်ိန္ေက်ာ္ေသာအခ်ိန္အထိ ဆက္လက္နာက်င္ေနလွ်င္ေသာ္လည္းေကာင္း၊ နို႕သီးေခါင္းထိပ္တြင္ ဒဏ္ရာလကၡဏာ အနည္းငယ္ေတြ႕ရွိလွ်င္ေသာ္လည္းေကာင္း သင့္ကေလးသည္နို႕ေကာင္းေကာင္းစို႕မည္မဟုတ္ပါ။အကယ္၍သင့္နို႕သီးေခါငး္သည္ နုိ႕တို္က္ျပီးအခ်ိန္ၾကာျမင့္သည္အထိ နာက်င္ေနမည္ဆိုပါက သင့္နို႕သီးေခါင္းတြင္ ေရာဂါပိုး၀င္ေနျခင္းျဖစ္နို္င္ပါသည္။ အကယ္၍ မိခင္နုိ႕တိုက္ေကြ်းျခငး္သည္ အခ်ိန္ၾကာရွည္စြာ နာက်င္ျခင္း္ကိုျဖစ္ေပၚေစသည္ဆိုပါက မိခင္နို႕တုိုက္ျခင္းဆို္င္ရာ ကြ်မ္းက်င္သူသို႕မဟုတ္ ဆရာ၀န္တစ္ဦးဦး နွင့္အျမန္ဆံုးတိုင္ပင္ကာ အၾကံဥာဏ္ရယူသင့္ပါသည္။

ရင္သားအရြယ္အစားသည္ မိခင္နုိ႕ထြက္ရွိသည့္ပမာဏႏွင့္ မဆိုင္ပါ။
ရင္သားအရြယ္အစားသည္ သင့္တြင္အဆီတစ္ရွဴး ဘယ္ေလာက္ရွိသလဲဆိုတာကို သာေဖာ္ျပပါသည္။ အဆီတစ္ရွဴးမ်ားမ်ားရွိေလေလ သင့္၏ရင္သားသည္ ၾကီးေလေလျဖစ္ပါသည္။ ႏုိ႔ထုတ္ေသာ ဂလန္းပါ၀င္မွဳ ပမာဏကသာလွ်င္ သင့္ခႏၶာကိုယ္နို႕ရည္ဘယ္ေလာက္ထုတ္မလဲဆိုသည္ကို ဆံုးျဖတ္ေပးေသာ အေၾကာင္းအခ်က္ျဖစ္ပါသည္။ သင့္ကေလးနို႕ဆာတို္င္း နို႕တို္က္ျခင္းအားျဖင့္ သင့့္ခႏၶာကိုယ္တြင္ နို႕အလံုအေလာက္ ထုတ္လုပ္နိုင္မည္ျဖစ္ပါသည္။
ညဘက္နို႕တုိက္ျခင္းသည္ ကေလးအတြက္ေရာ မိခင္အတြက္ပါအေရးၾကီးသည္။

ပရိုလက္တင္ ေဟာ္မုန္းသည္ ညဘက္တြင္ အမ်ားဆံုးထြက္သည္။ ထို႕ေၾကာင့္ညဘက္တြင္ နို႕တိုက္ျခင္းသည္ မိခင္ႏုိ႔မ်ားမ်ားထြက္ေစသည္။ ကေလးမ်ား၏ အစာအိမ္သည္ အလြန္ေသးငယ္ေသာေၾကာင့္ ညဘက္တြင္လည္း ႏုိ႔ထပ္တုိက္ေပးဖို႕လိုအပ္ပါသည္။ ပထမသံုးလအေတာအတြင္း ညဘက္ကေလးကိုနုိ႕တိုက္ေသာမိခင္မ်ားသည္ အျခားသူမ်ားထက္စာလွ်င္ မိနစ္ေလးဆယ္ခန္႕ ေလာက္ပိုမိုၾကာရွည္စြာ အိပ္ရသည္။ အခ်ိဳ႕မိခင္မ်ားသည္ ကေလးမ်ားကို နို႕ဘူးတို္က္ျခင္းအားျဖင့္ ညဘက္တြင္အခ်ိန္ၾကာရွည္စြာ အိပ္ဖို႕ၾကိဳးစားၾကသည္။ထိုအခ်က္သည္မမွန္ကန္ပါ။ ပိုျပီးေတာင္ဆိုးနုိင္ပါသည္။ ညဘက္နို႕မတိုက္ေသာမိခင္မ်ားသည္ နို႕ထြက္နည္းသြားနို္င္ပါသည္။ နို႕တို္က္ေနစဥ္အတြင္း ထြက္လာေသာေဟာ္မုန္းမ်ားသည္ ကေလးေရာအေမေရာနွစ္ေယာက္စလံုးကို သက္ေတာင့္သက္သာရွိေစျပီး အလြယ္တကူနွစ္ျခိဳက္စြာ အိပ္ေစပါသည။္ ညအခ်ိန္နို႕တုိ္က္ျခင္းသည္ ကေလးအား ဦးေနွာက္ဖြံ႕ျဖိဳးမႈ ျမန္ဆန္ျပည့္၀ေစသည့္အျပင္ မိခင္နွင့္ကေလးအၾကားဆက္ႏြယ္မွဳကို လည္းခိုင္မာေစပါသည္။

