iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္ေတြမ်က္စိေရွ႕မွာတင္ ဗီဒီယိုကားေတြဇယ္ဆက္သလိုရိုက္ျပီး တက္သစ္စ မင္းသားေလးအျဖစ္ကေန တကယ့္ကိုဝါရင့္မင္းသားၾကီးျဖစ္လာခဲ့တာကေတာ့ ျမင့္ျမတ္ပါပဲ။ ျမင့္ျမတ္ဟာ ဗီဒီယိုကားရယ္ ရံုတင္ကားၾကီးရယ္မခြဲဲျခားပဲ သရုပ္ေဆာင္ခ်က္တုိင္းမွာ စိတ္အာရံုအျပည့္အဝနွစ္ျပီး အစြမ္းကုန္ၾကိဳးစား သရုပ္ေဆာင္တတ္တဲ့ မင္းသားတစ္ဦးလည္း ျဖစ္တာေၾကာင့္ ပရိသတ္ေတြအခ်စ္ပုိရတဲ့ မင္းသားတစ္ဦးဆိုရင္လည္းမမွားပါဘူး။

ျမင့္ျမတ္ဟာ သူ႔ကုိ အလြန္ခ်စ္ျမတ္နိုးတဲ့ ခ်စ္ဇနီးေခ်ာေလး ပုိင္ဆိုင္ထားသူတစ္ဦးလည္းျဖစ္ပါေသးတယ္။ သိပ္မၾကာခင္နွစ္ကာလတုန္းက ျပဳလုပ္ခဲ့တဲ့ မဂၤလာပြဲမွာ ျမင့္ျမတ္ရဲ႕ ခ်စ္ဇနီးေခ်ာေလးဟာ သူမရဲ႕လက္ျပင္မွာ ျမင့္ျမတ္ရဲ႕နာမည္ကုိခ်စ္သက္ေသေရးထိုးထားခဲ့ျခင္းဟာ ျမင္ရသူအေပါင္းကုိ စိတ္ၾကည္နူးအားက်ေစခဲ့ပါတယ္။ အခုဆိုရင္ေတာ့ ျမင့္ျမတ္တုိ႕ ဇနီးေမာင္နွံရဲ႕ကမၻာေလးထဲကုိ မိသားစုဝင္အသစ္တစ္ေယာက္တိုးလာဖို႔ဟာ ရက္ပုိင္းသာလိုေတာ့ေၾကာင္းသိရပါတယ္။ ျမင့္ျမတ္ရဲ႕ဇနီးေခ်ာေလးဟာ ေန႔ေစ့လေစ့ကုိယ္ဝန္ၾကီးနဲ႔ ေမြးခါနီးဖြားခါနီးျဖစ္ေနလို႔ပါပဲ။ သားဦးေလးေမြးခါနီးမို႔ ေျခမကုိင္မိလက္မကုိင္မိနဲ႔စိတ္ပူေနရတဲ့ ဖခင္ေလာင္းတစ္ေယာက္ရဲ႕စိတ္ခံစားခ်က္ေတြကုိျမင့္ျမတ္က Myanmar Celebrity နဲ႔ Interview မွာ ဖြင့္ဟထားပါတယ္။

သားေလးကုိေတြ႕ရေတာ့မွာမို႔ စိတ္လႈပ္ရွားရတ့ဲအေၾကာင္းကုိ ျမင့္ျမတ္က “စိတ္လႈပ္ရွားလာတာေပါ့ေနာ္။အခုက ရက္ပုိင္းပဲလိုေတာ့တာဗ်၊လလုိ႔ေတာင္ေျပာလို႔မရေတာ့ဘူး။ ရက္ပုိင္းပဲလိုေတာ့တာဆိုေတာ့ ကေလးကလည္း အရမ္းလည္းကန္ေနတာေပါ့။ညဘက္ဆို ကန္တယ္။ေနာက္တစ္ခုက Ultrasound သြားရိုက္ေတာ့လည္း ေခါင္းက ေအာက္ေရာက္ေနျပီေပါ့။ဆိုလိုခ်င္တာက ေမြးဖို႔အတြက္ Ready ျဖစ္ေနတဲ့ ပံုစံမ်ိဳးျဖစ္ေနတာေပါ့ေနာ္။ အဲဒီအတြက္ ဒီရက္ပုိင္းကို မိန္းမကိုလည္း ပုိျပီးဂရုစိုက္ရတယ္။ ေနာက္ျပီးေတာ့ ၾကိဳျပီးေတာ့ ေစာေမြးသြားမွာလည္းစိုးတယ္။ အဲဒီအတြက္လည္းစိုးရိမ္ေနၾကရတာေပါ့ေနာ္” လို႔ ေျပာျပထားပါတယ္။

