iMyanmarHouse.com - Best Property Website for Myanmar
×

ခ်က္ခ်င္းႀကီး ေနာက္ထပ္ ကေလးတစ္ေယာက္ယူမယ္ဆိုရင္ သားအိမ္ကြာျခင္း ဒါမွမဟုတ္ အခ်ိန္မတိုင္မီေမြးျခင္း စတဲ့ ကိုယ္၀န္ျပႆနာေတြကို ရင္ဆုိင္ရႏိုင္ပါတယ္။

ေဖေဖ ေမေမတို႔ေရ ပထမကေလးေလးအတြက္ ညီအစ္ကိုေမာင္ႏွမေတြ ထပ္ေမြးခ်င္ၾကမွာပါပဲ။ ဒါေပမယ့္ ပထမကေလးကို ဗိုက္ခြဲၿပီး ေမြးထားတယ္ဆိုရင္ေတာ့ ဒုတိယကေလး ယူဖို႔ အခ်ိန္တစ္ခုေတာ့ ေစာင့္ရမွာပါ။ ဒီေတာ့ ဗိုက္ခြဲေမြးထားၿပီး ေနာက္ပိုင္းမွာ ဘယ္ေလာက္ၾကာမွ ေနာက္ကိုယ္ဝန္ယူရမယ္ဆိုတာ ဖတ္ၾကည့္ပါဦးေနာ္။

ကေလးေမြးၿပီးခ်ိန္မွာ ေသြးအားနည္းေရာဂါေတြ ျဖစ္ေနႏိုင္ပါတယ္ (Photo: FirstCry Parenting)
ေနာက္ထပ္ကိုယ္ဝန္ယူဖို႔အတြက္ ေစာင့္ဆိုင္းရတဲ့ အခ်ိန္ဟာ

(၆) လကေန (၂) ႏွစ္အထိ ျဖစ္သင့္ပါတယ္။ ဒါဟာ ရိုးရိုးေမြးတဲ့ ေမေမေတြနဲ႔ ေစာင့္ရတဲ့ အခ်ိန္နဲ႔ တူတူပါပဲ။ တကယ္ေတာ့ အႏၱရာယ္ကင္းေစဖို႔အတြက္ ေမေမ့ခႏၶာကိုယ္က ေျပာင္းလဲမႈေတြနဲ႔ အသားက်တဲ့အခ်ိန္ထိ တတ္ႏိုင္သမွ် ၾကာၾကာေစာင့္ဆိုင္းဖို႔ လိုပါတယ္။ အကယ္လို႔ ေစာႏိုင္သမွ် ေစာေစာလိုခ်င္တယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ရပါမယ္။

ဆရာဝန္နဲ႔ တိုင္ပင္ရပါမယ္ (Photo: FirstCry Parenting)
ပထမကေလး ႏို႔မျပတ္မခ်င္းေတာ့ ဒုတိယကိုယ္ဝန္မေဆာင္သင့္ပါဘူး

ဒီအခ်ိန္အတြင္းမွာ ခႏၶာကိုယ္က သူ႕အလိုလိုေပ်ာက္ကင္းဖို႔ ကုသေနမွာျဖစ္ျပီး ဆံုးရံႈးသြားတဲ့ အာဟာရေတြကို ျပန္လည္ျဖည့္တင္းေနတဲ့အျပင္ ကေလးအတြက္လည္း ႏို႔ရည္ေတြ ထုတ္ေပးေနရပါေသးတယ္။ ဒီလို အလုပ္ေတြ အမ်ားႀကီး ေဆာင္ရြက္ရျခင္းဟာ ခႏၶကိုယ္ကို ၀န္ပိေစတဲ့အတြက္ ေနာက္ကေလးတစ္ေယာက္ကို ဆက္ယူျခင္းက  ခႏၶာကိုယ္ကို ထိခိုက္ပ်က္စီးေစတဲ့အျပင္ ကေလးအတြက္လည္း အႏၱရာယ္မကင္းႏိုင္ပါဘူး။ ကိုယ္၀န္ေဆာင္စဥ္တုန္းက ကေလးနဲ႔ အခ်င္းကို ပို႔ထားေပးရတဲ့ သံဓာတ္ေတြနဲ႔ ေသြးေတြ ဆံုးရံႈးထားတာေၾကာင့္ ကေလးေမြးၿပီးခ်ိန္မွာ ေသြးအားနည္းေရာဂါေတြ ျဖစ္ေနႏိုင္ပါတယ္။
ခႏၶာကိုယ္အနားရဖို႔ အခ်ိန္ေပးရပါမယ္

ေမြးဖြားျပီး ၁၈လမတိုင္ခင္မွာပဲ ေနာက္တစ္ၾကိမ္ကိုယ္၀န္ရမယ္ဆိုရင္ ပထမကေလး ထိန္းေက်ာင္းဖို႔အတြက္ အဆင္မေျပႏိုင္ပါဘူး။ ေမေမေလာင္းရ႕ဲ အသက္က (၃၅) ႏွစ္ေနာက္ပိုင္းဆိုရင္ေတာ့ ကိုယ္ဝန္ခ်က္ခ်င္းယူလိုက္တာက ကိုယ္ဝန္ျပႆနာေတာ့ နည္းေစပါတယ္။

