iMyanmarHouse.com - Best Property Website for Myanmar
×






































"လင္ကိုဘုရား၊သားကိုသခင္" ဆိုတဲ့

မိန္းမေတြ ရဲ႕ဘဝ ကိုႏွိမ့္ခ် ထားတဲ့ ဒီျမန္မာစကားပံုကို ဒီေခတ္ဒီအခါမွာ ၾကားေနရေသးတာေတာ့
ခါးသက္လွပါတယ္။
ငယ္ငယ္ေလးထဲက ဒီလို
စကားပံုေတြကို ဘယ္တုန္းကမွမႏွစ္သက္ခဲ့ပါ။
ဒီလိုစကားပံုေတြ ရဲ႕ Brain Wash ဦးေဏွာက္ မွိူင္းတိုက္ခံထားရတဲ့ မိန္းမေတြ ကို ကိ္ုယ့္ အနီးအနားပတ္ဝန္းက်င္မွာအခုထိေတြ႕ျမင္ေနရေသးတာကိုလဲ အရမ္း စြံ႕အ အံၾသမိပါတယ္။
သကၤန္းဝတ္နဲ႔ ဘုန္းႀကီး ေတြ
ေတာင္ အရမ္းစင္ၾကယ္ဖို႔ ၊ ဘုရားျဖစ္ဖို႔
မလြယ္ကူတဲ့ ေခတ္အေျခ အေနတစ္ခုမွာ
ေယာက္်ားဆိုတာ ဘာသားနဲ႔ထုထားၿပီး ဘယ္
ေလာက္စင္ၾကယ္လို႔ ဘုရားလို ကိုးကြယ္ထားရမွာလဲ လို႔ ။ ဒီလို Nonsense ျမန္မာ စကားပံုေတြကိုေတာ့ လံုးဝသေဘာမေတြ႕သလို လံုးဝလက္မခံပါဘူး။ ဘဝကို ႐ိုးရွင္းစြာပဲ စဥ္းစားၾကည့္ပါ။ ေယာက္်ား မိန္းမ ခဏထားပါဦး အားလံုးက လူသားေတြပါပဲ။
လင္မယားဆိုတာ ကၽြန္းကိုင္းမွီ ကိုင္းကၽြန္းမွီ
ေနၾကရတာေလ။ ဒီေခတ္ဆို ေယာက္်ားေရာ
မိန္းမေရာ အျပင္မွာ အတူတူ ပိုက္ဆံရွာေနၾကရတာေလ၊ပိုက္ဆံမရွာပဲ အိမ္မွာဇိမ္ခံေနတဲ့
မိန္းမ ေတြ ဆိုတာ မရွိသေလာက္ရွားပါတယ္။ အနည္းဆံုး ေတာ့ ကေလး ေက်ာင္းပို႔
ေက်ာင္းႀကိဳ၊ အိမ္သန္႔ရွင္းေရး ၊ေလွ်ာ္ဖြတ္ ထမင္း
ဟင္းခ်က္၊ မိသားစုအေရး စီမံ ခန္႔ခြဲရတာေတြလဲ အလုပ္တစ္ခုပါပဲ။ အဲဒီအလုပ္ေတြသာ ဘယ္ေလာက္တန္လဲ ရွင္းတမ္းျပန္တင္ရင္ အဲ့ဒီပိုက္ဆံရွာေနတာကို ပဲ အလုပ္တစ္ခုလို႔ သတ္မွတ္ထားတဲ့ ေယာက္်ား ေတြ ရဲ႕ဝင္ေငြဟာ ေလာက္ငွ
မွာေတာင္ မဟုတ္ပါဘူူး။ ေျပာခ်င္တာက လူတိုင္းလူတိုင္း တစ္ေယာက္ခ်င္းစီမွာ ျမင္ရတဲ့ မျမင္ရတဲ့ တန္ဖိုး တစ္ခုစီရွိပါတယ္။ အဲ့ေတာ့ ကိုယ့္တန္ဖိုး ကို ကိုယ္ျမင့္တင္ပါ။ ကိုယ့္တန္ဖိုးကိုယ္ သိပါ။ ကိုယ့္ေယာက္်ား ကို ဘုရားလို
ဆက္ဆံ ကိုးကြယ္ေနဖို႔ မလိုသလို ၊ ကိုယ့္သားသမီးကို သခင္၊ သခင္မ လို ဆက္ဆံေနစရာမလိုပါဘူး။ ခ်စ္တယ္ဆိုတာ မွန္ကန္တဲ့ ခ်စ္ျခင္း
