iMyanmarHouse.com - Best Property Website for Myanmar
×

အလွအပနဲ႔ ေခတ္မီသပ္ရပ္မႈဟာ ေရွ႕တန္းကို ေရာက္လာတဲ့အခ်ိန္မွာ ေႂကြ႐ုပ္ေလးလို မ်က္ႏွာေလးကို ေရာင္စံုျခယ္သတာကလည္း ေခတ္စားလာပါတယ္။ မ်က္လံုးေလးကို ႂကြရြလာေအာင္ တန္ဆာဆင္ ျခယ္သၾကရာမွာ မ်က္ခြံဆိုးေဆးလို႔ေခၚတဲ့  အိုင္းလိုင္နာကေတာ့ မပါမျဖစ္ပါပဲ။ အုိင္းလိုင္နာေတြက တကယ္ေရာ ေရရွည္သံုးလို႔ အဆင္ေျပပါ့မလား။ က်န္းမာေရး႐ႈေထာင့္ကေန ၾကည့္ၾကရေအာင္။

          မ်က္လံုးက သိပ္ကို ႏုနယ္လြန္းလို႔ မ်က္ခြံရယ္ မ်က္ေတာင္ေတြရယ္နဲ႔ သဘာဝက ႀကိဳးႀကိဳးစားစား ကာကြယ္ေပးထားပါတယ္။ အိပ္ေနတဲ့အခ်ိန္ကလြဲလို႔ တစ္ခ်ိန္လံုး ဖြင့္ထားၿပီး တာဝန္ထမ္းေဆာင္ေနရတဲ့ မ်က္လံုးေလးကို လွလွေလး ဆင္ေပးၾကတဲ့အခါ ...

          အိုင္းလိုင္နာေတြနဲ႔ ပတ္သတ္လို႔ မ်က္စိအထူးကုဆရာဝန္ေတြ ဘာေျပာၾကလဲ?

          မ်က္ေတာင္လိုင္းနဲ႔ ထိကပ္နီးစပ္စြာ လိုင္နာဆြဲတဲ့အခါ မ်က္လံုးထဲကို ဓာတုအမႈန္ေလးေတြ အမ်ားႀကီး ဝင္သြားႏိုင္ပါတယ္တဲ့။

          မ်က္ေတာင္နဲ႔ နည္းနည္းေဝးေဝး ဆြဲရင္ေတာ့ အမႈန္အမႊားဒဏ္ကေန နည္းနည္း ကင္းလြတ္မယ္လို႔ ဆိုပါတယ္။

          မ်က္ေတာင္လိုင္းနဲ႔ ကပ္ၿပီး ဆြဲခ်လိုက္တဲ့အခါ ေျခာက္သြားခ်ိန္မွာ အမႈန္ေတြဟာ မ်က္ေတာင္ၾကားေတြကတစ္ဆင့္ မ်က္လံုးအေပၚယံလႊာကို ပ်ံ႕ႏွံေရာက္ရွိသြားပါတယ္။

          ပိုဆိုးတာက ေန႔စဥ္ အိုင္းလိုင္နာ သံုးသူေတြမွာ အခ်ိန္ကာလတစ္ခုကို ေရာက္တဲ့အခါ Dye လို႔ေခၚတဲ့ ဆိုးေဆးအမႈန္ေတြဟာ မ်က္ရည္ႁပြန္ထဲမွာ စုပံုလာၿပီး ေနာက္ဆံုး ပိတ္ဆို႔သြားႏိုင္တာ ျဖစ္ပါတယ္။ အမႈန္ထႏိုင္စြမ္းဟာ brand အမ်ိဳးအစားနဲ႔ ဆိုးေဆးပါဝင္ႏႈန္း သူ႔ရဲ႕ေဖ်ာ္စပ္ထားတဲ့ အခ်ိဳးအစားေပၚမွာလည္း မူတည္ေနပါေသးတယ္လို႔ ပညာရွင္ေတြက ဆိုထားၾကပါတယ္။

          အိုင္းလိုင္နာ ၾကာၾကာသံုးလာသူေတြဟာ မ်က္ရည္ပူေတြက်ျခင္း၊ မ်က္လံုး ေျခာက္ေသြ႕ယားယံတာေတြလည္း အခါအားေလ်ာ္စြာ ခံစားရႏိုင္ပါတယ္ေနာ္။

          ဒါ့အျပင္ မ်က္ကပ္မွန္ တပ္ဆင္သူေတြမွာ မ်က္ကပ္မွန္ကို ဓာတုအမႈန္ေတြ ကပ္ၿငိၿပီး ယားယံ ဓာတ္မတည့္တာေတြ မ်က္ၾကည္လႊာ ထိခိုက္တာေတြအထိ ရွိေနႏိုင္ပါတယ္။

          ဒါေၾကာင့္ လွခ်င္လို႔ အိုင္းလိုင္နာ သံုးတာလည္း သံုးေပါ့ေနာ္။ သူ႔ရဲ႕အႏၲရာယ္ေတြကိုလည္း သိတန္သေလာက္ သိထားၿပီး ခ်င့္ခ်င့္ခ်ိန္ခ်ိန္ လွပႏိုင္ၾကပါေစလို႔။

