iMyanmarHouse.com - Best Property Website for Myanmar
×

LDRSဆိုတာ အျခားRSေတြထက္    တည္ေဆာက္ရတာ ပိုျပီးခက္ခဲတဲ့ RS တစ္ခုပါ။ ပံုမွန္RSေတြထက္လည္း LDRS ေတြမွာပိုျပီး ျပႆနာေတြ တက္တတ္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္အရမ္း ခ်စ္ၾကရုံနဲ႔လည္း မျပီးပါဘူး။ နားလည္မႈေတြ ၊ ယံၾကည္မႈေတြ လိုပါေသးတယ္။ LDRSမွာ အခ်င္းခ်င္း မယံုၾကည္ၾကတဲ့အခါ မလိုလားအပ္တဲ့ျပႆနာေတြ ျဖစ္လာနိုင္ျပီး RSတစ္ခု ၿပီးဆံုးသြားနိုင္တဲ့ အေျခအေနထိ ျဖစ္လာနိုင္ပါတယ္။ အဲဒီလို အေျခအေနနဲ႔ ရင္ဆိုင္လာရတဲ့အခါ ဘယ္လို ေက်ာ္ျဖတ္ၾကမလဲ။

၁။ပြင့္ပြင့္လင္းလင္းေျပာပါ။

ကိုယ္က မယံုသကၤာစျဖစ္ေနျပီ။ ကိုယ့္စိတ္ထဲမွာ တစ္ခုခု ခံစားေနရၿပီ။ စိတ္အလိုမက် ျဖစ္ေနၿပီဆို ကိုယ့္ခ်စ္သူကို ဖြင့္ေျပာလိုက္ပါ။ ကိုယ္တစ္ေယာက္ထဲ ဒီျပႆနာကို အေျဖရွာ စဥ္းစားတာက အေတြးလြန္ေစၿပီးေတာ့ ကိုယ္စိတ္ထင္ေနတာေတြကို တကယ္ျဖစ္ေနတာဆိုၿပီး မွားယြင္းယူဆသြားနိုင္ပါတယ္။ ဒီေတာ့ ကိုယ့္ခ်စ္သူကို ဖြင့္ေျပာလိုက္ပါ။ သူ႕ဘက္က ဘယ္လို ေျဖရွင္းေပးလဲ ဆိုတာကို ၾကည့္ၿပီး သူ႔ကို ဆက္ယံုသင့္လား။ မယံုသင့္လား ဆံုးျဖတ္ပါ။

၂။ အခ်ိန္ယူပါ။

အဲလို ဖြင့္ေျပာမယ္ဆိုလည္း ခ်က္ခ်င္းႀကီး မလုပ္ပါနဲ႔။ အခ်ိန္ေစာင့္ပါ။ ကိုယ္နဲ႔သူ ႏွစ္ေယာက္စလံုးအားသြားလို႔ သီးသန္႔ဖုန္းေျပာခ်ိန္ေရာက္မွ ေျပာပါ။ ဟိုဘက္ကလူက အလုပ္၊ ေက်ာင္းမွာ ရွိေနတဲ့ခိ်န္ ကိုယ္ကသြားေျပာရင္ သူလည္း ေကာင္းေကာင္းရွင္းျပနိုင္မွာ မဟုတ္ဘူးေလ။ အဲဒီအခါ သံသယအေပၚ သံသယထပ္ဆင့္ သြားနိုင္ပါတယ္။

၃။ကိုယ့္ကိုကိုယ္ အခ်ိန္ေပးပါ။

တစ္ခါတေလ RSတစ္ခုမွာ လူတစ္ေယာက္ကို မယံုၾကည္ေတာ့ဘူး ၊ စိတ္မခ်ေတာ့ဘူးဆိုတာ ကိုယ္ကသူတို႔ကို ကိုယ့္ဘ၀ထဲ အရမ္းဆြဲေခၚလာလို႔ပါ။ ကိုယ့္အတြက္ အခ်ိန္မရွိေတာ့ဘဲ တစ္ခ်ိ္န္လံုး သူ႕ကိုပဲ မ်က္စိေဒါက္ေထာင့္ၾကည့္ရင္းနဲ႔ ေသးေသးမႊားမႊားေလးေတြ ျမင္ၿပီး စိတ္မခ် သံသယ၀င္တာေတြ ျဖစ္တတ္ပါတယ္။ ရည္းစားထားပါ။ ဒါေပမဲ့ ကိုယ့္၀ါသနာပါတာေတြလည္း လုပ္ၿပီး ကိုယ့္ကိုယ္ကိုယ္ အခ်ိန္ေပးပါ။

