iMyanmarHouse.com - Best Property Website for Myanmar
×

အဆုိေတာ္ စိုးျပည့္ျပည့္စံဟာ အစၥဏီနဲ႕အတူ ေဖ်ာ္ေျဖပြဲေတြ ေတာ္ေတာ္မ်ားမ်ားမွာဆံျဖစ္သလို အႏုပညာေမာင္ႏွမေတြလို ခင္ၾကၿပီး တစ္ေယာက္နဲ႕တစ္ေယာက္ ေခ်တာေတြ မာနႀကီးတာေတြ မရွိၾကဘူးလို႕ သိရပါတယ္။ အခုလို အခ်ိန္မ်ိဳးမွာ သူမအေနနဲ႕ အစၥဏီကို သြားအားေပးခ်င္ေပမယ့္လည္း ကေလးတစ္ဖက္ျဖစ္ေနတာေၾကာင့္ မသြားျဖစ္ခဲ့ပါဘူးတဲ့။ အၿမဲတမ္းဆိုသလုိ ၿပံဳးေနတတ္တဲ့ အစၥဏီရဲ႕ အေၾကာင္းကိုလည္း Duwun Media ကေန ယခုလို ေျပာျပခဲ့ပါေသးတယ္။

“အကိုနဲ႕က ေဖ်ာ္ေျဖပြဲေတြ ေတာ္ေတာ္မ်ားမ်ားမွာ ဆံုျဖစ္တယ္။အမဂီတေလာကထဲကို စဝင္ကတည္းက အမတို႕ကေတးေရးဦးစိုးလင္း ဂရုေပ့ါ ။အဲ့ထဲမွာအၿမဲတမ္းဆံုေနၾက။ ပြဲသြားရင္လည္း အကိုနဲ႕က ေတာ္ေတာ္မ်ားတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ ေျပာမနာဆိုမနာ ေတြေပ့ါ။ ဘာေၾကာင့္အတြဲမ်ားၾကလည္း ဆိုေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ညီအစ္ကိုေမာင္ႏွမေတြက ေခ်တာေတြဘာေတြမရွိဘူူး။ ကိုယ္ပြဲစီစဥ္ရင္လည္း အကိုေတြကိုသတိရတယ္သူတို႕ကလည္းအဲ့လိုပဲ ကိုယ္ေတြကို သတိရတယ္။သူနဲ႕ေနာက္ဆံုးဆံုျဖစ္တဲ့ ပြဲက မိတၳိလာရိႈးပြဲေပ့ါ။အဲ့တုန္းကလည္း အရမ္းေပ်ာ္ဖို႕ေကာင္းတယ္။မႏွစ္ကေပ့ါ။

စိုးျပည့္အြန္လိုင္းမွာေတာင္တင္ျဖစ္ေသးတယ္။ဗီဒီယုိဖိုင္ေလး။ တစ္ညလံုးကားစီးရေပမယ့္လံုးဝမအိပ္ၾကဘူးသီခ်င္းဆုိၾကနဲ႕ အရမ္းေပ်ာ္ဖို႕ေကာင္းတယ္။အကိုက အရမ္းေပ်ာ္တတ္တယ္။ အရမ္းလည္းသြက္တယ္။ ေဒါသျဖစ္ရင္ေတာင္သိပ္မသိရဘူး။အၿမဲတမ္းၿပံဳးေနတတ္တဲ့သူမ်ိဳး။ဒါေပမယ့္သူအရမး္ေဒါသထြက္ ၿပီဆိုရင္ဝုန္းဒိုင္ေးတာ့ၾကဲတယ္။ တစ္ခါေတာ့သူေဒါသျဖစ္တာနဲ႕ ဆံုဖူးတယ္။ဒါေပမယ့္အဲ့ဒါက နည္းတယ္။သူကအၿမဲတမ္းၿပံဳးေနတာပဲ” လို႕ စိုးျပည့္ျပည့္စံက ဇြန္လ(၁၀)ရက္ေန႕ သူမရဲ႕ သားေလးေမြးေန႕ ျပဳလုပ္တဲ့ေန႕က ေျပာျပခဲ့တာပါ။

