iMyanmarHouse.com - Best Property Website for Myanmar
×

အက္ဒ္မင္ဆယ္ေက်ာ္သက္တုန္းက မ်က္ႏွာအရမ္းအဆီျပန္လုိ႔ အက္ဒ္မင့္အေဒၚက မန္က်ည္းသီးမွည့္ကို ေရနဲ႔ အႏွစ္ပ်စ္ပ်စ္ရေအာင္ လုပ္ေပးၿပီး အဲဒီ အႏွစ္နဲ႔ မ်က္ႏွာသစ္ခုိင္းလုိ႔ အဆီျပန္တာ သက္သာသြားတာ အခုထိ မွတ္မိေနပါတယ္။ ေနာက္ၿပီး အိမ္မွာဆိုလည္း လူႀကီးေတြက ေၾကးဆင္းတု၊ ေၾကးဖလားေတြကို မန္က်ည္းသီးအႏွစ္နဲ႔ ပြတ္ေဆးရင္ ေတာက္ေျပာင္တယ္ဆုိၿပီးသံုးၾကတာ ေယာင္းတုိ႔သတိထားမိမွာပါ။ ျမန္မာႏုိင္ငံမွာ အလြယ္တကူရရွိၿပီး တန္ဖိုးအားျဖင့္လည္း ေဈးသက္သာတဲ့ မန္က်ည္းသီးမွာ ေဆးဖက္ဝင္တဲ့ အစြမး္သတၱိေတြ အမ်ားႀကီးဆိုတာကို ေရွးယခင္ကတည္းက လက္ခံခဲ့ၾကပါတယ္။ ဒီေန႔ေခတ္မွာလညး္ မန္က်ည္းသီးရဲ႕ သဘာဝအစြမ္းသတၱိေတြကို သိပၸံနည္းက်လက္ခံလာၾကၿပီေလ။

ကိုယ္ခႏၶာအတြက္ မန္က်ည္းသီးက အက်ိဳးမ်ားေစပါတယ္တဲ့… ဒီေတာ့ မန္က်ည္းသီးကို သံုးၿပီး ေယာင္းတုိ႔ အသားအေရေလးႏူးညံ့ေခ်ာေမြ႕သြားေအာင္ ဘယ္လိုလုပ္ႏုိင္တယ္၊ ဘယ္လိုအက်ိဳးေက်းဇူးေတြ႐ွိတယ္ဆိုတာ အက္ဒ္မင္ ေဝမွ်ေပးမယ္ေနာ္…

မန္က်ည္းသီးမွာ အသားအေရကို အက်ိဳးျပဳတဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ားစြာ ပါဝင္ၿပီး အသက္အ႐ြယ္ေၾကာင့္ ျဖစ္ရတဲ့ အမည္းစက္ေတြကို ေလ်ာ့ပါးေစတာ၊ ေခၽြးေပါက္ေတြမွာ ပိတ္ဆို႔ေနတဲ့ အညစ္အေၾကးေတြကို ဖယ္႐ွားႏိုင္တဲ့ အစြမ္းသတၱိေတြ႐ွိပါတယ္။ ဒါ့အျပင္ alpha hydroxy acids ဆိုတဲ့ ဓာတ္ပစၥည္းပါဝင္တာေၾကာင့္ အိုမင္းရင့္ေရာ္ျခင္းကိုတားဆီးေပးပါတယ္။ ဒီလုိအက်ိဳးမ်ားစြာ႐ွိတဲ့ မန္က်ည္းသီးကို ေယာင္းတို႔ အသားအေရအတြက္ထိေရာက္မႈ႐ွိေအာင္ ဘယ္လိုအသံုးခ်ရမလဲဆိုတဲ့ နည္းလမ္းေတြ ေျပာျပေပးမယ္ေနာ္။၁။ ေပါင္းတင္အႏွစ္လုပ္နည္း – ၁
ေပါင္းတင္အႏွစ္

မန္က်ည္းသီးအႏွစ္ စားပြဲတင္ဇြန္း တစ္ဇြန္း

ဒိန္ခ်ဥ္ လက္ဖက္ရည္ဇြန္း            တစ္ဇြန္း

ႏွင္းဆီရည္ လက္ဖက္ရည္ဇြန္း      တစ္ဇြန္း

အဲဒါေတြ အားလံုးကို ေရာေမႊၿပီး ဆယ့္ငါးမိနစ္ မိနစ္ႏွစ္ဆယ္ေလာက္ မ်က္ႏွာေပၚမွာ ထားပါ။ ၿပီးရင္ ေရေဆးခ်လုိက္႐ံုပဲေနာ္။

၂။ ေပါင္းတင္အႏွစ္လုပ္နည္း –  ၂
ေပါင္းတင္အႏွစ္

မန္က်ည္းသီးအႏွစ္ စားပြဲတင္ဇြန္းတစ္ဇြန္း

နႏြင္းမႈန္႔       လက္ဖက္ရည္ဇြန္း တစ္ဇြန္း

ပါဝင္ပစၥည္းေတြကို ေရာေမႊၿပီး ဆယ့္ငါးမိနစ္ မိနစ္ႏွစ္ဆယ္ေလာက္ မ်က္ႏွာေပၚမွာ ထားပါ။ ၿပီးရင္ ေရေဆးခ်လုိက္႐ံုပဲေနာ္။

