iMyanmarHouse.com - Best Property Website for Myanmar
×
၁၃။ ဟာသဥာဏ်လေးတွေ ရွှင်တတ်အောင် ကြိုးစားပါ။
ပို့သပေးပါတယ်။
၁။အကောင်းမြင်တတ်ပြီး အမြဲတမ်းလန်းဆန်းတက်ကြွနေတဲ့ ဟန်ပန်လေးတွေက အလင်းရောင်လေးတွေဖြာထွက်နေစေပါတယ်။ ကိုယ့်ကိုတောက်ပနေစေပါတယ်။
၂။ ကိုယ့်မှာမပြည့်စုံတဲ့ အချက် တွေ၊ ကိုယ်မနှစ်သက်တဲ့ အချက် တွေ ရှိရင် အားလုံးကိုမေ့ပစ်လိုက်။ အဲဒါတွေအစားကိုယ့်မှာရှိနေတဲ့ ကိုယ်နှစ်သက်တဲ့၊ ကောင်းတဲ့ အချက် လေးတွေကိုပဲစဉ်းစားနေပေါ့။ ဒါဆို ပြုံးပျော်ပြီး ယုံကြည် မှုရှိလာပါလိမ့်မယ်။
၃။ ကိုယ်အကြိုက်ဆုံး ရေမွှေး ကို ရှာပြီးအမြဲဆွတ်ထားပါ။ လူတစ်ဦးတစ်ယောက်စီမှာ ထူးခြားတဲ့အနံ့လေးတွေ ရှိတတ်ကြတယ်မဟုတ်လား၊ ကိုယ့်ရဲ့ကိုယ်သင်းနံ့လေးက ိုထူးခြားပြီးချိုမြနေတဲ့အနံ့လေး ဖြစ်နေအောင်ထားပြီးဆွဲဆောင်နိုင်ပါတယ်။
၄။ လူတိုင်းကိုစိတ်ကျေနပ်အောင် ထားနိုင်ဖို့ မကြိုးစားပါနဲ့။ ဒါက ဖြစ်မှမဖြစ်နိုင်တာ။
၅။ ကိုယ့်ကိုယ်ကိုသာ ယုံကြည် စိတ်ချလိုက်ပြီး အတွင်းကပြောတဲ့ စကားသံ ကို နားထောင်လိုက်ပါ။ ကိုယ်ထင်တာကိုလုပ်လိုက်တာက အမြဲမှန်ပါတယ်။
၆။ ဘယ်တော့မှ အချိန် နောက်မကျစေနဲ့။ တခြားလူတွေရဲ့အချိန် တွေကို တန်ဖိုး ထားပါ။
၇။ မနက်တိုင်းကို ယ့်မျက်နှာ ကိုယ် မှန် ထဲမှာကြည့်ပြီး ပြုံးပြပါ။ ဒီလိုလုပ်ခြင်းက တကယ်ကိုခံစားသက်ဝင်မှုအားကောင်းစေပါတယ်။
၈။ ဘယ်တော့မှ မလိမ်ညာပါနဲ့။ အမှန်အတိုင်းပြောဆိုခြင်းက အနေရကျပ်စေတဲ့ အခြေအနေတွေကနေ လွှတ်မြောက်စေပါတယ်။
၉။ တခြားလူတွေအကြောင်း မကောင်းပြောတာမျိုးဘယ်တော့မှ မလုပ်ပါနဲ့။ အထူးသဖြင့် သူတို့ မရှိတဲ့အချိန်မှာပေါ့။
၁၀။ ကိုယ်တကယ်ချစ်တဲ့လူကို ချစ်ပါတယ်လို့ မကြာခဏပြောပေးပါ။
၁၁။ လူတစ်ယောက်နဲ့ စကားပြောတဲ့အခါ တစ်ဖက်လူရဲ့ မျက်လုံး ထဲကိုတိုက်ရိုက်ကြည့်ပြီး စကားပြောပါ။
၁၂။ လူတွေကို ရိုးရိုးသားသား ပဲချီးမွမ်း ပြောဆိုပါ။
၁၃။ ဟာသဉာဏ်လေးတွေ ရွှင်တတ်အောင် ကြိုးစားပါ။
၁၄။ သူငယ်ချင်း ကောင်း တစ်ယောက်ဖြစ်အောင် နေပါ။ ကိုယ့်ရှေ့မှာ ကိုယ့် သူငယ်ချင်း မကောင်းကြောင်း ပြောတာကိုခွင့်မပြုပါနဲ့။
၁၅။ ကိုယ့်ကိုယ်ကိုချစ်ပါ၊ ကို ယ့်ခန္ဓာကိုယ် ကိုလည်းချစ်ပါ။ ကိုယ်ကောင်းဖို့အတွက် မကြာခဏတစ်ခုခုလုပ်ပေးပါ။ အနှိပ်ခံတာဖြစ်ဖြစ်၊ မျက်နှာပေါင်းတင်တာဖြစ်ဖြစ်ပေါ့။