ေမတၱာနဲ႔ ခ်စ္တတ္ဖို႔ အရမ္းလိုပါတယ္။
အခ်စ္လြန္ရင္ေတာ့ အခ်စ္ႏြံထဲေရာက္မွာပါ။
ရြံႏြံထဲပဲေရာက္ေရာက္ အခ်စ္ႏြံထဲပဲေရာက္ေရာက္ ဘယ္လိုႏြံပဲျဖစ္ျဖစ္ ေရာက္သြားခဲ့
ရင္ေတာ့နစ္မွာပါပဲ။ ကိုယ့္ခံစားခ်က္ေတြ ကိုယ့္
ဘဝေတြ ႏြံမနစ္ဖို႔ ကိ္ုယ္ရဲ႕ကိုယ္တိုင္မွာပဲ တာဝန္ရွိပါတယ္။ ကိုယ့္ကို သီးခံခ်စ္ျမတ္ႏိုးတဲ့
ကိုယ့္ေယာက္်ား၊မိန္းမ အေပၚ ျပန္လည္
သီးခံခ်စ္ျမတ္ႏိုးပါ။ ကိုယ္ကို ႐ိုေသေလးစားရင္
ျပန္လည္႐ိုေသေလးစားပါ။ အိမ္ေထာင္သည္ပဲ ျဖစ္ျဖစ္ ကိုယ့္ခ်စ္သူရည္းစား လက္တြဲေဖာ္
ပဲျဖစ္ျဖစ္ သူငယ္ခ်င္းပဲျဖစ္ျဖစ္ သားသမီးနဲ႔မိဘ လဲ အတူတူပါပဲ၊ ကိုယ့္အေပၚRESPECT ႐ိုေသေလးစားမႈမရွိရင္ေတာ့ ေရာက္တဲ့ေနမွာပဲ
လက္တြဲျဖဳတ္လိုက္ပါ။ Respect & Understanding က ေတာ့ ဘယ္လို Relationship/friendship မွာပဲျဖစ္ျဖစ္ အရမ္းအေရးႀကီးပါတယ္။
ကၽြန္မကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္
အျပန္အလွန္ေလးစား႐ိုေသတာကိုပဲ ျမတ္ႏိူး ႏွစ္သက္တဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။
ေသျခာတာေတာ့ ကၽြန္မ တစ္ေန႔ယူျဖစ္ခဲ့တဲ့ ေယာက္်ားဟာ ဘုရားလို ကိုးကြယ္ခံထားရမွာ မဟုတ္သလို ကၽြန္မေမြးမဲ့ သား
သမီးေတြ ကိုလဲ သခင္ေတြ သခင္မေတြလို ဆက္ ဆံမွာ မဟုတ္တာေသျခာပါတယ္။ ကၽြန္မရဲ႕သား သမီးေတြ ကို Responsibilities ဆိုတဲ့မိမိကိုယ္ကိုတာဝန္ယူႏိုင္ဖို႔ နဲ႔ Respect ဆိုတဲ့ မိမိကိ္ုယ္ကို မွန္ကန္စြာခ်စ္ခင္ေလးစားဖို႔နဲ႔ သူတို႔နဲ႔ ပတ္
သက္တဲ့ ပတ္ဝန္းက်င္က လူေတြ ကို အျပန္
အလွန္ေလးစား႐ိုေသတတ္ေအာင္ပဲ သြန္သင္
ဆံုးမထိန္းေက်ာင္းေပးမွာပါ။
ကၽြန္မနဲ႔ပတ္သက္ေနတဲ့လူသားတစ္ဦးခ်င္းစီဟာ သူနဲ႔ထိုက္တန္တဲ့ သူ႔တန္ဖိုးအတိုင္းပဲ ဆက္ဆံခံရမွာပါပဲ။ သူ႔တန္ဖိုး ထက္ေက်ာ္လြန္တဲ့
ေပးဆပ္မႈေတြ ေက်းဇူးတရား
ေတြ လဲ ရမွာမဟုတ္ပါဘူး။ တစ္ခါေလာက္ ကူညီ
ၿပီး ဘဝတစ္သက္စာေလာက္ ေက်းဇူးတင္ခံခ်င္တဲ့ လူမ်ိဳးေတြရဲ႕စိတ္ဓာတ္ကိုလဲ ရြံပါတယ္။

