iMyanmarHouse.com - Best Property Website for Myanmar
×
သင္သိပါသလား..
Credit : Soe Naing Maung
သင်သိပါသလား..
မိန်းကလေး များကို ဘယ်ဘက် ကဓာတ်ပုံရိုက်လျှင် ပိုလှသလဲ .. ..??
စာရေးသူသည် ဓာတ်ပုံပေါင်းများစွာကို နှစ်ပေါင်းများစွာ လေ့လာသုတေသနပြုသောအခါ.. မိန်းကလေးအများစု ၏ ညာဘက် အခြမ်းမှ ဓာတ်ပုံရိုက်လျှင် ပိုမိုလှပသည်ကို တွေ့ရှိရလေသည်။
ဤသုတေသန ရလဒ်သည် ၆၅% မျှတိကျမှန်ကန်မှုရှိပြီး..ကျန် ၃၅% မှာ အလင်းအမှောင် အရောင်နှင့် အဝတ်အစားများကြောင့် သာဖြစ်ကြောင်းတွေ့ရှိရလေသည်။
ထို့အပြင် ယောင်္ကျားလေး တော်တော်များများ သည်.. မိန်းကလေးတစ်ယောက်ကို ဘယ်ဘက်အခြမ်းမှ ကြည့်လျှင် ပိုလှသည်ဟုထင်ပါသနည်း။
ဤအဖြေသည် ဟိုးရှေးယခင်ကပင် ရှိနေခဲ့ပြီးသာဖြစ်လေသည်။ အဘယ်ကြောင့်နည်း ? ?
မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာတွင် မိန်းကလေးကို ယောင်္ကျားလေးများ၏ ဘယ်ဘက်အခြမ်းတွင် ထားရှိခြင်းကြောင့် ထိုမိန်းကလေးကို ကြည့်သောအခါ… ညာဘက်အခြမ်းကိုသာ ကောင်းစွာ ပိုမိုမြင်တွေ့ရမည်ဖြစ်ပေသည်။
ဒါတင်မက..ပါ.. မိန်းကလေးအများစု၏ ညာဘက်အခြမ်းသည် ပိုမို ဖွံ့ထွားကာ အမြင်အားဖြင့် တင့်တယ်လှပခြင်းနှင့် ပိုမိုပြည့်စုံလေသည်။
ဓာတ်ဆရာ အများသည် .. မိန်းကလေး တစ်ယောက်ကို ဘေးတိုက် မျက်နှာပေး ကိုယ်နေဟန်ထား ရိုက်သည့်အခါ .. ညာဖက် က ရိုက်လျှင် ပိုမို လှပသော ကောက်ကြောင်းများ ရရှိမည်မှာ အသေအချာပင်ဖြစ်လေသည်။
ထို့ကြောင့်.. မိန်းကလေး များကို.. ညာဘက်က ကြည့်ခြင်းဖြင့် ပိုမိုလှပသည်ကိုတွေ့ရမည်ဖြစ်ပါသည်။
မှတ်ချက်။ ။ စာရေးသူ နှစ်ပေါင်း ၂၀ ကျော် ကြာမျှ သုတေသန လုပ်ထားသော ကြောင့် အချက်အလက်များ တိကျ မှန်ကန်မှုရှိပါသည်။
ယခု album တွင်ပါရှိသော မူရင်းပုံပိုင်ရှင်နှင့် ဓာတ်ဆရာများကို credit ပေးပါသည်။
Credit : Soe Naing Maung
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top