iMyanmarHouse.com - Best Property Website for Myanmar
×

အသည္းအဆီဖံုးေရာဂါဆုိတာ တကယ္ေတာ့ အ သည္းတစ္ခုလံုးကို အဆီေတြဖံုးလႊမ္းေနတာမ်ဳိးမဟုတ္ပါ ဘူး။ အသည္းထဲက ဆဲလ္တခ်ဳိ႕မွာ အဆီအိတ္ဥေလးေတြ စုေဝးေနျခင္းသာျဖစ္ပါတယ္။ က်န္းမာတဲ့လူတစ္ေယာက္ ရဲ႕အသည္းထဲမွာ အဆီဥစုေနတဲ့ အသည္းဆဲလ္အနည္း ငယ္သာရွိပါတယ္။ (သို႔မဟုတ္)မရွိသေလာက္ လြန္စြာနည္း ပါးပါတယ္။

အသည္အဆီဖံုးရျခင္းအေၾကာင္းမ်ားမွာ

(၁) Alcoholic Steatohepatitis (ေခၚ) အရက္အ လြန္အကြၽံေသာက္ျခင္းေၾကာင့္ အသည္းမွာ ဒဏ္ရာျဖစ္ လာတဲ့ အသည္းအဆီဖံုးေရာဂါတစ္မ်ဳိးပါ။

(၂) Non-alcoholic steatohepotitis (NASH) (ေခၚ) အရက္ေၾကာင့္မဟုတ္ဘဲ သာမန္လူမ်ားတြင္ျဖစ္ေသာ အဆီဖံုးေရာဂါတစ္မ်ဳိးပါ။ အထူးသျဖင့္ အဝလြန္သူ၊ လမ္း ေလွ်ာက္နည္းသူ၊ ကုိယ္လက္လႈပ္ရွားမႈနည္းသူ၊ အအိပ္ အေနလြန္ကဲသူ၊ အဆီအအိမ့္အစားမ်ားသူ၊ ဇိမ္ခံလြန္းသူ၊ ဆီးခ်ဳိ၊ ေသြးတိုး၊ ေသြးအတြင္းအဆီမ်ားသူႏွင့္ အသက္ ၅ဝေက်ာ္ အမ်ဳိးသမီးေတြမွာ ပိုၿပီးအျဖစ္မ်ားၾကပါတယ္။

(၃) Acute Fatty Liver (ေခၚ) ကိုယ္ဝန္ေဆာင္စဥ္ မွာ အလြန္ဆုိးရြားတဲ့ အသည္းအဆီဖံုးေရာဂါတစ္မ်ဳိးပါ။

ေရာဂါလကၡဏာမ်ား

လူအမ်ားစုမွာ ေရာဂါလကၡဏာမျပၾကပါဘူး။ အ သည္းအင္ဇုိင္းမ်ားျမင့္တက္သည့္အခါမွသာ ရင္ေခါင္း၏ လက္ယာဘက္အေပၚပိုင္းမွ တင္းက်ပ္ျခင္း၊ လက္ယာ ဘက္ရင္ဘတ္ေအာက္ပုိင္း မအီမသာျဖစ္ျခင္း၊ အတန္ငယ္ နာက်င္ျခင္း၊ အားနည္းျခင္း၊ အစားအေသာက္ပ်က္ျခင္း၊ ႏံုးခ်ိလာျခင္း စသျဖင့္ ခံစားရပါတယ္။ေဖာ္ျပပါေရာဂါလကၡဏာမ်ားစတင္ခံစားရခ်ိန္မွာ အသည္းႀကီး႐ံုကလြဲၿပီး ဘာမွမျဖစ္ေသးေသာ္လည္း အ ခ်ိန္ၾကာလာတာနဲ႔အမွ် အသည္းေျခာက္လာႏိုင္ပါတယ္။ အသည္းေျခာက္လာၿပီဆုိရင္ေတာ့ ေဖာ္ျပပါေရာဂါလကၡ ဏာေတြအျပင္ ေနာက္ဆက္တြဲဆုိးက်ဳိးမ်ားအျဖစ္ အသား အေရေပၚမွာ အနီစက္၊ အညိဳကြက္မ်ားေပၚလာျခင္း၊ ေသြး ယိုလြယ္ျခင္း၊ ေရဖ်ဥ္းစြဲ၊ ဝမ္းအမည္းသြား၊ ေသြးအန္၊ မ်က္ လံုးဝါ၊ အသားဟင္းေတြ အစားမ်ားတဲ့အခါ ဝမ္းခ်ဳပ္လာၿပီး သတိလစ္ခ်င္သလိုျဖစ္ျခင္း၊ အိပ္ေဆး(သို႔မဟုတ္)ဘယ ေဆးေတြေသာက္ရင္ အေျခအေနဆုိးလာၿပီး သတိလစ္ ခ်င္သလိုျဖစ္ျခင္း၊ ၾကြက္သားေတြေပ်ာ့ၿပီး အထုိင္အထခက္ ျခင္း စသည္တို႔ကို ခံစားရပါတယ္။ အသည္းေျခာက္ရာက ေန အသည္းကင္ဆာကူးသြားႏုိင္သလုိ အသည္းအဆီဖံုး ေရာဂါကလည္း အသည္းကင္ဆာအျဖစ္သိ႔ု ကူးေျပာင္းသြား ႏုိင္ပါတယ္။