Credit: ဂ်ီပီငွက္ (ေဆး/မန္း) (drmyanmar)
# Unicode version ျဖင့္ ဖတ္ပါ #
အလှအပနဲ့ ခေတ်မီသပ်ရပ်မှုဟာ ရှေ့တန်းကို ရောက်လာတဲ့အချိန်မှာ ကြွေရုပ်လေးလို မျက်နှာလေးကို ရောင်စုံခြယ်သတာကလည်း ခေတ်စားလာပါတယ်။ မျက်လုံးလေးကို ကြွရွလာအောင် တန်ဆာဆင် ခြယ်သကြရာမှာ မျက်ခွံဆိုးဆေးလို့ခေါ်တဲ့  အိုင်းလိုင်နာကတော့ မပါမဖြစ်ပါပဲ။ အိုင်းလိုင်နာတွေက တကယ်ရော ရေရှည်သုံးလို့ အဆင်ပြေပါ့မလား။ ကျန်းမာရေးရှုထောင့်ကနေ ကြည့်ကြရအောင်။

          မျက်လုံးက သိပ်ကို နုနယ်လွန်းလို့ မျက်ခွံရယ် မျက်တောင်တွေရယ်နဲ့ သဘာဝက ကြိုးကြိုးစားစား ကာကွယ်ပေးထားပါတယ်။ အိပ်နေတဲ့အချိန်ကလွဲလို့ တစ်ချိန်လုံး ဖွင့်ထားပြီး တာဝန်ထမ်းဆောင်နေရတဲ့ မျက်လုံးလေးကို လှလှလေး ဆင်ပေးကြတဲ့အခါ ...

          အိုင်းလိုင်နာတွေနဲ့ ပတ်သတ်လို့ မျက်စိအထူးကုဆရာဝန်တွေ ဘာပြောကြလဲ?

          မျက်တောင်လိုင်းနဲ့ ထိကပ်နီးစပ်စွာ လိုင်နာဆွဲတဲ့အခါ မျက်လုံးထဲကို ဓာတုအမှုန်လေးတွေ အများကြီး ဝင်သွားနိုင်ပါတယ်တဲ့။

          မျက်တောင်နဲ့ နည်းနည်းဝေးဝေး ဆွဲရင်တော့ အမှုန်အမွှားဒဏ်ကနေ နည်းနည်း ကင်းလွတ်မယ်လို့ ဆိုပါတယ်။

          မျက်တောင်လိုင်းနဲ့ ကပ်ပြီး ဆွဲချလိုက်တဲ့အခါ ခြောက်သွားချိန်မှာ အမှုန်တွေဟာ မျက်တောင်ကြားတွေကတစ်ဆင့် မျက်လုံးအပေါ်ယံလွှာကို ပျံ့နှံရောက်ရှိသွားပါတယ်။

          ပိုဆိုးတာက နေ့စဉ် အိုင်းလိုင်နာ သုံးသူတွေမှာ အချိန်ကာလတစ်ခုကို ရောက်တဲ့အခါ Dye လို့ခေါ်တဲ့ ဆိုးဆေးအမှုန်တွေဟာ မျက်ရည်ပြွန်ထဲမှာ စုပုံလာပြီး နောက်ဆုံး ပိတ်ဆို့သွားနိုင်တာ ဖြစ်ပါတယ်။ အမှုန်ထနိုင်စွမ်းဟာ brand အမျိုးအစားနဲ့ ဆိုးဆေးပါဝင်နှုန်း သူ့ရဲ့ဖျော်စပ်ထားတဲ့ အချိုးအစားပေါ်မှာလည်း မူတည်နေပါသေးတယ်လို့ ပညာရှင်တွေက ဆိုထားကြပါတယ်။

          အိုင်းလိုင်နာ ကြာကြာသုံးလာသူတွေဟာ မျက်ရည်ပူတွေကျခြင်း၊ မျက်လုံး ခြောက်သွေ့ယားယံတာတွေလည်း အခါအားလျော်စွာ ခံစားရနိုင်ပါတယ်နော်။

          ဒါ့အပြင် မျက်ကပ်မှန် တပ်ဆင်သူတွေမှာ မျက်ကပ်မှန်ကို ဓာတုအမှုန်တွေ ကပ်ငြိပြီး ယားယံ ဓာတ်မတည့်တာတွေ မျက်ကြည်လွှာ ထိခိုက်တာတွေအထိ ရှိနေနိုင်ပါတယ်။

          ဒါကြောင့် လှချင်လို့ အိုင်းလိုင်နာ သုံးတာလည်း သုံးပေါ့နော်။ သူ့ရဲ့အန္တရာယ်တွေကိုလည်း သိတန်သလောက် သိထားပြီး ချင့်ချင့်ချိန်ချိန် လှပနိုင်ကြပါစေလို့။

Credit: ဂျီပီငှက် (ဆေး/မန်း) (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top