၄။ ႏွစ္ဦးႏွစ္ဘက္စဥ္းစားေပးပါ။

တစ္ခုခုျပႆနာျဖစ္လာလို႔ မယံုမၾကည္ျဖစ္လာၿပီဆိုရင္ သူ႕ဘက္ကိုယ့္ဘက္ စဥ္းစားေပးပါ။ ငါသာသူ႔ေနရာမွာဆိုရင္ဆိုတဲ့ စိတ္နဲ႔စဥ္းစားဆံုးျဖတ္ပါ။ LDRSဆိုတာ ႏွစ္ေယာက္စလံုးက ေ၀းေနတဲ့အတြက္ သူမ်ားRSေတြထက္ပိုၿပီး နားလည္မႈ ၊ ရင့္က်က္မႈေတြ ရွိရပါမယ္။ ကေလးဆန္တာေတြက တစ္ခါတစ္ေလေတာ့ ခ်စ္ဖို႔ေကာင္းေပမယ့္ အျမဲတမ္းက်ေတာ့ မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္လာနိုင္ပါတယ္။

၅။သူနဲ႔အဆက္အသြယ္ပိုလုပ္ပါ။

တစ္ေယာက္နဲ႔ တစ္ေယာက္ မယံုၾကည္ေတာ့တဲ့အခါ တျဖည္းျဖည္းနဲ႔ မသိမသာေလး ေ၀းသြားတတ္ၾကပါတယ္။ အဲလို အခ်ိန္မ်ိဳးမွာ စကားမေျပာခ်င္ဘူးဆိုၿပီး ေရွာင္ေနရင္ ပိုၿပီးအေျခအေနဆိုးသြားမွာေပါ့။ အရင္ကထက္ပိုျပီး အဆက္အသြယ္လုပ္ပါ။ စစခ်စ္တုန္းက ႏွစ္ေယာက္ ဘယ္ေလာက္ခ်စ္ခဲ့ၾကတယ္ဆိုတာေတြ ၊ ေပ်ာ္ရႊင္စရာ အမွတ္တရေလးေတြကို ျပန္ေျပာၾကည့္ပါ။

LDRSက ေ၀းေနတဲ့အတြက္ ပိုခက္ခဲပါတယ္။ အျခားRSေတြထက္ပိုျပိး ၾကိဳးစား ခ်စ္ရပါတယ္။ ကိုယ္တကယ္ခ်စ္တဲ့သူ ၊ လက္မလႊတ္နိုင္တဲ့သူ ဆိုရင္ နားလည္မႈေလးေတြေပးျပီး ျပႆနာေတြ ေျဖရွင္းနိုင္ေအာင္ ႀကိဳးစားၾကည့္ပါ။

Credit : Hana (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
LDRSဆိုတာ အခြားRSတွေထက်    တည်ဆောက်ရတာ ပိုပြီးခက်ခဲတဲ့ RS တစ်ခုပါ။ ပုံမှန်RSတွေထက်လည်း LDRS တွေမှာပိုပြီး ပြဿနာတွေ တက်တတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အရမ်း ချစ်ကြရုံနဲ့လည်း မပြီးပါဘူး။ နားလည်မှုတွေ ၊ ယံကြည်မှုတွေ လိုပါသေးတယ်။ LDRSမှာ အချင်းချင်း မယုံကြည်ကြတဲ့အခါ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်ပြီး RSတစ်ခု ပြီးဆုံးသွားနိုင်တဲ့ အခြေအနေထိ ဖြစ်လာနိုင်ပါတယ်။ အဲဒီလို အခြေအနေနဲ့ ရင်ဆိုင်လာရတဲ့အခါ ဘယ်လို ကျော်ဖြတ်ကြမလဲ။

၁။ပွင့်ပွင့်လင်းလင်းပြောပါ။

ကိုယ်က မယုံသင်္ကာစဖြစ်နေပြီ။ ကိုယ့်စိတ်ထဲမှာ တစ်ခုခု ခံစားနေရပြီ။ စိတ်အလိုမကျ ဖြစ်နေပြီဆို ကိုယ့်ချစ်သူကို ဖွင့်ပြောလိုက်ပါ။ ကိုယ်တစ်ယောက်ထဲ ဒီပြဿနာကို အဖြေရှာ စဉ်းစားတာက အတွေးလွန်စေပြီးတော့ ကိုယ်စိတ်ထင်နေတာတွေကို တကယ်ဖြစ်နေတာဆိုပြီး မှားယွင်းယူဆသွားနိုင်ပါတယ်။ ဒီတော့ ကိုယ့်ချစ်သူကို ဖွင့်ပြောလိုက်ပါ။ သူ့ဘက်က ဘယ်လို ဖြေရှင်းပေးလဲ ဆိုတာကို ကြည့်ပြီး သူ့ကို ဆက်ယုံသင့်လား။ မယုံသင့်လား ဆုံးဖြတ်ပါ။