ကာကြယ္နည္း အရက္ေၾကာင့္ျဖစ္တဲ့ အသည္းအဆီဖံုးျခင္းကိုကာ ကြယ္ရန္အတြက္ အရက္ျဖတ္ရပါမယ္။ မေသာက္ဘဲမေန ႏိုင္ပါက တစ္ေန႔မွာ တစ္ယူနစ္(သို႔မဟုတ္)၂၅မီလီလီတာ (သို႔မဟုတ္) ေရေႏြးၾကမ္းတစ္ခြက္ပမာဏမွ်သာ ေသာက္ ပါ။ ဝိုင္ႀကိဳက္သူမ်ားက တစ္ေန႔ကို ၇ဝ-၈ဝ မီလီလီတာ ပမာဏထက္ ပိုမေသာက္ရ။ ဘီယာေသာက္သူမ်ားအဖို႔ တစ္ေန႔ကို ဘီယာမတ္ခြက္၏ တစ္ဝက္ေလာက္သာေသာက္ ပါ။ ထိုပမာဏမ်ားထက္ ပိုမေသာက္ပါႏွင့္။ တစ္ပတ္လွ်င္ နာရီဝက္ခန္႔ သုံးႀကိမ္မွငါးႀကိမ္အထိ စက္ဘီးစီးျခင္း၊ ခပ္ သြက္သြက္လမ္းေလွ်ာက္ျခင္း၊ ေျပးျခင္းႏွင့္ အေလးမျခင္း မ်ဳိးတို႔ကိုျပဳလုပ္ပါ။ ဆီးခ်ဳိ၊ ႏွလံုး၊ ေသြးတိုးေရာဂါမ်ားက လည္း အသည္းအဆီဖံုးျခင္းႏွင့္ဆက္စပ္ေနတာမို႔ ထိုေရာ ဂါမ်ားမျဖစ္ေအာင္ ဆင္ျခင္ေနထိုင္သင့္ပါတယ္။

