iMyanmarHouse.com - Best Property Website for Myanmar
×

ေစ်းမ်ားတြင္ မႈိမ်ားလႈိင္လႈိင္ထေနသည္။
မႈိႀကိဳက္တတ္ရင္ ဒါေလးေတာ့ဖတ္လိုက္ပါ။
×××××××××××××

#စမ္းသပ္ပုံ
၁။ မႈိမ်ားရရွိေသာအခါ အရုိးကုိလက္ျဖင့္ ဖ်စ္ၾကည့္လွ်င္
ေၾကမြသားလွ်င္ မစားေကာင္းပါ။
စားေကာင္းေသာမႈိမ်ားသည္ ေၾကမြသြားျခင္းမရွိပါ။

၂။ မႈိေပၚသုိ႕ ဆားအနည္းငယ္ ျဖဴးၾကည့္လိုက္ပါ မည္းသြားလွ်င္ မစားရပါ။
စားေကာင္းေသာမႈိသည္ ဆားထိရုံႏွင့္ မည္းသြားေလ့မရွိပါ။

၃။ မႈိကုိလက္ျဖင့္ ဖ်စ္ၾကည့္လို႔ ေသြးေရာင္ေျပာင္းသြားလွ်င္ မစားေကာင္းပါ။
စားေကာင္းေသာမႈိမွာ အေရာင္မေျပာင္းပါ။

၅။ မႈိကုိဓားျဖင့္ျဖတ္ေသာအခါ ျပာႏွမ္းသြားလွ်င္ မစားရပါ။
စားေကာင္းေသာမႈိမွာ မျပာႏွမ္းပါ။

၆။ မႈိကုိ ဆားရည္တြင္စိမ္ၾကည့္ေသာအခါ နက္လာလွ်င္ မစားေကာင္းပါ။
စားေကာင္းေသာမႈိမွာ မနက္ပါ။

၇။ အထူးသျဖင့္ ေျချခင္းပါေသာမႈိမ်ားသည္ မစားေကာင္းပါ။
စားေကာင္းေသာမႈိမွာ ေျချခင္းပါေလ့မရွိပါ။

# မႈိႏွင့္ေရာစပ္မစားေကာင္းေသာ အစာမ်ား

၁။ ၾကက္ဟင္းခါးသီး
၂။ ၾကက္ဥ
၃။ ခံသီး
၄။ ငွက္ေပ်ာသီး
၅။ ႏုိ႕အမ်ဳိးမ်ဳိး
၆။ ေဖာင္စီးကဏန္း
၇။ ယုန္သား စသည္တုိ႕ကုိ ေရာစပ္ေရြ႕မစားရပါ။
မီးဖြားၿပီးစ အမ်ဳိးသမီးမ်ားအေနျဖင့္
"မႈိတစ္ႏွစ္္ မွ်စ္သုံးလ" မစားသင့္ေၾကာင္း ေရွးလူႀကီးမ်ားက ေျပာေလ့ရွိသည္။

# မႈိဟင္းမစားသင့္ေသာ အျခားသူမ်ား

ေျခေအးေရြ႕ အထက္သုိ႕ အခုိးတက္ၿပီးျဖစ္တတ္ေသာ
ႏွာပိတ္၊ နွာမႊန္ေရာဂါ၊ နား၊ မ်က္စိ၊ ေခါင္းကုိက္ေရာဂါ၊ ေခါင္းဦးေရက်ိမ္းေသာေရာဂါရွိသူမ်ားသည္ မစားသင့္ပါ။

# မႈိဆိပ္ေျဖနည္း

မႈိဆိပ္တက္၍ ေတာက္ခဲ့လွ်င္ ထန္းလွ်က္စားေပးပါ။
သံပုရာရည္ကုိ လွ်က္ေပးပါ။
မိုနတုိရြက္စိမ္းရည္ကို တုိက္ေပးပါ။
မရုိးေခၚ ျဖဴႀကီးအေခါက္ တစ္မတ္သားခန္႕ ေသြးေရြ႕တုိက္ပါ။
က်ီးအာျမစ္ကုိ ဆားႏွင့္ေသြး၍ လွ်ာကုိပြတ္ေပးပါ။
အစာမ်ား ျပန္အန္ က်လာမည္ျဖစ္သည္။
ထန္းလွ်က္ျပဳတ္ရည္ ပူပူေႏြးေႏြးတုိက္ေပးပါကလည္း
မႈိေတာက္ျခင္း အဆိပ္ျဖစ္ျခင္းမွ ကာကြယ္ႏုိင္သည္။

