iMyanmarHouse.com - Best Property Website for Myanmar
×



ချစ်သာသူနဲ့ လက်ထပ်ရမယ့်လူ တစ်ယောက်တည်း ဖြစ်ရပါလို၏ တို့ဘာတို့။

ချစ်တိုင်းလည်း မညားတာ ငါလက်ခံပြီးသား… ဆိုတဲ့ သီချင်းလေးကြားရင် ကိုယ့်ရဲ့ဟိုးးးရှေးရှေးတုန်းက ရည်းစားဟောင်းလေးကို ရုတ်တရက် သတိရသွားတဲ့ အဖြစ်လေးတွေ ကြုံဖူးလား? များသောအားဖြင့် ကိုယ်ချစ်ရတဲ့လူနဲ့ လက်ထပ်ရတဲ့လူက မတူညီနေတဲ့အခါ ဒီလိုအဖြစ်မျိုးလေးတွေက ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုပြောတော့ ကိုယ့်ဘေးကလူကို အားနာစရာတော့ဖြစ်သား။ တကယ်တမ်းတော့ တိုက်ဆိုင်မှုလေးတွေ ရှိလာတဲ့အခါ တစ်ခဏ သတိရရုံပဲ ရှိပါတယ်။ ဒီလူကို လိုချင်လားဆို ပြန်လည်းမလိုချင်ပါဘူး။ ဘာလို့လဲဆိုတော့ လက်ရှိ ကိုယ့်ဘေးနားမှာ အတူရှိနေတဲ့လူကိုလည်း သိပ်ချစ်တာကိုး။

တကယ်တမ်း လက်ထပ်တယ်ဆိုတာ အချစ်တစ်ခုတည်းနဲ့ မပြီးဘူးဆိုတာ သိလာပြီးတဲ့နောက် မိုက်မိုက်ကန်းကန်း မဆုံးဖြတ်ကြတော့တာပါ။ ဘဝနှစ်ခုကို တစ်ခုတည်း ပေါင်းစည်းတဲ့အခါ ခါတိုင်းသွားသွားလာလာ စားသောက်နေထိုင်တာလောက် မဟုတ်တော့ဘဲ တစ်သက်လုံး လက်တွဲသွားရတော့မယ်ဆိုတော့ အများကြီးစဉ်းစားဖို့ လိုလာပြီလေ။ ယောင်းဘေးမှာရှိတဲ့လူက ကိုယ်လက်ထပ်သင့်တဲ့လူ ဟုတ်မဟုတ် ဒီအချက်လေးတွေနဲ့ ယှဉ်ပြီးကြည့်ကြည့်လိုက်နော်။

ပြဿနာတစ်ခုကြုံလာတဲ့အခါ ကိုယ်ချစ်တဲ့လူကတော့ ခေါင်းရှောင်ကောင်း ရှောင်သွားနိုင်ပေမဲ့ ကိုယ့်ကိုချစ်တဲ့လူ၊ ကိုယ်တကယ် လက်ထပ်သင့်တဲ့လူကတော့ အနားမှာ နွေးထွေးတဲ့လက်တစ်စုံနဲ့ ဆုပ်ကိုင်ထားပြီး အတူတူဖြတ်ကျော်သွားပါလိမ့်မယ်။

အပြစ်တစ်ခုခုလုပ်မိတဲ့အခါ ကိုယ်ချစ်ရတဲ့လူက ကိုယ့်ကို အပြစ်တင်ပြီး ကြိမ်းမောင်းတတ်ပေမဲ့ ကိုယ်တကယ် လက်ထပ်သင့်တဲ့လူကတော့ နောက်တစ်ခါ ဒီလိုအမှားမျိုးမဖြစ်အောင် ဖျောင်းဖျပြောဆိုပြီး ပွေ့ဖက်ထားပါလိမ့်မယ်။

ကိုယ့်တက်လမ်းဖောက်ဖို့အတွက် အဝေးတစ်နေရာကိုသွားရတော့မယ်ဆိုရင်လည်း ကိုယ်ချစ်ရတဲ့လူက ‘င့ါအနားမှာမရှိတော့ရင် နင်တခြားလူနဲ့ လျှောက်တွေ့နေမှာ ဘာညာ’ စသည်ဖြင့် အကြောင်းမျိုးစုံပြပြီး တားမြစ်ဖို့ကြိုးစားတတ်ပေမဲ့ ကိုယ်တကယ် လက်ထပ်သင့်တဲ့လူကတော့ ‘နင်သွားနှင့်ပါ ငါလိုက်လာဖို့ ကြိုးစားပါ့မယ်။’ ဆိုပြီး ကိုယ့်ကို မြင့်မြင့်ပျံသန်းခွင့် ပေးပါလိမ့်မယ်။

