iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Duwun
မြန်မာဆေးကျမ်းတွေမှာ ကန်စွန်းရွက်နီဟာ ရေမှာဖြစ်တဲ့ ပိုးတွကို ပယ်တယ်လို့ဖော်ပြထားပါတယ်။ ကန်စွန်းရွက်နီရဲ့အရေဟာ အဆိပ်ကိုလည်းပြေစေပြီး မီးလောင်နာတွေနဲ့ဆီးရောဂါတွေကို ပျောက်ကင်းစေတယ်လို့ ဖော်ပြထားပါတယ်။
၁ - ငန်းမန်းရှိရင် ဗူးရွက်နဲ့ကန်စွန်းနီရွက်ကိုရေစိမ်ပါ။ ရောစပ်ကြိတ်ပြီး အရည်ကို အနာမှာဆွတ်လိမ်းပေးလိုက်မယ်ဆိုရင် အနာမန်းသိသိသာသာကျပါတယ်။
၂ - ဆီးရောဂါရှိတဲ့လူတွေအတွက် ကျိုသောက်လို့ရပါတယ်။ ကန်စွန်းနီရွက်ကိုထန်းလျက်၊မန်ကျည်းမည့်နဲ့ ဆားထည့်ပြီး ကျိုသောက်ရမှာဖြစ်ပါတယ်။ ဆီးကျောက်တည်တဲ့လူတွေအတွက် အထူးကောင်းမွန်ပါတယ်။
၃ - ကန်စွန်းနီရွက်သက်သက်ကိုပဲ ပြုတ်သောက်တယ်ဆိုရင် ရင်ပြည့်ဝမ်းကျရောဂါပျောက်ပါတယ်။
၄ - ဆီးမသွားတဲ့လူတွေအတွက် ဗူးရွက်နဲ့ကန်စွန်းနီရွက်ကို ဆတူရောပြီးကျိတ်ပါ။ ရလာတဲ့အရည်ကို ဆန်မှုန့်ညက်နဲ့ဖျော်ပြီး ဆီးခုံပေါ်တင်ထားပေးလိုက်ပါ။၁၅ မိနစ်အတွင်းဆီးသွားပါတယ်။ ဓမ္မတာလွန်တဲ့လူတွေလည်း ဒီနည်းအတိုင်းလုပ်လို့ရပါတယ်။
၅ - အရွက်သက်သက်ကိုပဲ ဟင်းချက်စားမယ်ဆိုရင်တော့ သွေးဝမ်းရောဂါပျောက်ပါတယ်။
Source: Burmese Medical Plants
Credit : Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top