iMyanmarHouse.com - Best Property Website for Myanmar
×

ေႏြရာသီေရာက္ၿပီဆိုရင္ ပူအိုက္လြန္းလို႔ အေရျပားေတြယားယံၿပီး အိက်ီ ၤလက္ရွည္ေတြဆို သိပ္၀တ္လို႔အဆင္မေျပပါဘူး။ ဒါ့ေၾကာင့္ အိက်ီ ၤ လက္ျပတ္လွလွေလးေတြ ၀တ္ႏိုင္ဖို႔ဆိုရင္ ခ်ိဳင္းၾကားအသားအေရေလး ျဖဴ၀င္းေနဖို႔လိုတာေပါ့ေနာ္။

နည္းလမ္း ၁

သၾကား လက္ဖက္ရည္ဇြန္း ၁ ဇြန္း

နႏြင္းမႈန္႔ လက္ဖက္ရည္ဇြန္းတစ္၀က္

သံပုရာရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း

ပါ၀င္ပစၥည္းအားလံုးကိုေရာလိုက္ပါ။ ၿပီးရင္ ခ်ိဳင္းၾကား ၊ ဒူးေခါင္း၊ တေဒါင္ဆစ္နဲ႔ တျခားညိဳမဲေနတဲ့ ေနရာေတြမွာလိမ္းလို႔ရပါတယ္။ ၅ မိနစ္ေလာက္ ပြတ္လိမ္းေပးပါ။ ဆဲဲလ္ေသေတြကိုဖယ္ရွားေပးၿပီး ညိဳမည္းတာကိုသက္သာေစမယ့္အျပင္ ေခၽြးေပါက္ပြင့္ေစမွာျဖစ္ပါတယ္။ ၿပီးရင္ ေရေအးနဲ႔ ေဆးခ်ပါ။

တစ္ပတ္ကို ၃ ႀကိမ္ တစ္လေလာက္လုပ္ေပးပါ။

နည္းလမ္း ၂

သၾကား လက္ဖက္ရည္ဇြန္း ၂ ဇြန္း

မႈန္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

လိေမၼာ္ရည္ ၄ စက္ ၅ စက္

သံပုရာသီး တစ္ျခမ္း

ႏြားႏို႔ လက္ဖက္ရည္ဇြန္း တစ္၀က္

Glycerin အရည္ လက္ဖက္ရည္ဇြန္း တစ္၀က္

အုန္းဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း

ပါ၀င္ပစၥည္းအားလံုးကိုေရာထည့္ၿပီး ႀကိတ္လိုက္ပါ။ ၿပီးရင္ ခ်ိဳင္းၾကားနဲ႔ တျခားညိဳမည္းေနတဲ့ ေနရာမွာလိမ္းေပးပါ။ မိနစ္ ၂၀ ေလာက္ထားၿပီး အေျခာက္ခံပါ။ ေရေအးနဲ႔ ေဆးခ်ပါ။

တစ္ပတ္ ၃ ႀကိမ္လုပ္ေပးပါ။ ၁ လတိတိလုပ္ပါ။

နည္းလမ္း ၃

ျပဳလုပ္နည္း

အလူးကိုအခြံႏႊာလိုက္ပါ။ ၿပီးရင္ ျခစ္တဲ့ဟာနဲ႔ ျခစ္ခ်ေပးပါ။ အဲဒီေနာက္ ပိတ္စအသန္႔တစ္ခုကိုယူၿပီး အရည္ညွစ္ထုတ္ေပးပါ။ အဲဒီအရည္ကို ခ်ိဳင္းေအာက္မွာ လိမ္းေပးၿပီး မိနစ္ ၂၀ ေလာက္ထားပါ။ ၿပီးရင္ ေရေႏြးနဲ႔ ေဆးခ်ပါ။