သူမအခုလို အစၥဏီရဲ႕ အက်င့္ေလးေတြကို ေျပာျပတာကလည္း အႏုပညာေမာင္ႏွမတစ္ေယာက္အေနနဲ႕ သူ႕မွာရွိတဲ့ အက်င့္ပံုစံေလးကို ေျပာျပတာျဖစ္တယ္လို႕ ဆုိပါတယ္။ အစၥဏီတို႕ စံုတြဲရဲ႕ ျပႆနာကို အကုန္မသိေပမယ့္လည္း မိန္းကေလးဘက္ကိုလည္း ကိုယ္ခ်င္းစာေၾကာင္း ဆက္ၿပီး ေျပာျပခဲ့ပါတယ္။

“စိုးျပည့္အခုလို ေျပာတာကလည္း အႏုပညာေမာင္ႏွမ သူ႕မွာရွီတဲ့အက်င့္ပံုစံေလကိုေျပာျပတာပါ။သူတုိ႕ေတြရဲ႕ ျပႆနာကို အကုန္မသိဘူး။ဒါေပမယ့္မိန္းကေလးဘက္ကိုလည္းကိုယ္ခ်င္းစာတယ္။ဘယ္သူမွားတယ္မွန္တယ္ဆိုတာ ကိုယ္မသိတဲ့အတြက္ ကိုယ့္အကိုဘက္ကေနၿပီးေတာ့သူအျပစ္ရွိရင္အျပစ္ခံရမယ္။ အျပစ္မရွီရင္လည္းအျမန္ဆံုးလြတ္ပါေစလို႕ ဆုေတာင္းေပးပါတယ္။ အမွန္တိုင္းေျပာရရင္ေတာ့ အကို႕အတြက္လည္း စိတ္မေကာင္းပါဘူး။

သူ႕ကိုလည္း ေတြ႕ခ်င္တယ္။ အြန္လုိငး္ေတြမွာ အကို႕သတင္းေတြ လည္း ေတြ႕ပါတယ္။ကိုယ္ေတြ႕ခ်င္တာကေတာ့ သူဘာအျပစ္မွမရွိလို႕ လႊတ္သြားၿပီဆိုတာေလး ၾကားခ်င္တာ ေပ့ါေနာ္။သြားလည္းသြား ခ်င္တယ္။သူဘာအခက္အခဲျဖစ္လည္းေပ့ါမိတ္ေဆြေကာင္းဆုိတာက အခက္အခဲျဖစ္တဲ့အခ်ိန္မွသတ္မွတ္လို႕ရတာေလ။ ဒါေပမဲ့ ကိုယ့္မွာလည္းကေလးတစ္ဖက္ၿပီးေတာ့ မိုးတြင္းကလည္းျဖစ္ စိတ္နဲ႕သာင့ါအကိုအဆင္ေျပရဲ႕လား အၿပံဳးေလးတစ္ခုေသာ္လည္း ေကာင္း အားရွိသြားေအာင္လို႕ေလ။

အျပစ္ရွိရွိမရွိရွိ အျပစ္ရွိလို႕အျပစ္ဒဏ္ခံၿပီး ရင္လည္း ႀကိဳဆိုရမွာပဲအရင္လို တက္ၾကြတဲ့ ကိုအစၥဏီကို ျမင္လည္းျမင္ခ်င္တယ္။ ျဖစ္လည္းျဖစ္ေစခ်င္တယ္။မွားခဲ့ရင္လည္း အမွားကိုျပင္မယ္ကိုအစၥဏီကို ၾကိဳဆိုေပးပါလို႕။ အမွားမရွိခဲ့ရင္လည္း အမွားမရွိလို႕ လႊတ္လာတဲ့အကို႕ကို ႀကိုဆိုေပးပါလို႕စိုးျပည့္က ေတာင္းဆုိခ်င္ပါတယ္။ဘာပဲျဖစ္ျဖစ္ အမွားဆိုတာကေတာ့ လူတုိင္းမွာေတာ့ ရွိမွာပါ။