ကိုယ်ချစ်ရတဲ့လူက ကိုယ့်ရဲ့တချို့မကောင်းတဲ့ အချက်လေးတွေ မြင်လာတဲ့အခါ ငြိုငြင်ကောင်း ငြိုငြင်နိုင်ပေမဲ့ ကိုယ်တကယ် လက်ထပ်သင့်တဲ့လူကတော့ ဘာတွေပဲ ဘယ်လိုဖြစ်နေပါစေ ကိုယ့်ကို ချစ်မြဲချစ်ဆဲ ဖြစ်နေမှာပါ။

တချို့စကားတွေက ကိုယ်ချစ်ရတဲ့လူကို ပြောတဲ့အခါ အလေးအနက်ထား မခံရပေမဲ့ ကိုယ်တကယ် လက်ထပ်သင့်တဲ့လူကတော့ ကိုယ့်ရဲ့ စကားလုံးသေးသေးလေးကအစ သေချာမှတ်ထားပြီး နှစ်သိမ့်ပေးနိုင်တဲ့လူပေါ့။

ကိုယ်ချစ်ရတဲ့လူနဲ့ ရန်ဖြစ်စကားများတဲ့အခါ နောက်ဆုံးအဖြေဆိုတာ ထွက်မလာပေမဲ့ ကိုယ်တကယ် လက်ထပ်သင့်တဲ့လူနဲ့ ရန်ဖြစ်တဲ့အခါမှာတော့ စကားတွေ အများကြီး မပြောရခင်မှာပဲ အဖြေကောင်းကောင်းတစ်ခု ထွက်နှင့်ပြီးသား ဖြစ်နေမှာပါ။

ကိုယ်ချစ်ရတဲ့လူ အနားရှိနေတဲ့အခါ အရာအားလုံး သာယာလှပကောင်းလှပနိုင်ပေမဲ့ ကိုယ်တကယ် လက်ထပ်သင့်တဲ့လူအနားရှိတဲ့အခါ လုံခြုံမှုကိုခံစားရပါလိမ့်မယ်။

နောက်ဆုံး လက်ထပ်ဖို့စဉ်းစားရတဲ့အခါမှာလည်း ကိုယ်ချစ်ရတဲ့လူနဲ့ဆိုရင် ‘ဒီလူဟာ ငါနဲ့လက်ထပ်ပြီးရင် တစ်သက်လုံး ငါတစ်ယောက်တည်းကိုပဲ ချစ်နေပါ့မလားဆိုတဲ့’ သံသယမျိုးဝင်ကောင်းဝင်နေနိုင်ပေမဲ့ ကိုယ့်ကိုချစ်တဲ့လူကတော့ ခိုင်မာတဲ့ အာမခံချက်နဲ့အတူ ကိုယ်ခေါင်းညိတ်မယ့်ရက်ကိုပဲ စောင့်နေပါလိမ့်မယ်။

အချစ်မှာ မျက်စိမရှိဘူး (Love is blind) ဆိုပေမဲ့ အချစ်ကြောင့် ကိုယ့်ဘဝတစ်ခုလုံး မျက်ကန်း မဖြစ်သွားဖို့တော့ အထူးဂရုစိုက်ရပါမယ်။ ဘယ်သူမဆိုတော့ တည်ဆောက်ပြီးသား အိမ်ထောင်တစ်ခုကို ပြိုကွဲချင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ချစ်လို့လက်ထပ်ပြီးမှ ပြိုကွဲသွားတဲ့အခါ စိတ်ဒဏ်ရာကိုယ်စီနဲ့ ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် အရာရာမလွန်ခင်မှာ စဉ်းစားပါ၊ ညှိနှိုင်းပါ ပြီးတော့ စောင့်ကြည့်ပါ။ ချစ်တဲ့လူနဲ့ လက်ထပ်ရတဲ့လူက တစ်ယောက်တည်းဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့လေ။