၁၆။ လူတိုင်းလူတိုင်းအပေါ် ကြင်နာ ပြီးယဉ်ကျေးစွာဆက်ဆံပါ။
၁၇။ ကိုယ်ပိုင် ဖက်ရှင် တစ်ခုထားပါ။ ကိုယ်ကြိုက်နှစ်သက်ပြီးကိုယ်နဲ့လိုက်ဖက်မယ့် အဝတ်အစား တွေကိုပဲဝတ်ဆင်ပါ။
၁၈။ သင်ယူခြင်းကိုဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့။ ကိုယ့်မှာရှိပြီးသား အရည်အချင်း တွေကိုမွေးမြူပြီး အသစ်အသစ်တွေကိုသင်ယူဖို့ ကြိုးစားပါ။
၁၉။ အိပ်ပျော်ခါနီးအချိန်မှာ ကောင်းတဲ့အရာတွေကိုတွေးပါ။ ဒီလိုလုပ်ခြင်းကမနက်ကျရင် အကောင်းမြင်စိတ်တွေနဲ့ နိုးထလာစေပါတယ်။
၂၀။ ခြေသည်း၊ လက်သည်းလေးတွေ အမြဲဆိုးပါ။ အမျိုးသား တွေက လက်လှလှလေးတွေကို သတိထားမိတတ်ကြတယ်။
၂၁။ အားကစားတစ်ခုခုလိုက်စားပါ။ ကခုန်ခြင်း၊ ယောဂဒါမှမဟုတ် လမ်းလျှောက်ခြင်းတစ်ခုခုပေါ့။ ခန္ဓာကိုယ်လေးကျစ်လစ်နေတော့ ပိုပြီးလှတာပေါ့။
၂၂။ ငြင်းခုံပြီးစကားများတာ တွေကိုရှောင်ပါ။ ငြိမ်းချမ်းရေး ကို မြတ်နိုးပါ။
၂၃။ နှုတ်ခမ်းဆိုးဆေး Lip-gloss လေးတစ်စက်ကဘယ်လောက်အစွမ်းပြနိုင်တယ် ဆိုတာကိုခန့်မှန်းလို့မရနိုင်ပါဘူး။ အသုံးပြုကြည့်လိုက်ပါ။
၂၄။ တစ်ယောက်တစ်ယောက်ကို ဘယ်တော့မှ အတုခိုးဖို့ မကြိုးစားပါနဲ့။ ကူးယူထားတာထက် မူလအရှိအတိုင်းကအမြဲပိုကောင်းတယ် မဟုတ်လား။
၂၅။ စာများများဖတ်ပါ။ ဗဟုသုတတွေ ကြွယ်ဝနေတဲ့စိတ်ကလေးက ဆွဲဆောင်မှု ရှိပါတယ်။
၂၆။ ဘယ်သူ့ကိုမှ မအော်ပါနဲ့။ အော်တယ်ဆိုတာက အမျိုးသမီး တွေ အတွက်မဟုတ်ပါဘူး။
၂၇။ ဆွဲဆောင် မှုရှိပါ၊ ဒါပေမယ့် မရိုင်းပြစေပါနဲ့။ ကိုယ်နှစ်သက်သမျှ အားလုံးဝတ်ဆင်လို့ရပါတယ်။ စကပ်တို၊ နှုပ်ခမ်းဆိုးဆေးအနီရောင်၊ အကျႌကြယ်သီးဖွင့်ထားတဲ့ ရှပ် အားလုံးဝတ်ဆင်နိုင်ပါတယ်။ ဒါပေမယ့် အာလုံးကိုတော့တပြိုင်နက်မဝတ်ဆင်နဲ့ပေါ့။
၂၈။ မကြာခဏ ပြုံးပါ။ ကိုယ်ဘယ်လောက် ပျော်ရွှင်နေတယ်ဆိုတာတစ်ကမ္ဘာလုံး သိပါစေ။
၂၉။ ကိုယ့်အကြောင်း နဲနဲပဲပြောပြပါ။ လူတွေ မေးခွန်း တွေထုတ်ပြီး ကိုယ့်အကြောင်း မေးလာတာက ပိုကောင်းပါတယ်။ လျှို့ဝှက်ဆန်းကြယ်မှုလေးက ဆွဲဆောင်မှု တစ်ခုပါပဲ။
၃၀။ ဒေါက်မြင့် ဖိနပ် စီးပြီး ကျက်သရေရှိရှိ လမ်းလျှောက်တတ်အောင် သင်ယူပါ။
၃၁။ သူတပါးလိုအပ်ချက်ကို သိတတ်ပြီး ကိုယ် ကူညီ နိုင်ရင် ကူညီ လိုက်ပါ။ ဒါက ပျော်ရွှင်မှုကို ယူဆောင်လာပေးနိုင်ပါတယ်။
Credit : Original Writer
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top