တစ္ပတ္ကို ၃ ႀကိမ္။ တစ္လတိတိ လုပ္ေပးပါ။

နည္းလမ္း ၄

မႈန္႔ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း ၁ ဇြန္း

ေရ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း

ပါ၀င္ပစၥည္းႏွစ္ခုကို ေသခ်ာေရာလိုက္ပါ။ ၿပီးရင္ ခ်ိဳင္းၾကားမွၾလိမ္းေပးၿပီး ၅ မိနစ္ေလာက္ထားပါ။ ၿပီးရင္ေရေႏြးနဲ႔ေဆးခ်ပါ။ တစ္ပတ္ကို ၂ ႀကိမ္ ၁ လတိတိလုပ္ေပးပါ။

Credit:Mystle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
နွေရာသီရောက်ပြီဆိုရင် ပူအိုက်လွန်းလို့ အရေပြားတွေယားယံပြီး အိကျီ ၤလက်ရှည်တွေဆို သိပ်ဝတ်လို့အဆင်မပြေပါဘူး။ ဒါ့ကြောင့် အိကျီ ၤ လက်ပြတ်လှလှလေးတွေ ဝတ်နိုင်ဖို့ဆိုရင် ချိုင်းကြားအသားအရေလေး ဖြူဝင်းနေဖို့လိုတာပေါ့နော်။

နည်းလမ်း ၁

သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်

သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကိုရောလိုက်ပါ။ ပြီးရင် ချိုင်းကြား ၊ ဒူးခေါင်း၊ တဒေါင်ဆစ်နဲ့ တခြားညိုမဲနေတဲ့ နေရာတွေမှာလိမ်းလို့ရပါတယ်။ ၅ မိနစ်လောက် ပွတ်လိမ်းပေးပါ။ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ညိုမည်းတာကိုသက်သာစေမယ့်အပြင် ချွေးပေါက်ပွင့်စေမှာဖြစ်ပါတယ်။ ပြီးရင် ရေအေးနဲ့ ဆေးချပါ။

တစ်ပတ်ကို ၃ ကြိမ် တစ်လလောက်လုပ်ပေးပါ။

နည်းလမ်း ၂

သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

မှုန်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

လိမ္မော်ရည် ၄ စက် ၅ စက်

သံပုရာသီး တစ်ခြမ်း

နွားနို့ လက်ဖက်ရည်ဇွန်း တစ်ဝက်

Glycerin အရည် လက်ဖက်ရည်ဇွန်း တစ်ဝက်

အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကိုရောထည့်ပြီး ကြိတ်လိုက်ပါ။ ပြီးရင် ချိုင်းကြားနဲ့ တခြားညိုမည်းနေတဲ့ နေရာမှာလိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး အခြောက်ခံပါ။ ရေအေးနဲ့ ဆေးချပါ။

တစ်ပတ် ၃ ကြိမ်လုပ်ပေးပါ။ ၁ လတိတိလုပ်ပါ။

နည်းလမ်း ၃

ပြုလုပ်နည်း

အလူးကိုအခွံနွှာလိုက်ပါ။ ပြီးရင် ခြစ်တဲ့ဟာနဲ့ ခြစ်ချပေးပါ။ အဲဒီနောက် ပိတ်စအသန့်တစ်ခုကိုယူပြီး အရည်ညှစ်ထုတ်ပေးပါ။ အဲဒီအရည်ကို ချိုင်းအောက်မှာ လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေနွေးနဲ့ ဆေးချပါ။

တစ်ပတ်ကို ၃ ကြိမ်။ တစ်လတိတိ လုပ်ပေးပါ။

နည်းလမ်း ၄

မှုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်း

ရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်ခုကို သေချာရောလိုက်ပါ။ ပြီးရင် ချိုင်းကြားမှလြိမ်းပေးပြီး ၅ မိနစ်လောက်ထားပါ။ ပြီးရင်ရေနွေးနဲ့ဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ် ၁ လတိတိလုပ်ပေးပါ။

Credit:Mystle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top