ကုသနည္း အသည္းအဆီဖံုးျခင္းအတြက္ အသည္းစစ္ေဆးျခင္း၊ အာထရာလ္ေဆာင္း႐ိုက္၍စစ္ေဆးျခင္း၊ ေသြးအတြင္း အ ဆီ မ်ား၊ မမ်ားစစ္ေဆးျခင္း၊ CT Scan MRI စက္ျဖင့္ အသည္းထဲက အဆီပမာဏကိုစစ္ေဆးျခင္း၊ အဆီဖံုးေန တဲ့အသည္း ဘယ္ေလာက္ေတာင္ေျခာက္ေနတယ္ဆုိတာ ကိုသိရေအာင္ အသည္းအသားစကို Biopsy ယူ၍ စစ္ ေဆးျခင္း၊ Fibro-scan ဖတ္၍စစ္ေဆးျခင္းတို႔အျပင္ အ သည္းက်စ္တာကိုတုိင္းတဲ့စက္ျဖင့္လည္းစစ္ေဆးကာ ေရာဂါ ကို ကုသေလ့ရွိပါတယ္။တခ်ဳိ႕ဘယေဆးမ်ားက အသည္းအဆီဖံုးေရာဂါရ ႏိုင္သလို အေနာက္တုိင္းေဆးေတြမွာလည္း အသည္းအ ဆီဖံုးေရာဂါရႏိုင္တဲ့ ေဘးထြက္ဆိုးက်ဳိးေတြရွိေနပါတယ္။ ဒါေၾကာင့္ ေစ်းကြက္က ဖယ္လုိက္တဲ့ေဆးေတြကို အထူး သတိျပဳေရွာင္ရွားတတ္ဖို႔လိုပါတယ္။ ဆရာဝန္၏ၫႊန္ၾကား ခ်က္အတိုင္းသာ ေဆးၫႊန္းသံုးစြဲပါ၊ ေဆာင္ရန္၊ ေရွာင္ရန္ အစားအစာမ်ား၊ အမွ်င္မ်ားတဲ့ဟင္းႏုနယ္ရြက္လိုအစိမ္း ေရာင္ဟင္းသီးဟင္းရြက္မ်ား၊ အသီးအႏွံမ်ားႏွင့္ အေစ့အ ဆန္မ်ားကို မ်ားမ်ားစားပါ။ အနီေရာင္ရွိေသာအသားမ်ား၊ ငါးႏွင့္ အခြံမာပင္လယ္စာမ်ားကို ေသခ်ာက်က္ေအာင္ ခ်က္ျပဳတ္္စားပါ။ ေရမ်ားမ်ားေသာက္ပါ။အဆီနည္းေသာအသားျဖစ္တဲ့ အေရခြံဆုတ္ထား ေသာ ၾကက္သားစားပါ။ ငါး၊ ၾကက္ဥအကာႏွင့္ ပဲအမ်ဳိး မ်ဳိးတို႔ကိုစားပါ။ အဆီထုတ္ထားေသာႏို႔ႏွင့္ ႏို႔ထြက္ပစၥည္း မ်ားကိုသာစားပါ။ က်န္းမာေရးႏွင့္ညီၫြတ္ေသာအသီး အႏွံမ်ားျဖစ္တဲ့ အခြံမာသီး၊ ေထာပတ္သီးတို႔ကိုစားပါ။ ပဲပိ စပ္၊ ေျပာင္းဖူးစားပါ။ သၾကားမ်ားေသာအစားအစာမ်ား ျဖစ္တဲ့ ဘီစကစ္၊ ဒိုးနတ္၊ ကိတ္မုန္႔ႏွင့္ တျခားတာရွည္ခံ ေအာင္ျပဳလုပ္ထားေသာမုန္႔မ်ားကိုေရွာင္ပါ။ အမဲဆီ၊ ဝက္ ဆီတို႔ကိုေရွာင္ပါ။ ပဲဆီ၊ ႏွမ္းဆီမ်ားထက္ ေနၾကာဆီႏွင့္ သံလြင္ဆီတို႔ကိုသာစားပါ။ ဥအႏွစ္ႏွင့္မလိုင္တို႔ကို ေရွာင္ ပါ။ ကာဗြန္ျဖင့္ျပဳလုပ္ဖန္တီးထားေသာ အခ်ဳိရည္မ်ားကို ေရွာင္ပါ။