အမ်ိဳးသမီးကုိလည္းစိတ္ပူရသလို ဂရုိစိုက္ရတဲ့အေၾကာင္းကုိလည္း “OG နဲ႔ တုိင္ပင္ျပီးေတာ့ စီစဥ္ထားတာေလးေတာ့ရွိပါတယ္။ ခြဲေမြးမွာဆိုေတာ့ ကိစၥေတာ့မရွိပါဘူး။ဒါေပမယ့္ ေစာျပီးေတာ့ ေမြးသြားမွာကိုပဲ ကြ်န္ေတာ္လည္းေၾကာက္တာ။ ကုိယ္လည္းကားရိုက္တစ္ဖက္နဲ႔ဆိုေတာ့ ဟုတ္။”လို႔ ေျဖၾကားထားသလိုအမ်ိဳးသမီးအတြက္စိတ္ပူျပီး စဥ္းစားမိတာေတြကိုလည္း “ကြ်န္ေတာ္ေတာင္မွစဥ္းစားမိပါေသးတယ္။ ကြ်န္ေတာ္စဥ္းစားမိတာကက်ေတာ့.. ကြ်န္ေတာ္တုိ႔လည္း ဒီရက္ပိုင္းအတြင္းကုိ ေငြေဆာင္ကိုသံုးရက္ေလာက္ သြားရိုက္ဖို႔ရွိတယ္ဆိုေတာ့ သူကလည္း ကိုယ္ဝန္နဲ႔ဆိုေတာ့ လိုက္လုိ႔အဆင္မေျပဘူးေလ။ အဲေတာ့ သူ႔ကုိ ေဆးရံုကုိတစ္ခါတည္းတင္ထားခဲ့ရင္ေကာင္းမလားေပ့ါေနာ္ ဆိုျပီး စဥ္းစားတာ.. ဒါေပမယ့္ မိန္းမကေတာ့ ေနာက္ေနတာလားတဲ့ ဒါက တက္ခ်င္တိုင္းတက္လို႔ရတာမွမဟုတ္တာေနာ္ အဲ့လိုမ်ိဳး၊ကြ်န္ေတာ္ကေတာ့ စိုးရိမ္လို႔ပါ”လို႔ ရယ္ေမာရင္းေျပာျပထားပါေသးတယ္။

ဒါ့အျပင္ ျမင့္ျမတ္က သားေလးေမြးလာရင္လည္း ပိုခ်စ္ေပးၾကပါဦးလုိ႔ ပရိသတ္ၾကီးကိုေျပာထားပါေသးတယ္။ ေျပာခ်င္လြန္းလို႔ရဲ႕ပရိသတ္ၾကီးလည္း ျမင့္ျမတ္ကုိခ်စ္သလို သားေလးကိုလည္းခ်စ္ေပးၾကမယ္မဟုတ္လား။ ပရိသတ္ခ်စ္တဲ့ျမင့္ျမတ္တစ္ေယာက္ သားေခ်ာေခ်ာေလးပုိင္ဆိုင္ရပါေစလုိ႔ ဆုေတာင္းေပးရင္း..။

Credit: nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
ပရိသတ်တွေမျက်စိရှေ့မှာတင် ဗီဒီယိုကားတွေဇယ်ဆက်သလိုရိုက်ပြီး တက်သစ်စ မင်းသားလေးအဖြစ်ကနေ တကယ့်ကိုဝါရင့်မင်းသားကြီးဖြစ်လာခဲ့တာကတော့ မြင့်မြတ်ပါပဲ။ မြင့်မြတ်ဟာ ဗီဒီယိုကားရယ် ရုံတင်ကားကြီးရယ်မခွဲခြားပဲ သရုပ်ဆောင်ချက်တိုင်းမှာ စိတ်အာရုံအပြည့်အဝနှစ်ပြီး အစွမ်းကုန်ကြိုးစား သရုပ်ဆောင်တတ်တဲ့ မင်းသားတစ်ဦးလည်း ဖြစ်တာကြောင့် ပရိသတ်တွေအချစ်ပိုရတဲ့ မင်းသားတစ်ဦးဆိုရင်လည်းမမှားပါဘူး။

မြင့်မြတ်ဟာ သူ့ကို အလွန်ချစ်မြတ်နိုးတဲ့ ချစ်ဇနီးချောလေး ပိုင်ဆိုင်ထားသူတစ်ဦးလည်းဖြစ်ပါသေးတယ်။ သိပ်မကြာခင်နှစ်ကာလတုန်းက ပြုလုပ်ခဲ့တဲ့ မင်္ဂလာပွဲမှာ မြင့်မြတ်ရဲ့ ချစ်ဇနီးချောလေးဟာ သူမရဲ့လက်ပြင်မှာ မြင့်မြတ်ရဲ့နာမည်ကိုချစ်သက်သေရေးထိုးထားခဲ့ခြင်းဟာ မြင်ရသူအပေါင်းကို စိတ်ကြည်နူးအားကျစေခဲ့ပါတယ်။ အခုဆိုရင်တော့ မြင့်မြတ်တို့ ဇနီးမောင်နှံရဲ့ကမ္ဘာလေးထဲကို မိသားစုဝင်အသစ်တစ်ယောက်တိုးလာဖို့ဟာ ရက်ပိုင်းသာလိုတော့ကြောင်းသိရပါတယ်။ မြင့်မြတ်ရဲ့ဇနီးချောလေးဟာ နေ့စေ့လစေ့ကိုယ်ဝန်ကြီးနဲ့ မွေးခါနီးဖွားခါနီးဖြစ်နေလို့ပါပဲ။ သားဦးလေးမွေးခါနီးမို့ ခြေမကိုင်မိလက်မကိုင်မိနဲ့စိတ်ပူနေရတဲ့ ဖခင်လောင်းတစ်ယောက်ရဲ့စိတ်ခံစားချက်တွေကိုမြင့်မြတ်က Myanmar Celebrity နဲ့ Interview မှာ ဖွင့်ဟထားပါတယ်။