# မႈိႏွင့္ေဆး၀ါး

၀ါးရုံနက္(သုိ႕မဟုတ္)ၾကခတ္၀ါးရုံ၏ ပင္ေျခမွေပါက္ေသာ ပန္းရင့္ေရာင္မႈိမ်ားကို ဖ့ဲယူူၿပီး ေရးစင္စြာေဆးေရြ႕ ထန္းလွ်က္သုိ႕မဟုတ္ ပ်ားရည္ျဖင့္ ေသးငယ္ေသာအလုံးေလးမ်ား ျပဳလုပ္ၿပီး ကေလးငယ္မ်ားကုိ ေကၽြးပါက ၀မ္းတြင္းရွိ သန္လုံး၊ သန္ျပားႏွင့္ တုတ္ေကာင္မ်ား ေနာက္တစ္ေန႕၀မ္းသြားေသာအခါ အေထြးလုိက္ က်ဆင္းပါသည္။ ၀ါးမႈိဆုိရာတြင္ ၾကခတ္၀ါးမႈိက ပုိေဆးဘက္၀င္သည္။ သုိ႕ေသာ္ မႈိကုိ သံထည္ပစည္းတုိ႕ လုံး၀မထိရန္ သတိျပဳရမည္။

#စားေကာင္းေသာမႈိမ်ား

ေကာက္ရုိးမႈိ၊ မႈိႀကက္ေတာင္၊ ငွက္ေပ်ာမႈိ၊ ေတာင္ပုိ႕မႈိ(ေျခတုိ၊ ေျခရွည္)၊
ဖက္ဆြတ္မႈိ(မႈိျဖဴေလး) ၾကက္တူေရြးမႈိ၊ မႈိသားပုိက္၊ မႈိဆန္ကြဲ၊ မႈိေက်ာက္ခဲ၊ မႈိေျခတံရွည္၊
မႈိနီ၊ မႈိျပင္းတြဲ၊ မိႈျဖဴ၊ မႈိအုန္းနက္၊ (မိႈ၏ထိပ္တြင္ နက္ေသာအကြက္ေလးရွိသည္။)၊ ျမက္ၾကားမႈိ၊သေျပမိႈ၊ ေျမပဲမႈိ၊ ၀ါးမႈိ၊ ကုိင္းမႈိ၊ အင္မႈိ၊ ဆင္ေျခသည္းမႈိႏွင့္ သရက္မႈိ(မိႈေျခာက္မ်ားျပဳလုပ္သည္)၊စေသာမႈိမ်ားသည္ စားေကာင္းေသာမႈိမ်ားျဖစ္သည္။

#မစားေကာင္းေသာမႈိမ်ား

ၾကက္ခူမႈိ၊ မႈိကြန္ျခာ၊ ေခြးေလးမႈိ၊ ႏွင့္ ႏြားေျခးမႈိတုိ႕သည္ မစားေကာင္းေသာမႈိမ်ားျဖစ္ၾကသည္။
ထုိ႕အျပင္္ အခ်ဳိ႕မႈိမ်ားမွာ စားေကာင္းေသာမႈိျဖစ္ေသာ္လည္း အဆိပ္သင့္ေစသျဖင့္ စမ္းသပ္ၿပီးမွ ခ်က္စားသင့္သည္။

Credit: တကၠသိုလ္ ခြန္Rကာ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#


ဈေးများတွင် မှိုများလှိုင်လှိုင်ထနေသည်။
မှိုကြိုက်တတ်ရင် ဒါလေးတော့ဖတ်လိုက်ပါ။
×××××××××××××

#စမ်းသပ်ပုံ
၁။ မှိုများရရှိသောအခါ အရိုးကိုလက်ဖြင့် ဖျစ်ကြည့်လျှင်
ကြေမွသားလျှင် မစားကောင်းပါ။
စားကောင်းသောမှိုများသည် ကြေမွသွားခြင်းမရှိပါ။

၂။ မှိုပေါ်သို့ ဆားအနည်းငယ် ဖြူးကြည့်လိုက်ပါ မည်းသွားလျှင် မစားရပါ။
စားကောင်းသောမှိုသည် ဆားထိရုံနှင့် မည်းသွားလေ့မရှိပါ။

၃။ မှိုကိုလက်ဖြင့် ဖျစ်ကြည့်လို့ သွေးရောင်ပြောင်းသွားလျှင် မစားကောင်းပါ။
စားကောင်းသောမှိုမှာ အရောင်မပြောင်းပါ။

၅။ မှိုကိုဓားဖြင့်ဖြတ်သောအခါ ပြာနှမ်းသွားလျှင် မစားရပါ။
စားကောင်းသောမှိုမှာ မပြာနှမ်းပါ။

၆။ မှိုကို ဆားရည်တွင်စိမ်ကြည့်သောအခါ နက်လာလျှင် မစားကောင်းပါ။
စားကောင်းသောမှိုမှာ မနက်ပါ။

၇။ အထူးသဖြင့် ခြေခြင်းပါသောမှိုများသည် မစားကောင်းပါ။
စားကောင်းသောမှိုမှာ ခြေခြင်းပါလေ့မရှိပါ။