အသည္းအဆီဖံုးျခင္းအတြက္ ျမန္မာ့ေဆးစြမ္းေကာင္းမ်ား
**********************************************************
(၁) ‘အသည္းအူလဲလူ’ဟု ေခၚၫႊန္းေလ့ရွိၿပီး လဲလူ ပင္က အသည္းေရာင္၊ အသည္းအဆီဖံုး၊ အသည္းႀကီး၊ အသည္းေျခာက္၊ အသည္းကင္ဆာ စတဲ့ အသည္းေရာဂါ အမ်ဳိးမ်ဳိးအတြက္သာမက အစာအိမ္၊ အူသိမ္၊ အူမေတြ မွာျဖစ္တဲ့ေရာဂါေတြပါ ေပ်ာက္ကင္းသက္သာႏိုင္ပါတယ္။ လဲလူပင္အရြက္သာမက အျမစ္အပါအဝင္ တစ္ပင္လံုး (ပၪၥငါးပါးစလံုး) ေဆးဖက္ဝင္ပါတယ္။ လဲလူရြက္လက္ တစ္ဆုပ္စာကို ေရစင္စင္ေဆးၿပီးေနာက္ ႏွစ္သက္သလို ဟင္းခ်ဳိခ်က္ေသာက္၊ ျပဳတ္တို႔၊ ငါးရံ႕နဲ႔ ဟင္းခ်က္စားပါ။ ထိုအရြက္လက္တစ္ဆုပ္စာပမာဏကို သံုးခြက္တစ္ခြက္ တင္က်ဳိေသာက္ပါ။(လဲလူပင္မ်ားကို ေရစႀကိဳနယ္တြင္ လဲလူဖို၊ လဲလူမဟူ၍ အဖိုပင္ႏွင့္အမပင္တို႔ ေတြ႕ရွိႏိုင္ပါ တယ္။ ရန္ကုန္တိုင္း လွည္းကူးၿမိဳ႕နယ္၏ ငါးဆူေတာင္ဘက္ မွာလည္းေကာင္း၊ အင္းစိန္ၿမိဳ႕နယ္ ဒညင္းကုန္းဘူတာေစ်း ၏ ကုန္စိမ္းေရာင္းတဲ့ဟင္းရြက္သည္ေတြဆီမွာလည္းေကာင္း ဝယ္ယူရရွိႏုိင္ပါတယ္။)

(၂) ေတာင္ဆီးျဖဴပင္လက္တစ္ဆုပ္စာကို ေရႏွင့္ သံုးခြက္တစ္ခြက္တင္က်ဳိ၍ေသာက္ပါ။ ၿပီးလွ်င္ ေခ်ာက လက္စားပါ။ ထို႔ေနာက္ ကြ်ဲေကာသီးစားပါ။ (တစ္လတိတိ ထိုသို႔ အစဥ္လိုက္စားေပးရပါမယ္။)ယခုလို ေတာင္ဆီးျဖဴ ပင္ကို သံုးခြက္တစ္ခြက္တင္က်ဳိေသာက္ၿပီး ေခ်ာကလက္ စားလိုက္ပါက အသည္းမွာ ေခ်ာကလက္တို႔ကပ္ေနပါလိမ့္ မယ္။ ထို႔ေနာက္ ကြၽဲေကာသီးစားလိုက္တဲ့အခါ အသည္း မွာကပ္ေနတဲ့ေခ်ာကလက္အျပင္ အဆီတို႔ကိုပါတိုက္စား သြားျခင္းျဖင့္ အသည္းတြင္ဖံုးေနေသာအဆီမ်ား ကြယ္ ေပ်ာက္သြားပါလိမ့္မယ္။

(၃) လိေမၼာ္သီးစားပါ။ လိေမၼာ္သီးက အသည္းအဆီ ဖံုးေရာဂါအတြက္သာမက အသည္းႀကီးျခင္း၊ ဆီးေက်ာက္ တည္ေရာဂါ၊ သည္းေျခအိတ္ေက်ာက္တည္ေရာဂါမ်ားအ တြက္ပါ လြန္စြာသင့္ေလ်ာ္ပါတယ္။

Credit: Pauk Pauk
# Unicode Version ျဖင့္ ဖတ္ပါ #
အသည်းအဆီဖုံးရောဂါဆိုတာ တကယ်တော့ အ သည်းတစ်ခုလုံးကို အဆီတွေဖုံးလွှမ်းနေတာမျိုးမဟုတ်ပါ ဘူး။ အသည်းထဲက ဆဲလ်တချို့မှာ အဆီအိတ်ဥလေးတွေ စုဝေးနေခြင်းသာဖြစ်ပါတယ်။ ကျန်းမာတဲ့လူတစ်ယောက် ရဲ့အသည်းထဲမှာ အဆီဥစုနေတဲ့ အသည်းဆဲလ်အနည်း ငယ်သာရှိပါတယ်။ (သို့မဟုတ်)မရှိသလောက် လွန်စွာနည်း ပါးပါတယ်။