၂။ အချိန်ယူပါ။

အဲလို ဖွင့်ပြောမယ်ဆိုလည်း ချက်ချင်းကြီး မလုပ်ပါနဲ့။ အချိန်စောင့်ပါ။ ကိုယ်နဲ့သူ နှစ်ယောက်စလုံးအားသွားလို့ သီးသန့်ဖုန်းပြောချိန်ရောက်မှ ပြောပါ။ ဟိုဘက်ကလူက အလုပ်၊ ကျောင်းမှာ ရှိနေတဲ့ချိန် ကိုယ်ကသွားပြောရင် သူလည်း ကောင်းကောင်းရှင်းပြနိုင်မှာ မဟုတ်ဘူးလေ။ အဲဒီအခါ သံသယအပေါ် သံသယထပ်ဆင့် သွားနိုင်ပါတယ်။

၃။ကိုယ့်ကိုကိုယ် အချိန်ပေးပါ။

တစ်ခါတလေ RSတစ်ခုမှာ လူတစ်ယောက်ကို မယုံကြည်တော့ဘူး ၊ စိတ်မချတော့ဘူးဆိုတာ ကိုယ်ကသူတို့ကို ကိုယ့်ဘဝထဲ အရမ်းဆွဲခေါ်လာလို့ပါ။ ကိုယ့်အတွက် အချိန်မရှိတော့ဘဲ တစ်ချိန်လုံး သူ့ကိုပဲ မျက်စိဒေါက်ထောင့်ကြည့်ရင်းနဲ့ သေးသေးမွှားမွှားလေးတွေ မြင်ပြီး စိတ်မချ သံသယဝင်တာတွေ ဖြစ်တတ်ပါတယ်။ ရည်းစားထားပါ။ ဒါပေမဲ့ ကိုယ့်ဝါသနာပါတာတွေလည်း လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ။

၄။ နှစ်ဦးနှစ်ဘက်စဉ်းစားပေးပါ။

တစ်ခုခုပြဿနာဖြစ်လာလို့ မယုံမကြည်ဖြစ်လာပြီဆိုရင် သူ့ဘက်ကိုယ့်ဘက် စဉ်းစားပေးပါ။ ငါသာသူ့နေရာမှာဆိုရင်ဆိုတဲ့ စိတ်နဲ့စဉ်းစားဆုံးဖြတ်ပါ။ LDRSဆိုတာ နှစ်ယောက်စလုံးက ဝေးနေတဲ့အတွက် သူများRSတွေထက်ပိုပြီး နားလည်မှု ၊ ရင့်ကျက်မှုတွေ ရှိရပါမယ်။ ကလေးဆန်တာတွေက တစ်ခါတစ်လေတော့ ချစ်ဖို့ကောင်းပေမယ့် အမြဲတမ်းကျတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

၅။သူနဲ့အဆက်အသွယ်ပိုလုပ်ပါ။

တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်တော့တဲ့အခါ တဖြည်းဖြည်းနဲ့ မသိမသာလေး ဝေးသွားတတ်ကြပါတယ်။ အဲလို အချိန်မျိုးမှာ စကားမပြောချင်ဘူးဆိုပြီး ရှောင်နေရင် ပိုပြီးအခြေအနေဆိုးသွားမှာပေါ့။ အရင်ကထက်ပိုပြီး အဆက်အသွယ်လုပ်ပါ။ စစချစ်တုန်းက နှစ်ယောက် ဘယ်လောက်ချစ်ခဲ့ကြတယ်ဆိုတာတွေ ၊ ပျော်ရွှင်စရာ အမှတ်တရလေးတွေကို ပြန်ပြောကြည့်ပါ။

LDRSက ဝေးနေတဲ့အတွက် ပိုခက်ခဲပါတယ်။ အခြားRSတွေထက်ပိုပြိး ကြိုးစား ချစ်ရပါတယ်။ ကိုယ်တကယ်ချစ်တဲ့သူ ၊ လက်မလွှတ်နိုင်တဲ့သူ ဆိုရင် နားလည်မှုလေးတွေပေးပြီး ပြဿနာတွေ ဖြေရှင်းနိုင်အောင် ကြိုးစားကြည့်ပါ။

Credit : Hana (For Her Myanmar)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top