ဒီအမွားက ဘယ္သူမွားတယ္မွန္တယ္ဆိုတာ စိုးျပည့္တို႕က မသိဘူးေလ။ဘာပဲျဖစ္ျဖစ္ ကိုယ့္အကိုတစ္ေယာက္ မွားခဲ့ရင္လည္း မွားတဲ့ျပစ္ဒဏ္ကို ခံရမွာပဲ။ကိုယ့္အကိုဘက္က မွန္ေနတယ္ဆိုရင္လည္း အကိုအျမန္ဆံုး အမွန္တရားေပၚၿပီးေတာ ပရိသတ္ေတြနဲ႕ မိသားစုေတြနဲ႕အတူ ေပ်ာ္ရႊင္ႏိုင္ပါေစ။အဆိုေတာ္ေတြနဲ႕ အရင္လိုမ်ိဳး ေပ်ာ္ရႊင္မႈေတြနဲ႕ တက္ၾကြတဲ့အကိုတစ္ေယာက္ အျမန္ဆံုးေတြ႕ ခ်င္ပါတယ္။ အျမန္ဆံုးလည္းေဖ်္ာေျဖခြင့္ရပါေစလို႕ ဆုေတာင္း ]ေပးပါတယ။္” လို႕ သူမက အစၥဏီနဲ႕ ပတ္သက္လို႕ ထပ္မံေျဖဆိုေပး ခဲ့တာပါ။

သရုပ္ေဆာင္ အဆုိေတာ္ စုိးျပည့္ျပည့္စံဟာ ခင္ပြန္း ကုိေအာင္သူပုိင္နဲ႕အတူ သာယာတဲ့ မိသားစုဘဝေလးကို ထူေထာင္ထားသူတစ္ဦးျဖစ္ သလုိ ေမာ္ဒယ္လ္ တစ္ေယာက္ အျဖစ္ေရာ၊ အဆုိေတာ္ တစ္ေယာက္အျဖစ္နဲ႔ပါ ပရိသတ္အား ေပးမႈရရွိထားတဲ့ အႏုပညာရွင္တစ္ ေယာက္ျဖစ္ပါတယ္။စုိးျပည့္ျပည့္စံ ကေတာ့ တစ္ကုိယ္ေတာ္အေခြ ၂ ေခြထြက္ရွိထားတာျဖစ္ၿပီး ေနာက္ဆုံးအေနနဲ႔ Single Lady ဆုိတဲ့ တစ္ကုိယ္ေတာ္အေခြကုိ ဒီဇင္ဘာလ ၂၉ ရက္ေန႔က ထြက္ရွိထားတယ္လုိ႔ သိရပါတယ္။
Credit: Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
အဆိုတော် စိုးပြည့်ပြည့်စံဟာ အစ္စဏီနဲ့အတူ ဖျော်ဖြေပွဲတွေ တော်တော်များများမှာဆံဖြစ်သလို အနုပညာမောင်နှမတွေလို ခင်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ချေတာတွေ မာနကြီးတာတွေ မရှိကြဘူးလို့ သိရပါတယ်။ အခုလို အချိန်မျိုးမှာ သူမအနေနဲ့ အစ္စဏီကို သွားအားပေးချင်ပေမယ့်လည်း ကလေးတစ်ဖက်ဖြစ်နေတာကြောင့် မသွားဖြစ်ခဲ့ပါဘူးတဲ့။ အမြဲတမ်းဆိုသလို ပြုံးနေတတ်တဲ့ အစ္စဏီရဲ့ အကြောင်းကိုလည်း Duwun Media ကနေ ယခုလို ပြောပြခဲ့ပါသေးတယ်။