သင္သည္သင့္ရင္သားမ်ားနို႕ရည္နွင့္တင္းေနေအာင္ေစာင့္ဖို႕မလိုပါဘူး။
တကယ္ေတာ့ သင့္ရင္သားမ်ားထဲတြင္ ကိုယ္၀န္စရွိစဥ္ေလာက္ကတည္းက နို႕ရည္မ်ားအျမဲတမ္း ရွိပါသည္။ ႏုိ႔ရည္ထြက္ႏႈန္းကေတာ့ သင့္ကေလးဘယ္ေလာက္စို႕သလဲေပၚတြင္ မူတည္ပါသည္။ သင့္ကေလး နုိ႕မ်ားမ်ားစို႕ေလေလ၊ နို႕ရည္မ်ားမ်ား ထုတ္လုပ္နို္င္ေလေလပဲျဖစ္ပါသည္။နို႕စို႕ျပီးေသာအခ်ိန္တြင္ သင့္ကေလး ဗိုက္ဆာေနပံုေပၚပါက သင့္ကေလးကိုနို႕ဆက္တိုက္လို႕ရပါသည္။နို႕ရည္သည္ သင့့္ကေလး လံုေလာက္ေအာင္စို႕ဖို႕အတြက္ အျမဲတမ္းအဆင္သင့္ရွိေနပါသည္။

Credit : Htoomyatlin
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်တစ်ဦးအတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ပါသည်။ ဤဆောင်းပါးတွင် သင်နှင့်သင့်ကလေးအကြား ဆက်နွယ်မှုကို လှုံဆော်ပေးရန်နှင့် ထိန်းသိမ်းဖို့ကူညီပေးရန် နို့တိုက်ခြင်းနှင့် ပတ်သက်သော အမှန်တရားအချို့ကိုဖော်ပြပေးပါမည်။

မိခင်နို့တိုက်သောအခါတွင်နာကျင်ပါသည်။
မိခင်များစွာသည် အစောပိုင်းရက်သတ္တပတ်များတွင် နို့သီးခေါင်း၌ နာကျင်ခြင်းအနည်းငယ်ခံစားရသည်။ အကယ်၍ နို့သီးခေါင်းနာကျင်ခြင်းသည် နို့စတိုက်ချိန်ကျော်သောအချိန်အထိ ဆက်လက်နာကျင်နေလျှင်သော်လည်းကောင်း၊ နို့သီးခေါင်းထိပ်တွင် ဒဏ်ရာလက္ခဏာ အနည်းငယ်တွေ့ရှိလျှင်သော်လည်းကောင်း သင့်ကလေးသည်နို့ကောင်းကောင်းစို့မည်မဟုတ်ပါ။အကယ်၍သင့်နို့သီးခေါင်းသည် နို့တိုက်ပြီးအချိန်ကြာမြင့်သည်အထိ နာကျင်နေမည်ဆိုပါက သင့်နို့သီးခေါင်းတွင် ရောဂါပိုးဝင်နေခြင်းဖြစ်နိုင်ပါသည်။ အကယ်၍ မိခင်နို့တိုက်ကျွေးခြင်းသည် အချိန်ကြာရှည်စွာ နာကျင်ခြင်းကိုဖြစ်ပေါ်စေသည်ဆိုပါက မိခင်နို့တိုက်ခြင်းဆိုင်ရာ ကျွမ်းကျင်သူသို့မဟုတ် ဆရာဝန်တစ်ဦးဦး နှင့်အမြန်ဆုံးတိုင်ပင်ကာ အကြံဉာဏ်ရယူသင့်ပါသည်။