၃။ ေပါင္းတင္အႏွစ္လုပ္နည္း – ၃
ေပါင္းတင္အႏွစ္

မန္က်ည္းသီးအႏွစ္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း

ပ်ားရည္                လက္ဖက္ရည္ဇြန္း တစ္ဇြန္း

ဂ်ံဳမႈန္႔                    လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္း

ပါဝင္ပစၥည္းေတြကို ေရာေမႊၿပီး ဆယ့္ငါးမိနစ္ မိနစ္ႏွစ္ဆယ္ေလာက္ မ်က္ႏွာေပၚမွာ ထားပါ။ ၿပီးရင္ ေရေဆးခ်လုိက္႐ံုပဲေနာ္။

၄။ မန္က်ည္းသီး ေၾကးခၽြတ္မႈန္႔ (Scrub)
ေပါင္းတင္အႏွစ္

မန္က်ည္းသီးအႏွစ္ စားပြဲတင္ဇြန္းႏွစ္ဇြန္း

သၾကားအညိဳ         စားပြဲတင္ဇြန္းႏွစ္ဇြန္း

မုန္ဖုတ္ဆိုဒါ           လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္း

သံပုရာရည္            လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္း

ဒါေတြအားလံုးကိုေရာေမႊၿပီး မ်က္ႏွာကို စက္ဝိုင္းပံုလွည့္ပတ္ပြတ္တိုက္ေပးေနာ္။ ဒါဆိုေယာင္းတုိ႔မ်က္ႏွာေပၚက အညစ္အေၾကးေတြ၊ ဆဲလ္ေသေတြကြာၿပီး ႏူးညံ့ေခ်ာမြတ္တဲ့ မ်က္ႏွာေလးပိုင္ဆုိင္ႏိုင္ၿပီေပါ့။

 မန္က်ည္းအႏွစ္ကို ဘယ္လို လုပ္ရမလဲဆိုတာ မသိတဲ့ ေယာင္းေတြအတြက္ ဘယ္လို လုပ္ရမလဲ ေျပာျပေပးမယ္ေနာ္… မန္က်ည္းအႏွစ္လုပ္မယ္ဆုိ မန္က်ည္းသီးမွည့္ေတြကို အညစ္အေၾကးကင္းစင္ေအာင္ေဆး၊ ေရသန္႔သန္႔မွာ စိမ္ၿပီး အႏွစ္လုပ္၊ ဒါမွမဟုတ္ ေရနည္းနည္းကို ပြက္ပြက္ဆူေအာင္လုပ္ အဲဒီထဲ မန္က်ည္းသီးမွည့္ေတြထည့္ၿပီး အားလံုး ေပ်ာ္သြားသည္အထိေမႊ အစ႐ွိသျဖင့္ အဆင္ေျပသလို လုပ္ႏိုင္ပါတယ္ေနာ္။

သဘာဝပစၥည္းေလးေတြနဲ႔ ေယာင္းတို႔ လွပၾကပါေစ။

Credit: Sugar Cane (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
အက်ဒ်မင်ဆယ်ကျော်သက်တုန်းက မျက်နှာအရမ်းအဆီပြန်လို့ အက်ဒ်မင့်အဒေါ်က မန်ကျည်းသီးမှည့်ကို ရေနဲ့ အနှစ်ပျစ်ပျစ်ရအောင် လုပ်ပေးပြီး အဲဒီ အနှစ်နဲ့ မျက်နှာသစ်ခိုင်းလို့ အဆီပြန်တာ သက်သာသွားတာ အခုထိ မှတ်မိနေပါတယ်။ နောက်ပြီး အိမ်မှာဆိုလည်း လူကြီးတွေက ကြေးဆင်းတု၊ ကြေးဖလားတွေကို မန်ကျည်းသီးအနှစ်နဲ့ ပွတ်ဆေးရင် တောက်ပြောင်တယ်ဆိုပြီးသုံးကြတာ ယောင်းတို့သတိထားမိမှာပါ။ မြန်မာနိုင်ငံမှာ အလွယ်တကူရရှိပြီး တန်ဖိုးအားဖြင့်လည်း ဈေးသက်သာတဲ့ မန်ကျည်းသီးမှာ ဆေးဖက်ဝင်တဲ့ အစွမ်းသတ္တိတွေ အများကြီးဆိုတာကို ရှေးယခင်ကတည်းက လက်ခံခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာလည်း မန်ကျည်းသီးရဲ့ သဘာဝအစွမ်းသတ္တိတွေကို သိပ္ပံနည်းကျလက်ခံလာကြပြီလေ။

ကိုယ်ခန္ဓာအတွက် မန်ကျည်းသီးက အကျိုးများစေပါတယ်တဲ့… ဒီတော့ မန်ကျည်းသီးကို သုံးပြီး ယောင်းတို့ အသားအရေလေးနူးညံ့ချောမွေ့သွားအောင် ဘယ်လိုလုပ်နိုင်တယ်၊ ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်ဆိုတာ အက်ဒ်မင် ဝေမျှပေးမယ်နော်…