“အကိုနဲ့က ဖျော်ဖြေပွဲတွေ တော်တော်များများမှာ ဆုံဖြစ်တယ်။အမဂီတလောကထဲကို စဝင်ကတည်းက အမတို့ကတေးရေးဦးစိုးလင်း ဂရုပေ့ါ ။အဲ့ထဲမှာအမြဲတမ်းဆုံနေကြ။ ပွဲသွားရင်လည်း အကိုနဲ့က တော်တော်များတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြောမနာဆိုမနာ တွေပေ့ါ။ ဘာကြောင့်အတွဲများကြလည်း ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ညီအစ်ကိုမောင်နှမတွေက ချေတာတွေဘာတွေမရှိဘူူး။ ကိုယ်ပွဲစီစဉ်ရင်လည်း အကိုတွေကိုသတိရတယ်သူတို့ကလည်းအဲ့လိုပဲ ကိုယ်တွေကို သတိရတယ်။သူနဲ့နောက်ဆုံးဆုံဖြစ်တဲ့ ပွဲက မိတ္ထိလာရှိုးပွဲပေ့ါ။အဲ့တုန်းကလည်း အရမ်းပျော်ဖို့ကောင်းတယ်။မနှစ်ကပေ့ါ။

စိုးပြည့်အွန်လိုင်းမှာတောင်တင်ဖြစ်သေးတယ်။ဗီဒီယိုဖိုင်လေး။ တစ်ညလုံးကားစီးရပေမယ့်လုံးဝမအိပ်ကြဘူးသီချင်းဆိုကြနဲ့ အရမ်းပျော်ဖို့ကောင်းတယ်။အကိုက အရမ်းပျော်တတ်တယ်။ အရမ်းလည်းသွက်တယ်။ ဒေါသဖြစ်ရင်တောင်သိပ်မသိရဘူး။အမြဲတမ်းပြုံးနေတတ်တဲ့သူမျိုး။ဒါပေမယ့်သူအရမ်းဒေါသထွက် ပြီဆိုရင်ဝုန်းဒိုင်ေးတာ့ကြဲတယ်။ တစ်ခါတော့သူဒေါသဖြစ်တာနဲ့ ဆုံဖူးတယ်။ဒါပေမယ့်အဲ့ဒါက နည်းတယ်။သူကအမြဲတမ်းပြုံးနေတာပဲ” လို့ စိုးပြည့်ပြည့်စံက ဇွန်လ(၁၀)ရက်နေ့ သူမရဲ့ သားလေးမွေးနေ့ ပြုလုပ်တဲ့နေ့က ပြောပြခဲ့တာပါ။

သူမအခုလို အစ္စဏီရဲ့ အကျင့်လေးတွေကို ပြောပြတာကလည်း အနုပညာမောင်နှမတစ်ယောက်အနေနဲ့ သူ့မှာရှိတဲ့ အကျင့်ပုံစံလေးကို ပြောပြတာဖြစ်တယ်လို့ ဆိုပါတယ်။ အစ္စဏီတို့ စုံတွဲရဲ့ ပြဿနာကို အကုန်မသိပေမယ့်လည်း မိန်းကလေးဘက်ကိုလည်း ကိုယ်ချင်းစာကြောင်း ဆက်ပြီး ပြောပြခဲ့ပါတယ်။

“စိုးပြည့်အခုလို ပြောတာကလည်း အနုပညာမောင်နှမ သူ့မှာရှီတဲ့အကျင့်ပုံစံလေကိုပြောပြတာပါ။သူတို့တွေရဲ့ ပြဿနာကို အကုန်မသိဘူး။ဒါပေမယ့်မိန်းကလေးဘက်ကိုလည်းကိုယ်ချင်းစာတယ်။ဘယ်သူမှားတယ်မှန်တယ်ဆိုတာ ကိုယ်မသိတဲ့အတွက် ကိုယ့်အကိုဘက်ကနေပြီးတော့သူအပြစ်ရှိရင်အပြစ်ခံရမယ်။ အပြစ်မရှီရင်လည်းအမြန်ဆုံးလွတ်ပါစေလို့ ဆုတောင်းပေးပါတယ်။ အမှန်တိုင်းပြောရရင်တော့ အကို့အတွက်လည်း စိတ်မကောင်းပါဘူး။