ယောင်းလေးကံကောင်းပါစေ…

Credit: Hnin Ei Oo (For Her Myanmar)
# Unicode Version ဖြင့် ဖတ်ပါ #


    ခ်စ်သာသူနဲ့ လက္ထပ်ရမယ့်လူ တစ်ယောက္တည်ျးဖစ်ရပါလို၏ တို့ဘာတို့။

ခ်စ္တိုင်းလည်း မညားတာ ငါလက္ခံပြီးသား… ဆိုတဲ့ သီခ်င်းလေးကြားရင် ကိုယ့်ရဲ့ဟိုးးးရွေးရွေးတုန်းက ရည်းစားဟောင်းလေးကို ရုတ္တရက် သတိရသြားတဲ့ အျဖစ်လေးတြေ ကြုံဖူးလား? မ်ားသောအာျးဖင့် ကိုယ္ခ်စ်ရတဲ့လူနဲ့ လက္ထပ်ရတဲ့လူက မတူညီနေတဲ့အခါ ဒီလိုအျဖစ္မိုးလေးတြေက ကြုံတြေ့ရတတ္ပါတယ်။ ဒီလိျုေပာတော့ ကိုယ့်ဘေးကလူကို အားနာစရာတေျာ့ဖစ်သား။ တကယ္တမ်းတော့ တိုက္ဆိုင္မှုလေးတြေ ရွိလာတဲ့အခါ တစ္ခဏ သတိရရုံပဲ ရွိပါတယ်။ ဒီလူကို လိုခ်င္လားဆျိုပန္လည်းမလိုခ်င္ပါဘူး။ ဘာလို့လဲဆိုတော့ လက်ရွိ ကိုယ့်ဘေးနားမွာ အတူရွိနေတဲ့လူကိုလည်း သိပ္ခ်စ္တာကိုး။

တကယ္တမ်း လက္ထပ္တယ္ဆိုတာ အခ်စ္တစ္ခုတည်းနဲ့ မပြီးဘူးဆိုတာ သိလာပြီးတဲ့နောက် မိုက္မိုက္ကန်းကန်း မဆုံျးဖတ်ကြေတာ့တာပါ။ ဘဝနွစ္ခုကို တစ္ခုတည်း ပေါင်းစည်းတဲ့အခါ ခါတိုင်းသြားသြားလာလာ စားသောက်နေထိုင္တာလောက် မဟုတ်တော့ဘဲ တစ်သက္လုံး လက္တြဲသြားရေတာ့မယ္ဆိုတော့ အမ်ားကြီးစဉ်းစားဖို့ လိုလာပြီလေ။ ယောင်းဘေးမွာရွိတဲ့လူက ကိုယ္လက္ထပ်သင့်တဲ့လူ ဟုတ္မဟုတ် ဒီအခ်က်လေးတြေနဲ့ ယွဉ်ပြီးကြည့်ကြည့်လိုက်နော်။

ျပဿနာတစ္ခုကြုံလာတဲ့အခါ ကိုယ္ခ်စ္တဲ့လူကေတာ့ ခေါင်းရွောင်ကောင်း ရွောင်ြသားနိုင်ပေမဲ့ ကိုယ့်ကိုခ်စ္တဲ့လူ၊ ကိုယ္တကယ် လက္ထပ်သင့်တဲ့လူကေတာ့ အနားမွာ နြေးထြေးတဲ့လက္တစ္စုံနဲ့ ဆုပ္ကိုင္ထားပြီး အတူတျူဖတ်ကော််သြားပါလိမ့်မယ်။

အျပစ္တစ္ခုခုလုပ္မိတဲ့အခါ ကိုယ္ခ်စ်ရတဲ့လူက ကိုယ့်ကို အျပစ္တင်ပြီး ကြိမ်းမောင်းတတ်ပေမဲ့ ကိုယ္တကယ် လက္ထပ်သင့်တဲ့လူကေတာ့ နောက္တစ္ခါ ဒီလိုအမွားမိုးမျဖစ်အောင် ဖော်င်းဖ်ျေပာဆိုပြီး ပြေ့ဖက္ထားပါလိမ့်မယ်။

ကိုယ့်တက္လမ်းဖောက္ဖို့အတြက် အေဝးတစ်နေရာကိုသြားရေတာ့မယ္ဆိုရင္လည်း ကိုယ္ခ်စ်ရတဲ့လူက ‘င့ါအနားမွာမရွိတော့ရင် နင္တျခားလူနဲ့ လွော်က်တြေ့နေမွာ ဘာညာ’ စသည်ျဖင့် အေကြာင်းမိုးဈုံပပြီး တာျးမစ္ဖို့ကြိုးစားတတ်ပေမဲ့ ကိုယ္တကယ် လက္ထပ်သင့်တဲ့လူကေတာ့ ‘နင်ြသားနွင့်ပါ ငါလိုက္လာဖို့ ကြိုးစားပါ့မယ်။’ ဆိုပြီး ကိုယ့်ကျိုမင့်ျမင့်ပ်ံသန်းခြင့် ပေးပါလိမ့်မယ်။