အဓိပါၸယ္မရွိတဲ့ ယံုစားမႈေတြကို ဘဝရဲ႕လြတ္လပ္ေပ်ာ္ရႊင္မႈနဲ႔လဲလွယ္ေပးဆပ္ခံထားရတဲ့
မိန္းမေတြရဲ႕ဘဝေတြကို သနားယံုမွ အပ.....။

မွတ္ခ်က္။

လြတ္လပ္စြာေတြးၿပီး လြတ္လပ္စြာေရးသည္။
ျမန္မာမဆန္ပါ။ လူသားဆန္သည္။
ျမန္မာ့ယဥ္ေက်းမႈ လို႔တြင္တြင္ခါခါ ေျပာေနက်တဲ့
ျမန္မာလူမ်ိဳးေတြရဲ႕ယဥ္ေက်းမႈကိုနားမလည္ပါ။ ကာလ ေဒသ အခ်ိန္အခါ မ်ားနဲ႔ လိုက္ေလ်ာညီေထြကိုက္ညီမႈမရွိေသာ ဆိုဆံုးမမႈမ်ားလဲလံုးဝ လက္ခံ နားေထာင္ နာယူေလ့မရွိပါ။

လူသားဆန္ၿပီး ေရာက္တဲ့အရပ္ေဒသတိုင္းနဲ႔ ကိုက္ညီလိုက္ေလ်ာညီေထြေသာ ယဥ္ေက်းမႈတစ္ခုရွိသည္။

သူမ်ားႏွာေခါင္းျဖင့္ အသက္မ႐ွဳပါ။
မလိုမုန္းထားသူမ်ားရဲ႕အေတြးအျမင္
အတိုက္အခိုက္ အေျပာအဆိုမ်ား လဲဂ႐ုမစိုက္
တတ္ပါ။ အတင္းေျပာလာေသာ
စကားလံုးမ်ားလဲ လံုးဝ ဂ႐ုမစိုက္တတ္ပါ။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔မွ်ေဝေပးပါေနာ္...
Credit🤨and respect. to. Lorrian Nai
"လင်ကိုဘုရား၊သားကိုသခင်" ဆိုတဲ့