အသည်အဆီဖုံးရခြင်းအကြောင်းများမှာ

(၁) Alcoholic Steatohepatitis (ခေါ်) အရက်အ လွန်အကျွံသောက်ခြင်းကြောင့် အသည်းမှာ ဒဏ်ရာဖြစ် လာတဲ့ အသည်းအဆီဖုံးရောဂါတစ်မျိုးပါ။

(၂) Non-alcoholic steatohepotitis (NASH) (ခေါ်) အရက်ကြောင့်မဟုတ်ဘဲ သာမန်လူများတွင်ဖြစ်သော အဆီဖုံးရောဂါတစ်မျိုးပါ။ အထူးသဖြင့် အဝလွန်သူ၊ လမ်း လျှောက်နည်းသူ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူ၊ အအိပ် အနေလွန်ကဲသူ၊ အဆီအအိမ့်အစားများသူ၊ ဇိမ်ခံလွန်းသူ၊ ဆီးချို၊ သွေးတိုး၊ သွေးအတွင်းအဆီများသူနှင့် အသက် ၅ဝကျော် အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များကြပါတယ်။

(၃) Acute Fatty Liver (ခေါ်) ကိုယ်ဝန်ဆောင်စဉ် မှာ အလွန်ဆိုးရွားတဲ့ အသည်းအဆီဖုံးရောဂါတစ်မျိုးပါ။

ရောဂါလက္ခဏာများ

လူအများစုမှာ ရောဂါလက္ခဏာမပြကြပါဘူး။ အ သည်းအင်ဇိုင်းများမြင့်တက်သည့်အခါမှသာ ရင်ခေါင်း၏ လက်ယာဘက်အပေါ်ပိုင်းမှ တင်းကျပ်ခြင်း၊ လက်ယာ ဘက်ရင်ဘတ်အောက်ပိုင်း မအီမသာဖြစ်ခြင်း၊ အတန်ငယ် နာကျင်ခြင်း၊ အားနည်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ နုံးချိလာခြင်း စသဖြင့် ခံစားရပါတယ်။ဖော်ပြပါရောဂါလက္ခဏာများစတင်ခံစားရချိန်မှာ အသည်းကြီးရုံကလွဲပြီး ဘာမှမဖြစ်သေးသော်လည်း အ ချိန်ကြာလာတာနဲ့အမျှ အသည်းခြောက်လာနိုင်ပါတယ်။ အသည်းခြောက်လာပြီဆိုရင်တော့ ဖော်ပြပါရောဂါလက္ခ ဏာတွေအပြင် နောက်ဆက်တွဲဆိုးကျိုးများအဖြစ် အသား အရေပေါ်မှာ အနီစက်၊ အညိုကွက်များပေါ်လာခြင်း၊ သွေး ယိုလွယ်ခြင်း၊ ရေဖျဉ်းစွဲ၊ ဝမ်းအမည်းသွား၊ သွေးအန်၊ မျက် လုံးဝါ၊ အသားဟင်းတွေ အစားများတဲ့အခါ ဝမ်းချုပ်လာပြီး သတိလစ်ချင်သလိုဖြစ်ခြင်း၊ အိပ်ဆေး(သို့မဟုတ်)ဘယ ဆေးတွေသောက်ရင် အခြေအနေဆိုးလာပြီး သတိလစ် ချင်သလိုဖြစ်ခြင်း၊ ကြွက်သားတွေပျော့ပြီး အထိုင်အထခက် ခြင်း စသည်တို့ကို ခံစားရပါတယ်။ အသည်းခြောက်ရာက နေ အသည်းကင်ဆာကူးသွားနိုင်သလို အသည်းအဆီဖုံး ရောဂါကလည်း အသည်းကင်ဆာအဖြစ်သိ့ု ကူးပြောင်းသွား နိုင်ပါတယ်။