ရင်သားအရွယ်အစားသည် မိခင်နို့ထွက်ရှိသည့်ပမာဏနှင့် မဆိုင်ပါ။
ရင်သားအရွယ်အစားသည် သင့်တွင်အဆီတစ်ရှူး ဘယ်လောက်ရှိသလဲဆိုတာကို သာဖော်ပြပါသည်။ အဆီတစ်ရှူးများများရှိလေလေ သင့်၏ရင်သားသည် ကြီးလေလေဖြစ်ပါသည်။ နို့ထုတ်သော ဂလန်းပါဝင်မှု ပမာဏကသာလျှင် သင့်ခန္ဓာကိုယ်နို့ရည်ဘယ်လောက်ထုတ်မလဲဆိုသည်ကို ဆုံးဖြတ်ပေးသော အကြောင်းအချက်ဖြစ်ပါသည်။ သင့်ကလေးနို့ဆာတိုင်း နို့တိုက်ခြင်းအားဖြင့် သင့့်ခန္ဓာကိုယ်တွင် နို့အလုံအလောက် ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။
ညဘက်နို့တိုက်ခြင်းသည် ကလေးအတွက်ရော မိခင်အတွက်ပါအရေးကြီးသည်။

ပရိုလက်တင် ဟော်မုန်းသည် ညဘက်တွင် အများဆုံးထွက်သည်။ ထို့ကြောင့်ညဘက်တွင် နို့တိုက်ခြင်းသည် မိခင်နို့များများထွက်စေသည်။ ကလေးများ၏ အစာအိမ်သည် အလွန်သေးငယ်သောကြောင့် ညဘက်တွင်လည်း နို့ထပ်တိုက်ပေးဖို့လိုအပ်ပါသည်။ ပထမသုံးလအတောအတွင်း ညဘက်ကလေးကိုနို့တိုက်သောမိခင်များသည် အခြားသူများထက်စာလျှင် မိနစ်လေးဆယ်ခန့် လောက်ပိုမိုကြာရှည်စွာ အိပ်ရသည်။ အချို့မိခင်များသည် ကလေးများကို နို့ဘူးတိုက်ခြင်းအားဖြင့် ညဘက်တွင်အချိန်ကြာရှည်စွာ အိပ်ဖို့ကြိုးစားကြသည်။ထိုအချက်သည်မမှန်ကန်ပါ။ ပိုပြီးတောင်ဆိုးနိုင်ပါသည်။ ညဘက်နို့မတိုက်သောမိခင်များသည် နို့ထွက်နည်းသွားနိုင်ပါသည်။ နို့တိုက်နေစဉ်အတွင်း ထွက်လာသောဟော်မုန်းများသည် ကလေးရောအမေရောနှစ်ယောက်စလုံးကို သက်တောင့်သက်သာရှိစေပြီး အလွယ်တကူနှစ်ခြိုက်စွာ အိပ်စေပါသည။် ညအချိန်နို့တိုက်ခြင်းသည် ကလေးအား ဦးနှောက်ဖွံ့ဖြိုးမှု မြန်ဆန်ပြည့်ဝစေသည့်အပြင် မိခင်နှင့်ကလေးအကြားဆက်နွယ်မှုကို လည်းခိုင်မာစေပါသည်။

သင်သည်သင့်ရင်သားများနို့ရည်နှင့်တင်းနေအောင်စောင့်ဖို့မလိုပါဘူး။
တကယ်တော့ သင့်ရင်သားများထဲတွင် ကိုယ်ဝန်စရှိစဉ်လောက်ကတည်းက နို့ရည်များအမြဲတမ်း ရှိပါသည်။ နို့ရည်ထွက်နှုန်းကတော့ သင့်ကလေးဘယ်လောက်စို့သလဲပေါ်တွင် မူတည်ပါသည်။ သင့်ကလေး နို့များများစို့လေလေ၊ နို့ရည်များများ ထုတ်လုပ်နိုင်လေလေပဲဖြစ်ပါသည်။နို့စို့ပြီးသောအချိန်တွင် သင့်ကလေး ဗိုက်ဆာနေပုံပေါ်ပါက သင့်ကလေးကိုနို့ဆက်တိုက်လို့ရပါသည်။နို့ရည်သည် သင့်ကလေး လုံလောက်အောင်စို့ဖို့အတွက် အမြဲတမ်းအဆင်သင့်ရှိနေပါသည်။

Credit : Htoomyatlin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top