မိန်းမတွေ ရဲ့ဘဝ ကိုနှိမ့်ချ ထားတဲ့ ဒီမြန်မာစကားပုံကို ဒီခေတ်ဒီအခါမှာ ကြားနေရသေးတာတော့
ခါးသက်လှပါတယ်။
ငယ်ငယ်လေးထဲက ဒီလို
စကားပုံတွေကို ဘယ်တုန်းကမှမနှစ်သက်ခဲ့ပါ။
ဒီလိုစကားပုံတွေ ရဲ့ Brain Wash ဦးဏှောက် မှိူင်းတိုက်ခံထားရတဲ့ မိန်းမတွေ ကို ကိုယ့် အနီးအနားပတ်ဝန်းကျင်မှာအခုထိတွေ့မြင်နေရသေးတာကိုလဲ အရမ်း စွံ့အ အံသြမိပါတယ်။
သင်္ကန်းဝတ်နဲ့ ဘုန်းကြီး တွေ
တောင် အရမ်းစင်ကြယ်ဖို့ ၊ ဘုရားဖြစ်ဖို့
မလွယ်ကူတဲ့ ခေတ်အခြေ အနေတစ်ခုမှာ
ယောက်ျားဆိုတာ ဘာသားနဲ့ထုထားပြီး ဘယ်
လောက်စင်ကြယ်လို့ ဘုရားလို ကိုးကွယ်ထားရမှာလဲ လို့ ။ ဒီလို Nonsense မြန်မာ စကားပုံတွေကိုတော့ လုံးဝသဘောမတွေ့သလို လုံးဝလက်မခံပါဘူး။ ဘဝကို ရိုးရှင်းစွာပဲ စဉ်းစားကြည့်ပါ။ ယောက်ျား မိန်းမ ခဏထားပါဦး အားလုံးက လူသားတွေပါပဲ။
လင်မယားဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ
နေကြရတာလေ။ ဒီခေတ်ဆို ယောက်ျားရော
မိန်းမရော အပြင်မှာ အတူတူ ပိုက်ဆံရှာနေကြရတာလေ၊ပိုက်ဆံမရှာပဲ အိမ်မှာဇိမ်ခံနေတဲ့
မိန်းမ တွေ ဆိုတာ မရှိသလောက်ရှားပါတယ်။ အနည်းဆုံး တော့ ကလေး ကျောင်းပို့
ကျောင်းကြို၊ အိမ်သန့်ရှင်းရေး ၊လျှော်ဖွတ် ထမင်း
ဟင်းချက်၊ မိသားစုအရေး စီမံ ခန့်ခွဲရတာတွေလဲ အလုပ်တစ်ခုပါပဲ။ အဲဒီအလုပ်တွေသာ ဘယ်လောက်တန်လဲ ရှင်းတမ်းပြန်တင်ရင် အဲ့ဒီပိုက်ဆံရှာနေတာကို ပဲ အလုပ်တစ်ခုလို့ သတ်မှတ်ထားတဲ့ ယောက်ျား တွေ ရဲ့ဝင်ငွေဟာ လောက်ငှ
မှာတောင် မဟုတ်ပါဘူူး။ ပြောချင်တာက လူတိုင်းလူတိုင်း တစ်ယောက်ချင်းစီမှာ မြင်ရတဲ့ မမြင်ရတဲ့ တန်ဖိုး တစ်ခုစီရှိပါတယ်။ အဲ့တော့ ကိုယ့်တန်ဖိုး ကို ကိုယ်မြင့်တင်ပါ။ ကိုယ့်တန်ဖိုးကိုယ် သိပါ။ ကိုယ့်ယောက်ျား ကို ဘုရားလို
ဆက်ဆံ ကိုးကွယ်နေဖို့ မလိုသလို ၊ ကိုယ့်သားသမီးကို သခင်၊ သခင်မ လို ဆက်ဆံနေစရာမလိုပါဘူး။ ချစ်တယ်ဆိုတာ မှန်ကန်တဲ့ ချစ်ခြင်း
မေတ္တာနဲ့ ချစ်တတ်ဖို့ အရမ်းလိုပါတယ်။
အချစ်လွန်ရင်တော့ အချစ်နွံထဲရောက်မှာပါ။
ရွံနွံထဲပဲရောက်ရောက် အချစ်နွံထဲပဲရောက်ရောက် ဘယ်လိုနွံပဲဖြစ်ဖြစ် ရောက်သွားခဲ့
ရင်တော့နစ်မှာပါပဲ။ ကိုယ့်ခံစားချက်တွေ ကိုယ့်
ဘဝတွေ နွံမနစ်ဖို့ ကိုယ်ရဲ့ကိုယ်တိုင်မှာပဲ တာဝန်ရှိပါတယ်။ ကိုယ့်ကို သီးခံချစ်မြတ်နိုးတဲ့
ကိုယ့်ယောက်ျား၊မိန်းမ အပေါ် ပြန်လည်
သီးခံချစ်မြတ်နိုးပါ။ ကိုယ်ကို ရိုသေလေးစားရင်
ပြန်လည်ရိုသေလေးစားပါ။ အိမ်ထောင်သည်ပဲ ဖြစ်ဖြစ် ကိုယ့်ချစ်သူရည်းစား လက်တွဲဖော်
ပဲဖြစ်ဖြစ် သူငယ်ချင်းပဲဖြစ်ဖြစ် သားသမီးနဲ့မိဘ လဲ အတူတူပါပဲ၊ ကိုယ့်အပေါ်RESPECT ရိုသေလေးစားမှုမရှိရင်တော့ ရောက်တဲ့နေမှာပဲ
လက်တွဲဖြုတ်လိုက်ပါ။ Respect & Understanding က တော့ ဘယ်လို Relationship/friendship မှာပဲဖြစ်ဖြစ် အရမ်းအရေးကြီးပါတယ်။
ကျွန်မကတော့ တစ်ယောက်နဲ့ တစ်ယောက်
အပြန်အလှန်လေးစားရိုသေတာကိုပဲ မြတ်နိူး နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။
သေခြာတာတော့ ကျွန်မ တစ်နေ့ယူဖြစ်ခဲ့တဲ့ ယောက်ျားဟာ ဘုရားလို ကိုးကွယ်ခံထားရမှာ မဟုတ်သလို ကျွန်မမွေးမဲ့ သား
သမီးတွေ ကိုလဲ သခင်တွေ သခင်မတွေလို ဆက် ဆံမှာ မဟုတ်တာသေခြာပါတယ်။ ကျွန်မရဲ့သား သမီးတွေ ကို Responsibilities ဆိုတဲ့မိမိကိုယ်ကိုတာဝန်ယူနိုင်ဖို့ နဲ့ Respect ဆိုတဲ့ မိမိကိုယ်ကို မှန်ကန်စွာချစ်ခင်လေးစားဖို့နဲ့ သူတို့နဲ့ ပတ်
သက်တဲ့ ပတ်ဝန်းကျင်က လူတွေ ကို အပြန်
အလှန်လေးစားရိုသေတတ်အောင်ပဲ သွန်သင်
ဆုံးမထိန်းကျောင်းပေးမှာပါ။
ကျွန်မနဲ့ပတ်သက်နေတဲ့လူသားတစ်ဦးချင်းစီဟာ သူနဲ့ထိုက်တန်တဲ့ သူ့တန်ဖိုးအတိုင်းပဲ ဆက်ဆံခံရမှာပါပဲ။ သူ့တန်ဖိုး ထက်ကျော်လွန်တဲ့
ပေးဆပ်မှုတွေ ကျေးဇူးတရား
တွေ လဲ ရမှာမဟုတ်ပါဘူး။ တစ်ခါလောက် ကူညီ
ပြီး ဘဝတစ်သက်စာလောက် ကျေးဇူးတင်ခံချင်တဲ့ လူမျိုးတွေရဲ့စိတ်ဓာတ်ကိုလဲ ရွံပါတယ်။