# မှိုနှင့်ရောစပ်မစားကောင်းသော အစာများ

၁။ ကြက်ဟင်းခါးသီး
၂။ ကြက်ဥ
၃။ ခံသီး
၄။ ငှက်ပျောသီး
၅။ နို့အမျိုးမျိုး
၆။ ဖောင်စီးကဏန်း
၇။ ယုန်သား စသည်တို့ကို ရောစပ်ရွေ့မစားရပါ။
မီးဖွားပြီးစ အမျိုးသမီးများအနေဖြင့်
"မှိုတစ်နှစ် မျှစ်သုံးလ" မစားသင့်ကြောင်း ရှေးလူကြီးများက ပြောလေ့ရှိသည်။

# မှိုဟင်းမစားသင့်သော အခြားသူများ

ခြေအေးရွေ့ အထက်သို့ အခိုးတက်ပြီးဖြစ်တတ်သော
နှာပိတ်၊ နှာမွှန်ရောဂါ၊ နား၊ မျက်စိ၊ ခေါင်းကိုက်ရောဂါ၊ ခေါင်းဦးရေကျိမ်းသောရောဂါရှိသူများသည် မစားသင့်ပါ။

# မှိုဆိပ်ဖြေနည်း

မှိုဆိပ်တက်၍ တောက်ခဲ့လျှင် ထန်းလျှက်စားပေးပါ။
သံပုရာရည်ကို လျှက်ပေးပါ။
မိုနတိုရွက်စိမ်းရည်ကို တိုက်ပေးပါ။
မရိုးခေါ် ဖြူကြီးအခေါက် တစ်မတ်သားခန့် သွေးရွေ့တိုက်ပါ။
ကျီးအာမြစ်ကို ဆားနှင့်သွေး၍ လျှာကိုပွတ်ပေးပါ။
အစာများ ပြန်အန် ကျလာမည်ဖြစ်သည်။
ထန်းလျှက်ပြုတ်ရည် ပူပူနွေးနွေးတိုက်ပေးပါကလည်း
မှိုတောက်ခြင်း အဆိပ်ဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။

# မှိုနှင့်ဆေးဝါး

ဝါးရုံနက်(သို့မဟုတ်)ကြခတ်ဝါးရုံ၏ ပင်ခြေမှပေါက်သော ပန်းရင့်ရောင်မှိုများကို ဖဲ့ယူူပြီး ရေးစင်စွာဆေးရွေ့ ထန်းလျှက်သို့မဟုတ် ပျားရည်ဖြင့် သေးငယ်သောအလုံးလေးများ ပြုလုပ်ပြီး ကလေးငယ်များကို ကျွေးပါက ဝမ်းတွင်းရှိ သန်လုံး၊ သန်ပြားနှင့် တုတ်ကောင်များ နောက်တစ်နေ့ဝမ်းသွားသောအခါ အထွေးလိုက် ကျဆင်းပါသည်။ ဝါးမှိုဆိုရာတွင် ကြခတ်ဝါးမှိုက ပိုဆေးဘက်ဝင်သည်။ သို့သော် မှိုကို သံထည်ပစည်းတို့ လုံးဝမထိရန် သတိပြုရမည်။

#စားကောင်းသောမှိုများ

ကောက်ရိုးမှို၊ မှိုကြက်တောင်၊ ငှက်ပျောမှို၊ တောင်ပို့မှို(ခြေတို၊ ခြေရှည်)၊
ဖက်ဆွတ်မှို(မှိုဖြူလေး) ကြက်တူရွေးမှို၊ မှိုသားပိုက်၊ မှိုဆန်ကွဲ၊ မှိုကျောက်ခဲ၊ မှိုခြေတံရှည်၊
မှိုနီ၊ မှိုပြင်းတွဲ၊ မှိုဖြူ၊ မှိုအုန်းနက်၊ (မှို၏ထိပ်တွင် နက်သောအကွက်လေးရှိသည်။)၊ မြက်ကြားမှို၊သပြေမှို၊ မြေပဲမှို၊ ဝါးမှို၊ ကိုင်းမှို၊ အင်မှို၊ ဆင်ခြေသည်းမှိုနှင့် သရက်မှို(မှိုခြောက်များပြုလုပ်သည်)၊စသောမှိုများသည် စားကောင်းသောမှိုများဖြစ်သည်။

#မစားကောင်းသောမှိုများ

ကြက်ခူမှို၊ မှိုကွန်ခြာ၊ ခွေးလေးမှို၊ နှင့် နွားခြေးမှိုတို့သည် မစားကောင်းသောမှိုများဖြစ်ကြသည်။
ထို့အပြင် အချို့မှိုများမှာ စားကောင်းသောမှိုဖြစ်သော်လည်း အဆိပ်သင့်စေသဖြင့် စမ်းသပ်ပြီးမှ ချက်စားသင့်သည်။

Credit: တက္ကသိုလ် ခွန်Rကာ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top