တကယ္လို႔ ခ်က္ခ်င္းႀကီး ေနာက္ထပ္ ကေလးတစ္ေယာက္ယူမယ္ဆိုရင္ သားအိမ္ကြာျခင္း ဒါမွမဟုတ္ အခ်ိန္မတိုင္မီေမြးျခင္း ဒါမွမဟုတ္ အေလးခ်ိန္မျပည့္တဲ့ကေလးေမြးျခင္း စတဲ့ ကိုယ္၀န္ျပႆနာေတြကို ရင္ဆုိင္ရႏိုင္ပါတယ္။ ဒါေၾကာင့္ ေမေမတို႔ ဗိုက္ခြဲေမြးထားၿပီး ေနာက္ထပ္ကေလးယူမယ္စိတ္ကူးရင္ အနည္းဆံုးေတာ့ (၂) ႏွစ္ျခားပါ။

Credit: Kalay
# Unicode Version ျဖင့္ ဖတ္ပါ #
ချက်ချင်းကြီး နောက်ထပ် ကလေးတစ်ယောက်ယူမယ်ဆိုရင် သားအိမ်ကွာခြင်း ဒါမှမဟုတ် အချိန်မတိုင်မီမွေးခြင်း စတဲ့ ကိုယ်ဝန်ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

ဖေဖေ မေမေတို့ရေ ပထမကလေးလေးအတွက် ညီအစ်ကိုမောင်နှမတွေ ထပ်မွေးချင်ကြမှာပါပဲ။ ဒါပေမယ့် ပထမကလေးကို ဗိုက်ခွဲပြီး မွေးထားတယ်ဆိုရင်တော့ ဒုတိယကလေး ယူဖို့ အချိန်တစ်ခုတော့ စောင့်ရမှာပါ။ ဒီတော့ ဗိုက်ခွဲမွေးထားပြီး နောက်ပိုင်းမှာ ဘယ်လောက်ကြာမှ နောက်ကိုယ်ဝန်ယူရမယ်ဆိုတာ ဖတ်ကြည့်ပါဦးနော်။

ကလေးမွေးပြီးချိန်မှာ သွေးအားနည်းရောဂါတွေ ဖြစ်နေနိုင်ပါတယ် (Photo: FirstCry Parenting)
နောက်ထပ်ကိုယ်ဝန်ယူဖို့အတွက် စောင့်ဆိုင်းရတဲ့ အချိန်ဟာ

(၆) လကနေ (၂) နှစ်အထိ ဖြစ်သင့်ပါတယ်။ ဒါဟာ ရိုးရိုးမွေးတဲ့ မေမေတွေနဲ့ စောင့်ရတဲ့ အချိန်နဲ့ တူတူပါပဲ။ တကယ်တော့ အန္တရာယ်ကင်းစေဖို့အတွက် မေမေ့ခန္ဓာကိုယ်က ပြောင်းလဲမှုတွေနဲ့ အသားကျတဲ့အချိန်ထိ တတ်နိုင်သမျှ ကြာကြာစောင့်ဆိုင်းဖို့ လိုပါတယ်။ အကယ်လို့ စောနိုင်သမျှ စောစောလိုချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။

ဆရာဝန်နဲ့ တိုင်ပင်ရပါမယ် (Photo: FirstCry Parenting)
ပထမကလေး နို့မပြတ်မချင်းတော့ ဒုတိယကိုယ်ဝန်မဆောင်သင့်ပါဘူး

ဒီအချိန်အတွင်းမှာ ခန္ဓာကိုယ်က သူ့အလိုလိုပျောက်ကင်းဖို့ ကုသနေမှာဖြစ်ပြီး ဆုံးရှုံးသွားတဲ့ အာဟာရတွေကို ပြန်လည်ဖြည့်တင်းနေတဲ့အပြင် ကလေးအတွက်လည်း နို့ရည်တွေ ထုတ်ပေးနေရပါသေးတယ်။ ဒီလို အလုပ်တွေ အများကြီး ဆောင်ရွက်ရခြင်းဟာ ခန္ဓကိုယ်ကို ဝန်ပိစေတဲ့အတွက် နောက်ကလေးတစ်ယောက်ကို ဆက်ယူခြင်းက  ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေတဲ့အပြင် ကလေးအတွက်လည်း အန္တရာယ်မကင်းနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်စဉ်တုန်းက ကလေးနဲ့ အချင်းကို ပို့ထားပေးရတဲ့ သံဓာတ်တွေနဲ့ သွေးတွေ ဆုံးရှုံးထားတာကြောင့် ကလေးမွေးပြီးချိန်မှာ သွေးအားနည်းရောဂါတွေ ဖြစ်နေနိုင်ပါတယ်။
ခန္ဓာကိုယ်အနားရဖို့ အချိန်ပေးရပါမယ်

မွေးဖွားပြီး ၁၈လမတိုင်ခင်မှာပဲ နောက်တစ်ကြိမ်ကိုယ်ဝန်ရမယ်ဆိုရင် ပထမကလေး ထိန်းကျောင်းဖို့အတွက် အဆင်မပြေနိုင်ပါဘူး။ မေမေလောင်းရဲ့ အသက်က (၃၅) နှစ်နောက်ပိုင်းဆိုရင်တော့ ကိုယ်ဝန်ချက်ချင်းယူလိုက်တာက ကိုယ်ဝန်ပြဿနာတော့ နည်းစေပါတယ်။

တကယ်လို့ ချက်ချင်းကြီး နောက်ထပ် ကလေးတစ်ယောက်ယူမယ်ဆိုရင် သားအိမ်ကွာခြင်း ဒါမှမဟုတ် အချိန်မတိုင်မီမွေးခြင်း ဒါမှမဟုတ် အလေးချိန်မပြည့်တဲ့ကလေးမွေးခြင်း စတဲ့ ကိုယ်ဝန်ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် မေမေတို့ ဗိုက်ခွဲမွေးထားပြီး နောက်ထပ်ကလေးယူမယ်စိတ်ကူးရင် အနည်းဆုံးတော့ (၂) နှစ်ခြားပါ။

Credit: Kalay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top