အဓိပါ္ပယ်မရှိတဲ့ ယုံစားမှုတွေကို ဘဝရဲ့လွတ်လပ်ပျော်ရွှင်မှုနဲ့လဲလှယ်ပေးဆပ်ခံထားရတဲ့
မိန်းမတွေရဲ့ဘဝတွေကို သနားယုံမှ အပ.....။

မှတ်ချက်။

လွတ်လပ်စွာတွေးပြီး လွတ်လပ်စွာရေးသည်။
မြန်မာမဆန်ပါ။ လူသားဆန်သည်။
မြန်မာ့ယဉ်ကျေးမှု လို့တွင်တွင်ခါခါ ပြောနေကျတဲ့
မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုကိုနားမလည်ပါ။ ကာလ ဒေသ အချိန်အခါ များနဲ့ လိုက်လျောညီထွေကိုက်ညီမှုမရှိသော ဆိုဆုံးမမှုများလဲလုံးဝ လက်ခံ နားထောင် နာယူလေ့မရှိပါ။

လူသားဆန်ပြီး ရောက်တဲ့အရပ်ဒေသတိုင်းနဲ့ ကိုက်ညီလိုက်လျောညီထွေသော ယဉ်ကျေးမှုတစ်ခုရှိသည်။

သူများနှာခေါင်းဖြင့် အသက်မရှုပါ။
မလိုမုန်းထားသူများရဲ့အတွေးအမြင်
အတိုက်အခိုက် အပြောအဆိုများ လဲဂရုမစိုက်
တတ်ပါ။ အတင်းပြောလာသော
စကားလုံးများလဲ လုံးဝ ဂရုမစိုက်တတ်ပါ။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
Credit🤨and respect. to. Lorrian Nai
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top