iMyanmarHouse.com - Best Property Website for Myanmar
×













သူငယ်ချင်း၊ အပေါင်းအသင်းတွေဆိုတာ ကျွန်တော်တို့ဘဝအတွက် အရေးပါလှပါတယ်။ လောကကြီးမှာ တစ်ဦးတစ်ယောက်ထဲနေလို့မရပါဘူး။အပေါင်းရယ်၊ အသင်းရယ်နဲ့မှ ပနာတင့်တယ်တာပါ။ သို့ပေမဲ့ မိမိအတွက် ဆိုးကျိုးဖြစ်စေမဲ့ သူငယ်ချင်းတွေကိုတော့ မပေါင်းအပ်ပါဘူး။ ဘယ်လိုလူမျိုးတွေက မိမိကို စိတ်အနှောက်အယှက်ဖြစ်စေနိုင်တယ်ထင်လဲ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရေ..

(၁) ပိုက်ဆံ ခဏခဏ ချေးတဲ့ သူငယ်ချင်း

တစ်ခါတစ်ရံချေးငှားတာကတော့ အကြောင်းမဟုတ်ပါဘူး။ အမြဲလိုလိုချေးငှားလာပြီးဆိုရင်တော့ ရုပ်ပေါက်လာပါပြီ။ ယူတုန်းကပြုံးပြုံး အကြွေးပြန်တောင်းမှ ခပ်မဲ့မဲ့လူစားတွေကို လုံးဝအပေါင်းအသင်း မလုပ်အပ်ပါဘူး။ မိမိက အားနာလို့ချေးငှားတာကို အတယ်ထင်ပြီး လာလာချေးနေတဲ့ သူငယ်ချင်းတွေကိုတော့ အန်ကယ်ကတော့ နိုးပါပဲဆိုပြီး ယတိပြတ်ပြောလိုက်ပါ။

(၂) အတင်းပြောတတ်တဲ့သူငယ်ချင်း

ဒီလိုသူငယ်ချင်းမျိုးကိုလည်း ဝေးဝေးရှောင်ဝှောင်းဝှောင်းရှေးသင့်ပါတယ်။ မိမိနောက်ကွယ်မှာ မိမိမကောင်းကြောင်း အတင်းပြောတတ်တဲ့သူကို သူငယ်ချင်းအပေါင်းအသင်းမလုပ်တာကောင်းပါတယ်။

(၃) ကပ်ဖားယပ်ဖား သူငယ်ချင်းမျိုး

မိမိနဲ့တွေ့တဲ့ချိန်မှာတော့ မိမိကို မြှောက်ပင့်ပြော။ မိမိမဟုတ်တာတွေလုပ်ရင်တောင် မတားဆီးပေးဘဲ မြှောက်ပေးတတ်တဲ့ သူငယ်ချင်းတွေကိုတော့ မပေါင်းသင်းပါနဲ့။

(၄) မကောင်းတာလုပ်တဲ့သူငယ်ချင်း

မကောင်းမှုမှာ မွေ့ပျော်နေတဲ့ သူငယ်ချင်းတွေကိုလည်းမပေါင်းသင်းအပ်ပါဘူး။ သူတို့ကြောင့် မိမိပါ ဂုဏ်သိက္ခာထိခိုက်စေနိုင်ပါတယ်။ သူတို့ကို လမ်းမှန်ရောက်အောင်တော့ ပြောပြပေးသင့်ပါတယ်။ ကောင်းမွန်တဲ့ လမ်းပေါ်ရောက်အောင်လည်းဆွဲတင်ပေးသင့်ပါတယ်။ ကိုကတော့ ကူညီပါရဲ့ သူကမကောင်းမှုမှာပဲ မွေ့လျော်နေတယ်ဆိုရင်တော့ ထားခဲ့လိုက်ပါတော့။

(၅) အရမ်းကြွားတဲ့ သူငယ်ချင်းတွေ

ကြုံဖူးတွေ့ဖူးကြမှာပါ။ အရမ်းကို အကြွားသန်တဲ့ သူမျိုးတွေ။ တဖတ်သားကို နိုမ်ပြောတတ်တဲ့ သူငယ်ချင်းတွေ။ ထိုလိုလူမျိုးတွေကိုလည်း မပေါင်းသင်းပါနဲ့။

Credit : Original Writer

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top