သူ့ကိုလည်း တွေ့ချင်တယ်။ အွန်လိုင်းတွေမှာ အကို့သတင်းတွေ လည်း တွေ့ပါတယ်။ကိုယ်တွေ့ချင်တာကတော့ သူဘာအပြစ်မှမရှိလို့ လွှတ်သွားပြီဆိုတာလေး ကြားချင်တာ ပေ့ါနော်။သွားလည်းသွား ချင်တယ်။သူဘာအခက်အခဲဖြစ်လည်းပေ့ါမိတ်ဆွေကောင်းဆိုတာက အခက်အခဲဖြစ်တဲ့အချိန်မှသတ်မှတ်လို့ရတာလေ။ ဒါပေမဲ့ ကိုယ့်မှာလည်းကလေးတစ်ဖက်ပြီးတော့ မိုးတွင်းကလည်းဖြစ် စိတ်နဲ့သာင့ါအကိုအဆင်ပြေရဲ့လား အပြုံးလေးတစ်ခုသော်လည်း ကောင်း အားရှိသွားအောင်လို့လေ။

အပြစ်ရှိရှိမရှိရှိ အပြစ်ရှိလို့အပြစ်ဒဏ်ခံပြီး ရင်လည်း ကြိုဆိုရမှာပဲအရင်လို တက်ကြွတဲ့ ကိုအစ္စဏီကို မြင်လည်းမြင်ချင်တယ်။ ဖြစ်လည်းဖြစ်စေချင်တယ်။မှားခဲ့ရင်လည်း အမှားကိုပြင်မယ်ကိုအစ္စဏီကို ကြိုဆိုပေးပါလို့။ အမှားမရှိခဲ့ရင်လည်း အမှားမရှိလို့ လွှတ်လာတဲ့အကို့ကို ကြိုဆိုပေးပါလို့စိုးပြည့်က တောင်းဆိုချင်ပါတယ်။ဘာပဲဖြစ်ဖြစ် အမှားဆိုတာကတော့ လူတိုင်းမှာတော့ ရှိမှာပါ။

ဒီအမှားက ဘယ်သူမှားတယ်မှန်တယ်ဆိုတာ စိုးပြည့်တို့က မသိဘူးလေ။ဘာပဲဖြစ်ဖြစ် ကိုယ့်အကိုတစ်ယောက် မှားခဲ့ရင်လည်း မှားတဲ့ပြစ်ဒဏ်ကို ခံရမှာပဲ။ကိုယ့်အကိုဘက်က မှန်နေတယ်ဆိုရင်လည်း အကိုအမြန်ဆုံး အမှန်တရားပေါ်ပြီးတော ပရိသတ်တွေနဲ့ မိသားစုတွေနဲ့အတူ ပျော်ရွှင်နိုင်ပါစေ။အဆိုတော်တွေနဲ့ အရင်လိုမျိုး ပျော်ရွှင်မှုတွေနဲ့ တက်ကြွတဲ့အကိုတစ်ယောက် အမြန်ဆုံးတွေ့ ချင်ပါတယ်။ အမြန်ဆုံးလည်းဖျေ်ာဖြေခွင့်ရပါစေလို့ ဆုတောင်း ]ပေးပါတယ။်” လို့ သူမက အစ္စဏီနဲ့ ပတ်သက်လို့ ထပ်မံဖြေဆိုပေး ခဲ့တာပါ။

သရုပ်ဆောင် အဆိုတော် စိုးပြည့်ပြည့်စံဟာ ခင်ပွန်း ကိုအောင်သူပိုင်နဲ့အတူ သာယာတဲ့ မိသားစုဘဝလေးကို ထူထောင်ထားသူတစ်ဦးဖြစ် သလို မော်ဒယ်လ် တစ်ယောက် အဖြစ်ရော၊ အဆိုတော် တစ်ယောက်အဖြစ်နဲ့ပါ ပရိသတ်အား ပေးမှုရရှိထားတဲ့ အနုပညာရှင်တစ် ယောက်ဖြစ်ပါတယ်။စိုးပြည့်ပြည့်စံ ကတော့ တစ်ကိုယ်တော်အခွေ ၂ ခွေထွက်ရှိထားတာဖြစ်ပြီး နောက်ဆုံးအနေနဲ့ Single Lady ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ထွက်ရှိထားတယ်လို့ သိရပါတယ်။
Credit: Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top