iMyanmarHouse.com - Best Property Website for Myanmar
×






၃. ရင်ဘတ်မလေးဘူးလား


၎. Bra ဝတ်ရတာ စိတ်ကျေနပ်စရာကောင်းလား



















#Unicode Version#
ရှင်းရှင်းပဲပြောရအောင်… လူတွေက ဆန့်ကျင်ဘက်လိင်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စိတ်ဝင်စားကြတာပဲမလား ။ အမျိုးသားတွေကလည်း အမြဲတမ်းလိုပဲ အမျိုးသမီးတွေရဲ့ ရင်သားတွေကို
စိတ်ဝင်စားနေတာပဲဆိုတော့ …အခုအမျိုးသားတွေ သိချင်နေတဲ့မေးခွန်းလေးတွေကိုဖြေပေးထားပါတယ် ။

၁. လှေကားပြေးတက် ပြေးဆင်းတဲ့အခါ အဆင်မပြေမဖြစ်ဘူးလား

ဒါကတော့အခြေအနေပေါ်မူတည်တယ်…ပုံမှန်အားဖြင့်တော့ အဆင်မပြေတာမျိုးမရှိပါဘူး ။
အမျိုးသမီးတွေရဲ့ အောက်ခံအင်္ကျ ီအနေအထားမကျတဲ့ ဒါမှမဟုတ် ဓမ္မတာလာနေတဲ့အချိန်မှာတော့ ပြဿနာနဲနဲရှိတယ် ။
ရင်သားကြီးကြီးရှိတဲ့အမျိုးသမီးတစ်ယောက်ဆိုရင်တော့ ပြေးဆင်းတဲ့အခါမှာ နဲနဲတော့ နာကျင်မှုရှိတာပေါ့ ။

၂. ဘယ်လိုမျိုးအနေအထားမှာ အလှဆုံးလို့ပြောချင်လဲ

ရင်သားအနေအထားဆိုတာကတော့ ဆံပင်လိုပါပဲ ။
နေသားကျနေတဲ့အခါမှာ ကြည့်ကောင်းတယ် ။
ပြောရမယ်ဆိုရင် တီရှုပ်အောက်မှာ လှလှပပလေး အဝေ့အဝိုက်လေးဖြစ်နေတာမျိုးပေါ့ ။

၃. ရင်ဘတ်မလေးဘူးလား

ဒီလိုတွေးတဲ့အတွက်တော့ အမျိုးသားတွေကိုအပစ်မတင်သင့်ပါဘူး ။
ဒါပေမယ့်လည်း ရင်သားတွေက တခြားခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလိုပဲ..ဘယ်လိုမှကိုမခံစားရပါဘူး ။

၄. Bra ဝတ်ရတာ စိတ်ကျေနပ်စရာကောင်းလား

အောက်ခံမှာ ကြိုးအမာပါတဲ့ Bra တွေဝတ်ရတာတော့သိပ်မဆိုးပါဘူး ။
တစ်နေကုန်ဝတ်ထားရတော့ ညဘက်ရောက်တဲ့အခါ သက်တောင့်သက်သာမရှိပဲယားယံလာတယ် ။
ဒီတော့ လွတ်လွတ်လပ်လပ်ပဲထားချင်တာပေါ့ ။

၅. အလုပ်လုပ်ရတာ အနှောက်အယှက်မဖြစ်ဘူးလား

ဒါကတော့တုံးလွန်းသွားပြီ..သင်တို့ပေါင်ကြားကဟာကရော လမ်းလျောက်ရင်အနှောက်အယှက်ပေးလား ။
ရင်သားတွေဆိုတာကလည်း အမျိုးသမီးတွေရဲ့ နားရွက်တို့နှာခေါင်းတို့နဲ့ အတူတူပါပဲ ။

၆. ဘယ်လောက်အတွေ့အထိခံစားနိုင်လဲ

သင့်ဟာကို သင်တစ်ချက်လောက်ထိုးကြည့်လိုက်ပါလား…အဲ့ဒီခံစားမှုနဲ့ထပ်တူညီခံစားနိုင်တယ် ။

၇. နို့သီးခေါင်းလေးတွေဟာ ရင်သားနဲ့အတူကြီးလာတာလား

ဟုတ်ပါတယ်…အရွယ်တစ်ခုအထိပေါ့…နောက်ပိုင်းမှာတော့ရင်သားပဲဆက်ကြီးလာပြီး နို့သီးခေါင်းလေးတွေကတော့ အညိုရောင်ပြောင်းသွားပါတယ် ။

၈. Bras တွေဝတ်ရတာ အသက်ရှုမကြပ်ဘူးလား

မိန်းကလေးတွေကဘယ်တော့မှ အဆင်မပြေတဲ့ Bras မျိုးတွေမဝတ်ချင်ကြဘူး ။
ဘာကြောင့်လဲဆိုတော့ ဖြစ်လာမယ့်ပြဿနာကိုသူတို့သိပြီးသားပဲ ။
တင်းကြပ်နေတာ…ထုပ်နေတာမျိုးက နာကျင်မှုရှိတယ် ။
ဒီတော့ အဲ့လို Bra မျိုးဝတ်မယ်ဆိုရင် အသက်ရှူကြပ်နိုင်ကိန်းရှိတယ် ။

၉. အမျိုးသမီးတွေက ရင်သားတွေနဲ့ကစားတတ်လား

အင်း…သင်တို့ရော သင်တို့ဟာနဲ့ကစားတတ်လား….အတူတူပဲပေါ့…. ။

၁၀. တစ်ဖက်နဲ့တစ်ဖက်အရွယ်မတူတာမျိုးရှိလား

တစ်ခါတစ်လေမှာတော့ အရွယ်မတူတဲ့သူတွေရှိတတ်တယ်..ဒါပေမယ့်လည်း နဲနဲလေးပဲကွာတာဆိုတော့ သိပ်မသိသာပါဘူး ။

၁၁. ရင်သားတွေက အမျိုးသားတွေကို ဆွဲဆောင်ဖို့လား

ဒါကတော့ အမျိုးသမီးအချင်းချင်းဘယ်တုန်းကမှရင်သားအကြောင်းထိုင်မပြောကြဘူး။
ဒါပေမယ့် ရင်သားရှိတာကိုတော့ အမျိုးသမီးတိုင်းသဘောကျတာပဲ ။

၁၂. ဓမ္မတာလာနေတဲ့အချိန်မှာ ထူးခြားတာမျိုးရှိတယ်

အရမ်းကို နာကျင်တဲ့အချိန်ပေါ့…..ဖြည်းဖြည်းလေးဝင်တိုက်မိတာတောင်မှအရမ်းနာကျင်တဲ့အချိန်ပေါ့ ။

Credit: Min Thu (Daily Hot News)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top