သားလေးကိုတွေ့ရတော့မှာမို့ စိတ်လှုပ်ရှားရတဲ့အကြောင်းကို မြင့်မြတ်က “စိတ်လှုပ်ရှားလာတာပေါ့နော်။အခုက ရက်ပိုင်းပဲလိုတော့တာဗျ၊လလို့တောင်ပြောလို့မရတော့ဘူး။ ရက်ပိုင်းပဲလိုတော့တာဆိုတော့ ကလေးကလည်း အရမ်းလည်းကန်နေတာပေါ့။ညဘက်ဆို ကန်တယ်။နောက်တစ်ခုက Ultrasound သွားရိုက်တော့လည်း ခေါင်းက အောက်ရောက်နေပြီပေါ့။ဆိုလိုချင်တာက မွေးဖို့အတွက် Ready ဖြစ်နေတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့နော်။ အဲဒီအတွက် ဒီရက်ပိုင်းကို မိန်းမကိုလည်း ပိုပြီးဂရုစိုက်ရတယ်။ နောက်ပြီးတော့ ကြိုပြီးတော့ စောမွေးသွားမှာလည်းစိုးတယ်။ အဲဒီအတွက်လည်းစိုးရိမ်နေကြရတာပေါ့နော်” လို့ ပြောပြထားပါတယ်။

အမျိုးသမီးကိုလည်းစိတ်ပူရသလို ဂရိုစိုက်ရတဲ့အကြောင်းကိုလည်း “OG နဲ့ တိုင်ပင်ပြီးတော့ စီစဉ်ထားတာလေးတော့ရှိပါတယ်။ ခွဲမွေးမှာဆိုတော့ ကိစ္စတော့မရှိပါဘူး။ဒါပေမယ့် စောပြီးတော့ မွေးသွားမှာကိုပဲ ကျွန်တော်လည်းကြောက်တာ။ ကိုယ်လည်းကားရိုက်တစ်ဖက်နဲ့ဆိုတော့ ဟုတ်။”လို့ ဖြေကြားထားသလိုအမျိုးသမီးအတွက်စိတ်ပူပြီး စဉ်းစားမိတာတွေကိုလည်း “ကျွန်တော်တောင်မှစဉ်းစားမိပါသေးတယ်။ ကျွန်တော်စဉ်းစားမိတာကကျတော့.. ကျွန်တော်တို့လည်း ဒီရက်ပိုင်းအတွင်းကို ငွေဆောင်ကိုသုံးရက်လောက် သွားရိုက်ဖို့ရှိတယ်ဆိုတော့ သူကလည်း ကိုယ်ဝန်နဲ့ဆိုတော့ လိုက်လို့အဆင်မပြေဘူးလေ။ အဲတော့ သူ့ကို ဆေးရုံကိုတစ်ခါတည်းတင်ထားခဲ့ရင်ကောင်းမလားပေ့ါနော် ဆိုပြီး စဉ်းစားတာ.. ဒါပေမယ့် မိန်းမကတော့ နောက်နေတာလားတဲ့ ဒါက တက်ချင်တိုင်းတက်လို့ရတာမှမဟုတ်တာနော် အဲ့လိုမျိုး၊ကျွန်တော်ကတော့ စိုးရိမ်လို့ပါ”လို့ ရယ်မောရင်းပြောပြထားပါသေးတယ်။

ဒါ့အပြင် မြင့်မြတ်က သားလေးမွေးလာရင်လည်း ပိုချစ်ပေးကြပါဦးလို့ ပရိသတ်ကြီးကိုပြောထားပါသေးတယ်။ ပြောချင်လွန်းလို့ရဲ့ပရိသတ်ကြီးလည်း မြင့်မြတ်ကိုချစ်သလို သားလေးကိုလည်းချစ်ပေးကြမယ်မဟုတ်လား။ ပရိသတ်ချစ်တဲ့မြင့်မြတ်တစ်ယောက် သားချောချောလေးပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း..။

Credit: nanmalgyi
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top