ကိုယ္ခ်စ်ရတဲ့လူက ကိုယ့်ရဲ့တခို့မေကာင်းတဲ့ အခ်က်လေးတျြေမင္လာတဲ့အခါ ငျြိုငင်ကောင်း ငျြိုငင်နိုင်ပေမဲ့ ကိုယ္တကယ် လက္ထပ်သင့်တဲ့လူကေတာ့ ဘာတြေပဲ ဘယ္လျိုဖစ်နေပါစေ ကိုယ့်ကို ခ်စ်မြဲခ်စ္ဆျဲဖစ်နေမွာပါ။

တခို့စကားတြေက ကိုယ္ခ်စ်ရတဲ့လူကိုျေပာတဲ့အခါ အေလးအနက္ထား မခံရေပမဲ့ ကိုယ္တကယ် လက္ထပ်သင့်တဲ့လူကေတာ့ ကိုယ့်ရဲ့ စကားလုံးသေးသေးလေးကအစ သေခ်ာမွတ္ထားပြီး နွစ်သိမ့်ပေးနိုင္တဲ့လူပေါ့။

ကိုယ္ခ်စ်ရတဲ့လူနဲ့ ရန်ျဖစ္စကားမ်ားတဲ့အခါ နောက္ဆုံးအျေဖဆိုတာ ထြက္မလာပေမဲ့ ကိုယ္တကယ် လက္ထပ်သင့်တဲ့လူနဲ့ ရန်ျဖစ္တဲ့အခါမွာတော့ စကားတြေ အမ်ားကြီး မျေပာရခင္မွာပဲ အျေဖေကာင်းကောင်းတစ္ခု ထြက်နွင့်ပြီးသာျးဖစ်နေမွာပါ။

ကိုယ္ခ်စ်ရတဲ့လူ အနားရွိနေတဲ့အခါ အရာအားလုံး သာယာလွပေကာင်းလွပနိုင်ပေမဲ့ ကိုယ္တကယ် လက္ထပ်သင့်တဲ့လူအနားရွိတဲ့အခါ လုံခြုံမှုကိုခံစားရပါလိမ့်မယ်။

နောက္ဆုံး လက္ထပ္ဖို့စဉ်းစားရတဲ့အခါမွာလည်း ကိုယ္ခ်စ်ရတဲ့လူနဲ့ဆိုရင် ‘ဒီလူဟာ ငါနဲ့လက္ထပ်ပြီးရင် တစ်သက္လုံး ငါတစ်ယောက္တည်းကိုပဲ ခ်စ်နေပါ့မလားဆိုတဲ့’ သံသယမိုးဝင်ကောင်းဝင်နေနိုင်ပေမဲ့ ကိုယ့်ကိုခ်စ္တဲ့လူကေတာ့ ခိုင္မာတဲ့ အာမခံခ်က္နဲ့အတူ ကိုယ်ခေါင်းညိတ္မယ့်ရက္ကိုပဲ စောင့်နေပါလိမ့်မယ်။

အခ်စ္မွာ မ်က္စိမရွိဘူး (Love is blind) ဆိုပေမဲ့ အခ်စ်ကြောင့် ကိုယ့်ဘဝတစ္ခုလုံး မ်က္ကန်း မျဖစ်ြသားဖို့တော့ အထူးဂရုစိုက်ရပါမယ်။ ဘယ်သူမဆိုတော့ တည်ဆောက်ပြီးသား အိမ်ထောင္တစ္ခုကို ပြိုကြဲခ်င္မွာတော့ မဟုတ္ပါဘူး။ ဒါပေမဲ့လည်း ခ်စ္လို့လက္ထပ်ပြီးမွ ပြိုကြဲသြားတဲ့အခါ စိတ္ဒဏ်ရာကိုယ္စီနဲ့ ပိုဆိုးသြားတတ္ပါတယ်။ ဒါကြောင့် အရာရာမလြန္ခင္မွာ စဉ်းစားပါ၊ ညွိနှိုင်းပါ ပြီးတော့ စောင့်ကြည့်ပါ။ ခ်စ္တဲ့လူနဲ့ လက္ထပ်ရတဲ့လူက တစ်ယောက္တည်းဆိုရင်တော့ အတိုင်းထက်အလြန်ပေါ့လေ။

ယောင်းလေးကံကောင်းပါစေ…

Credit: Hnin Ei Oo (For Her Myanmar)
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top