ကာကွယ်နည်း အရက်ကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးခြင်းကိုကာ ကွယ်ရန်အတွက် အရက်ဖြတ်ရပါမယ်။ မသောက်ဘဲမနေ နိုင်ပါက တစ်နေ့မှာ တစ်ယူနစ်(သို့မဟုတ်)၂၅မီလီလီတာ (သို့မဟုတ်) ရေနွေးကြမ်းတစ်ခွက်ပမာဏမျှသာ သောက် ပါ။ ဝိုင်ကြိုက်သူများက တစ်နေ့ကို ၇ဝ-၈ဝ မီလီလီတာ ပမာဏထက် ပိုမသောက်ရ။ ဘီယာသောက်သူများအဖို့ တစ်နေ့ကို ဘီယာမတ်ခွက်၏ တစ်ဝက်လောက်သာသောက် ပါ။ ထိုပမာဏများထက် ပိုမသောက်ပါနှင့်။ တစ်ပတ်လျှင် နာရီဝက်ခန့် သုံးကြိမ်မှငါးကြိမ်အထိ စက်ဘီးစီးခြင်း၊ ခပ် သွက်သွက်လမ်းလျှောက်ခြင်း၊ ပြေးခြင်းနှင့် အလေးမခြင်း မျိုးတို့ကိုပြုလုပ်ပါ။ ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါများက လည်း အသည်းအဆီဖုံးခြင်းနှင့်ဆက်စပ်နေတာမို့ ထိုရော ဂါများမဖြစ်အောင် ဆင်ခြင်နေထိုင်သင့်ပါတယ်။

ကုသနည်း အသည်းအဆီဖုံးခြင်းအတွက် အသည်းစစ်ဆေးခြင်း၊ အာထရာလ်ဆောင်းရိုက်၍စစ်ဆေးခြင်း၊ သွေးအတွင်း အ ဆီ များ၊ မများစစ်ဆေးခြင်း၊ CT Scan MRI စက်ဖြင့် အသည်းထဲက အဆီပမာဏကိုစစ်ဆေးခြင်း၊ အဆီဖုံးနေ တဲ့အသည်း ဘယ်လောက်တောင်ခြောက်နေတယ်ဆိုတာ ကိုသိရအောင် အသည်းအသားစကို Biopsy ယူ၍ စစ် ဆေးခြင်း၊ Fibro-scan ဖတ်၍စစ်ဆေးခြင်းတို့အပြင် အ သည်းကျစ်တာကိုတိုင်းတဲ့စက်ဖြင့်လည်းစစ်ဆေးကာ ရောဂါ ကို ကုသလေ့ရှိပါတယ်။တချို့ဘယဆေးများက အသည်းအဆီဖုံးရောဂါရ နိုင်သလို အနောက်တိုင်းဆေးတွေမှာလည်း အသည်းအ ဆီဖုံးရောဂါရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိနေပါတယ်။ ဒါကြောင့် ဈေးကွက်က ဖယ်လိုက်တဲ့ဆေးတွေကို အထူး သတိပြုရှောင်ရှားတတ်ဖို့လိုပါတယ်။ ဆရာဝန်၏ညွှန်ကြား ချက်အတိုင်းသာ ဆေးညွှန်းသုံးစွဲပါ၊ ဆောင်ရန်၊ ရှောင်ရန် အစားအစာများ၊ အမျှင်များတဲ့ဟင်းနုနယ်ရွက်လိုအစိမ်း ရောင်ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများနှင့် အစေ့အ ဆန်များကို များများစားပါ။ အနီရောင်ရှိသောအသားများ၊ ငါးနှင့် အခွံမာပင်လယ်စာများကို သေချာကျက်အောင် ချက်ပြုတ်စားပါ။ ရေများများသောက်ပါ။အဆီနည်းသောအသားဖြစ်တဲ့ အရေခွံဆုတ်ထား သော ကြက်သားစားပါ။ ငါး၊ ကြက်ဥအကာနှင့် ပဲအမျိုး မျိုးတို့ကိုစားပါ။ အဆီထုတ်ထားသောနို့နှင့် နို့ထွက်ပစ္စည်း များကိုသာစားပါ။ ကျန်းမာရေးနှင့်ညီညွတ်သောအသီး အနှံများဖြစ်တဲ့ အခွံမာသီး၊ ထောပတ်သီးတို့ကိုစားပါ။ ပဲပိ စပ်၊ ပြောင်းဖူးစားပါ။ သကြားများသောအစားအစာများ ဖြစ်တဲ့ ဘီစကစ်၊ ဒိုးနတ်၊ ကိတ်မုန့်နှင့် တခြားတာရှည်ခံ အောင်ပြုလုပ်ထားသောမုန့်များကိုရှောင်ပါ။ အမဲဆီ၊ ဝက် ဆီတို့ကိုရှောင်ပါ။ ပဲဆီ၊ နှမ်းဆီများထက် နေကြာဆီနှင့် သံလွင်ဆီတို့ကိုသာစားပါ။ ဥအနှစ်နှင့်မလိုင်တို့ကို ရှောင် ပါ။ ကာဗွန်ဖြင့်ပြုလုပ်ဖန်တီးထားသော အချိုရည်များကို ရှောင်ပါ။