မန်ကျည်းသီးမှာ အသားအရေကို အကျိုးပြုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်ပြီး အသက်အရွယ်ကြောင့် ဖြစ်ရတဲ့ အမည်းစက်တွေကို လျော့ပါးစေတာ၊ ချွေးပေါက်တွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ ဒါ့အပြင် alpha hydroxy acids ဆိုတဲ့ ဓာတ်ပစ္စည်းပါဝင်တာကြောင့် အိုမင်းရင့်ရော်ခြင်းကိုတားဆီးပေးပါတယ်။ ဒီလိုအကျိုးများစွာရှိတဲ့ မန်ကျည်းသီးကို ယောင်းတို့ အသားအရေအတွက်ထိရောက်မှုရှိအောင် ဘယ်လိုအသုံးချရမလဲဆိုတဲ့ နည်းလမ်းတွေ ပြောပြပေးမယ်နော်။၁။ ပေါင်းတင်အနှစ်လုပ်နည်း – ၁
ပေါင်းတင်အနှစ်

မန်ကျည်းသီးအနှစ် စားပွဲတင်ဇွန်း တစ်ဇွန်း

ဒိန်ချဉ် လက်ဖက်ရည်ဇွန်း            တစ်ဇွန်း

နှင်းဆီရည် လက်ဖက်ရည်ဇွန်း      တစ်ဇွန်း

အဲဒါတွေ အားလုံးကို ရောမွှေပြီး ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက် မျက်နှာပေါ်မှာ ထားပါ။ ပြီးရင် ရေဆေးချလိုက်ရုံပဲနော်။

၂။ ပေါင်းတင်အနှစ်လုပ်နည်း –  ၂
ပေါင်းတင်အနှစ်

မန်ကျည်းသီးအနှစ် စားပွဲတင်ဇွန်းတစ်ဇွန်း

နနွင်းမှုန့်       လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပါဝင်ပစ္စည်းတွေကို ရောမွှေပြီး ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက် မျက်နှာပေါ်မှာ ထားပါ။ ပြီးရင် ရေဆေးချလိုက်ရုံပဲနော်။

၃။ ပေါင်းတင်အနှစ်လုပ်နည်း – ၃
ပေါင်းတင်အနှစ်

မန်ကျည်းသီးအနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပျားရည်                လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ဂျုံမှုန့်                    လက်ဖက်ရည်ဇွန်း နှစ်ဇွန်း

ပါဝင်ပစ္စည်းတွေကို ရောမွှေပြီး ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက် မျက်နှာပေါ်မှာ ထားပါ။ ပြီးရင် ရေဆေးချလိုက်ရုံပဲနော်။

၄။ မန်ကျည်းသီး ကြေးချွတ်မှုန့် (Scrub)
ပေါင်းတင်အနှစ်

မန်ကျည်းသီးအနှစ် စားပွဲတင်ဇွန်းနှစ်ဇွန်း

သကြားအညို         စားပွဲတင်ဇွန်းနှစ်ဇွန်း

မုန်ဖုတ်ဆိုဒါ           လက်ဖက်ရည်ဇွန်း နှစ်ဇွန်း

သံပုရာရည်            လက်ဖက်ရည်ဇွန်း နှစ်ဇွန်း

ဒါတွေအားလုံးကိုရောမွှေပြီး မျက်နှာကို စက်ဝိုင်းပုံလှည့်ပတ်ပွတ်တိုက်ပေးနော်။ ဒါဆိုယောင်းတို့မျက်နှာပေါ်က အညစ်အကြေးတွေ၊ ဆဲလ်သေတွေကွာပြီး နူးညံ့ချောမွတ်တဲ့ မျက်နှာလေးပိုင်ဆိုင်နိုင်ပြီပေါ့။

 မန်ကျည်းအနှစ်ကို ဘယ်လို လုပ်ရမလဲဆိုတာ မသိတဲ့ ယောင်းတွေအတွက် ဘယ်လို လုပ်ရမလဲ ပြောပြပေးမယ်နော်… မန်ကျည်းအနှစ်လုပ်မယ်ဆို မန်ကျည်းသီးမှည့်တွေကို အညစ်အကြေးကင်းစင်အောင်ဆေး၊ ရေသန့်သန့်မှာ စိမ်ပြီး အနှစ်လုပ်၊ ဒါမှမဟုတ် ရေနည်းနည်းကို ပွက်ပွက်ဆူအောင်လုပ် အဲဒီထဲ မန်ကျည်းသီးမှည့်တွေထည့်ပြီး အားလုံး ပျော်သွားသည်အထိမွှေ အစရှိသဖြင့် အဆင်ပြေသလို လုပ်နိုင်ပါတယ်နော်။

သဘာဝပစ္စည်းလေးတွေနဲ့ ယောင်းတို့ လှပကြပါစေ။

Credit: Sugar Cane (For Her Myanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top