အသည်းအဆီဖုံးခြင်းအတွက် မြန်မာ့ဆေးစွမ်းကောင်းများ
**********************************************************
(၁) ‘အသည်းအူလဲလူ’ဟု ခေါ်ညွှန်းလေ့ရှိပြီး လဲလူ ပင်က အသည်းရောင်၊ အသည်းအဆီဖုံး၊ အသည်းကြီး၊ အသည်းခြောက်၊ အသည်းကင်ဆာ စတဲ့ အသည်းရောဂါ အမျိုးမျိုးအတွက်သာမက အစာအိမ်၊ အူသိမ်၊ အူမတွေ မှာဖြစ်တဲ့ရောဂါတွေပါ ပျောက်ကင်းသက်သာနိုင်ပါတယ်။ လဲလူပင်အရွက်သာမက အမြစ်အပါအဝင် တစ်ပင်လုံး (ပဉ္စငါးပါးစလုံး) ဆေးဖက်ဝင်ပါတယ်။ လဲလူရွက်လက် တစ်ဆုပ်စာကို ရေစင်စင်ဆေးပြီးနောက် နှစ်သက်သလို ဟင်းချိုချက်သောက်၊ ပြုတ်တို့၊ ငါးရံ့နဲ့ ဟင်းချက်စားပါ။ ထိုအရွက်လက်တစ်ဆုပ်စာပမာဏကို သုံးခွက်တစ်ခွက် တင်ကျိုသောက်ပါ။(လဲလူပင်များကို ရေစကြိုနယ်တွင် လဲလူဖို၊ လဲလူမဟူ၍ အဖိုပင်နှင့်အမပင်တို့ တွေ့ရှိနိုင်ပါ တယ်။ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၏ ငါးဆူတောင်ဘက် မှာလည်းကောင်း၊ အင်းစိန်မြို့နယ် ဒညင်းကုန်းဘူတာဈေး ၏ ကုန်စိမ်းရောင်းတဲ့ဟင်းရွက်သည်တွေဆီမှာလည်းကောင်း ဝယ်ယူရရှိနိုင်ပါတယ်။)

(၂) တောင်ဆီးဖြူပင်လက်တစ်ဆုပ်စာကို ရေနှင့် သုံးခွက်တစ်ခွက်တင်ကျို၍သောက်ပါ။ ပြီးလျှင် ချောက လက်စားပါ။ ထို့နောက် ကျွဲကောသီးစားပါ။ (တစ်လတိတိ ထိုသို့ အစဉ်လိုက်စားပေးရပါမယ်။)ယခုလို တောင်ဆီးဖြူ ပင်ကို သုံးခွက်တစ်ခွက်တင်ကျိုသောက်ပြီး ချောကလက် စားလိုက်ပါက အသည်းမှာ ချောကလက်တို့ကပ်နေပါလိမ့် မယ်။ ထို့နောက် ကျွဲကောသီးစားလိုက်တဲ့အခါ အသည်း မှာကပ်နေတဲ့ချောကလက်အပြင် အဆီတို့ကိုပါတိုက်စား သွားခြင်းဖြင့် အသည်းတွင်ဖုံးနေသောအဆီများ ကွယ် ပျောက်သွားပါလိမ့်မယ်။

(၃) လိမ္မော်သီးစားပါ။ လိမ္မော်သီးက အသည်းအဆီ ဖုံးရောဂါအတွက်သာမက အသည်းကြီးခြင်း၊ ဆီးကျောက် တည်ရောဂါ၊ သည်းခြေအိတ်ကျောက်တည်ရောဂါများအ တွက်ပါ လွန်စွာသင့်လျော်ပါတယ်။

Credit: Pauk Pauk
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top